သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ပိုင္းတိုက္ပဲြမ်ား ခပ္စိတ္စိတ္ျပန္ျဖစ္လာ


TNLA-တအန္း(ပေလာင္) စစ္သားမ်ား

(Zawgyi/Unicode)

ဒီရက္ပိုင္းေတြအတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရတပ္မေတာ္နဲ႔ TNLA ေခၚ တအာင္းပေလာင္တပ္ အဖဲြ႔အၾကားမွာ တုိက္ပဲြေတြ ခပ္စိတ္စိတ္ျပန္ ျဖစ္လာေနၿပီး ဒီကေန႔မွာလည္း အနည္းဆံုး ၃ေနရာေလာက္မွာ ျဖစ္ပြားခဲ့ေၾကာင္း TNLA ဘက္က ေျပာပါတယ္။ ဒီရက္ပိုင္းျဖစ္တဲ့တိုက္ပဲြေတြေၾကာင့္ လူေနအိမ္မီးေလာင္တာ၊ ေဒသခံျပည္သူေတြ ေနရပ္စြန္႔ခြာတိမ္းေရွာင္တာေတြလည္း ျဖစ္ခဲ့ပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းက လတ္တေလာအေျခအေနေတြကို ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္ နဲ႔ TNLA အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္ ၄ဖဲြ႔အၾကား အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကၿပီးေနာက္ပိုင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တုိက္ပဲြေတြ ေနရာအေတာ္မ်ားမ်ားမွာ ျဖစ္ပြားလာေနတာျဖစ္ပါတယ္။

ဒီကေန႔ တုိက္ပဲြျဖစ္ပြားတဲ့အေျခအေနကို TNLA အဖဲြ႔ရဲ႔ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴးတာအိုက္ေက်ာ္က VOA ကို အခုလို ေျပာပါတယ္။

“ ဒီေန႔က ၃ေနရာေလာက္ျဖစ္တယ္။ ျဖစ္တဲ့ေနရာကေတာ့ ဒီ လားရိႈးၿမိဳ႔နယ္၊ မန္တံုၿမိဳ႔နယ္၊ နမ့္ဆန္ၿမိဳ႔နယ္ေပါ့။ ဒီ လားရိႈးၿမိဳ႔နယ္ က်ေတာ့ ရွန္ခိုက္ရြာအနီးမွာျဖစ္တယ္။ နမ့္ဆန္ၿမိဳ႔နယ္က်ေတာ့ အံုးစြန္ရြာနဲ႔ ဒီ လြယ္လန္ေတာင္ ၾကားမွာျဖစ္တယ္။ လြယ္လန္ေတာင္ေအာက္ေပါ့။ မန္တံုၿမိဳ႔နယ္က်ေတာ့ မန္စံလမ္းခဲြနားမွာျဖစ္တယ္။”

ၿပီးခဲ့တဲ့ရက္ကလည္း နမ့္ဆန္ၿမိဳ႔နယ္နဲ႔ နမၼတူၿမိဳ႔နယ္အတြင္းမွာ အနည္းဆံုး တုိက္ပဲြ ၂ေနရာ ျဖစ္ပြားခဲ့တယ္လုိ႔ ေျပာပါတယ္။

နမ့္ဆန္ၿမိဳ႔နယ္အတြင္း တုိက္ပဲြျဖစ္ပြားတဲ့ အေျခအေနကိုေတာ့ နမ့္ဆန္ ၿမိဳ႔နယ္အုပ္ခ်ဳပ္မွဴးက

“မေန႔က ညေနပိုင္းေတာ့ ၾကားတယ္။ ဒီေန႔ပိုင္းေတာ့ မနက္ပိုင္း အသံနည္းနည္း ၾကားတယ္။ ျဖစ္တဲ့ေနရာက က်ေနာ္တုိ႔နဲ႔ မုိင္ ၃- ၄၀ ေလာက္ ေ၀းေတာ့ သတင္းကေတာ့ ခက္တယ္။ မေန႔ကေတာ့ ညေနပိုင္း ၄နာရီခဲြ၊ ၅နာရီပတ္၀န္းက်င္ေလာက္ေပါ့။ က်ေနာ္တုိ႔ၿမိဳ႔နဲ႔ အေနာက္ေတာင္ဘက္ေလာက္ေပါ့။ မုိင္ ၃-၄၀ေလာက္ ေ၀းတာေပါ့ ေက်ာက္မဲ- မိုင္းေငါ့နဲ႔ နယ္စပ္ဘက္မွာ ထိေတြ႔တုိက္ပဲြျဖစ္တယ္လုိ႔ေတာ့ ၾကားတယ္။ ဒီေန႔မနက္မွပဲ သတင္းကရတာေပါ့ေနာ္။ ရြာေတြကို လွမ္းစံုစမ္းေတာ့ ေနအိမ္တ လံုးမီးေလာင္တာနဲ႔ ဒဏ္ရာရသူ တယာက္ ဆံုးသြားတာ အဲဒါေလးေတာ့ ရတယ္။ ေသတဲ့သူကေတာ့ မုိင္းနင္းမိတာ။ ေနအိမ္ကေတာ့ မီးေလာင္တယ္ ေျပာတယ္။ တုိက္ပဲြကာလ ဆုိေတာ့။ အိမ္မွာလည္း လူေတြ မရိွဘူးဆိုေတာ့ ဘယ္လုိေလာင္လဲ ဘာလဲေတာ့ မသိဘူးေပါ့ေနာ္။ က်ေနာ္တုိ႔လည္း သက္ဆုိင္ရာ ေထာက္ပံ့ကူညီႏိုင္ဖုိ႔အတြက္ အဆင့္ဆင့္တင္ျပၿပီး ေဆာင္ရြက္ေပးေနပါတယ္ခင္ဗ်။ ”

ေဒသတြင္း သတင္းေတြကို အစဥ္တစိုက္ေဖာ္ျပေပးေနတဲ့ ေရႊဖီေျမသတင္းဂ်ာနယ္ရဲ့ လူမႈစာမ်က္ႏွာမွာေတာ့ မေန႔က တုိက္ပဲြျဖစ္ပြားတာဟာ နမ့္ဆန္ၿမိဳ႔နယ္၊ လြယ္ပ်က္ေက်းရြာမွာျဖစ္ၿပီး လက္နက္ႀကီးက်ည္ ထိမွန္တာေၾကာင့္ မီးေလာင္ခဲ့ေၾကာင္း ေဖာ္ျပပါတယ္။

ေဒသခံေတြကေတာ့ ဒီဇင္ဘာလအတြင္း နမ့္ဆန္ၿမိဳ႔နယ္အတြင္းမွာ မိုင္းထိလုိ႔ ထိခိုက္တာနဲ႔ ေသဆံုးတာ ၁၀ေယာက္နီးပါး ရိွတယ္လုိ႔ ေျပာပါတယ္။

ဒီလ ၁၆ရက္ေန႔ကလည္း နမၼတူၿမိဳ႔နယ္ရိွ ေက်းရြာ ၄ရြာက လူ ၅၀၀ေလာက္ဟာ အစိုးရတပ္မေတာ္နဲ႔ TNLA အၾကား တိုက္ပဲြျဖစ္ပြားမယ့္ အေျခအေနေတြ ရိွတာေၾကာင့္ လားရိႈးၿမိဳ႔နယ္ အီႏိုင္းေက်းရြာက ဘုန္းႀကီးေက်ာင္းကို တိမ္းေရွာင္ခဲ့ၾကပါတယ္။

၁၇ရက္ေန႔မွာေတာ့ အေျခအေန ျပန္လည္ တည္ၿငိမ္လာလို႔ ေနရပ္ျပန္သြားၿပီးျဖစ္ေၾကာင္း လားရိႈးၿမိဳ႔က ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူ တစ္ဦးက ေျပာပါတယ္။

“ မေန႔က ျပန္ပို႔ပါတယ္ခင္ဗ်ာ။ အေျခအေနက သူတု႔ိ ရြာနီးခ်ဳပ္စပ္မွာ စစ္ေရးတင္းမာမႈ အေျခအေနမ်ိဳးျဖစ္ၿပီး လက္နက္ၾကီး တစ္ခ်က္က်တာနဲ႔ ေက်းရြာျပည္သူေတြက လန္႔ၿပီးေတာ့ ေရွာင္ေျပးၾကတာေပါ့။ ေရွာင္ေျပးမႈအေပၚမွာ က်ေနာ္တုိ႔ ပရဟိတအဖဲြ႔ေတြကေနၿပီးေတာ့ သြားေရာက္ႀကိဳဆုိၿပီးေတာ့ က်ေနာ္တုိ႔ေတြက အီႏိုင္းဘုန္းေတာ္ၾကီးေက်ာင္းမွာ ယာယီစခန္းခ်ေပးပါတယ္။ ၿပီးေတာ့ စားနပ္ရိကၡာေတြ ေထာက္ပံ့ေပးၿပီးေတာ့ မေန႔က နည္းနည္းေလး ျပန္ၿပီးေတာ့ ေအးခ်မ္းတယ္ ဆုိၿပီးေတာ့ မိမိရပ္ရြာကို ျပန္ဖုိ႔ ဆႏၵရိွတာနဲ႔ ျပန္ပို႔ေပးလုိက္ပါတယ္။ အားလံုး ေလးရာနဲ႔မွ ရွစ္ဆယ့္ကိုးဦးပါခင္ဗ်။ ရြာေလး ရြာပါခင္ဗ်။”

ဒီလ ၁၅ရက္ေန႔ကေတာ့ KIA ကခ်င္၊ TNLA တအာင္းပေလာင္၊ MNDAAကိုးကန္႔နဲ႔ AA ရခိုင္အဖဲြ႔ေတြ ပါ၀င္တဲ့ ေျမာက္ပိုင္း မဟာမိတ္အဖဲြ႔ဟာ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တရုတ္ႏိုင္ငံကူမင္းၿမိဳ႔မွာ အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ ဆုိေရးအတြက္ အလြတ္သေဘာေဆြးေႏြးခဲ့ၾကပါတယ္။

ေဆြးေႏြးပဲြအေျခအေနကို TNLA က ဗိုလ္မွဴးတာအိုက္ေက်ာ္က အခုလို ေျပာပါတယ္။

“ က်ေနာ္တို႔ရဲ့ မူၾကမ္းကေတာ့ အစိုးရဘက္က လက္မခံႏိုင္တဲ့ ပံုစံျဖစ္သြားေတာ့ ေရွ႔ေလွ်ာက္ေဆြးေႏြးပဲြကို ဘယ္လုိ ပံုစံသြားၾကမလဲဆုိၿပီးေတာ့မွ ဘယ္နည္းလမ္းနဲ႔ သြားမလဲဆိုတာ ျပန္ၿပီး ညိွႏိႈင္းတာပဲ ျဖစ္ပါတယ္။”

အစိုးရနဲ႔ ေျမာက္ပိုင္းအဖဲြ႔ေတြဟာ အပစ္ရပ္စာခ်ဳပ္မူၾကမ္းကို ႏွစ္ဘက္ အျပန္အလွန္လဲလွယ္ၿပီး အဲဒီအေပၚမွာ ေဆြးေႏြးေနၾကတာျဖစ္ပါတယ္။ ကူမင္းေဆြးေႏြးပဲြမွာ ေနာက္တစ္ထပ္မံ ေတြ႔ဆံုဖို႔ သေဘာတူၾကေပမဲ့ ေနရာနဲ႔ အခ်ိန္ သတ္မွတ္ထားတာေတာ့ မရိွခဲ့ပါဘူး။

ေဒသခံျပည္သူေတြကေတာ့ ေဆြးေႏြးပဲြၾကန္႔ၾကာေနခ်ိန္မွာ ေဒသတြင္း တိုက္ပဲြေတြ ပိုမိုျပင္းထန္လာမွာကို စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

ရှမ်းမြောက်ပိုင်းတိုက်ပွဲများ ခပ်စိတ်စိတ်ပြန်ဖြစ်လာ

(Unicode)

ဒီရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအာင်းပလောင်တပ် အဖွဲ့အကြားမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ပြန်ဖြစ်လာနေပြီး ဒီကနေ့မှာလည်း အနည်းဆုံး ၃နေရာလောက်မှာ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်က ပြောပါတယ်။ ဒီရက်ပိုင်းဖြစ်တဲ့တိုက်ပွဲတွေကြောင့် လူနေအိမ်မီးလောင်တာ၊ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက လတ်တလောအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့အကြား အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ နေရာအတော်များများမှာ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို TNLA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့က ၃နေရာလောက်ဖြစ်တယ်။ ဖြစ်တဲ့နေရာကတော့ ဒီ လားရှိုးမြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်ပေါ့။ ဒီ လားရှိုးမြို့နယ် ကျတော့ ရှန်ခိုက်ရွာအနီးမှာဖြစ်တယ်။ နမ့်ဆန်မြို့နယ်ကျတော့ အုံးစွန်ရွာနဲ့ ဒီ လွယ်လန်တောင် ကြားမှာဖြစ်တယ်။ လွယ်လန်တောင်အောက်ပေါ့။ မန်တုံမြို့နယ်ကျတော့ မန်စံလမ်းခွဲနားမှာဖြစ်တယ်။”

ပြီးခဲ့တဲ့ရက်ကလည်း နမ့်ဆန်မြို့နယ်နဲ့ နမ္မတူမြို့နယ်အတွင်းမှာ အနည်းဆုံး တိုက်ပွဲ ၂နေရာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကိုတော့ နမ့်ဆန် မြို့နယ်အုပ်ချုပ်မှူးက

“မနေ့က ညနေပိုင်းတော့ ကြားတယ်။ ဒီနေ့ပိုင်းတော့ မနက်ပိုင်းအသံနည်းနည်းကြားတယ်။ ဖြစ်တဲ့နေရာက ကျနော်တို့နဲ့ မိုင် ၃- ၄၀ လောက် ဝေးတော့ သတင်းကတော့ ခက်တယ်။ မနေ့ကတော့ ညနေပိုင်း ၄နာရီခွဲ၊ ၅နာရီပတ်ဝန်းကျင်လောက်ပေါ့။ ကျနော်တို့မြို့နဲ့ အနောက်တောင်ဘက်လောက်ပေါ့။ မိုင် ၃-၄၀လောက် ဝေးတာပေါ့ ကျောက်မဲ- မိုင်းငေါ့နဲ့ နယ်စပ်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ ဒီနေ့မနက်မှပဲ သတင်းကရတာပေါ့နော်။ ရွာတွေကို လှမ်းစုံစမ်းတော့ နေအိမ်တစ်လုံးမီးလောင်တာနဲ့ ဒဏ်ရာရသူ တစ်ယောက် ဆုံးသွားတာ အဲဒါလေးတော့ ရတယ်။ သေတဲ့သူကတော့ မိုင်းနင်းမိတာ။ နေအိမ်ကတော့ မီးလောင်တယ် ပြောတယ်။ တိုက်ပွဲကာလ ဆိုတော့။ အိမ်မှာလည်း လူတွေ မရှိဘူးဆိုတော့ ဘယ်လိုလောင်လဲ ဘာလဲတော့ မသိဘူးပေါ့နော်။ ကျနော်တို့လည်း သက်ဆိုင်ရာ ထောက်ပံ့ကူညီနိုင်ဖို့အတွက် အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။ ”

ဒေသတွင်း သတင်းတွေကို အစဉ်တစိုက်ဖော်ပြပေးနေတဲ့ ရွှေဖီမြေသတင်းဂျာနယ်ရဲ့ လူမှုစာမျက်နှာမှာတော့ မနေ့က တိုက်ပွဲဖြစ်ပွားတာဟာ နမ့်ဆန်မြို့နယ်၊ လွယ်ပျက်ကျေးရွာမှာဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်တာကြောင့် မီးလောင်ခဲ့ကြောင်း ဖော်ပြပါတယ်။

ဒေသခံတွေကတော့ ဒီဇင်ဘာလအတွင်း နမ့်ဆန်မြို့နယ်အတွင်းမှာ မိုင်းထိလို့ ထိခိုက်တာနဲ့ သေဆုံးတာ ၁၀ယောက်နီးပါး ရှိတယ်လို့ ပြောပါတယ်။

ဒီလ ၁၆ရက်နေ့ကလည်း နမ္မတူမြို့နယ်ရှိ ကျေးရွာ ၄ရွာက လူ ၅၀၀လောက်ဟာ အစိုးရတပ်မတော်နဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားမယ့် အခြေအနေတွေ ရှိတာကြောင့် လားရှိုးမြို့နယ် အီနိုင်းကျေးရွာက ဘုန်းကြီးကျောင်းကို တိမ်းရှောင်ခဲ့ကြပါတယ်။

၁၇ရက်နေ့မှာတော့ အခြေအနေ ပြန်လည် တည်ငြိမ်လာလို့ နေရပ်ပြန်သွားပြီးဖြစ်ကြောင်း လားရှိုးမြို့က ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“ မနေ့က ပြန်ပို့ပါတယ်ခင်ဗျာ။ အခြေအနေက သူတု့ိ ရွာနီးချုပ်စပ်မှာ စစ်ရေးတင်းမာမှု အခြေအနေမျိုးဖြစ်ပြီး လက်နက်ကြီး တစ်ချက်ကျတာနဲ့ ကျေးရွာပြည်သူတွေက လန့်ပြီးတော့ ရှောင်ပြေးကြတာပေါ့။ ရှောင်ပြေးမှုအပေါ်မှာ ကျနော်တို့ ပရဟိတအဖွဲ့တွေကနေပြီးတော့ သွားရောက်ကြိုဆိုပြီးတော့ ကျနော်တို့တွေက အီနိုင်းဘုန်းတော်ကြီးကျောင်းမှာ ယာယီစခန်းချပေးပါတယ်။ ပြီးတော့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးပြီးတော့ မနေ့က နည်းနည်းလေး ပြန်ပြီးတော့ အေးချမ်းတယ် ဆိုပြီးတော့ မိမိရပ်ရွာကို ပြန်ဖို့ ဆန္ဒရှိတာနဲ့ ပြန်ပို့ပေးလိုက်ပါတယ်။ အားလုံး လေးရာနဲ့မှ ရှစ်ဆယ့်ကိုးဦးပါခင်ဗျ။ ရွာလေး ရွာပါခင်ဗျ။”

ဒီလ ၁၅ရက်နေ့ကတော့ KIA ကချင်၊ TNLA တအာင်းပလောင်၊ MNDAAကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တရုတ်နိုင်ငံကူမင်းမြို့မှာ အပစ်ရပ်စာချုပ်ချုပ် ဆိုရေးအတွက် အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအခြေအနေကို TNLA က ဗိုလ်မှူးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“ ကျနော်တို့ရဲ့ မူကြမ်းကတော့ အစိုးရဘက်က လက်မခံနိုင်တဲ့ ပုံစံဖြစ်သွားတော့ ရှေ့လျှောက်ဆွေးနွေးပွဲကို ဘယ်လို ပုံစံသွားကြမလဲဆိုပြီးတော့မှ ဘယ်နည်းလမ်းနဲ့ သွားမလဲဆိုတာ ပြန်ပြီး ညှိနှိုင်းတာပဲ ဖြစ်ပါတယ်။”

အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေဟာ အပစ်ရပ်စာချုပ်မူကြမ်းကို နှစ်ဘက် အပြန်အလှန်လဲလှယ်ပြီး အဲဒီအပေါ်မှာ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ကူမင်းဆွေးနွေးပွဲမှာ နောက်တစ်ထပ်မံ တွေ့ဆုံဖို့ သဘောတူကြပေမဲ့ နေရာနဲ့ အချိန် သတ်မှတ်ထားတာတော့ မရှိခဲ့ပါဘူး။

ဒေသခံပြည်သူတွေကတော့ ဆွေးနွေးပွဲကြန့်ကြာနေချိန်မှာ ဒေသတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG