သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံမူ ၅ ခ်က္ ျမန္ျမန္ အ ေကာင္အထည္ေဖာ္ႏိုင္ေအာင္ႀကိဳးပမ္းေန - စင္ကာပူႏိုင္ငံျခားေရး၀န္ႀကီး


စကၤာပူ နိုင္ငံျခားေရး၀န္ၾကီး Vivian Balakrishnan က ၁၄ ၾကိမ္ေျမာက္ ASEM နိုင္ငံျခားေရး၀န္ၾကီးမ်ားအစည္းအေ၀းတြင္ မိန္ ့ခြန္းေျပာၾကားစဥ္ (ဓာတ္ပံု - OSCAR DEL POZO / AFP)

(Zawgyi/Unicode)

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ ျမန္မာ့အေရးနဲ႔ပတ္သက္တဲ့ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးပမ္းေနပါတယ္လို႔ စကၤာပူႏိုင္ငံျခားေရး၀န္ႀကီး Vivian Balakrishnan က ေျပာပါတယ္။

စစ္အာဏာသိမ္းမႈေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈ အေျခအေနေတြ အဆံုးသတ္ႏိုင္ေရး၊ ပိုမို ဆိုးရြားလာေနတဲ့ လူသားခ်င္း စာနာမႈအကူအညီလုပ္အပ္ခ်က္ အၾကပ္အတည္းေတြ ေလ်ာ့က်လာေစေရးနဲ႔ အေျခအေနေတြ ပုံမွန္ျပန္ျဖစ္ၿပီး ေရရွည္တည္ၿငိမ္ ေအးခ်မ္းမႈ ရွိလာေစဖို႔အတြက္ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြအၾကား ေတြ႔ဆုံ ေဆြးေႏြးႏုိင္ေအာင္ အာဆီယံအဖြဲ႔က ၾကား၀င္ ကူညီေဆာင္ရြက္ႏိုင္ဖို႔ အခ်က္ ၅ ခ်က္ပါ ဘံုရပ္တည္ခ်က္တရပ္ခ်မွတ္ၿပီး ႀကိဳးပမ္းေနတာပါ။

ဒါေပမယ့္လည္း လက္ေတြ႕ ေဆာင္ရြက္မႈေတြ ေႏွာင့္ေႏွးေနတယ္ဆိုတာကိုလည္း လက္ခံအသိအမွတ္ျပဳတဲ့အေၾကာင္း ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး စကၤာပူလႊတ္ေတာ္က ေမးျမန္းတဲ့ေမးခြန္းေတြကို ၀န္ႀကီး Balakrishnan စာနဲ႔ေျဖၾကားခဲ့ပါတယ္။ ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ႏိုင္ငံအေတာ္မ်ားမ်ားက ေထာက္ခံ ေျပာဆိုထားေပမဲ့၊ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ ခန္႔အပ္ေရးမွာေတာ့ အာဆီယံႏိုင္ငံေတြအၾကား သေဘာထား ကြဲလြဲေနတဲ့အေၾကာင္း သံတမန္သတင္းရပ္ကြက္ေတြကို ကိုးကားၿပီး ထိုင္းႏိုင္ငံထုတ္ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေရးသားထားပါတယ္။

အာဆီယံႏိုင္ငံေတြအၾကား သေဘာထားကြဲလြဲမႈေတြက အခ်ိန္ဆြဲခ်င္တဲ့ ျမန္မာစစ္အုပ္ခ်ဳပ္ေရး ေကာင္စီကိုတဖက္က ကူညီရာေရာက္သလို၊ ျမန္မာ့အေရး တက္တက္ႂကြႂကြ ပိုၿပီးပါ၀င္ခ်င္တဲ့ အာဆီယံႏိုင္ငံေတြကို စိတ္ပ်က္လက္ျဖစ္ေစတယ္လို႔လည္း သတင္းမွာ ေရးသားထားပါတယ္။ အာဆီယံ ဥကၠ႒ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာအထူးသံမန္တေယာက္ ခန္႔အပ္ေရး အပါအ၀င္ အခ်က္ ၅ ခ်က္ပါဘုံသေဘာတူညီခ်က္ကို ၿပီးခဲ့တဲ့ ဧၿပီလက ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေ၀းမွာ အာဆီယံႏိုင္ငံေတြၾကား သေဘာတူခဲ့ၾကတာျဖစ္ၿပီး ကုလသမဂၢနဲ႔ အေနာက္ႏိုင္ငံႀကီးေတြ အပါအ၀င္ ႏိုင္ငံအမ်ားအျပားကလည္း ဒါကို ေထာက္ခံေၾကာင္း ေျပာဆိုထားၾကပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့အရေး အာဆီယံမူ ၅ ချက် မြန်မြန်အကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းနေ - စင်ကာပူနိုင်ငံခြားရေးဝန်ကြီး

(Unicode)

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းနေပါတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှု အခြေအနေတွေ အဆုံးသတ်နိုင်ရေး၊ ပိုမို ဆိုးရွားလာနေတဲ့ လူသားချင်း စာနာမှုအကူအညီလုပ်အပ်ချက် အကြပ်အတည်းတွေ လျော့ကျလာစေရေးနဲ့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ပြီး ရေရှည်တည်ငြိမ် အေးချမ်းမှု ရှိလာစေဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား တွေ့ဆုံ ဆွေးနွေးနိုင်အောင် အာဆီယံအဖွဲ့က ကြားဝင် ကူညီဆောင်ရွက်နိုင်ဖို့ အချက် ၅ ချက်ပါ ဘုံရပ်တည်ချက်တရပ်ချမှတ်ပြီး ကြိုးပမ်းနေတာပါ။

ဒါပေမယ့်လည်း လက်တွေ့ ဆောင်ရွက်မှုတွေ နှောင့်နှေးနေတယ်ဆိုတာကိုလည်း လက်ခံအသိအမှတ်ပြုတဲ့အကြောင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး စင်္ကာပူလွှတ်တော်က မေးမြန်းတဲ့မေးခွန်းတွေကို ဝန်ကြီး Balakrishnan စာနဲ့ဖြေကြားခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို နိုင်ငံအတော်များများက ထောက်ခံ ပြောဆိုထားပေမဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေးမှာတော့ အာဆီယံနိုင်ငံတွေအကြား သဘောထား ကွဲလွဲနေတဲ့အကြောင်း သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

အာဆီယံနိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေက အချိန်ဆွဲချင်တဲ့ မြန်မာစစ်အုပ်ချုပ်ရေး ကောင်စီကိုတဖက်က ကူညီရာရောက်သလို၊ မြန်မာ့အရေး တက်တက်ကြွကြွ ပိုပြီးပါဝင်ချင်တဲ့ အာဆီယံနိုင်ငံတွေကို စိတ်ပျက်လက်ဖြစ်စေတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံမန်တယောက် ခန့်အပ်ရေး အပါအဝင် အချက် ၅ ချက်ပါဘုံသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဧပြီလက မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေကြား သဘောတူခဲ့ကြတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံကြီးတွေ အပါအဝင် နိုင်ငံအများအပြားကလည်း ဒါကို ထောက်ခံကြောင်း ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG