သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ကျပန္လာတဲ့ ဗီယက္နမ္အမ်ိဳးသမီးမွာ ဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္ ေတြ႔ရွိ


ဗီယက္နမ္ႏုိင္ငံမွာ ခရီးသြားတဦးကုိ ကိုဗစ္စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ၾသဂုတ္ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဗီယက္နမ္ႏိုင္ငံမွာ ဒီ ကူးစက္ျမန္ ဗီဇေျပာင္းပိုးသစ္ကို ၿဗိတိန္ကျပန္လာတဲ့ ဗီယက္နမ္အမ်ိဳးသမီးတဦးမွာ ပထမဆံုး စေတြ႔လိုက္ပါၿပီ။

အသက္ ၄၄ ႏွစ္အရြယ္ ဒီအမ်ိဳးသမီးအေနနဲ႔ Can Tho ႏိုင္ငံတကာေလဆိပ္ကို ဒီဇင္ဘာ ၂၂ ရက္ကေရာက္လာၿပီး Quarantine အသြားအလာကန္႔စခန္း ဝင္ခဲ့ကာ ပိုးစစ္ခဲ့ရာကေန ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ ကိုဗစ္ပိုးစေတြ႔ခဲ့ၿပီး အခုပိုးသစ္ျဖစ္ေၾကာင္းကိုေတာ့ မေန႔ကမွ အတည္ျပဳႏိုင္ခဲ့တာလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ဗီယက္နမ္ က်န္းမာေရးဝန္ႀကီးဌာန သုေတသီေတြအေနနဲ႔ ဒီလူနာအမွတ္ ၁၄၃၅ ရဲ႕ ဓာတ္ခြဲနမူနာကေန မ်ိဳး႐ိုးဗီဇ ဆင့္ကဲေျပာင္းလဲပံုကို ေလ့လာခဲ့ရာမွာ အခုလို ဒီ VOC 202012/1 ကို ေတြ႔ရွိခဲ့တာလို႔ မေန႔က ထုတ္ျပန္ထားပါတယ္။

မူလထက္ အဆ ၄၀ ကေန ၇၀ ရာခုိင္ႏႈန္းအထိ ျမန္တယ္လို႔ သိပံၸပညာရွင္ေတြ ေတြ႔ရွိထားတဲ့ ဒီဗိုင္းရပ္စ္မ်ိဳးကြဲသစ္ ကူးစက္မႈအႏၱရာယ္ တားဆီးေရးအတြက္ ကမာၻ႔ႏိုင္ငံတခ်ိဳ႕မွာ ၿဗိတိန္က ခရီးသြားေတြကို ပိတ္ပင္လိုက္ေပမယ့္ ကူးစက္မႈနည္းေနေသးတဲ့ ဗီယက္နမ္ကေတာ့ သူ႔ႏိုင္ငံသားေတြကို ျပန္ေခၚေနဆဲပါ။

တကယ္ေတာ့ ဗီယက္နမ္မွာ တင္းက်ပ္တဲ့ Quarantine အသြားအလာကန္႔ လုပ္ငန္းစဥ္နဲ႔ ပိုးေတြ႔သူနဲ႔ ထိေတြ႔ခဲ့သူ ေျခရာခံလိုက္တာကို အေသအခ်ာလုပ္ေဆာင္ၿပီး ဒီေရာဂါကို အျမန္ထိန္းခ်ဳပ္ခဲ့ကာ အျခားအာရွႏိုင္ငံေတြထက္ စီးပြားေရးလုပ္ငန္းေတြ ျပန္နာလန္ထူႏိုင္ေအာင္ ႀကိဳးပမ္းေနခ်ိန္ ခုလိုျဖစ္လာတာပါ။

မေန႔ကအထိ ဗီယက္နမ္မွာ ပိုးေတြ႔သူေပါင္း ၁,၄၇၄ ဦးနဲ႔ ေသဆံုးသူေပါင္း ၃၅ ဦးသာ ရွိပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဗြိတိန်ကပြန်လာတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

ဗီယက်နမ်နိုင်ငံမှာ ဒီ ကူးစက်မြန် ဗီဇပြောင်းပိုးသစ်ကို ဗြိတိန်ကပြန်လာတဲ့ ဗီယက်နမ်အမျိုးသမီးတဦးမှာ ပထမဆုံး စတွေ့လိုက်ပါပြီ။

အသက် ၄၄ နှစ်အရွယ် ဒီအမျိုးသမီးအနေနဲ့ Can Tho နိုင်ငံတကာလေဆိပ်ကို ဒီဇင်ဘာ ၂၂ ရက်ကရောက်လာပြီး Quarantine အသွားအလာကန့်စခန်း ဝင်ခဲ့ကာ ပိုးစစ်ခဲ့ရာကနေ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကိုဗစ်ပိုးစတွေ့ခဲ့ပြီး အခုပိုးသစ်ဖြစ်ကြောင်းကိုတော့ မနေ့ကမှ အတည်ပြုနိုင်ခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန သုတေသီတွေအနေနဲ့ ဒီလူနာအမှတ် ၁၄၃၅ ရဲ့ ဓာတ်ခွဲနမူနာကနေ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲပုံကို လေ့လာခဲ့ရာမှာ အခုလို ဒီ VOC 202012/1 ကို တွေ့ရှိခဲ့တာလို့ မနေ့က ထုတ်ပြန်ထားပါတယ်။

မူလထက် အဆ ၄၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ မြန်တယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှုအန္တရာယ် တားဆီးရေးအတွက် ကမ္ဘာ့နိုင်ငံတချို့မှာ ဗြိတိန်က ခရီးသွားတွေကို ပိတ်ပင်လိုက်ပေမယ့် ကူးစက်မှုနည်းနေသေးတဲ့ ဗီယက်နမ်ကတော့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်နေဆဲပါ။

တကယ်တော့ ဗီယက်နမ်မှာ တင်းကျပ်တဲ့ Quarantine အသွားအလာကန့် လုပ်ငန်းစဉ်နဲ့ ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့သူ ခြေရာခံလိုက်တာကို အသေအချာလုပ်ဆောင်ပြီး ဒီရောဂါကို အမြန်ထိန်းချုပ်ခဲ့ကာ အခြားအာရှနိုင်ငံတွေထက် စီးပွားရေးလုပ်ငန်းတွေ ပြန်နာလန်ထူနိုင်အောင် ကြိုးပမ်းနေချိန် ခုလိုဖြစ်လာတာပါ။

မနေ့ကအထိ ဗီယက်နမ်မှာ ပိုးတွေ့သူပေါင်း ၁,၄၇၄ ဦးနဲ့ သေဆုံးသူပေါင်း ၃၅ ဦးသာ ရှိပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG