သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူထုဆႏၵထုတ္ေဖာ္သူေတြကို အေရးမယူဖုိ႔ အရပ္ဘက္အဖဲြ႔ေတြ ေတာင္းဆို


ေက်ာက္မဲၿမိဳ႕မွာ ေဒသခံေတြ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Tai Freedom - Burmese Version - ဇူလိုင္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ေက်ာက္မဲၿမိဳ႕ ဆႏၵျပပဲြမွာ ဦးေဆာင္ခဲ့သူေတြကို တရားစဲြဆုိ အေရးယူဖုိ႔ ႀကိဳးပမ္းေနတာေတြကုိ ႐ုပ္သိမ္းဖုိ႔နဲ႔ လူထုကုိ အစုိးရက အကာအကြယ္ေပးဖုိ႔ အရပ္ဘက္အဖဲြ႕အစည္း ၂၀၀ ေလာက္က ေတာင္းဆိုၾကတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပပါမယ္။

ၿပီးခဲ့တဲ့လကုန္ပိုင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း အစိုးရတပ္မေတာ္နဲ႔ RCSS ေခၚ ရွမ္းတပ္ဖဲြ႕အၾကား ျဖစ္ပြားတဲ့ တိုက္ပဲြျဖစ္စဥ္မွာ အရပ္သား တစ္ ဦး ေသဆုံးၿပီး ႏွစ္ ဦးဒဏ္ရာရခဲ့တဲ့အေပၚ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြက ဒီလ ၁၀ ရက္ေန႔မွာ တပ္မေတာ္ကို ကန္႔ကြက္ ဆႏၵျပခဲ့တာပါ။

အဲဒီေန႔မွာပဲ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဒီဆႏၵျပပဲြ ဦးေဆာင္သူ ၃ ဦးကို သက္ဆိုင္ရာဌာနေတြက ၿငိမ္းခ်မ္းစြာ စုေ၀းျခင္းနဲ႔ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ COVID 19 နဲ႔ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရးဆိုင္ရာ ဥပေဒပုဒ္မ ၁၈ တုိ႔နဲ႔ အမႈဖြင့္အေရးယူသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဆႏၵျပေခါင္းေဆာင္ ၃ ဦးကို ဖမ္းဆီးမယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အရပ္ဘက္ လူမႈအဖဲြ႕အစည္းေတြရဲ႕ သေဘာထားကို ကြ်န္းတစ္ေထာင္ေျမေဖာင္ေဒးရွင္းဒါ႐ိုက္တာ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚနန္းဝါႏုက အခုလို ေျပာပါတယ္။

“ဆႏၵထုတ္ေဖာ္တဲ့ ကိစၥရပ္ကလည္း သူတို႔က ဥပေဒအရ ခြင့္ျပဳခ်က္က ေတာင္းတယ္။ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရး ေၾကညာစာတမ္းနဲ႔ ၂၀၀၈ ခုႏွစ္ဖဲြ႕စည္းပံုအရ၊ ႏိုင္ငံသားရဲ႕ မူလအခြင့္အေရး ဥပေဒအရ ဆႏၵျပခဲ့တဲ့ ပုဂိၢဳလ္ေတြကို တရားမစဲြဖို႔၊ ျပည္ေထာင္စုအစိုးရေကာ ျပည္နယ္အစိုးရေကာ ျပည္သူလူထုေတြကို ကာကြယ္ေပးဖို႔ကိုေပါ့ေနာ္။ က်မတို႔ အရပ္ဘက္ အဖဲြ႕အစည္းေတြက တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ျပန္ျခင္း ျဖစ္ပါတယ္ရွင့္။”

ထုတ္ျပန္ခ်က္မွာေတာ့ ေက်ာက္မဲၿမိဳ႕နယ္က ျဖစ္စဥ္အေပၚ အစိုးရတပ္မေတာ္အေနနဲ႔ စံုစမ္းစစ္ေဆးေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ဒီေတာင္းဆိုခ်က္ေတြအေပၚ အရပ္ဘက္လူမႈအဖဲြ႕အစည္း ၂၀၀ နီးပါးေလာက္ ပူးေပါင္းပါ၀င္ၾကေၾကာင္းလည္း အခုလို ဆက္ေျပာပါတယ္။

“က်မတို႔ကေတာ့ အဖဲြ႕ေပါင္းကေတာ့ မေန႔တုန္းက Statement ထုတ္တဲ့အခ်ိန္မွာ ၁၄၉ ဖဲြ႕ေပါ့ေနာ္။ အခုက ထပ္ၿပီးေတာ့ ေပးလာၾကတယ္ဆိုေတာ့ ၁၉၁ ဖဲြ႔ေတာ့၊ အခုေတာ့ ရွိသြားၿပီေပါ့ေနာ္။”

ဆႏၵျပပဲြ ဦးေဆာင္သူေတြကို ဖမ္းဆီးအေရးယူမႈနဲ႔ ပတ္သက္ၿပီး ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္း၀င္းက အခုလို ေျပာပါတယ္။

“အခုခ်ိန္ထိေတာ့ အေရးယူမယ္ပဲ ၾကားေသးတာ။ ဒါေပမဲ့ တရားရံုးကေနၿပီးေတာ့ ဆင့္ေခၚစာေတြ ဘာေတြေတာ့ ခုခ်ိန္ထိ မၾကားရေသးဘူးဗ်။”

ဆႏၵျပပဲြျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈရွိရွိ ေဆြးေႏြးေျဖရွင္းမယ္ဆိုရင္ ေျပလည္သြားမွာျဖစ္ေၾကာင္းလည္း ဦးစိုင္းထြန္း၀င္းက သံုးသပ္ပါတယ္။

“ဒါက တစ္ဘက္ကၾကည့္ရင္ ျပည္သူေတြ လုပ္သြားတဲ့ ဆႏၵျပပဲြက မွန္ေနတယ္။ ဒါ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို ေတာင္းဆိုတာျဖစ္တယ္။ တစ္ဘက္က ျပန္ၾကည့္ရင္ ဥပေဒအရဆို လိုအပ္ခ်က္ရွိတယ္။ အဲလိုေပါ့ေနာ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာၿပီးေတာ့ ညွိႏိႈင္းမယ္ဆိုရင္ ဒါ ေျပလည္သြားမယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္။ တပ္ဘက္ကေရာ၊ အစိုးရဘက္ကေရာ၊ က်ေနာ္တို႔ ျပည္သူလူထုေရာ၊ ေနာက္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ ပိုင္းကေရာေပါ့။ ပြင့္လင္းျမင္သာၿပီးေတာ့ ေဆြးေႏြးညွိႏိႈင္းမယ္ဆို ၿပီးသြားမယ့္ အေနအထားမွာရွိတယ္။”

ေလာေလာဆယ္မွာေတာ့ တပ္မေတာ္က စံုစမ္းစစ္ေဆးဖို႔ ျပင္ဆင္ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္ ပန္က်င္ေက်းရြာမွာ ဇြန္လ ၂၉ ရက္ေန႔က တပ္မေတာ္စစ္ေၾကာင္းက ပစ္ခတ္တာေၾကာင့္ အရပ္သားတစ္ဦး ေသဆံုးခဲ့ၿပီး အမ်ိဳးသမီး တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့သလို လမ္းျပတစ္ဦး ႐ိုက္ႏွက္ခံရတယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။ ေက်ာက္မဲၿမိဳ႕နယ္က လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကလည္း ပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေပးဖို႔ လူ႔အခြင့္အေရးေကာ္မရွင္ကို ေမတၱာရပ္ခံထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တိုက္ပဲြျဖစ္ပြားစဥ္မွာ လက္နက္ငယ္ထိမွန္တာေၾကာင့္ အရပ္သား တစ္ဦးေသဆံုးၿပီး ႏွစ္ဦး ထိခိုက္ခဲ့ေၾကာင္း ေဖာ္ျပထားေပမဲ့ ဘယ္သူ႔လက္ခ်က္ဆုိတာေတာ့ ရွင္းရွင္းလင္းလင္း ေဖာ္ျပမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူထုဆန္ဒထုတ်ဖော်သူတွေကို အရေးမယူဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

ကျောက်မဲမြို့ ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့သူတွေကို တရားစွဲဆို အရေးယူဖို့ ကြိုးပမ်းနေတာတွေကို ရုပ်သိမ်းဖို့နဲ့ လူထုကို အစိုးရက အကာအကွယ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ လောက်က တောင်းဆိုကြတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ RCSS ခေါ် ရှမ်းတပ်ဖွဲ့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်မှာ အရပ်သား တစ် ဦး သေဆုံးပြီး နှစ် ဦးဒဏ်ရာရခဲ့တဲ့အပေါ် ထောင်နဲ့ချီတဲ့ ပြည်သူတွေက ဒီလ ၁၀ ရက်နေ့မှာ တပ်မတော်ကို ကန့်ကွက် ဆန္ဒပြခဲ့တာပါ။

အဲဒီနေ့မှာပဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးကို သက်ဆိုင်ရာဌာနတွေက ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ COVID 19 နဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၈ တို့နဲ့ အမှုဖွင့်အရေးယူသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးမယ်ဆိုတာနဲ့ ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကို ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းဒါရိုက်တာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နန်းဝါနုက အခုလို ပြောပါတယ်။

“ဆန္ဒထုတ်ဖော်တဲ့ ကိစ္စရပ်ကလည်း သူတို့က ဥပဒေအရ ခွင့်ပြုချက်က တောင်းတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ၊ နိုင်ငံသားရဲ့ မူလအခွင့်အရေး ဥပဒေအရ ဆန္ဒပြခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တရားမစွဲဖို့၊ ပြည်ထောင်စုအစိုးရကော ပြည်နယ်အစိုးရကော ပြည်သူလူထုတွေကို ကာကွယ်ပေးဖို့ကိုပေါ့နော်။ ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေက တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်ရှင့်။”

ထုတ်ပြန်ချက်မှာတော့ ကျောက်မဲမြို့နယ်က ဖြစ်စဉ်အပေါ် အစိုးရတပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်တွေအပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀၀ နီးပါးလောက် ပူးပေါင်းပါဝင်ကြကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ကျမတို့ကတော့ အဖွဲ့ပေါင်းကတော့ မနေ့တုန်းက Statement ထုတ်တဲ့အချိန်မှာ ၁၄၉ ဖွဲ့ပေါ့နော်။ အခုက ထပ်ပြီးတော့ ပေးလာကြတယ်ဆိုတော့ ၁၉၁ ဖွဲ့တော့၊ အခုတော့ ရှိသွားပြီပေါ့နော်။”

ဆန္ဒပြပွဲ ဦးဆောင်သူတွေကို ဖမ်းဆီးအရေးယူမှုနဲ့ ပတ်သက်ပြီး ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက အခုလို ပြောပါတယ်။

“ အခုချိန်ထိတော့ အရေးယူမယ်ပဲ ကြားသေးတာ။ ဒါပေမဲ့ တရားရုံးကနေပြီးတော့ ဆင့်ခေါ်စာတွေ ဘာတွေတော့ ခုချိန်ထိ မကြားရသေးဘူးဗျ။”

ဆန္ဒပြပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဆွေးနွေးဖြေရှင်းမယ်ဆိုရင် ပြေလည်သွားမှာဖြစ်ကြောင်းလည်း ဦးစိုင်းထွန်းဝင်းက သုံးသပ်ပါတယ်။

“ဒါက တစ်ဘက်ကကြည့်ရင် ပြည်သူတွေ လုပ်သွားတဲ့ ဆန္ဒပြပွဲက မှန်နေတယ်။ ဒါ လူ့အခွင့်အရေးချိုးဖောက်မှုကို တောင်းဆိုတာဖြစ်တယ်။ တစ်ဘက်က ပြန်ကြည့်ရင် ဥပဒေအရဆို လိုအပ်ချက်ရှိတယ်။ အဲလိုပေါ့နော်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာပြီးတော့ ညှိနှိုင်းမယ်ဆိုရင် ဒါ ပြေလည်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ်။ တပ်ဘက်ကရော၊ အစိုးရဘက်ကရော၊ ကျနော်တို့ ပြည်သူလူထုရော၊ နောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ပိုင်းကရောပေါ့။ ပွင့်လင်းမြင်သာပြီးတော့ ဆွေးနွေးညှိနှိုင်းမယ်ဆို ပြီးသွားမယ့် အနေအထားမှာရှိတယ်။”

လောလောဆယ်မှာတော့ တပ်မတော်က စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ကျောက်မဲမြို့နယ် ပန်ကျင်ကျေးရွာမှာ ဇွန်လ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်းက ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို လမ်းပြတစ်ဦး ရိုက်နှက်ခံရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ကျောက်မဲမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးကော်မရှင်ကို မေတ္တာရပ်ခံထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲဖြစ်ပွားစဉ်မှာ လက်နက်ငယ်ထိမှန်တာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပေမဲ့ ဘယ်သူ့လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

XS
SM
MD
LG