သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လားဟူအမ်ားစုပါဝင္တဲ့ စစ္ေျပးဒုကၡသည္ ၅၀၀ လာရိႈးမွာခိုလံႈ


ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးနဲ႔ နမၼတူၿမိဳ႔နယ္ေတြက ဒုကၡသည္မ်ား (ဓါတ္ပံု-Moon Angel facebook)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးနဲ႔ နမၼတူၿမိဳ႔နယ္အစပ္မွာ တိုက္ပဲြေတြထပ္မံ ျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံရြာသား ၅၀၀ေက်ာ္ဟာ လားရိႈးၿမိဳ႔ မန္ဆူရွမ္းဘုန္းေတာ္ၾကီးေက်ာင္းကို ေနာက္တစ္ၾကိမ္ တိမ္းေရွာင္လာရပါတယ္။ တိမ္းေရွာင္လာသူေတြဟာ လြယ္ေတာက္နဲ႔ ပန္ဟုန္းရြာကျဖစ္ၿပီး ဒီတစ္ပတ္အတြင္း ဒုတိယအၾကိမ္ တိမ္းေရွာင္ၾကရတာလည္း ျဖစ္ပါတယ္။ ဒီသတင္းကို ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

လားရိႈးၿမိဳ႔ကို တိမ္းေရွာင္လာသူေတြဟာ လားဟူလူမ်ိဳး အမ်ားစုျဖစ္ၿပီး ၾကာသပေတးေန႔ညေနပိုင္းက မန္ဆူရွမ္းဘုန္းေတာ္ၾကီးေက်ာင္းကို ေရာက္ရိွလာၾကတာပါ။

စစ္ေရွာင္ေတြ ေရာက္ရိွေနတဲ့အေျခအေနကို သူတုိ႔ကို သြားေရာက္ေတြ႔ဆံုခဲ့တဲ့ လားဟူအမ်ိဳးသား ဒီမုိကရက္တစ္ပါတီ ဥကၠဌ ေဒၚေအးသီတာျမင့္က အခုလို ေျပာပါတယ္။

“ မန္ဆူေက်ာင္းမွာ အခု ၅၀၈ ေယာက္။ လားရိႈးၿမိဳ႔နယ္ လြယ္ေတာက္ေက်းရြာနဲ႔ ပန္ဟုန္းေက်းရြာ။ အမ်ားဆံုးက လားဟူလူမ်ိဳးေတြ။ သူတို႔ေျပာတာ ဒီဗမာစစ္တပ္ရယ္၊ ပေလာင္စစ္တပ္ရယ္ေပါ့ေနာ္ တိုက္ပဲြေတြျဖစ္တဲ့အခါက်ေတာ့ အဲဒါ သူတုိ႔ ရြာနားေလးမွာပဲ ျဖစ္တာမို႔လို႔၊ အဲဒါေၾကာင့္မို႔ ေျပးလာတာလုိ႔ ေျပာတယ္။ မေန႔က ေရာက္လာတယ္။ တခ်ိဳ႔ေတြဆို ေစာင္ကအစ ဘာမွ မရလာဘူးတဲ့။ တခ်ိဳ႔ေတြက ေတာင္ယာမွာ ရိွေနတာတဲ့။ အဲဒါ ေျပးလာၾကတာ။ ကေလးေတြလည္း အမ်ားၾကီးပဲ။”

ၿပီးခဲ့တဲ့ တနလၤာေန႔ကလည္း လက္နက္ႀကီးပစ္ခတ္သံေတြေၾကာင့္ လြယ္ေတာက္၊ မန္ၿပိန္း၊ နမ့္ကပ္နဲ႔ ပန္ဟုန္းေက်းရြာက ေဒသခံေတြဟာ လားရိႈးၿမိဳ႔နဲ႔ ၇မိုင္အကြာမွာရိွတဲ့ အီႏိုင္းရြာ ဘုန္းၾကီးေက်ာင္းကို တိမ္းေရွာင္ခဲ့ၾကပါတယ္။ ေနာက္တစ္ရက္မွာေတာ့ သူတုိ႔ရြာအနီးမွာ တုိက္ပဲြမရိွတာေၾကာင့္ ေနရပ္ျပန္ခဲ့ၾကရာက အခုတစ္ခါ ထပ္မံ တိမ္းေရွာင္လာၾကတာျဖစ္ပါတယ္။

မန္ဆူရွမ္းေက်ာင္းကို ေရာက္ရိွေနတဲ့ စစ္ေရွာင္ေတြအတြက္ လားရိႈးၿမိဳ႔ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခဲြမႈ ဦးစီးဌာနက ဆန္ ၇ရက္စာ ေထာက္ပံ့ကူညီေပးထားသလို ၾကက္ေျခနီအသင္းကလည္း ေစာင္နဲ႔ ကေလးငယ္ေတြအတြက္ လိုအပ္တဲ့ ေဆာင္းတြင္း အသံုးအေဆာင္ေတြကို ေထာက္ပံ့ေပးထားပါတယ္။

ေလာေလာဆည္ စစ္ေရွာင္ေတြနဲ႔ပတ္သက္တဲ့ အခက္အခဲကိုေတာ့ မန္ဆူရွမ္းေက်ာင္းက ေဂါပက အဖဲြ႔၀င္တစ္ဦးက အခုလို ေျပာပါတယ္။

“ စားတာေသာက္တာ အခုေလာေလာဆည္ ေက်ာင္းက ေျဖရွင္းေပးတယ္။ မနက္ပိုင္းေရာ၊ ညပိုင္းေရာ ေကြ်းထားတာေပါ့။ ဆရာေတာ္ကပဲ အားလံုးၾကည့္ရႈေစာင့္ေရွာက္ထားရတာ။ က်ေနာ္တုိ႔ ရပ္ကြက္ကလည္း ၾကည့္ရႈေစာင့္ေရွာက္ထားရတာေလ။ အလွဴရွင္ေတြက နည္းေနလို႔။ ခါတိုင္းကဆို အလွဴရွင္မ်ားတာ။ အခုက တခ်ိဳ႔ကလည္း သိ၊ တခ်ိဳ႔ကလည္း မသိ အဲလိုမ်ိဳးျဖစ္ေနတာ။ က်ေနာ္တုိ႔က စိုးရိမ္တာက ကေလးေတြ တအားမ်ားလုိ႔ေလ။ ကေလးေပ်ာက္မွာကို ေၾကာက္ေနတာ။”

ဒီရက္ပိုင္း ရွမ္းျပည္နယ္အတြင္း တိုက္ပဲြျဖစ္ပြားတဲ့အေျခအေနကို TNLA က ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး တာအိုက္ေက်ာ္က အခုလို ေျပာပါတယ္။

“ မေန႔ကေတာ့ ဒီတုိက္ပဲြကေတာ့ လားရိႈးၿမိဳ႔နယ္ေပါ့။ လားရိႈးကေန သြားရင္ ၁၅မိုင္ေလာက္ ေ၀းတယ္။ နမၼတူ-လားရိႈးလမ္းေပၚမွာ ျဖစ္တာ။ ဒီေန႔လည္း ျပန္ျဖစ္တယ္။ ဒီေန႔ကေတာ့ နမ့္ဆန္ၿမိဳ႔နယ္နဲ႔ မိုင္းေငါ့အစပ္ေပါ့။ ၾကားေပါ့။ အဲဒီမွာကေတာ့ ဒီေန႔ ၈နာရီ ၅၀ေလာက္ကေန စတယ္။ အေသးစိတ္ကေတာ့ က်ေနာ္ မရေသးဘူး။ ဟိုဘက္ရက္ေတြလည္း ျဖစ္တယ္။ ၁၈ရက္ေန႔ကဆို ၃ၾကိမ္ေလာက္ ျဖစ္တာေပါ့။”

ဒီလ ၁၇ရက္ေန႔ကေတာ့ တပ္မေတာ္ စစ္ေၾကာင္းက နမၼတူၿမိဳ႔နယ္ လြယ္ပ်က္ရြာအနီးေရာက္စဥ္ TNLA က ေစာင့္ႀကိဳတိုက္ခိုက္ခဲ့ၿပီး ေနအိမ္တစ္လံုးကို မီးရိႈ႔ထြက္ေျပးသြားေၾကာင္း ျမ၀တီသတင္းစာမွာ ေဖာ္ျပထား ပါတယ္။

TNLA ကေတာ့ လြယ္ပ်က္ရြာအနီး တိုက္ပဲြျဖစ္ပြားတာမရိွေၾကာင္း နဲ႔ တပ္မေတာ္ဘက္က ပစ္တဲ့ လက္နက္ၾကီး ထိမွန္တာသာျဖစ္ေၾကာင္း တံ႔ုျပန္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္၊ နမၼတူ၊ လားရိႈးနဲ႔ မန္တံုၿမိဳ႔နယ္ေတြထဲမွာ တုိက္ပဲြေတြဟာ ေန႔စဥ္ဆိုသလို ျဖစ္ပြားေနသလို ေျမျမဳပ္မိုင္းနင္းမိတာေၾကာင့္ ဒီလအတြင္း ေဒသခံ ၁၀ဦးထက္မနည္း ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

လားဟူအများစုပါဝင်တဲ့ စစ်ပြေးဒုက္ခသည် ၅၀၀ လာရှိုးမှာခိုလှုံ

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ နမ္မတူမြို့နယ်အစပ်မှာ တိုက်ပွဲတွေထပ်မံ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံရွာသား ၅၀၀ကျော်ဟာ လားရှိုးမြို့ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းကို နောက်တစ်ကြိမ် တိမ်းရှောင်လာရပါတယ်။ တိမ်းရှောင်လာသူတွေဟာ လွယ်တောက်နဲ့ ပန်ဟုန်းရွာကဖြစ်ပြီး ဒီတစ်ပတ်အတွင်း ဒုတိယအကြိမ် တိမ်းရှောင်ကြရတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လားရှိုးမြို့ကို တိမ်းရှောင်လာသူတွေဟာ လားဟူလူမျိုး အများစုဖြစ်ပြီး ကြာသပတေးနေ့ညနေပိုင်းက မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းကို ရောက်ရှိလာကြတာပါ။

စစ်ရှောင်တွေ ရောက်ရှိနေတဲ့အခြေအနေကို သူတို့ကို သွားရောက်တွေ့ဆုံခဲ့တဲ့ လားဟူအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဒေါ်အေးသီတာမြင့်က အခုလို ပြောပါတယ်။

“ မန်ဆူကျောင်းမှာ အခု ၅၀၈ ယောက်။ လားရှိုးမြို့နယ် လွယ်တောက်ကျေးရွာနဲ့ ပန်ဟုန်းကျေးရွာ။ အများဆုံးက လားဟူလူမျိုးတွေ။ သူတို့ပြောတာ ဒီဗမာစစ်တပ်ရယ်၊ ပလောင်စစ်တပ်ရယ်ပေါ့နော် တိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ အဲဒါ သူတို့ ရွာနားလေးမှာပဲ ဖြစ်တာမို့လို့၊ အဲဒါကြောင့်မို့ ပြေးလာတာလို့ ပြောတယ်။ မနေ့က ရောက်လာတယ်။ တချို့တွေဆို စောင်ကအစ ဘာမှ မရလာဘူးတဲ့။ တချို့တွေက တောင်ယာမှာ ရှိနေတာတဲ့။ အဲဒါ ပြေးလာကြတာ။ ကလေးတွေလည်း အများကြီးပဲ။”

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း လက်နက်ကြီးပစ်ခတ်သံတွေကြောင့် လွယ်တောက်၊ မန်ပြိန်း၊ နမ့်ကပ်နဲ့ ပန်ဟုန်းကျေးရွာက ဒေသခံတွေဟာ လားရှိုးမြို့နဲ့ ၇မိုင်အကွာမှာရှိတဲ့ အီနိုင်းရွာ ဘုန်းကြီးကျောင်းကို တိမ်းရှောင်ခဲ့ကြပါတယ်။ နောက်တစ်ရက်မှာတော့ သူတို့ရွာအနီးမှာ တိုက်ပွဲမရှိတာကြောင့် နေရပ်ပြန်ခဲ့ကြရာက အခုတစ်ခါ ထပ်မံ တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

မန်ဆူရှမ်းကျောင်းကို ရောက်ရှိနေတဲ့ စစ်ရှောင်တွေအတွက် လားရှိုးမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန် ၇ရက်စာ ထောက်ပံ့ကူညီပေးထားသလို ကြက်ခြေနီအသင်းကလည်း စောင်နဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ဆောင်းတွင်း အသုံးအဆောင်တွေကို ထောက်ပံ့ပေးထားပါတယ်။

လောလောဆည် စစ်ရှောင်တွေနဲ့ပတ်သက်တဲ့ အခက်အခဲကိုတော့ မန်ဆူရှမ်းကျောင်းက ဂေါပက အဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ စားတာသောက်တာ အခုလောလောဆည် ကျောင်းက ဖြေရှင်းပေးတယ်။ မနက်ပိုင်းရော၊ ညပိုင်းရော ကျွေးထားတာပေါ့။ ဆရာတော်ကပဲ အားလုံးကြည့်ရှုစောင့်ရှောက်ထားရတာ။ ကျနော်တို့ ရပ်ကွက်ကလည်း ကြည့်ရှုစောင့်ရှောက်ထားရတာလေ။ အလှူရှင်တွေက နည်းနေလို့။ ခါတိုင်းကဆို အလှူရှင်များတာ။ အခုက တချို့ကလည်း သိ၊ တချို့ကလည်း မသိ အဲလိုမျိုးဖြစ်နေတာ။ ကျနော်တို့က စိုးရိမ်တာက ကလေးတွေ တအားများလို့လေ။ ကလေးပျောက်မှာကို ကြောက်နေတာ။”

ဒီရက်ပိုင်း ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က အခုလို ပြောပါတယ်။

“ မနေ့ကတော့ ဒီတိုက်ပွဲကတော့ လားရှိုးမြို့နယ်ပေါ့။ လားရှိုးကနေ သွားရင် ၁၅မိုင်လောက် ဝေးတယ်။ နမ္မတူ-လားရှိုးလမ်းပေါ်မှာ ဖြစ်တာ။ ဒီနေ့လည်း ပြန်ဖြစ်တယ်။ ဒီနေ့ကတော့ နမ့်ဆန်မြို့နယ်နဲ့ မိုင်းငေါ့အစပ်ပေါ့။ ကြားပေါ့။ အဲဒီမှာကတော့ ဒီနေ့ ၈နာရီ ၅၀လောက်ကနေ စတယ်။ အသေးစိတ်ကတော့ ကျနော် မရသေးဘူး။ ဟိုဘက်ရက်တွေလည်း ဖြစ်တယ်။ ၁၈ရက်နေ့ကဆို ၃ကြိမ်လောက် ဖြစ်တာပေါ့။”

ဒီလ ၁၇ရက်နေ့ကတော့ တပ်မတော် စစ်ကြောင်းက နမ္မတူမြို့နယ် လွယ်ပျက်ရွာအနီးရောက်စဉ် TNLA က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံးကို မီးရှို့ထွက်ပြေးသွားကြောင်း မြဝတီသတင်းစာမှာ ဖော်ပြထား ပါတယ်။

TNLA ကတော့ လွယ်ပျက်ရွာအနီး တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း နဲ့ တပ်မတော်ဘက်က ပစ်တဲ့ လက်နက်ကြီး ထိမှန်တာသာဖြစ်ကြောင်း တံ့ုပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ လားရှိုးနဲ့ မန်တုံမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသလို မြေမြုပ်မိုင်းနင်းမိတာကြောင့် ဒီလအတွင်း ဒေသခံ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG