သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးအတွက် ဗီယက်နမ်မှာ နောက်ဆုံးအဆင့် စမ်းသပ်


ဗီယက်နမ်ဆေးကုမ္ပဏီမှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ကြိုးပမ်းနေသည့်မြင်ကွင်း
ဗီယက်နမ်ဆေးကုမ္ပဏီမှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ကြိုးပမ်းနေသည့်မြင်ကွင်း

{{Zawgyi/Unicode}}
ဗီယက်နမ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Nanogen Pharmaceutical Biotechnology JSC က လူတွေနဲ့ ပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုကို ကြာသပတေးနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။

မိမိ ဆန္ဒ အလျောက် စမ်းသပ်ခံသူ သုံးယောက်နဲ့ စတင် စမ်းသပ်လိုက်တာ ဖြစ်ပြီး သူတို့ကို ဗီယက်နမ် စစ်တပ် စစ်ဆေးရုံမှာ ၇၂ နာရီစောင့်ကြည့်မှာဖြစ်ပါတယ်။ အခုပထမအဆင့်စမ်းသပ်မှုမှာ လူ ၆၀ ပါဝင်မယ်လို့ လည်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

စမ်းသပ်ခံတဲ့သူတွေမှာ ကာကွယ်ဆေးစမ်းသပ်မှု ဘေးထွက်ဆိုးကျိုးတစုံတရာရှိခဲ့ရင် ကုသပေးဖို့ ဆရာဝန်တွေအသင့်ရှိတယ်လို့လည်း ဆေးရုံဒါရိုက်တာ Do Quyet ကပြောပါတယ်။

COVID ကိုလူတိုင်းက ရန်သူလို သတ်မှတ်ထားတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်ပွဲဝင်သလို ပြင်ဆင်ထားပါတယ်။ အခုဆေးစမ်းသပ်မှုတွေမှာ လုပ်ရမယ့် အလုပ်အားလုံးကို တိုက်ပွဲဝင်စစ်တပ်တစ်တပ် အနေနဲ့ သဘောထားပါတယ်။ ဒီတိုက်ပွဲကို သေချာ ကြိုတင်ပြင်ဆင်ထားပြီး အနိုင်ရအောင် တိုက်ရမှာပါလို့ ဗီယက်နမ် စစ်ဆေးရုံ ဒါရိုက်တာ Do Quyet က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ကာကွယ်ဆေး သုတေသနလုပ်ငန်းနဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အသိအမှတ် ပြုထားပြီးဖြစ်တာကြောင့် Nanocovax ကာကွယ်ဆေး ဆေးစမ်းသပ်မှု ဖြစ်စဉ် က တကမ္ဘာလုံးက သုတေသနပြု စမ်းသပ်မှုဖြစ်စဉ်နဲ့ ဆင်တူပါတယ်လို့ လည်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာ၊ သိပ္ပံနဲ့ နည်းပညာဌာနက တွဲဘက်ဌာနမှုး Nguyen Ngo Quangက ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးရဖို့ကို ချမ်းသာတဲ့နိုင်ငံတွေနဲ့ အပြိုင်ကြိုးစားနေရတဲ့ အချိန်မှာ ဗီယက်နမ်က အခုလို စမ်းသပ်မှုကို ပြုလုပ်လိုက်တာပါ။ ဗီယက်နမ်မှာ အခုလူနဲ့စမ်းသပ်မယ့် Nanocovax ဆေးအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု လေးခု ပြုလုပ်နေတာဖြစ်ပြီး Nanocovax ထိုးဆေးတလုံးကို ခန့်မှန်းခြေ ၅ ဒေါ်လာ လောက်ကျသင့်မယ်လို့ ကုမ္ပဏီကိုယ်စားလှယ် တဦးကပြောပါတယ်။

လူဦးရေ ၉၆ သန်းရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ အခုထိရောဂါကူးစက်သူ ၁၄၀၀ ကျော်နဲ့ သေဆုံးသူ ၃၅ ယောက်ပဲ ရှိတာပါ၏။ ဒါကြောင့်ဗီယက်နမ်ရဲ့ COVID 19 ကပ်ရောဂါ တုန့်ပြန်ကိုင်တွယ်ပုံကို တခြား ကမ္ဘာ့ နိုင်ငံတွေက အထူးတလည် ချီးကျူး နေကြတာ ဖြစ်ပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG