(Zawgyi/Unicode)
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ တုိက္ပဲြေၾကာင့္ ရာနဲ႔ခ်ီတဲ့ ေဒသခံ ရြာသားေတြဟာ တုိက္ပဲြလြတ္ရာေက်းရြာေတြကို တိမ္းေရွာင္ေနၾကရၿပီး သူတုိ႔ကို အနီးအနားရြာေတြက စားနပ္ရိကၡာေတြ ကူညီေထာက္ပံ့ေပးေနၾကပါတယ္။ ဒီကေန႔မွာေတာ့ အစိုးရတပ္မေတာ္နဲ႔ TNLA အၾကားမွာ တုိက္ပဲြျဖစ္ပြားတာ မရိွေၾကာင္းနဲ႔ ေက်ာက္မဲဘက္မွာေတာ့ အစိုးရတပ္ဘက္က လက္နက္ၾကီး ပစ္ခတ္တာေတြေတာ့ ရိွေနေသးေၾကာင္း TNLA ဘက္က ေျပာပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေနာက္ဆံုး အေျခအေနကို ဗီြအုိေအ ျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ဒီလ ၁၁ရက္ေန႔က စတင္ၿပီး ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ တုိက္ပဲြေတြ ျပင္းထန္ခဲ့တာပါ။
ဒီတုိက္ပဲြေတြေၾကာင့္ ေဒသခံရြာသား ၃၀၀ ေလာက္ဟာ ေဘးလြတ္ရာ ေက်းရြာေတြကို တိမ္းေရွာင္ ေနရတယ္လို႔ တအန္းအမ်ိဳးသမီးအဖဲြ႔ ေျပာေရးဆိုခြင့္ရိွသူ ေလြးခ်ီဆငါးက ေျပာပါတယ္။
“ ေလာေလာဆည္ ဒုကၡသည္ေတြ ၃၀၀ေက်ာ္ေလာက္ေတာ့ ရိွေနတယ္။ အဲဒီ ေက်ာက္မဲၿမိဳ႔နယ္ ပန္နင္ရြာနဲ႔ မန္ေခါက္ရြာ။ လာတာက်ေတာ့ ခြန္ေကာ္ရိွမယ္။ ေတာ္ဖယ္ရိွမယ္။ နားေလြးရြာကေန လာၿပီးမွ ပန္နင္နဲ႔ မန္ေခါက္ကို ခဲြၿပီးေနၾကတာေပါ့။ ဘုန္းႀကီးေက်ာင္းမွာ စုၿပီးေတာ့ ေနၾကတယ္။ သိရသေလာက္ဆုိ ရိွေနတဲ့ရြာက ၿမိဳ႔နဲ႔လည္း သိပ္နီးတာမဟုတ္တဲ့အခါက်ေတာ့ အဖဲြ႔အစည္းေတြ လာၿပီးေတာ့ ကူညီေထာက္ပံ့ တာေတာ့ မေတြ႔ရေသးဘူး။ အနီးအနားမွာရိွတဲ့ ရြာ ၃ - ၄ရြာက စုေပါင္းၿပီးေတာ့မွ စားဖုိ႔ ေသာက္ဖို႔ စီစဥ္ေပးတဲ့ အပိုင္းေတြေတာ့ ေတြ႔ရတယ္။”
တိမ္းေရွာင္လာသူေတြမွာ လက္နက္ၾကီးက်ည္အစ ထိမွန္သူ ၃ဦးေလာက္ရိွၿပီး ဒဏ္ရာ မျပင္းထန္ေၾကာင္းနဲ႔ တိုက္ပဲြျဖစ္ပြားစဥ္က အားေျပာင္ရြာက အိမ္ ၅လံုးေလာက္ထိခုိက္ေၾကာင္း ေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ေတြက ကြတ္ခုိင္ၿမိဳ႔နယ္ေတြ အတြင္းျဖစ္ပြားတဲ့ တုိက္ပဲြေၾကာင့္ လားရိႈး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီး ယာယီ ပိတ္ခဲ့ရတာေတြ ရိွသလိုစေနေန႔ကေတာ့ လားရိႈးၿမိဳ႔ေလယာဥ္ကြင္းအတြင္းကို ၁၀၇ မမ ေရွာ့တုိက္ဒံုးက်ည္ က်ေရာက္တာေတြ ရိွတာေၾကာင့္ ေလယာဥ္ အသြားအလာေတြ ယာယီ ရပ္ဆုိင္းခဲ့ရပါတယ္။
ဒီကေန႔မွာေတာ့ တုိက္ပဲြေတြ ၿငိမ္သက္ေနေၾကာင္း TNLA တအန္း(ပေလာင္)အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴးတားအိုက္ေက်ာ္က ေျပာပါတယ္။
“ ဒီေန႔ေတာ့ ဘာမွ မရိွေသးဘူး။ ဘာမွ သတင္းတက္လာတာေတာ့ မရိွေသးဘူး။ ေက်ာက္မဲဘက္မွာေတာ့ မေန႔ညက တစ္ညလံုး ေက်ာက္မဲ တပ္စခန္းရယ္၊ မုိင္းေငါ့တပ္စခန္းရယ္။ ဒီမနက္ေရာ လက္နက္ၾကီး ၁၂၀မမ၊ ၁၀၅ မမနဲ႔ အဲဒီ အာေျပာင္ရြာဘက္မွာ ေတာက္ေလ်ာက္ပစ္ခတ္ေနတာေတာ့ ရိွတယ္။ ကြတ္ခုိင္ဘက္မွာ ဒီ နမ့္ခိုင္တံတားနားမွာေတာ့ မေန႔ည ညေနေတာ့ တိုက္ပဲြျဖစ္ပြားမႈရိွတယ္။ တစ္နာရီနီးပါးေပါ့။ ဒီေန႔ကေတာ့ ဘာမွ မၾကားေသးဘူး။”
ေက်ာက္မဲၿမိဳ႔နယ္နဲ႔ နမ့္ဆန္ၿမိဳ႔နယ္အၾကားက တပ္မေတာ္က လက္နက္ၾကီးနဲ႔ ပစ္ခတ္တာ၊ ရဟတ္ယာဥ္နဲ႔ တုိက္ခုိက္တာေတြ ရိွခဲ့တဲ့ေနာက္ TNLA ရဲ့ ယာယီ တပ္စခန္းေတြကိုေတာ့ ဆုတ္ခြာေပးခဲ့ေၾကာင္းလည္း ေျပာပါတယ္။
ေက်ာက္မဲၿမိဳ႔နယ္က ေဒသခံတစ္ဦးကေတာ့ ဒီကေန႔ တိုက္ပဲြျဖစ္ပြားတာမရိွသလို လက္နက္ၾကီးနဲ႔ ပစ္ခတ္တိုက္ခုိက္တာမရိွေၾကာင္းေျပာပါတယ္။
“ ဒီေန႔ ပစ္တာတိုက္တာ မရိွေတာ့ဘူး။ မၾကားရဘူးခင္ဗ်။ အာေျပာင္ရြာေအာက္မွာ အဲဒီေအာက္မွာပဲ ျဖစ္ေနၾကတယ္။ အခုေတာ့ ဘာမွ မရိွေတာ့ဘူး။ ဘာမွ မၾကားရေတာ့ဘူး။ ”
ဒီကေန႔ တုိက္ပဲြအေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖုိ႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ကို ဖုန္းေခၚဆုိခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။
ႏို၀င္ဘာ ၁၆ရက္ေန႔ကေတာ့ အရပ္ဘက္ အဖဲြ႔အစည္း ၉၀ေက်ာ္က ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပဲြနဲ႔ ပတ္သက္ၿပီး အေရးေပၚ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။
ဒီထုတ္ျပန္ခ်က္မွာ ေအာက္တိုဘာလကေန လက္ရိွအခ်ိန္ထိ တုိက္ပဲြ ျဖစ္ပြားတဲ့ ကာလအတြင္းမွာ အရပ္သားျပည္သူ ၃၀ေက်ာ္ထိခိုက္ဒဏ္ရာရၿပီး အနည္းဆံုး ၅ဦးေသဆံုးခဲ့ရေၾကာင္းနဲ႔ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခုိက္တာေတြ အျမန္ဆံုး ရပ္တန္႔ေပးဖို႔ ေတာင္းဆုိထားပါတယ္။
...................
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်
(Unicode)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ ဒေသခံ ရွာသားတွေဟာ တိုက်ပွဲလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေကြရပြီး သူတို့ကို အနီးအနားရွာတွေက စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေကြပါတယ်။ ဒီကနေ့မှာတော့ အစိုးရတပ်မတော်နဲ့ TNLA အကြားမှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်းနဲ့ ကျောက်မဲဘက်မှာတော့ အစိုးရတပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေတော့ ရှိနေသေးကြောင်း TNLA ဘက်က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒီလ ၁၁ရက်နေ့က စတင်ပြီး ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ဒီတိုက်ပွဲတွေကြောင့် ဒေသခံရွာသား ၃၀၀ လောက်ဟာ ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင် နေရတယ်လို့ တအန်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောပါတယ်။
“ လောလောဆည် ဒုက္ခသည်တွေ ၃၀၀ကျော်လောက်တော့ ရှိနေတယ်။ အဲဒီ ကျောက်မဲမြို့နယ် ပန်နင်ရွာနဲ့ မန်ခေါက်ရွာ။ လာတာကျတော့ ခွန်ကော်ရှိမယ်။ တော်ဖယ်ရှိမယ်။ နားလွေးရွာကနေ လာပြီးမှ ပန်နင်နဲ့ မန်ခေါက်ကို ခွဲပြီးနေကြတာပေါ့။ ဘုန်းကြီးကျောင်းမှာ စုပြီးတော့ နေကြတယ်။ သိရသလောက်ဆို ရှိနေတဲ့ရွာက မြို့နဲ့လည်း သိပ်နီးတာမဟုတ်တဲ့အခါကျတော့ အဖွဲ့အစည်းတွေ လာပြီးတော့ ကူညီထောက်ပံ့ တာတော့ မတွေ့ရသေးဘူး။ အနီးအနားမှာရှိတဲ့ ရွာ ၃ - ၄ရွာက စုပေါင်းပြီးတော့မှ စားဖို့ သောက်ဖို့ စီစဉ်ပေးတဲ့ အပိုင်းတွေတော့ တွေ့ရတယ်။”
တိမ်းရှောင်လာသူတွေမှာ လက်နက်ကြီးကျည်အစ ထိမှန်သူ ၃ဦးလောက်ရှိပြီး ဒဏ်ရာ မပြင်းထန်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားစဉ်က အားပြောင်ရွာက အိမ် ၅လုံးလောက်ထိခိုက်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက ကွတ်ခိုင်မြို့နယ်တွေ အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ယာယီ ပိတ်ခဲ့ရတာတွေ ရှိသလိုစနေနေ့ကတော့ လားရှိုးမြို့လေယာဉ်ကွင်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးကျည် ကျရောက်တာတွေ ရှိတာကြောင့် လေယာဉ် အသွားအလာတွေ ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း TNLA တအန်း(ပလောင်)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်က ပြောပါတယ်။
“ ဒီနေ့တော့ ဘာမှ မရှိသေးဘူး။ ဘာမှ သတင်းတက်လာတာတော့ မရှိသေးဘူး။ ကျောက်မဲဘက်မှာတော့ မနေ့ညက တစ်ညလုံး ကျောက်မဲ တပ်စခန်းရယ်၊ မိုင်းငေါ့တပ်စခန်းရယ်။ ဒီမနက်ရော လက်နက်ကြီး ၁၂၀မမ၊ ၁၀၅ မမနဲ့ အဲဒီ အာပြောင်ရွာဘက်မှာ တောက်လျောက်ပစ်ခတ်နေတာတော့ ရှိတယ်။ ကွတ်ခိုင်ဘက်မှာ ဒီ နမ့်ခိုင်တံတားနားမှာတော့ မနေ့ည ညနေတော့ တိုက်ပွဲဖြစ်ပွားမှုရှိတယ်။ တစ်နာရီနီးပါးပေါ့။ ဒီနေ့ကတော့ ဘာမှ မကြားသေးဘူး။”
ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အကြားက တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာတွေ ရှိခဲ့တဲ့နောက် TNLA ရဲ့ ယာယီ တပ်စခန်းတွေကိုတော့ ဆုတ်ခွာပေးခဲ့ကြောင်းလည်း ပြောပါတယ်။
ကျောက်မဲမြို့နယ်က ဒေသခံတစ်ဦးကတော့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားတာမရှိသလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာမရှိကြောင်းပြောပါတယ်။
“ ဒီနေ့ ပစ်တာတိုက်တာ မရှိတော့ဘူး။ မကြားရဘူးခင်ဗျ။ အာပြောင်ရွာအောက်မှာ အဲဒီအောက်မှာပဲ ဖြစ်နေကြတယ်။ အခုတော့ ဘာမှ မရှိတော့ဘူး။ ဘာမှ မကြားရတော့ဘူး။ ”
ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
နိုဝင်ဘာ ၁၆ရက်နေ့ကတော့ အရပ်ဘက် အဖွဲ့အစည်း ၉၀ကျော်က ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲနဲ့ ပတ်သက်ပြီး အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာ အောက်တိုဘာလကနေ လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားတဲ့ ကာလအတွင်းမှာ အရပ်သားပြည်သူ ၃၀ကျော်ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၅ဦးသေဆုံးခဲ့ရကြောင်းနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။