သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သိႏၷီၿမိဳ႕တြင္း တိုက္ပဲြ တပ္မေတာ္သားသံုးဦး ေသဆံုး


သိႏၷီၿမိဳ႕တြင္း တိုက္ပဲြ တပ္မေတာ္သားသံုးဦး ေသဆံုး (ဓါတ္ပံု-Eastern Review)

ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏီၷၿမိဳ႔ကို တပ္မေတာ္ယာဥ္တန္း ျဖတ္သန္းသြားစဥ္ TNLA ေခၚ တအန္း(ပေလာင္) အဖဲြ႔က ပစ္ခတ္ တိုက္ခိုက္တာေၾကာင့္ တပ္မေတာ္သား ၃ဦး က်ဆံုးၿပီး အရပ္သား ၇ဦး ထိခုိက္ဒဏ္ရာရခဲ့ ပါတယ္။ သိႏီၷၿမိဳ႕ တိုက္ပဲြေၾကာင့္ တရုတ္ျမန္မာနယ္စပ္ ကုန္သြယ္ေရးလမ္းမွာ အသြားအလာေတြ ယာယီရပ္တန္႔ ခဲ့သလို သိႏီၷၿမိဳ႔မွာ ဒီကေန႔ေစ်းေတြ၊ ေက်ာင္းေတြ ပိတ္ထားရပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဒီတိုက္ခုိက္မႈဟာ သိႏီၷၿမိဳ႕လယ္ေခါင္မွာ ဒီကေန႔ မနက္အေစာပိုင္းက ျဖစ္ပြားခဲ့တာပါ။ တုိက္ပဲြျဖစ္ပြားတဲ့ အေျခအေနကို သိႏီၷၿမိဳ႔နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဦးခမ္းက အခုလို ေျပာပါ တယ္။

“ မနက္ ၆နာရီခဲြ၊ က်ေနာ့ အိမ္နဲ႔ ကပ္ရက္ေပါ့။ အဲဒီ Main လမ္းၾကီးေပၚမွာ တိုက္ပဲြက လက္နက္ၾကီးေရာ၊ လက္နက္ငယ္ေရာ ေတာက္ေလ်ာက္ပစ္လာတာ။ မနက္ ၆နာရီခဲြေလာက္စၿပီးေတာ့ လမ္းတေလ်ာက္လံုး ပစ္တယ္။ ပစ္ၿပီးေတာ့မွ ခဏေလးေနေတာ့ တစ္ခါ ျပန္ရပ္သြားၿပီးေတာ့ တစ္ခါ ျပန္ပစ္တယ္။ ေနာက္မွ က်ေနာ္တုိ႔လည္း သက္ဆုိင္ရာ ဌာနဆုိင္ရာကို ဖုန္းဆက္ေမးလုိက္ေတာ့ ခဏေလးထြက္လာရေအာင္ဆို ထြက္လာလုိ႔ ရေတာ့ ၈နာရီ ၀န္းက်င္ေလာက္ေပါ့။ ထြက္လာတယ္။ ယာဥ္တန္းေပါ့။ အဲဒီယာဥ္တန္းကို ပစ္တာ။ ၿမိဳ႔ထဲမွာ က်ေနာ္တို႔ Main လမ္းၾကီးေပၚမွာ၊ ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ၿမိဳ႔လယ္ေခါင္ပဲ။ ”

ပစ္ခတ္တိုက္ခိုက္မႈအတြင္း ထိခိုက္ေသဆံုးတာကို အခုလို ဆက္ေျပာပါတယ္။

“ မနက္ကေတာ့ က်ေနာ္ အေလာင္းသြားၾကည့္လိုက္တဲ့အခါက်ေတာ့ ၂ေယာက္ေတြ႔တယ္။ေနာက္ နာေရး ကားက ေနာက္တစ္ေယာက္ထပ္ တိုးလာတယ္တဲ့။ ၃ေယာက္ေပါ့။ တပ္ကေန က်သြားတာ။ ေနာက္ ဒဏ္ရာရတာေတာ့ ၃ေယာက္ေတြ႔တယ္။ တပ္က။ လူထုေတြၾကားထဲ ပစ္လိုက္တဲ့ဟာကက်ေတာ့ အိမ္ေပၚ၊ ေခါင္မုိးေပၚျပဳတ္က်သြားၿပီးေတာ့မွာ အဲဒီမွာ ဒဏ္ရာရသြားတာက လူထုကေတာ့ ၇ေယာက္ရိွတယ္။ ေဆးရံုေရာက္သြားၿပီ။ အခု လားရိႈးေဆးရံုကို ၂ေယာက္ကလႊဲရမယ္။ စိုးရိမ္စရာေတာ့ မရိွပါဘူး။”

မနက္ပိုင္းတုိက္ပဲြ ျဖစ္ပြားခဲ့တဲ့ေနာက္ တရုတ္- ျမန္မာ နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္တဲ့ မူဆယ္-လားရိႈး ျပည္ေထာင္စုလမ္းမၾကီးကို ေခတၱပိတ္ထားခဲ့ၿပီး ေနာက္ပိုင္းမွာ ျပန္ဖြင့္ေပးခဲ့တယ္လုိ႔လည္း စိုင္းဦးခမ္းက ေျပာပါတယ္။

“မူဆယ္၊ လားရိႈးလမ္းမႀကီး၊ အခုက လႊတ္လိုက္ပါၿပီ။ မနက္က ခဏပိတ္လိုက္တယ္။ ၁၀နာရီခဲြ၊ ၁၁နာရီေလာက္ စလႊတ္လိုက္ပါၿပီ။ ေလာေလာဆည္ေတာ့ ၿမိဳ႔ထဲမွာရိွတဲ့ ေက်ာင္းကေတာ့ ပိတ္ထားတယ္။ ပညာေရးဌာနအေနနဲ႔လည္း ခဏေတာ့ ပိတ္ထားပါဆုိလုိ႔ ဒီေန႔ေတာ့ ပိတ္ထားတယ္။ ေစ်းေတြ ဘာေတြလည္း ပိတ္ထားတယ္။ အသြားအလာလည္း က်ဲသြားတယ္။ ”

တိုက္ပဲြအတြင္း ပစ္ခတ္တဲ့ လက္နက္ၾကီးက်ည္ထိတာေၾကာင့္ ေနအိမ္ ၄လံုးထက္မနည္း ထိခိုက္ခဲ့သလို ကား၃-၄စီးလည္း ထိမွန္ေၾကာင္းနဲ႔ ေန႔ခင္းပိုင္းမွာေတာ့ တပ္မေတာ္က လက္နက္ၾကီးက်ည္ေတြကို လိုက္လံ ရွင္းလင္းေနေၾကာင္း ေျပာပါတယ္။

ဒီသတင္းနဲ႔ပတ္သက္လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျပာပါတယ္။

“တပ္မေတာ္က လံုၿခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရးေဆာင္ရြက္ေနတဲ့ ကား ၄စင္း ပါတဲ့ ယာဥ္တန္းကို သိႏီၷၿမိဳ႔လယ္၊ ၿမိဳ႔တြင္းမွာပဲ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူ ၅၀ေလာက္က ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားတယ္။ ပထမအၾကိမ္ကိုေတာ့ RPG နဲ႔ ပစ္ခတ္တယ္လို႔ သိရတယ္။ ၿပီးရင္ လက္နက္ႀကီးေတြနဲ႔လည္း ပစ္ခတ္ေတာ့ စီးနင္းတုိက္ပဲြျဖစ္ပြားၿပီးမွာေတာ့ စစ္သည္အခ်ိဳ ႔ထိခိုက္ဒဏ္ရာရရိွတယ္။ ထိခိုက္ဒဏ္ရာရၿပီး က်ဆံုးေတြ ရိွပါတယ္။”

TNLA ဘက္ကို ဆက္သြယ္ရမွာေတာ့ ဆက္သြယ္လုိ႔ မရပါဘူး။

TNLA ေခၚ တအန္း(ပေလာင္)အဖဲြ႔ရဲ့ အင္တာနက္စာမ်က္ႏွာမွာေတာ့ သိႏီၷၿမိဳ႔မွာ သူတို႔တပ္ဖဲြ႔နဲ႔ ခလရ ၆၉နဲ႔ ၂၄၀ ပူးေပါင္းတပ္နဲ႔ တုိက္ပဲြျဖစ္ပြားေၾကာင္း၊ တပ္မေတာ္က စစ္ကား၇စီးနဲ႔ ထိုးစစ္ဆင္လာတာေၾကာင့္ တိုက္ခိုက္တာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

TNLA၊MNDAA ကိုးကန္႔နဲ႔ AA ရခုိင္တပ္ဖဲြ႔ေတြပါ၀င္တဲ့ ညီေနာင္ မဟာမိတ္အဖဲြ႔ကေတာ့ Bilateral အပစ္ရပ္ စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္ဖုိ႔ ဒီႏွစ္အကုန္အထိ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေၾကာင္း စက္တင္ဘာလ ၂၀ရက္က ထုတ္ျပန္ထားခ်ိန္မွာ ခုလို တိုက္ပဲြျဖစ္ပြားတာပါ။

အစိုးရ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔နဲ႔ KIO ကခ်င္အပါအ၀င္ ေျမာက္ပိုင္းအဖဲြ႔ေတြ အခုလအတြင္း ထပ္မံ ေဆြးေႏြးဖို႔ ႏွစ္ဘက္သေဘာတူညီထားၾကပါတယ္။

........................

{Unicode}

သိန္နီမြို့တွင်း တိုက်ပွဲ တပ်မတော်သားသုံးဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို တပ်မတော်ယာဉ်တန်း ဖြတ်သန်းသွားစဉ် TNLA ခေါ် တအန်း(ပလောင်) အဖွဲ့က ပစ်ခတ် တိုက်ခိုက်တာကြောင့် တပ်မတော်သား ၃ဦး ကျဆုံးပြီး အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။ သိန္နီမြို့ တိုက်ပွဲကြောင့် တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းမှာ အသွားအလာတွေ ယာယီရပ်တန့် ခဲ့သလို သိန္နီမြို့မှာ ဒီကနေ့ဈေးတွေ၊ ကျောင်းတွေ ပိတ်ထားရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ သိန္နီမြို့လယ်ခေါင်မှာ ဒီကနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို သိန္နီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက အခုလို ပြောပါ တယ်။

“ မနက် ၆နာရီခွဲ၊ ကျနော့ အိမ်နဲ့ ကပ်ရက်ပေါ့။ အဲဒီ Main လမ်းကြီးပေါ်မှာ တိုက်ပွဲက လက်နက်ကြီးရော၊ လက်နက်ငယ်ရော တောက်လျောက်ပစ်လာတာ။ မနက် ၆နာရီခွဲလောက်စပြီးတော့ လမ်းတလျောက်လုံး ပစ်တယ်။ ပစ်ပြီးတော့မှ ခဏလေးနေတော့ တစ်ခါ ပြန်ရပ်သွားပြီးတော့ တစ်ခါ ပြန်ပစ်တယ်။ နောက်မှ ကျနော်တို့လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာကို ဖုန်းဆက်မေးလိုက်တော့ ခဏလေးထွက်လာရအောင်ဆို ထွက်လာလို့ ရတော့ ၈နာရီ ဝန်းကျင်လောက်ပေါ့။ ထွက်လာတယ်။ ယာဉ်တန်းပေါ့။ အဲဒီယာဉ်တန်းကို ပစ်တာ။ မြို့ထဲမှာ ကျနော်တို့ Main လမ်းကြီးပေါ်မှာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မြို့လယ်ခေါင်ပဲ။ ”

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတာကို အခုလို ဆက်ပြောပါတယ်။

“ မနက်ကတော့ ကျနော် အလောင်းသွားကြည့်လိုက်တဲ့အခါကျတော့ ၂ယောက်တွေ့တယ်။နောက် နာရေး ကားက နောက်တစ်ယောက်ထပ် တိုးလာတယ်တဲ့။ ၃ယောက်ပေါ့။ တပ်ကနေ ကျသွားတာ။ နောက် ဒဏ်ရာရတာတော့ ၃ယောက်တွေ့တယ်။ တပ်က။ လူထုတွေကြားထဲ ပစ်လိုက်တဲ့ဟာကကျတော့ အိမ်ပေါ်၊ ခေါင်မိုးပေါ်ပြုတ်ကျသွားပြီးတော့မှာ အဲဒီမှာ ဒဏ်ရာရသွားတာက လူထုကတော့ ၇ယောက်ရှိတယ်။ ဆေးရုံရောက်သွားပြီ။ အခု လားရှိုးဆေးရုံကို ၂ယောက်ကလွှဲရမယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။”

မနက်ပိုင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နောက် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို ခေတ္တပိတ်ထားခဲ့ပြီး နောက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့တယ်လို့လည်း စိုင်းဦးခမ်းက ပြောပါတယ်။

“မူဆယ်၊ လားရှိုးလမ်းမကြီး၊ အခုက လွှတ်လိုက်ပါပြီ။ မနက်က ခဏပိတ်လိုက်တယ်။ ၁၀နာရီခွဲ၊ ၁၁နာရီလောက် စလွှတ်လိုက်ပါပြီ။ လောလောဆည်တော့ မြို့ထဲမှာရှိတဲ့ ကျောင်းကတော့ ပိတ်ထားတယ်။ ပညာရေးဌာနအနေနဲ့လည်း ခဏတော့ ပိတ်ထားပါဆိုလို့ ဒီနေ့တော့ ပိတ်ထားတယ်။ ဈေးတွေ ဘာတွေလည်း ပိတ်ထားတယ်။ အသွားအလာလည်း ကျဲသွားတယ်။ ”

တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိတာကြောင့် နေအိမ် ၄လုံးထက်မနည်း ထိခိုက်ခဲ့သလို ကား၃-၄စီးလည်း ထိမှန်ကြောင်းနဲ့ နေ့ခင်းပိုင်းမှာတော့ တပ်မတော်က လက်နက်ကြီးကျည်တွေကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“တပ်မတော်က လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့ ကား ၄စင်း ပါတဲ့ ယာဉ်တန်းကို သိန္နီမြို့လယ်၊ မြို့တွင်းမှာပဲ TNLA အကြမ်းဖက် သောင်းကျန်းသူ ၅၀လောက်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားတယ်။ ပထမအကြိမ်ကိုတော့ RPG နဲ့ ပစ်ခတ်တယ်လို့ သိရတယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တော့ စီးနင်းတိုက်ပွဲဖြစ်ပွားပြီးမှာတော့ စစ်သည်အချို့ထိခိုက်ဒဏ်ရာရရှိတယ်။ ထိခိုက်ဒဏ်ရာရပြီး ကျဆုံးတွေ ရှိပါတယ်။”

TNLA ဘက်ကို ဆက်သွယ်ရမှာတော့ ဆက်သွယ်လို့ မရပါဘူး။

TNLA ခေါ် တအန်း(ပလောင်)အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာတော့ သိန္နီမြို့မှာ သူတို့တပ်ဖွဲ့နဲ့ ခလရ ၆၉နဲ့ ၂၄၀ ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွားကြောင်း၊ တပ်မတော်က စစ်ကား၇စီးနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ခိုက်တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

TNLA၊MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေပါဝင်တဲ့ ညီနောင် မဟာမိတ်အဖွဲ့ကတော့ Bilateral အပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ဖို့ ဒီနှစ်အကုန်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း စက်တင်ဘာလ ၂၀ရက်က ထုတ်ပြန်ထားချိန်မှာ ခုလို တိုက်ပွဲဖြစ်ပွားတာပါ။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်အပါအဝင် မြောက်ပိုင်းအဖွဲ့တွေ အခုလအတွင်း ထပ်မံ ဆွေးနွေးဖို့ နှစ်ဘက်သဘောတူညီထားကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG