သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းနဲ့ နိုင်ငံရေးအကျိုးဆက်


ဖေဖော်ဝါရီ ၂၊ ၂၀၁၈ - ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းကို အရွယ်အစား လျှော့ချတာ၊ ဒါမှမဟုတ် နေရာပြောင်းတာ ဒါမှမဟုတ် တရုတ်နိုင်ငံကို တခြားစီမံကိန်းတခု အစားပြန်ပေးတာ အပါအဝင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို စဉ်းစားနေကြောင်း မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးက မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

ပတ်ဝန်းကျင်နဲ့ ဒေသခံလူမှုဘ၀ ထိခိုက်မှာ စိုးရိမ်မှုတွေကြောင့် ကန့်ကွက်မှုတွေ ကြုံနေရတဲ့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ရေး၊ မလုပ်ရေး ဆုံးဖြတ်ချက်ကြောင့် အရပ်သား အစိုးရအပေါ် နိုင်ငံရေး ထောက်ခံမှု၊ တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေး စတာတွေမှာ ထိခိုက်စရာတွေ ရှိနိုင်တယ်လို့ ယူဆသူတွေလည်း ရှိနေပါတယ်။

မြစ်ဆုံစီမံကိန်းကြောင့် ကြုံလာနိုင်ချေရှိတဲ့ နိုင်ငံရေး၊ သံတမန်ရေး အကျိုးဆက်တွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG