သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အထက္ရဲ႐ြာေရကာတာစီမံကိန္း ေဒသခံေတြ ကန႔္ကြက္


ပံု-ကန့္ကြက္ဆႏၵျပေနတဲ့ တာလံုေက်းရြာသားမ်ား

(Zawgyi / Unicode)

ရွမ္းျပည္နယ္ ၊သီေပါၿမိဳ႕ ၊တာလံုေက်းရြာသားမ်ားက နမၼတူျမစ္ေပၚမွာ တည္ေဆာက္ေနတဲ့ အထက္ရဲရြာေရကာတာေၾကာင့္ သူတို႔ရဲ ့ေက်းရြာေတ ြေရလြမ္းမိုးမူဒဏ္ျဖစ္မွာကို စုိးရိမ္တာေၾကာင့္ ေရကာတာတည္ေဆာက္ေနတာ ရပ္တန္႔ဖို႔ ႏို၀င္ဘာလ ၂၄ ရက္ေန႔က ရွမ္းျပည္နယ္ လွ်ပ္စစ္စြမ္းအင္၀န္ႀကီး လာေရာက္ခ်ိန္မွာ တာလံု ရြာထိတ္ကေနကန္႔ကြက္ ဆႏၵျပပဲြလုပ္ခဲ့ပါတယ္။ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

နမၼတူျမစ္ေပၚမွာ တည္ေဆာက္ေနတဲ့ ေရကာတာ စီမံကိန္းဟာေဒသခံလူထုေတြ ကန္ကြက္ေနတဲ့ၾကားကပဲ ၅၀ရာခိုင္ႏႈန္းေလာက္ ၿပီးစီးေနပါၿပီ။ ဒီေရကာတာ တည္ေဆာက္ ၿပီးမယ္ဆိုရင္ေတာ့ ေရကာတာရဲ႕အထက္ပိုင္းမွာတည္ရွိေနတဲ့ တာလံုေက်းရြာက ေက်းရြာသားေတြ ေျပာင္းေရႊ႕ရမယ့္ အေျခအေနရွိတာေၾကာင့္အစိုးရရ အစီစဥ္ကုိ လက္မခံပဲ ကန္႔ကြက္ဆႏၵျပခဲ့တာျဖစ္ေၾကာင္း တာလံုေက်းရြာသူ နန္းေလာင္ခမ္းက အခုလိုေျပာပါတယ္။

“က်မတို႔က ေရကာတာရဲ႕အေပၚပိုင္းမွာ ရွိတာေပါ့။ ေရကာတာေဆာက္ရင္ က်မတုိ႔ေက်းရြာ ၂ရြာ ေျပာင္းေရႊ႕ရမယ္။ က်မတို႕ လယ္ေတြ၊ ေျမရာေတြ၊ျခံေတြကိုစြန္႔ခြာၿပီး ေျပာင္းရမွာမုိ ့ က်မတုိ ့ဆီလာမေတြ႔ဖို ့က်မတို႕က ရြာထိတ္ကေန ဗီႏိုင္းေတြနဲ႕ ကန့္ကြက္တာေပါ့ေနာ္ ရြာထဲကုိ အ၀င္မခံတာေပါ့ေနာ္။”

အဲဒီေဒသမွာလည္း တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ျမန္မာစစ္တပ္ၾကား စစ္ျဖစ္ပြားေနတဲ့ ေနရာျဖစ္ေနေပမဲ့ ေရကာတာကိုေတာ့ တရုတ္၊ ဂ်ပန္၊ ဂ်ာမဏီ၊ ဆြစ္ဇလန္ စတဲ့ႏိုင္ငံေတြက ကုမၸဏီေတြက ဆက္လက္အေကာင္ထည္ေဖာ္ေနဆဲျဖစ္ပါတယ္။ ရြာသားေတြဟာ အခုလို ကန္႔ကြက္မူေတြ လုပ္ေနတာဟာ ၅ ႏွစ္ထက္မနည္းရွိေနၿပီး အရင္အစိုးရလက္ထက္ကတည္းက ကန္႔ကြက္မူေတြလုပ္ခဲ့တာပါ။ လူထုနဲ႔ အစုိးရၾကားေျပလည္မူ မရတဲ့ ေရကာတာနဲ႔ ပတ္သက္လုိ႔ ျပည္ေထာင္စုအစုိးရ အေနနဲ႕ သံုးသပ္တာမ်ိဳးလုပ္ဖို႔ လူထုအသံကို နားေထာင္ေစခ်င္ေၾကာင္း ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းစန္းစန္းေအးက ေျပာပါတယ္။

“ရြာသားေတြလည္း လံုး၀လက္မခံဘူး အစိုးရကလည္း ဆက္လုပ္ေနတယ္။ က်မတို႔ ျဖစ္ေစခ်င္တာကေတာ့ရြာသားေတြက လံုး၀ ကန္႔ကြက္ေနတာကို ျပည္ေထာင္စုအစုိးရအေနနဲ႔ နားေထာင္ေပးသင့္တယ္၊ ျပည္သူလူထုအသံကို”

ဒီေရကာတာၿပီးစီးသြားမယ္ ဆုိရင္ေတာ့ လူဦးေရ ၇၀၀ေလာက္ရွိတဲ့ တာလံုေက်းရြာနဲ႔ ေရွးေဟာင္း သာသနာ့ အေဆာက္အအံုေတြ ဥယာဥ္ျခံေျမေတြ၊ ေရေအာက္ေရာက္သြားမွာကို ေဒသခံေတြက စိုးရိမ္ ပူပန္ၾကတာပါ။ နမၼတူျမစ္ေပၚမွာေတာ့ အႀကီးစားေရကာတာ ၃ခုရွိေနၿပီး ၊ ေနာ္ေ၀ႏိုင္ငံ SN POWER ကုမၸဏီက လုပ္ေနတဲ့ အလယ္ရဲရြာ စီမံကိန္းဟာလည္း ေက်ာက္ၾကန္႔ ငလ်င္ေၾကာရဲ႕ အလည္တည့္တည့္မွာ ရွိေနတာေၾကာင့္ ေဒသခံေတြက စုိးရိမ္ေနၾကတာပါ။

ဒီရက္ပုိင္းအတြင္း ရွမ္းျပည္နယ္ လွ်ပ္စစ္စြမ္းအင္၀န္ႀကီး လာေရာက္ခ်ိန္မွာေတာ့ ေဒသခံေတြက ေရကာတာဆက္မလုပ္ဖို႕ တာလံုရြာထိတ္ကေန ကြန္ကြက္ဆႏၵျပခဲ့တာျဖစ္ပါတယ္။

အထက္ရဲ႐ြာေရကာတာစီမံကိန္း ေဒသခံေတြ ကန႔္ကြက္
please wait

No media source currently available

0:00 0:02:49 0:00
တိုက္႐ိုက္ လင့္ခ္


.......................

အထက်ရဲရွာရေကာတာစီမံကိန်း ဒေသခံတွေ ကန့်ကွက်

(Unicode)

ရှမ်းပြည်နယ် ၊သီပေါမြို့ ၊တာလုံကျေးရွာသားများက နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ရဲရွာရေကာတာကြောင့် သူတို့ရဲ့ကျေးရွာတေ ွရေလွမ်းမိုးမူဒဏ်ဖြစ်မှာကို စိုးရိမ်တာကြောင့် ရေကာတာတည်ဆောက်နေတာ ရပ်တန့်ဖို့ နိုဝင်ဘာလ ၂၄ ရက်နေ့က ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး လာရောက်ချိန်မှာ တာလုံ ရွာထိတ်ကနေကန့်ကွက် ဆန္ဒပြပွဲလုပ်ခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နမ္မတူမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာ စီမံကိန်းဟာဒေသခံလူထုတွေ ကန်ကွက်နေတဲ့ကြားကပဲ ၅၀ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ဒီရေကာတာ တည်ဆောက် ပြီးမယ်ဆိုရင်တော့ ရေကာတာရဲ့အထက်ပိုင်းမှာတည်ရှိနေတဲ့ တာလုံကျေးရွာက ကျေးရွာသားတွေ ပြောင်းရွှေ့ရမယ့် အခြေအနေရှိတာကြောင့်အစိုးရရ အစီစဉ်ကို လက်မခံပဲ ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ကြောင်း တာလုံကျေးရွာသူ နန်းလောင်ခမ်းက အခုလိုပြောပါတယ်။

“ကျမတို့က ရေကာတာရဲ့အပေါ်ပိုင်းမှာ ရှိတာပေါ့။ ရေကာတာဆောက်ရင် ကျမတို့ကျေးရွာ ၂ရွာ ပြောင်းရွှေ့ရမယ်။ ကျမတို့ လယ်တွေ၊ မြေရာတွေ၊ခြံတွေကိုစွန့်ခွာပြီး ပြောင်းရမှာမို့ ကျမတို့ဆီလာမတွေ့ဖို့ကျမတို့က ရွာထိတ်ကနေ ဗီနိုင်းတွေနဲ့ ကန့်ကွက်တာပေါ့နော် ရွာထဲကို အဝင်မခံတာပေါ့နော်။”

အဲဒီဒေသမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား စစ်ဖြစ်ပွားနေတဲ့ နေရာဖြစ်နေပေမဲ့ ရေကာတာကိုတော့ တရုတ်၊ ဂျပန်၊ ဂျာမဏီ၊ ဆွစ်ဇလန် စတဲ့နိုင်ငံတွေက ကုမ္ပဏီတွေက ဆက်လက်အကောင်ထည်ဖော်နေဆဲဖြစ်ပါတယ်။ ရွာသားတွေဟာ အခုလို ကန့်ကွက်မူတွေ လုပ်နေတာဟာ ၅ နှစ်ထက်မနည်းရှိနေပြီး အရင်အစိုးရလက်ထက်ကတည်းက ကန့်ကွက်မူတွေလုပ်ခဲ့တာပါ။ လူထုနဲ့ အစိုးရကြားပြေလည်မူ မရတဲ့ ရေကာတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရ အနေနဲ့ သုံးသပ်တာမျိုးလုပ်ဖို့ လူထုအသံကို နားထောင်စေချင်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေးက ပြောပါတယ်။

“ရွာသားတွေလည်း လုံးဝလက်မခံဘူး အစိုးရကလည်း ဆက်လုပ်နေတယ်။ ကျမတို့ ဖြစ်စေချင်တာကတော့ရွာသားတွေက လုံး၀ ကန့်ကွက်နေတာကို ပြည်ထောင်စုအစိုးရအနေနဲ့ နားထောင်ပေးသင့်တယ်၊ ပြည်သူလူထုအသံကို”

ဒီရေကာတာပြီးစီးသွားမယ် ဆိုရင်တော့ လူဦးရေ ၇၀၀လောက်ရှိတဲ့ တာလုံကျေးရွာနဲ့ ရှေးဟောင်း သာသနာ့ အဆောက်အအုံတွေ ဥယာဉ်ခြံမြေတွေ၊ ရေအောက်ရောက်သွားမှာကို ဒေသခံတွေက စိုးရိမ် ပူပန်ကြတာပါ။ နမ္မတူမြစ်ပေါ်မှာတော့ အကြီးစားရေကာတာ ၃ခုရှိနေပြီး ၊ နော်ဝေနိုင်ငံ SN POWER ကုမ္ပဏီက လုပ်နေတဲ့ အလယ်ရဲရွာ စီမံကိန်းဟာလည်း ကျောက်ကြန့် ငလျင်ကြောရဲ့ အလည်တည့်တည့်မှာ ရှိနေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာပါ။

ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး လာရောက်ချိန်မှာတော့ ဒေသခံတွေက ရေကာတာဆက်မလုပ်ဖို့ တာလုံရွာထိတ်ကနေ ကွန်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG