သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္မဲပစ္ခတ္မႈ စံုစမ္းေရးအဖြဲ႔ကို RCSS ပစ္ခတ္ - တပ္မေတာ္


ေက်ာက္မဲၿမိဳ႕အဝင္ ဆိုင္းဘုတ္။ (ဓာတ္ပံု-ေက်ာက္မဲ-မဂၤလာထြန္း သတင္းစံု)

[Zawgyi/Unicode]

ရွမ္းျပည္ေျမာက္ပုိင္း ေက်ာက္မဲၿမိဳ႕ပစ္ခတ္မႈမွာ အရပ္သားေသဆုံးခဲ့တာကို စုံစမ္းဖို႔လႊတ္လိုက္တဲ့အဖြဲ႔ကို ရွမ္းလက္နက္ကုိင္ အဖဲြ႔က ပစ္ခတ္ခဲ့တယ္လုိ႔ တပ္မေတာ္က သတင္းထုတ္ျပန္လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပပါမယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ RCSS/ SSA နဲ႔ တုိက္ပဲြျဖစ္ရာမွာ အရပ္သားေသဆုံး ထိခုိက္မႈေတြအတြက္ စုံစမ္းစစ္ေဆးဖုိ႔ သြားေရာက္တဲ့အဖဲြ႔ကုိ ရွမ္းလက္နက္ကုိင္အဖဲြ႔က မေန႔ကနဲ႔ ဒီကေန႔ ၂ ရက္ ဆက္တုိက္ ပစ္ခတ္မႈေတြ ရွိခဲ့တယ္လုိ႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

“သူတို႔ပဲ အျဖစ္မွန္လိုခ်င္တယ္၊ တိုင္ၾကားထားတယ္၊ ဒီစုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕ၿပီးလႊတ္လိုက္တာကို ဘာေၾကာင့္လိုက္လံပစ္ခတ္ေနလဲဆိုတာ က်ေနာ္လည္း နားမလည္ဘူး။ ဒီဟာသည္ အျဖစ္မွန္ေပၚေပါက္ေအာင္ စုံစမ္းစစ္ေဆးမယ့္အဖြဲ႕ပဲေလ၊ ဒါကိုလိုက္လံေႏွာက္ယွက္ပစ္ခတ္တာမ်ိဳးျဖစ္တယ္၊ ဒီဟာ ၅ ႀကိမ္ေျမာက္ျဖစ္တယ္။”

ပစ္ခတ္မႈအတြင္း စုံစမ္းေရးအဖဲြ႔က လူ တစ္ ေယာက္ ဒဏ္ရာရခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ ပစ္ခတ္မႈနဲ႔ ပတ္သက္လုိ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္ RCSS/ SSA ဘက္ကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ျပန္လည္ေျဖၾကားခဲ့ျခင္းမရွိပါဘူး။

ၿပီးခဲ့တဲ့ ဇြန္လေႏွာင္းပုိင္းတုန္းက ေက်ာက္မဲၿမိဳ႕နယ္၊ ပန္က်င္ေက်းရြာအနီး တပ္မေတာ္နဲ႔ RCSS/SSA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားစဥ္ ပန္က်င္ေက်းရြာက အသက္ ၆၀ အရြယ္ အမ်ဳိးသား လက္နက္ငယ္ထိမွန္ေသဆုံးၿပီး ေနာက္ ႏွစ္ ဦး ဒဏ္ရာရခဲ့တာပါ။ ေဒသခံေတြ ေသဆုံးဒဏ္ရာရခဲ့တဲ့ ပစ္ခတ္မႈဟာ တပ္မေတာ္ လက္ခ်က္အျဖစ္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ စုေ၀းဆႏၵျပခဲ့ၾကပါတယ္။ ဒီေနာက္မွာေတာ့ ျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ စုံစမ္းဖုိ႔ တပ္မေတာ္အရာရွိႀကီး တစ္ ဦး ဦးေဆာင္ၿပီး ရဲတပ္ဖဲြ႔၀င္ေတြနဲ႔ ပန္က်င္ေက်းရြာကုိ သြားေရာက္ခဲ့တာ ျဖစ္ေၾကာင္းလည္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့လည္း လတ္တေလာမွာေတာ့ ပစ္ခတ္မႈေတြျဖစ္ခဲ့တဲ့ ေက်း႐ြာေတြက ေဒသခံေတြက လုံၿခံဳေရး စုိးရိမ္တာေၾကာင့္ တိမ္းေရွာင္ေနၾကတယ္လို႔ ေက်ာက္မဲၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းဝင္းက ေျပာပါတယ္။

“အဲဒီတဝိုက္မွာရွိတဲ့ ျပည္သူလူထုေတြကေတာ့ တိမ္းေရွာင္ေနၾကတာေပါ့ေနာ္။ ဒီေန႔အေျခအေနကေတာ့ က်ေနာ္တို႔ တိတိက်က် မသိေသးဘူးေနာ္၊ အဲဒီ ဟဲဘြီအုပ္စုနဲ႔ ပန္လွေက်း႐ြာအုပ္စု ႏွစ္အုပ္စုေပါ့ အဲဒီထဲကေက်း႐ြာေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကတာလို႔ သိရတယ္။”

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲက ဆႏၵျပပဲြကုိ ဦးေဆာင္သူ သံုး ဦးကိုေတာ့ ၿငိမ္းခ်မ္းစြာ စုေ၀းျခင္းနဲ႔ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ပုဒ္မ ၁၉ နဲ႔ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရးဆိုင္ရာ ဥပေဒပုဒ္မ ၁၈ တုိ႔နဲ႔ သက္ဆုိင္ရာက အမႈဖြင့္အေရးယူသြားမွာျဖစ္ေၾကာင္းလည္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖဲြ႔က သတင္းထုတ္ျပန္ထားပါတယ္။

ရွမ္းအရပ္ဘက္အဖြဲ႕ ၂၀၀ ေက်ာ္ကေတာ့ အရပ္သားေတြ ေသေက်ထိခုိက္မႈေတြအတြက္ တရားမွ်တမႈ ရရွိေရးေတာင္းဆုိသူေတြကုိ အေရးယူဖုိ႔ ႀကိဳးပမ္းမႈေတြကို ႐ုပ္သိမ္းဖုိ႔ မၾကာေသးခင္ကပဲ ပူးတဲြေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်မဲပစ်ခတ်မှု စုံစမ်းရေးအဖွဲ့ကို RCSS ပစ်ခတ် - တပ်မတော်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပစ်ခတ်မှုမှာ အရပ်သားသေဆုံးခဲ့တာကို စုံစမ်းဖို့လွှတ်လိုက်တဲ့အဖွဲ့ကို ရှမ်းလက်နက်ကိုင် အဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ တိုက်ပွဲဖြစ်ရာမှာ အရပ်သားသေဆုံး ထိခိုက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ သွားရောက်တဲ့အဖွဲ့ကို ရှမ်းလက်နက်ကိုင်အဖွဲ့က မနေ့ကနဲ့ ဒီကနေ့ ၂ ရက် ဆက်တိုက် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“သူတို့ပဲ အဖြစ်မှန်လိုချင်တယ်၊ တိုင်ကြားထားတယ်၊ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးလွှတ်လိုက်တာကို ဘာကြောင့်လိုက်လံပစ်ခတ်နေလဲဆိုတာ ကျနော်လည်း နားမလည်ဘူး။ ဒီဟာသည် အဖြစ်မှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးမယ့်အဖွဲ့ပဲလေ၊ ဒါကိုလိုက်လံနှောက်ယှက်ပစ်ခတ်တာမျိုးဖြစ်တယ်၊ ဒီဟာ ၅ ကြိမ်မြောက်ဖြစ်တယ်။”

ပစ်ခတ်မှုအတွင်း စုံစမ်းရေးအဖွဲ့က လူ တစ် ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/ SSA ဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းတုန်းက ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာအနီး တပ်မတော်နဲ့ RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာက အသက် ၆၀ အရွယ် အမျိုးသား လက်နက်ငယ်ထိမှန်သေဆုံးပြီး နောက် နှစ် ဦး ဒဏ်ရာရခဲ့တာပါ။ ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုဟာ တပ်မတော် လက်ချက်အဖြစ် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းဖို့ တပ်မတော်အရာရှိကြီး တစ် ဦး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပန်ကျင်ကျေးရွာကို သွားရောက်ခဲ့တာ ဖြစ်ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း လတ်တလောမှာတော့ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေက လုံခြုံရေး စိုးရိမ်တာကြောင့် တိမ်းရှောင်နေကြတယ်လို့ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောပါတယ်။

“အဲဒီတဝိုက်မှာရှိတဲ့ ပြည်သူလူထုတွေကတော့ တိမ်းရှောင်နေကြတာပေါ့နော်။ ဒီနေ့အခြေအနေကတော့ ကျနော်တို့ တိတိကျကျ မသိသေးဘူးနော်၊ အဲဒီ ဟဲဘွီအုပ်စုနဲ့ ပန်လှကျေးရွာအုပ်စု နှစ်အုပ်စုပေါ့ အဲဒီထဲကကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ သိရတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ဆန္ဒပြပွဲကို ဦးဆောင်သူ သုံး ဦးကိုတော့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ နဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၈ တို့နဲ့ သက်ဆိုင်ရာက အမှုဖွင့်အရေးယူသွားမှာဖြစ်ကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းအရပ်ဘက်အဖွဲ့ ၂၀၀ ကျော်ကတော့ အရပ်သားတွေ သေကျေထိခိုက်မှုတွေအတွက် တရားမျှတမှု ရရှိရေးတောင်းဆိုသူတွေကို အရေးယူဖို့ ကြိုးပမ်းမှုတွေကို ရုပ်သိမ်းဖို့ မကြာသေးခင်ကပဲ ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

XS
SM
MD
LG