သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်စစ် အရပ်သားထိခိုက်မှု ဒေသခံအဖွဲ့တွေဝေဖန် 


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်း က စစ်ရေးပဋိပက္ခတွေကြား အရပ်သားထိခိုက် ဒဏ်ရာရ သေဆုံးမှုတွေပိုများလာသလို အိုးအိမ်တွေပေါ် လက်နက်ကြီးကျည်တွေကျလို့ ပျက်ဆီးဆုံးရှုံးနေရတဲ့အပေါ် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရဘက်က နစ်နာသူတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှုတွေရဖို့ အလေးအနက်ထား ဆောင်ရွက်ပေးသင့်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ အခွင့်အရေးလှုပ်ရှားသူတွေကတောင်းဆိုပါတယ်။

မနေ့ကဖြစ်ခဲ့တဲ့ ရှမ်းမြောက်သိန္နီတိုက်ပွဲအတွင်းမှာလည်း အရပ်သားအနည်းဆုံး ၇ဦးဒဏ်ရာ အပြင်းအထန်ရခဲ့သလို မြို့ထဲအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခတ်တဲ့အပေါ် တအာင်းအမျိုးသမီးအဖွဲ့ဘက်က ရှုတ်ချပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ ဒီရက်ပိုင်းမှာတော့ ရှမ်းမြောက် သိန္နီဘက်မှာ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ကြတဲ့အတွက် စစ်တပ်ဘက်က အကျဆုံးရှိသလို အရပ်သားအနည်းဆုံး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာအပြင်းထန်ရခဲ့တဲ့ အမျိုးသမီးအများစု ပါဝင်တဲ့ အရပ်သားတွေ အခုအချိန်အထိ သိန္နီဆေးရုံနဲ့ လားရှိုးဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြရတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းကပြောပါတယ်။

အခုလိုအရပ်သားထိခိုက်ဒဏ်ရာရမှုတွေအပေါ် နစ်နာမှုတွေအတွက် တရားမျှတမှုရစေချင်သလို တိုက်ပွဲတွေလည်း အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းပြောခွင့်ရ လွေးချစ့်ဆငါးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“လောလောဆည်တော့ ဒဏ်ရာရတာကတော့ ၇ ဦး လားရှိုးဆေးရုံမှာ ဆေးလာကုတာ ၂ ဦးရှိတယ်။ ဒဏ်ရာနည်းနည်းပြင်းထန်တယ်။ နောက်ကျန်တဲ့ ၁ ဦးက သိန္နီဆေးရုံမှာဆေးကုနေတယ်။ ကျမတို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုးမြင်သလဲဆိုတော့ ဒီလိုအရပ်သား လူထုတွေ ထိခိုက်တာကတော့ ကျမတို့အနေနဲ့ကတော့ ကန့်ကွက်တာပေါ့နော်။ ဘာလို့လဲဆိုတော့ တိုက်ပွဲတိုင်းမှာက နောက်ဆုံးထိခိုက်နေတာက အရပ်သား ပြည်သူလူထုတွေပဲ ထိခိုက်တာတွေ များနေတယ်။ ဒီလိုဖြစ်နေတဲ့ အပေါ်မှာ ကျမတို့မလိုလားဘူး။ အဲဒါကြောင့်မို့လို့ ဒီလိုထိခိုက်မှုတိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးစေချင်တယ်။”

တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေဆဲ ရှမ်းမြောက်ပိုင်းဘက်က စစ်ရေးတင်းမာမှုတွေကြား အထူးသဖြင့် အရပ်သားထိခိုက် သေဆုံးနစ်နာမှုတွေရှိနေလို့ လက်နက်ကိုင်တပ် နှစ်ဘက်စလုံးက အရပ်သားတွေကို မထိခိုက်အောင် အထူးသတိထားရှောင်ကျဉ်ကြဖို့နဲ့ အရပ်သားတွေအတွက် ထိခိုက်နစ်နာခဲ့ရမှုတွေအပေါ် အလေးအနက်ထား ပြန်လည်ဆောင်ရွက်ပေးဖို့ လွှတ်တော်တွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တောင်းဆိုခဲ့ကြတယ်လိ့ု ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် က ကျောက်မဲကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းကလည်း ပြောပါတယ်။

“အဓိက ၂ ဖက်စစ်ပွဲဖြစ်နေတဲ့ကိစ္စမှာဆိုရင် ၂ ဖက်မှာ တာဝန်ရှိတဲ့အတွက်ကြောင့် ၂ ဖက်စလုံးက ပြည်သူတွေရှိတဲ့နေရာတွေ ရှောင်ရှားပြီးတော့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမှာပေါ့နော်။ နောက်ပြီးတော့ အစိုးရပိုင်းက ပြန်ပြီးတော့ ထောက်ပံ့ပေါ့ အဲဒါကလည်း ရန်ပုံငွေတခု သီးသန့်ထားပြီးတော့ ဦးဆောင်သင့်တယ်လို့ မြင်တာပေါ့နော်။ ဥပမာ ပြီးခဲ့တဲ့ တပတ်ကဆိုရင် သိန္နီကလွှတ်တော်ကိုယ်စားလှယ်ဆိုရင် ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူလူူထုရဲ့ ပစ္စည်းတွေကို အစိုးရကနေ ပြန်လည်ပြီးတော့ နစ်နာကြေးအနေနဲ့ ပြန်ပေးဖို့အတွက် လွှတ်တော်မှာ မေးခွန်းမေးတယ်။ အစိုးရအနေနဲ့ အဲဒီအစီအစဉ်မရှိဘူးလို့ ပြောတာ ပြန်ကြားရတာပေါ့နော်။ ဆိုတဲ့အခါ အဓိကတော့ ဘယ်လိုပဲဖြစ်ဖြစ် နစ်နာဆုံးရှုံးတဲ့ပြည်သူတွေကိုတော့ ပြန်လည်ကူညီသင့်တယ်လို့ မြင်ပါတယ်။”

တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေအတွင်း အသက်လုပြေးရတဲ့ စစ်ဘေးစစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ အခြေခံဆေးဝါးနဲ့ သောက်သုံးရေစတဲ့ ဒုက္ခအခက်ခဲတွေနဲ့ကြုံရသလို လက်နက်ကြီးကျည်မှန်တာလိုမျိုး မိုင်းဗုံးထိတာလိုမျိုး စစ်လက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေကို ကလေးငယ်တွေနဲ့ အမျိုးသမီးအများစုက ခါးစီးခံနေရတဲ့အဖြစ်မျိုးတွေ မဖြစ်စေချင်တော့ဘူးလို့လည်း တအာင်းအမျိုးသမီးအဖွဲ့က လွေးချစ့်ဆငါးကပြောပါတယ်။

“တိုက်ပွဲဖြစ်ဖြစ် တိုက်ပွဲမဟုတ်သည့်တိုင်အောင် တခြားပစ်ခတ် တိုက်ခိုက်မှုတွေ များမယ်ဆိုရင်လည်း အမျိုးသမီးတွေက မကြာခဏဆိုရင် ခံနေရတဲ့ အပိုင်းတွေက အများကြီးရှိတယ်။ ဒီအပေါ်မှာက အထူးသဖြင့် ဖြစ်နိုင်ရင်တော့ လူထုသွားလာတဲ့နေရာတို့ အများနေထိုင်တဲ့နေရာတို့ကို ရှောင်စေချင်တယ်။ ပစ်ခတ်တိုက်ခိုက်တာတွေ မဖြစ်စေချင်ဘူး။ အထူးသဖြင့် မြို့ထဲမှာဖြစ်ဖြစ် ရွာထဲမှာဖြစ်ဖြစ် ပစ်တာတွေကို ရှောင်စေချင်တာပေါ့။”

စစ်ဘေးရှောင်တွေပိုတိုးလာသလို နေရပ်တွေကို အရဲစွန့်ပြီး ပြန်နေသူတချို့လည်း ရှိနေဆဲ ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်းဘက်မှာတော့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ရော NCA အပစ်ရပ် မထိုးထားရသေးတဲ့အဖွဲ့တွေကြားမှာပါ ခိုင်မာတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတွေ ရစေချင်ပါတယ်လို့ ဒေသခံပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

....................

{Unicode}

ရှမျးမွောကျစဈ အရပျသားထိခိုကျမှု ဒသေခံအဖှဲ့တှဝေဖေနျ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်း က စစ်ရေးပဋိပက္ခတွေကြား အရပ်သားထိခိုက် ဒဏ်ရာရ သေဆုံးမှုတွေပိုများလာသလို အိုးအိမ်တွေပေါ် လက်နက်ကြီးကျည်တွေကျလို့ ပျက်ဆီးဆုံးရှုံးနေရတဲ့အပေါ် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရဘက်က နစ်နာသူတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ တရားမျှတမှုတွေရဖို့ အလေးအနက်ထား ဆောင်ရွက်ပေးသင့်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ အခွင့်အရေးလှုပ်ရှားသူတွေကတောင်းဆိုပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ ရှမ်းမြောက်သိန္နီတိုက်ပွဲအတွင်းမှာလည်း အရပ်သားအနည်းဆုံး ၇ဦးဒဏ်ရာ အပြင်းအထန်ရခဲ့သလို မြို့ထဲအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခတ်တဲ့အပေါ် တအာင်းအမျိုးသမီးအဖွဲ့ဘက်က ရှုတ်ချပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ ဒီရက်ပိုင်းမှာတော့ ရှမ်းမြောက် သိန္နီဘက်မှာ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ကြတဲ့အတွက် စစ်တပ်ဘက်က အကျဆုံးရှိသလို အရပ်သားအနည်းဆုံး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာအပြင်းထန်ရခဲ့တဲ့ အမျိုးသမီးအများစု ပါဝင်တဲ့ အရပ်သားတွေ အခုအချိန်အထိ သိန္နီဆေးရုံနဲ့ လားရှိုးဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြရတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းကပြောပါတယ်။

အခုလိုအရပ်သားထိခိုက်ဒဏ်ရာရမှုတွေအပေါ် နစ်နာမှုတွေအတွက် တရားမျှတမှုရစေချင်သလို တိုက်ပွဲတွေလည်း အမြန်ဆုံး ရပ်တန့်စေချင်ပါတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းပြောခွင့်ရ လွေးချစ့်ဆငါးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“လောလောဆည်တော့ ဒဏ်ရာရတာကတော့ ၇ ဦး လားရှိုးဆေးရုံမှာ ဆေးလာကုတာ ၂ ဦးရှိတယ်။ ဒဏ်ရာနည်းနည်းပြင်းထန်တယ်။ နောက်ကျန်တဲ့ ၁ ဦးက သိန္နီဆေးရုံမှာဆေးကုနေတယ်။ ကျမတို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုးမြင်သလဲဆိုတော့ ဒီလိုအရပ်သား လူထုတွေ ထိခိုက်တာကတော့ ကျမတို့အနေနဲ့ကတော့ ကန့်ကွက်တာပေါ့နော်။ ဘာလို့လဲဆိုတော့ တိုက်ပွဲတိုင်းမှာက နောက်ဆုံးထိခိုက်နေတာက အရပ်သား ပြည်သူလူထုတွေပဲ ထိခိုက်တာတွေ များနေတယ်။ ဒီလိုဖြစ်နေတဲ့ အပေါ်မှာ ကျမတို့မလိုလားဘူး။ အဲဒါကြောင့်မို့လို့ ဒီလိုထိခိုက်မှုတိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးစေချင်တယ်။”

တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေဆဲ ရှမ်းမြောက်ပိုင်းဘက်က စစ်ရေးတင်းမာမှုတွေကြား အထူးသဖြင့် အရပ်သားထိခိုက် သေဆုံးနစ်နာမှုတွေရှိနေလို့ လက်နက်ကိုင်တပ် နှစ်ဘက်စလုံးက အရပ်သားတွေကို မထိခိုက်အောင် အထူးသတိထားရှောင်ကျဉ်ကြဖို့နဲ့ အရပ်သားတွေအတွက် ထိခိုက်နစ်နာခဲ့ရမှုတွေအပေါ် အလေးအနက်ထား ပြန်လည်ဆောင်ရွက်ပေးဖို့ လွှတ်တော်တွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တောင်းဆိုခဲ့ကြတယ်လိ့ု ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် က ကျောက်မဲကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းကလည်း ပြောပါတယ်။

“အဓိက ၂ ဖက်စစ်ပွဲဖြစ်နေတဲ့ကိစ္စမှာဆိုရင် ၂ ဖက်မှာ တာဝန်ရှိတဲ့အတွက်ကြောင့် ၂ ဖက်စလုံးက ပြည်သူတွေရှိတဲ့နေရာတွေ ရှောင်ရှားပြီးတော့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမှာပေါ့နော်။ နောက်ပြီးတော့ အစိုးရပိုင်းက ပြန်ပြီးတော့ ထောက်ပံ့ပေါ့ အဲဒါကလည်း ရန်ပုံငွေတခု သီးသန့်ထားပြီးတော့ ဦးဆောင်သင့်တယ်လို့ မြင်တာပေါ့နော်။ ဥပမာ ပြီးခဲ့တဲ့ တပတ်ကဆိုရင် သိန္နီကလွှတ်တော်ကိုယ်စားလှယ်ဆိုရင် ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူလူူထုရဲ့ ပစ္စည်းတွေကို အစိုးရကနေ ပြန်လည်ပြီးတော့ နစ်နာကြေးအနေနဲ့ ပြန်ပေးဖို့အတွက် လွှတ်တော်မှာ မေးခွန်းမေးတယ်။ အစိုးရအနေနဲ့ အဲဒီအစီအစဉ်မရှိဘူးလို့ ပြောတာ ပြန်ကြားရတာပေါ့နော်။ ဆိုတဲ့အခါ အဓိကတော့ ဘယ်လိုပဲဖြစ်ဖြစ် နစ်နာဆုံးရှုံးတဲ့ပြည်သူတွေကိုတော့ ပြန်လည်ကူညီသင့်တယ်လို့ မြင်ပါတယ်။”

တိုင်းရင်းဒေသတွေက စစ်ရေးပဋိပက္ခတွေအတွင်း အသက်လုပြေးရတဲ့ စစ်ဘေးစစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ အခြေခံဆေးဝါးနဲ့ သောက်သုံးရေစတဲ့ ဒုက္ခအခက်ခဲတွေနဲ့ကြုံရသလို လက်နက်ကြီးကျည်မှန်တာလိုမျိုး မိုင်းဗုံးထိတာလိုမျိုး စစ်လက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေကို ကလေးငယ်တွေနဲ့ အမျိုးသမီးအများစုက ခါးစီးခံနေရတဲ့အဖြစ်မျိုးတွေ မဖြစ်စေချင်တော့ဘူးလို့လည်း တအာင်းအမျိုးသမီးအဖွဲ့က လွေးချစ့်ဆငါးကပြောပါတယ်။

“တိုက်ပွဲဖြစ်ဖြစ် တိုက်ပွဲမဟုတ်သည့်တိုင်အောင် တခြားပစ်ခတ် တိုက်ခိုက်မှုတွေ များမယ်ဆိုရင်လည်း အမျိုးသမီးတွေက မကြာခဏဆိုရင် ခံနေရတဲ့ အပိုင်းတွေက အများကြီးရှိတယ်။ ဒီအပေါ်မှာက အထူးသဖြင့် ဖြစ်နိုင်ရင်တော့ လူထုသွားလာတဲ့နေရာတို့ အများနေထိုင်တဲ့နေရာတို့ကို ရှောင်စေချင်တယ်။ ပစ်ခတ်တိုက်ခိုက်တာတွေ မဖြစ်စေချင်ဘူး။ အထူးသဖြင့် မြို့ထဲမှာဖြစ်ဖြစ် ရွာထဲမှာဖြစ်ဖြစ် ပစ်တာတွေကို ရှောင်စေချင်တာပေါ့။”

စစ်ဘေးရှောင်တွေပိုတိုးလာသလို နေရပ်တွေကို အရဲစွန့်ပြီး ပြန်နေသူတချို့လည်း ရှိနေဆဲ ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်းဘက်မှာတော့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ရော NCA အပစ်ရပ် မထိုးထားရသေးတဲ့အဖွဲ့တွေကြားမှာပါခိုင်မာတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတွေ ရစေချင်ပါတယ်လို့ ဒေသခံပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG