သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ ဓာတ်ငွေ့တင်ကား မီးလောင်ပေါက်ကွဲမှု ၁၉ ဦးသေ


ဓာတ်ငွေ့ရည်တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦနဲ့ ကားတစီး။ (ဇွန် ၁၃၊ ၂၀၂၀)
ဓာတ်ငွေ့ရည်တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦနဲ့ ကားတစီး။ (ဇွန် ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံ Zhejiang ပြည်နယ်မှာ ဓာတ်ငွေ့ရည် တင်ဆောင်လာတဲ့ ကားတစီး မီးလောင်ပေါက်ကွဲလို့ လူ ၁၉ ဦး သေဆုံးပြီး ၁၇၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင် Xinhua သတင်းဌာနက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

Wenling မြို့အဝင် အဝေးပြေးလမ်းပေါ်မှာ မနေ့တုန်းက ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲတဲ့နေရာမှာ မီးတောက် မီးခိုးတွေ ဖုံးလွှမ်းသွားသလို အနီးက စက်ရုံတရုံ အပါအဝင် အိမ်ခြေအဆောက်အဦတွေနဲ့ ကားတွေလည်း ပျက်စီးခဲ့ပါတယ်။

“ပေါက်ကွဲမှုကြောင့် အနားက အလုပ်လုပ်နေတဲ့ စက်ရုံတရုံ ပြိုကျသွားပါတယ်။ စက်ရုံပြိုကျလို့ ထိခိုက်မှုက ပိုသိသာပါတယ်။ တဆင့်ပြီးတဆင့် ပြိုကျခဲ့တာပါ။ နောက်ပြီးတော့ မီတာ ၆၀-၇၀ လောက်ဝေးတဲ့ နေရာက အိမ်ခြေ အဆောက်အဦတွေက တိုက်ခန်း ၂၀၀ လောက်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အနားက ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ ဒီနယ်မြေထဲက ရွှေ့ပြောင်းလုပ်သား လမ်းသွားလမ်းလာတွေလည်း ပေါက်ကွဲမှုဒဏ် ခံလိုက်ရတယ်” လို့ မီးသတ်ဌာန အကြီးအကဲ Zhu Zhixiang က ပြောပါတယ်။

ဓာတ်ငွေ့ရည်တင်ကား ပေါက်ကွဲရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေတယ်လို့ နိုင်ငံပိုင် CCTV ရုပ်မြင်သံကြားဌာနက ပြောပါတယ်။

လူထု ဘေးကင်းလုံခြုံရေးကိစ္စ တာဝန်ယူထားသူ တရုတ်အာဏာပိုင်တွေကတော့ စုံစမ်းစစ်ဆေးရေး အမြန်ဆုံးလုပ်ဆောင်ဖို့ တောင်းဆိုထားသလို ယာဉ်ထိန်းရဲတွေကိုလည်း အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သယ်ဆောင်တဲ့ ကားတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)







XS
SM
MD
LG