သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ေဒသ တုိက္ပဲြေတြအတြင္း အရပ္သားတခ်ဳိ႕ ဒဏ္ရာရ


ထြက္ေျပးတိမ္းေရွာင္ေနရေသာ ေဒသခံမ်ား

ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏီၷၿမိဳ႔တြင္းကို ဒီကေန႔ မနက္အေစာပိုင္းက လက္နက္ၾကီးက်ည္က် ေရာက္ေပါက္ကဲြခဲ့တာေၾကာင့္ လူ၂ေယာက္ ထိခိုက္ခဲ့သလို ေဒသခံျပည္သူေတြလည္း အထိတ္တလန္႔ ျဖစ္ခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ ကြတ္ခိုင္ၿမိဳ႔နယ္ထဲမွာလည္း အစိုးရတပ္မေတာ္နဲ႔ TNLA တအန္း(ပေလာင္)တပ္ဖဲြ႔အၾကားမွာ တိုက္ပဲြျဖစ္ပြားတာေတြ ရိွေနပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းက အေျခအေနေတြကို ဗီအိုေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဒီလ ၉ရက္ေန႔ မနက္ပိုင္းက သိႏီၷၿမိဳ႔လယ္မွာ အစိုးရတပ္ကို TNLA အဖဲြ႔ တုိက္ခုိက္ၿပီးတဲ့ေနာက္ ၿမိဳ႔ခံျပည္သူေတြဟာ သတိနဲ႔ ေနထိုင္ေနၾကရာက ဒီကေန႔ မနက္မွာ လက္နက္ၾကီး က်ည္တစ္လံုး က်ေရာက္ေပါက္ကဲြ ခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ အခင္းျဖစ္ပြားတဲ့အေျခအေနကို သိႏီၷၿမိဳ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဦးခမ္းက အခုလုိ ေျပာပါတယ္။

“ မနက္ကေတာ့ နည္းနည္းပစ္သံ ရိွတာေပါ့ေလ။ တစ္မိနစ္ေတာင္မရိွပါဘူး။ ခဏေလးပါ။ ဒါေပမဲ့ အဲဒီရပ္ကြက္က လင္မယားႏွစ္ေယာက္ေတာ့ က်ည္ထိတာေပါ့။ အစေပါ့။ ဗံုးစမွန္သြားတယ္။ က်ဴးေက်ာ္ရပ္ကြက္က။ ရပ္ကြက္ ၃က်ဴးေက်ာ္က လီဆူးလင္မယားႏွစ္ေယာက္ေပါ့။ လားရိႈးပို႔လုိက္ပါတယ္။ သူက တေတာင္ဆစ္ကို ရွပ္မွန္တယ္။ သူ႔ေယာက္်ားကေတာ့ ေျခေထာက္မွန္သြားတယ္။ ေျခေထာက္ေတာ့ အစက အတြင္းထဲ နည္းနည္းေရာက္လုိ႔သာ လားရိႈးပို႔ရတာပါ။ သိပ္စိုးရိမ္စရာမရိွပါဘူး။”

ဒီလုိပစ္ခတ္သံၾကားၿပီးေနာက္ လက္နက္ကိုင္အဖဲြ႔ေတြ ၿမိဳ႔ထဲ ၀င္တယ္ဆုိတဲ့ ေကာလဟလေၾကာင့္ ၅ရက္တစ္ၾကိမ္ဖြင့္တဲ့ ေစ်းေန႔မွာလည္း အထိတ္တလန္႔ျဖစ္ခဲ့ေၾကာင္း ဆက္ေျပာပါတယ္။

“ ဒီေန႔မနက္ကေတာ့ ေစ်းထဲမွာေတာ့ ရုတ္ရုတ္သည္းသည္းျဖစ္သြားတာေပါ့။ ထင္ေယာင္ ထင္မွားေပါ့ေလ။ မသကၤာဘူး၊ ဘာညာဆုိၿပီးေတာ့ နည္းနည္း ရုတ္ရုတ္သည္းသည္းျဖစ္သြားတယ္။ ေစ်းသည္ေတြလည္း အကုန္ေစ်းေတြ သိမ္းကုန္တာေပါ့။ ခဏပါပဲ။ ေဘးရြာေတြကလည္း ေစ်း၀ယ္လာတယ္။ အခါၾကီး ရက္ၾကီးအတြက္လည္း အလႈအတန္းေတြအတြက္ ၀ယ္ရမယ္ဆုိေတာ့ ျပန္ခင္းပါတယ္။ ျပန္ခင္းေတာ့လည္း လန္႔ဖ်န္႔ေနၾကတာေပါ့ေလ။ စိုးရိမ္ၿပီးေတာ့မွ စိတ္ထဲမွာေတာ့ မေပ်ာ္ဘူးေပါ့။ ၀ယ္သာ ၀ယ္ၾကရတာ။ ျမန္ျမန္၀ယ္ ျမန္ျမန္ျပန္ေပါ့။ အဲလို အေနအထားေလးေတာ့ ရိွပါတယ္။”

သိႏီၷၿမိဳ႔ေပၚမွာေတာ့ တပ္မေတာ္က ဗ်ဴဟာမႈးကိုယ္တုိင္ကြပ္ကဲၿပီးလံုၿခံဳေရးအျပည့္ယူထားေၾကာင္း ေျပာပါတယ္။

ဒီကေန႔ ကြတ္ခိုင္ၿမိဳ႔နယ္အတြင္းမွာလည္း နာရီ၀က္ေက်ာ္ တိုက္ပဲြျဖစ္ပြားတာရိွေၾကာင္း TNLA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈး တားအိုက္ေက်ာ္က ေျပာပါတယ္။

“ဒီမနက္ ၇နာရီေလာက္က ကြတ္ခိုင္ၿမိဳ႔နယ္ နမ့္ကြတ္အထက္နားက ေတာင္ေၾကာေပၚမွာ က်ေနာ္တုိ႔ တပ္မဟာ ၅စခန္းရိွတဲ့ေနရာကို တပ္ဘက္ကလာပစ္ေတာ့ အဲဒီမွာ တုိက္ပဲြစျဖစ္တယ္။ နာရီ၀က္ေက်ာ္တယ္ေနာ္။ ထိခိုက္မႈကေတာ့ အဆက္အသြယ္ရတဲ့အခ်ိန္က ဘာမွ မရိွေသးဘူး။ ေနာက္ပိုင္းက အေသးစိတ္ က်ေနာ္တုိ႔ ဆက္သြယ္လုိ႔ မရေသးဘူး။ ”

ဒီကေန႔ မနက္ ျဖစ္တဲ့တုိက္ပဲြဟာ ျပည္ေထာင္စုလမ္းမၾကီးနဲ႔ ၄မိုင္ေလာက္အကြာမွာျဖစ္တယ္လုိ႔ သိရေၾကာင္း ကြတ္ခိုင္ၿမိဳ႔နယ္ အုပ္ခ်ဳပ္ေရးရံုးက တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

“ လမ္းနဲ႔ေတာ့ နည္းနည္းေ၀းတယ္လုိ႔ေတာ့ ေျပာတယ္။ အဲဒီမွာ ၁၀မိနစ္ေလာက္ နည္းနည္းေသနတ္သံေတြ ၾကားရတယ္လုိ႔ပဲ သိရတယ္။ ဘာေတြ ဘာေတြ ျဖစ္လဲဆုိတာေတာ့ မသိရဘူး။ လမ္းနဲ႔ေတာင္ ၄- ၅မိုင္ေလာက္ ေ၀းတယ္။ ၄-၅မိုင္ေလာက္ ေ၀းတဲ့ေနရာမွာ ၁၀မိနစ္ေလာက္ ပစ္သံခတ္သံၾကားတယ္လုိ႔ပဲ သိရတယ္။ က်န္တဲ့ေနရာေတြက ေအးခ်မ္းပါတယ္။ ဘာသံမွ မၾကားဘူး။”

ေနခင္း ၁၂နာရီေလာက္မွာ မူဆယ္ၿမိဳ႔နယ္ ဆယ္လန္႔ ရြာအနီးနဲ႔ ေန႔ခင္း ၂နာရီေက်ာ္မွာ ကြတ္ခုိင္ၿမိဳ႔နယ္အတြင္း တုိက္ပဲြထပ္မံျဖစ္ေၾကာင္း TNLAဘက္က ေျပာေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။

ဒီေန႔ တုိက္ပဲြျဖစ္ပြားတဲ့အေျခအေနကို ေမးျမန္းႏိုင္ဖုိ႔ တပ္မေတာ္က ေျပာခြင့္ရသူေတြကို ဆက္သြယ္ရာမွာ ဖုန္း လက္ခံ ေျဖဆိုႏိုင္တာ မရိွခဲ့ပါဘူး။

၉ရက္ေန႔ မနက္က သိႏီၷၿမိဳ႔အတြင္း ျဖစ္ပြားတဲ့တိုက္ပဲြမွာေတာ့ တပ္မေတာ္က အရာရိွ စစ္သည္ ၂ဦးထက္မနည္း က်ဆံုးခဲ့သလို အရပ္သား ၇ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက စတင္ၿပီး တပ္မေတာ္က အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာခဲ့ေပမဲ့ တုိက္ပဲြေတြဟာ ဆက္တုိက္ျဖစ္ပြားေနခဲ့သလို ၾသဂုတ္လအတြင္း တိုင္းရင္းသား လက္နက္ကိုင္မဟာမိတ္အဖဲြ႔ေတြက ျပင္ဦးလြင္ၿမိဳ႔ကို ၀င္ေရာက္တုိက္ခုိက္ခဲ့တဲ့ေနာက္မွာ နယ္ေျမအေျခအေနေတြဟာ ပိုမိုရႈပ္ေထြးလာခဲ့တာ ျဖစ္ပါတယ္။

...................

{Unicode}

ရှမ်းမြောက်ဒေသ တိုက်ပွဲတွေအတွင်း အရပ်သားတချို့ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင်းကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် လူ၂ယောက် ထိခိုက်ခဲ့သလို ဒေသခံပြည်သူတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ကွတ်ခိုင်မြို့နယ်ထဲမှာလည်း အစိုးရတပ်မတော်နဲ့ TNLA တအန်း(ပလောင်)တပ်ဖွဲ့အကြားမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၉ရက်နေ့ မနက်ပိုင်းက သိန္နီမြို့လယ်မှာ အစိုးရတပ်ကို TNLA အဖွဲ့ တိုက်ခိုက်ပြီးတဲ့နောက် မြို့ခံပြည်သူတွေဟာ သတိနဲ့ နေထိုင်နေကြရာက ဒီကနေ့ မနက်မှာ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အခင်းဖြစ်ပွားတဲ့အခြေအနေကို သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက အခုလို ပြောပါတယ်။

“ မနက်ကတော့ နည်းနည်းပစ်သံ ရှိတာပေါ့လေ။ တစ်မိနစ်တောင်မရှိပါဘူး။ ခဏလေးပါ။ ဒါပေမဲ့ အဲဒီရပ်ကွက်က လင်မယားနှစ်ယောက်တော့ ကျည်ထိတာပေါ့။ အစပေါ့။ ဗုံးစမှန်သွားတယ်။ ကျူးကျော်ရပ်ကွက်က။ ရပ်ကွက် ၃ကျူးကျော်က လီဆူးလင်မယားနှစ်ယောက်ပေါ့။ လားရှိုးပို့လိုက်ပါတယ်။ သူက တတောင်ဆစ်ကို ရှပ်မှန်တယ်။ သူ့ယောက်ျားကတော့ ခြေထောက်မှန်သွားတယ်။ ခြေထောက်တော့ အစက အတွင်းထဲ နည်းနည်းရောက်လို့သာ လားရှိုးပို့ရတာပါ။ သိပ်စိုးရိမ်စရာမရှိပါဘူး။”

ဒီလိုပစ်ခတ်သံကြားပြီးနောက် လက်နက်ကိုင်အဖွဲ့တွေ မြို့ထဲ ဝင်တယ်ဆိုတဲ့ ကောလဟလကြောင့် ၅ရက်တစ်ကြိမ်ဖွင့်တဲ့ ဈေးနေ့မှာလည်း အထိတ်တလန့်ဖြစ်ခဲ့ကြောင်း ဆက်ပြောပါတယ်။

“ ဒီနေ့မနက်ကတော့ ဈေးထဲမှာတော့ ရုတ်ရုတ်သည်းသည်းဖြစ်သွားတာပေါ့။ ထင်ယောင် ထင်မှားပေါ့လေ။ မသင်္ကာဘူး၊ ဘာညာဆိုပြီးတော့ နည်းနည်း ရုတ်ရုတ်သည်းသည်းဖြစ်သွားတယ်။ ဈေးသည်တွေလည်း အကုန်ဈေးတွေ သိမ်းကုန်တာပေါ့။ ခဏပါပဲ။ ဘေးရွာတွေကလည်း ဈေးဝယ်လာတယ်။ အခါကြီး ရက်ကြီးအတွက်လည်း အလှုအတန်းတွေအတွက် ဝယ်ရမယ်ဆိုတော့ ပြန်ခင်းပါတယ်။ ပြန်ခင်းတော့လည်း လန့်ဖျန့်နေကြတာပေါ့လေ။ စိုးရိမ်ပြီးတော့မှ စိတ်ထဲမှာတော့ မပျော်ဘူးပေါ့။ ဝယ်သာ ဝယ်ကြရတာ။ မြန်မြန်ဝယ် မြန်မြန်ပြန်ပေါ့။ အဲလို အနေအထားလေးတော့ ရှိပါတယ်။”

သိန္နီမြို့ပေါ်မှာတော့ တပ်မတော်က ဗျူဟာမှုးကိုယ်တိုင်ကွပ်ကဲပြီးလုံခြုံရေးအပြည့်ယူထားကြောင်း ပြောပါတယ်။

ဒီကနေ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း နာရီဝက်ကျော် တိုက်ပွဲဖြစ်ပွားတာရှိကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး တားအိုက်ကျော်က ပြောပါတယ်။

“ဒီမနက် ၇နာရီလောက်က ကွတ်ခိုင်မြို့နယ် နမ့်ကွတ်အထက်နားက တောင်ကြောပေါ်မှာ ကျနော်တို့ တပ်မဟာ ၅စခန်းရှိတဲ့နေရာကို တပ်ဘက်ကလာပစ်တော့ အဲဒီမှာ တိုက်ပွဲစဖြစ်တယ်။ နာရီဝက်ကျော်တယ်နော်။ ထိခိုက်မှုကတော့ အဆက်အသွယ်ရတဲ့အချိန်က ဘာမှ မရှိသေးဘူး။ နောက်ပိုင်းက အသေးစိတ် ကျနော်တို့ ဆက်သွယ်လို့ မရသေးဘူး။ ”

ဒီကနေ့ မနက် ဖြစ်တဲ့တိုက်ပွဲဟာ ပြည်ထောင်စုလမ်းမကြီးနဲ့ ၄မိုင်လောက်အကွာမှာဖြစ်တယ်လို့ သိရကြောင်း ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ လမ်းနဲ့တော့ နည်းနည်းဝေးတယ်လို့တော့ ပြောတယ်။ အဲဒီမှာ ၁၀မိနစ်လောက် နည်းနည်းသေနတ်သံတွေ ကြားရတယ်လို့ပဲ သိရတယ်။ ဘာတွေ ဘာတွေ ဖြစ်လဲဆိုတာတော့ မသိရဘူး။ လမ်းနဲ့တောင် ၄- ၅မိုင်လောက် ဝေးတယ်။ ၄-၅မိုင်လောက် ဝေးတဲ့နေရာမှာ ၁၀မိနစ်လောက် ပစ်သံခတ်သံကြားတယ်လို့ပဲ သိရတယ်။ ကျန်တဲ့နေရာတွေက အေးချမ်းပါတယ်။ ဘာသံမှ မကြားဘူး။”

နေခင်း ၁၂နာရီလောက်မှာ မူဆယ်မြို့နယ် ဆယ်လန့် ရွာအနီးနဲ့ နေ့ခင်း ၂နာရီကျော်မှာ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲထပ်မံဖြစ်ကြောင်း TNLAဘက်က ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို မေးမြန်းနိုင်ဖို့ တပ်မတော်က ပြောခွင့်ရသူတွေကို ဆက်သွယ်ရာမှာ ဖုန်း လက်ခံ ဖြေဆိုနိုင်တာ မရှိခဲ့ပါဘူး။

၉ရက်နေ့ မနက်က သိန္နီမြို့အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ တပ်မတော်က အရာရှိ စစ်သည် ၂ဦးထက်မနည်း ကျဆုံးခဲ့သလို အရပ်သား ၇ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စတင်ပြီး တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပေမဲ့ တိုက်ပွဲတွေဟာ ဆက်တိုက်ဖြစ်ပွားနေခဲ့သလို သြဂုတ်လအတွင်း တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေက ပြင်ဦးလွင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက်မှာ နယ်မြေအခြေအနေတွေဟာ ပိုမိုရှုပ်ထွေးလာခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG