သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ အေျခအေနေကာင္းလာေအာင္ အာဆီယံ မူ ၅ ခ်က္အတိိုင္း စတင္လုပ္ေဆာင္ဖို႔ လိုအပ္ (လူ႔အခြင့္အေရး မဟာမင္းႀကီး Michelle Bachelet)


ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝး က်င္းပေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

စစ္အာဏာသိမ္းၿပီးေနာက္ လူ႔အခြင့္အေရး အေျခအေန ဘက္ေပါင္းစံုက ဆုတ္ယုတ္လာေနတဲ့ ျမန္မာႏိုင္ငံ အေျခအေနဟာ ျပည္တြင္းစစ္ ပိုၿပီး က်ယ္ျပန္႔လာႏိုင္သလို က်႐ႈံးႏိုင္ငံျဖစ္ဖို႔ အလားအလာေတြ ပိုၿပီး မ်ားလာေနေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးက သတိေပးပါတယ္။ ဒီအေျခအေနကို ေျဖရွင္းႏိုင္ေရးအတြက္ သက္ဆိုင္သူအားလံုး ႏိုင္ငံေတာ္အဆင့္ ေဆြးေႏြးအေျဖရွာၾကရမယ္လို႔လည္း တိုက္တြန္းလိုက္ပါတယ္။ မသိဂႌထိုက္ စုစည္း တင္ျပေပးထားပါတယ္။

COVID-19 ေၾကာင့္ စီးပြားေရး ထိခိုက္ေနရတဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ လူေပါင္း ၉၀၀ ေလာက္ ေသဆံုးၿပီး လူေပါင္း ၂ သိန္းေလာက္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ အေျခအေနကို ထပ္ၿပီး ေရာက္လာရတာကို ေထာက္ျပၿပီး ျမန္မာႏိုင္ငံဟာ က်႐ႈံးႏိုင္ငံ ဒါမွမဟုတ္လည္း ျပည္တြင္းစစ္ေတြ က်ယ္ျပန္႔လာမယ့္ အလားအလာ မ်ားေနၿပီလို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး Michelle Bachelet က အဂၤါေန႔မွာ ေျပာဆိုလိုက္တာပါ။

“လတ္တေလာ လပိုင္းေတြအတြင္း ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး ပဋိပကၡက လူ႔အခြြင့္အေရးဆိုင္ရာ ဘက္ေပါင္းစံုက ထိခိုက္လာတဲ့ ကပ္ေဘးႀကီး ျဖစ္လာခဲ့ပါၿပီ။ ႏိုင္ငံတဝန္း ရင္ဆိုင္ေနရတဲ့ အတိဒုကၡေတြနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ ေရရွည္တည္တံ့တဲ့ ဖြံ႔ၿဖိဳးေရး ေမွ်ာ္လင့္ခ်က္ကို ပ်က္စီးေစၿပီး က်႐ႈံးႏိုင္ငံျဖစ္ဖို႔ ဒါမွမဟုတ္လည္း ျပည္တြင္းစစ္ ပိုၿပီး က်ယ္ျပန္႔လာဖို႔ အလားအလာ မ်ားေနပါတယ္။ ျမန္မာစစ္တပ္ အာဏာသိမ္းလိုက္တာနဲ႔ အတူပဲ အရပ္သား လူထုအေပၚ တိုက္ခိုက္မႈေတြဟာလည္း ပိုၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ စနစ္တက် တိုက္ခိုက္မႈအျဖစ္ကို ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲလာပါတယ္။”

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာ ကုလသမဂၢဌာနခ်ဳပ္မွာ အဂၤါေန႔က က်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕ ၄၇ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးတြင္း ျမန္မာ့အေရး ေဆြးေႏြးပြဲမွာ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး Michelle Bachelet က ျမန္မာ့အေျခအေနကို ဖတ္ၾကား တင္သြင္းခဲ့တာပါ။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေခါင္းေဆာင္ပိုင္းက လူထုအေပၚ ဖိႏွိပ္ၿဖိဳခြင္းေနေပမယ့္လည္း ျမန္မာႏိုင္ငံကို ေအာင္ေအာင္ျမင္ျမင္ မထိန္းခ်ဳပ္ႏိုင္သလို သူတို႔ႀကိဳးစားေနသလို ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳမႈလည္း မရဘူးလို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးက ထည့္သြင္း ေျပာဆိုပါတယ္။ လက္နက္ႀကီးေတြသံုးတာ အပါအဝင္ အသက္ဆံုး႐ႈံး ဒဏ္ရာရေစေလာက္တဲ့အထိ အင္အားသံုး ႏွိမ္နင္းေနတဲ့ ၾကားကပဲ ႏိုင္ငံတဝန္းမွာ လူထုက ၿငိမ္းခ်မ္းစြာ ဆက္လက္ ဆႏၵျပေနၾကေၾကာင္း၊ အလုပ္မဆင္းေရး အာဏာဖီဆန္မႈ လႈပ္ရွားမႈေၾကာင့္ စစ္တပ္က အမ်ားစု ထိန္းခ်ဳပ္ထားတဲ့ အစိုးရယႏၲရားက မလည္ပတ္ႏိုင္ ျဖစ္ေနေၾကာင္းလည္း မဟာမင္းႀကီး Bachelet က ထပ္ေလာင္း ေျပာပါတယ္။ စစ္တပ္ဘက္အေနနဲ႔ အၾကမ္းဖက္တာေတြ ရပ္ဖို႔ အေမရိကန္ျပည္ေထာင္စုကလည္း ေတာင္းဆိုပါတယ္။ ဂ်ီနီဗာ ကုလသမဂၢဆိုင္ရာ အေမရိကန္သံ႐ုံးက တာဝန္ရွိသူတဦးျဖစ္တဲ့ Meryn Schneiderhan က...

“စစ္အုပ္စုဘက္က ျမန္မာလူထုအေပၚ ရက္ရက္စက္စက္ ဆက္ၿပီး အၾကမ္းဖက္ေနတာေတြကို ခ်က္ခ်င္းရပ္ၿပီး တာဝန္ရွိသူေတြကို အေရးယူရပါမယ္။ COVID-19 ကပ္ေဘးေရာဂါ အပါအဝင္ လက္ရွိ ရင္ဆိုင္ေနရတဲ့ ၿခိမ္းေျခာက္မႈေတြနဲ႔ ပတ္သက္ၿပီး ျမန္မာလူထုသိရွိဖို႔ လိုအပ္ေနတဲ့ အခုလိုကာလမ်ိဳးမွာ ျမန္မာစစ္အုပ္စုဘက္က သတင္းသမားေတြနဲ႔ သတင္းရယူမႈကို တားျမစ္ကန္႔သတ္ေရးကို ပစ္မွတ္ထား လုပ္ေနတာကလည္း တကယ့္ျပႆနာႀကီး ျဖစ္ပါတယ္။” လုိ႔ ေျပာပါတယ္။

စစ္တပ္အေနနဲ႔ အၾကမ္းဖက္ေနတာေတြ ရပ္တန္႔ၿပီး သတင္းေထာက္ေတြ၊ လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြကို တရားဥပေဒမဲ့ ဖမ္းဆီးေနတာေတြ ရပ္တန္႔ဖို႔၊ မီဒီယာနဲ႔ အင္တာနက္ တားျမစ္ကန္႔သတ္ေနတာေတြ ႐ုပ္သိမ္းဖို႔လည္း အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုပါတယ္။ ဒါ႔အျပင္ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ဆုတ္ယုတ္က်ဆင္းမႈကို ေျဖရွင္းေဆာင္ရြက္ႏိုင္ေရးနဲ႔ သတင္းအခ်က္အလက္ ပိုၿပီး ရရွိေစေရးအတြက္ ဘယ္လို အေရးယူ ေဆာင္ရြက္ႏိုင္မလဲ ဆိုတာကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ေဆြးေႏြးပြဲမွာ အေမရိကန္ ကိုယ္စားလွယ္က ေမးျမန္းခဲ့ပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးက ျမန္မာ့အက်ပ္အတည္း ေျပလည္ေရး ႏိုင္ငံအဆင့္ ေဆြးေႏြးၾကရမယ္လို႔ အစည္းအေဝးမွာ ဖတ္ၾကား တင္သြင္းခဲ့ပါတယ္။

“စစ္တပ္၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းေတြ၊ အရပ္ဘက္ အဖြဲ႔အစည္းေတြ၊ ေနာက္ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈ၊ အလုပ္သမားအဖြဲ႔၊ ဆႏၵျပေကာ္မတီတို႔လိုမ်ိဳး ဆန္႔က်င္ လႈပ္ရွားမႈေတြ အပါအဝင္ သက္ဆိုင္သူအားလံုးနဲ႔ တႏိုင္ငံလံုးအဆင့္ ေဆြးေႏြးပြဲ လုပ္ရပါမယ္။ အျပည့္အဝ တာဝန္ယူမႈ တာဝန္ခံမႈ ဆိုတာကိုလည္း ႏိုင္ငံေရးလုပ္ငန္းစဥ္မွာ ခ်န္ထားလို႔ မရႏိုင္ပါဘူး။ အျပစ္ရွိသူေတြကို ျပစ္ဒဏ္ကေန ဆက္လက္ ကင္းလြတ္ခြင့္ျပဳမႈဟာ အနာဂတ္ ဒီမိုကေရစီ၊ အမ်ိဳးသား ျပန္လည္ညီၫြတ္ေရး၊ ဖြံ႔ၿဖိဳးေရး ဒါမွမဟုတ္လည္း တည္ၿငိမ္ေအးခ်မ္းေရးကို ဦးတည္ ေဆာင္ရြက္မႈေတြမွာ အဟန္႔အတားသာ ျဖစ္ေစပါတယ္။ အနာဂတ္မွာ ထြက္ေပၚလာမယ့္ ျမန္မာ့ဒီမိုကေရစီ အစိုးရ အေနနဲ႔ စစ္တပ္ကို အရပ္သားထိန္းခ်ဳပ္မႈေအာက္ ထားရွိႏိုင္တဲ့ အခြင့္အာဏာမ်ိဳး ရွိရမွာ ျဖစ္ပါတယ္။”

ဒါ႔အျပင္ အၾကမ္းဖက္မႈအားလံုး ရပ္တန္႔ၿပီး ေတြ႔ဆံုေဆြးေႏြးေရး တိုက္တြန္းထားတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ ျမန္မာ့အေရး ဘံုသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ေရးကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး အပါအဝင္ ေဆြးေႏြးတဲ့ႏိုင္ငံ အေတာ္မ်ားမ်ားက ေျပာဆိုခဲ့ၾကပါတယ္။ မဟာမင္းႀကီး Bachelet က အခုလို ဆက္ေျပာပါတယ္။

“အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ဟာဆိုရင္ ဒီအေျခအေနကေန ေရွ႕ဆက္ႏိုင္ဖို႔အတြက္ အေရးႀကီးတဲ့ စမွတ္ ျဖစ္ပါတယ္။ ႏိုင္ငံတြင္းမွာ အခုထက္ လူ႔အခြင့္အေရး အေျခအေန ထပ္ၿပီး ဆိုးရြားမလာခင္မွာ ဒီလုပ္ငန္းစဥ္ကို ျမန္ျမန္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ လုပ္ရပါမယ္။ ဒီကိစၥကို လံုၿခံဳေရးေကာင္စီဘက္ကလည္း အားေပးေထာက္ခံသင့္ပါတယ္။ ျမန္မာႏိုင္ငံတြင္းကို လက္နက္ေတြ မေရာက္ေရး တားဆီးပိတ္ပင္ဖို႔ အေထြေထြညီလာခံရဲ႕ ေတာင္းဆိုခ်က္ကို အဖြဲ႔ဝင္ႏိုင္ငံအားလံုး ခ်က္ခ်င္း က်င့္သံုးေဆာင္ရြက္ၾကဖို႔လည္း တိုက္တြန္းပါတယ္။”

မတည္မၿငိမ္ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံမွာ COVID-19 ကာကြယ္ေဆးထိုးေရး၊ စမ္းသပ္ေရးတို႔မွာလည္း အခက္အခဲျဖစ္ေနတဲ့ အခ်က္ကိုလည္း မဟာမင္းႀကီးက ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။ စစ္တပ္ရဲ႕ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ ေနာက္ပိုင္း ေပၚေပါက္လာတဲ့ ႏိုင္ငံတဝန္းက လက္နက္ကိုင္ ကာကြယ္ေရးအဖြဲ႔ေတြ ဖြဲ႔စည္းလာတဲ့ အေျခအေန၊ ဒီအဖြဲ႔ေတြကိုလည္း စစ္တပ္က အင္အားအလြန္အကၽြံသံုး တုံ႔ျပန္ေနတာေတြကို ေထာက္ျပၿပီး ဒီအၾကမ္းဖက္မႈေတြက အရပ္သားေတြအတြက္ ေၾကာက္မက္ဖြယ္ အက်ိဳးဆက္ေတြ ျဖစ္လာႏိုင္တဲ့ ကိစၥကို စိုးရိမ္ေၾကာင္းလည္း မဟာမင္းႀကီးက ေျပာပါတယ္။ လက္နက္ကိုင္အဖြဲ႔အားလံုး အေနနဲ႔ လူ႔အခြင့္အေရးကို ေလးစားကာကြယ္ဖို႔၊ အရပ္သားေတြ၊ ေနာက္ ေဆး႐ုံ ေဆးခန္းေတြ၊ ေက်ာင္းေတြလို အရပ္ဘက္ဆိုင္ရာ အေဆာက္အအံုေတြကို မထိခိုက္ေစေရးအတြက္လည္း လိုက္နာ ေဆာင္ရြက္ၾကရမယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးက ေျပာဆိုခဲ့ပါတယ္။

-------------------------

(Unicode)

မြန်မာနိုင်ငံ အခြေအနေကောင်းလာအောင် အာဆီယံ မူ ၅ ချက်အတိုင်း စတင်လုပ်ဆောင်ဖို့ လိုအပ် (လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet)

စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး အခြေအနေ ဘက်ပေါင်းစုံက ဆုတ်ယုတ်လာနေတဲ့ မြန်မာနိုင်ငံ အခြေအနေဟာ ပြည်တွင်းစစ် ပိုပြီး ကျယ်ပြန့်လာနိုင်သလို ကျရှုံးနိုင်ငံဖြစ်ဖို့ အလားအလာတွေ ပိုပြီး များလာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး နိုင်ငံတော်အဆင့် ဆွေးနွေးအဖြေရှာကြရမယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်း တင်ပြပေးထားပါတယ်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်နေရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၉၀၀ လောက် သေဆုံးပြီး လူပေါင်း ၂ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေကို ထပ်ပြီး ရောက်လာရတာကို ထောက်ပြပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဒါမှမဟုတ်လည်း ပြည်တွင်းစစ်တွေ ကျယ်ပြန့်လာမယ့် အလားအလာ များနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

“လတ်တလော လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခက လူ့အခွင့်အရေးဆိုင်ရာ ဘက်ပေါင်းစုံက ထိခိုက်လာတဲ့ ကပ်ဘေးကြီး ဖြစ်လာခဲ့ပါပြီ။ နိုင်ငံတဝန်း ရင်ဆိုင်နေရတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး မျှော်လင့်ချက်ကို ပျက်စီးစေပြီး ကျရှုံးနိုင်ငံဖြစ်ဖို့ ဒါမှမဟုတ်လည်း ပြည်တွင်းစစ် ပိုပြီး ကျယ်ပြန့်လာဖို့ အလားအလာ များနေပါတယ်။ မြန်မာစစ်တပ် အာဏာသိမ်းလိုက်တာနဲ့ အတူပဲ အရပ်သား လူထုအပေါ် တိုက်ခိုက်မှုတွေဟာလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုအဖြစ်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲလာပါတယ်။”

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ အင်္ဂါနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ၄၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်း မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က မြန်မာ့အခြေအနေကို ဖတ်ကြား တင်သွင်းခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ပိုင်းက လူထုအပေါ် ဖိနှိပ်ဖြိုခွင်းနေပေမယ့်လည်း မြန်မာနိုင်ငံကို အောင်အောင်မြင်မြင် မထိန်းချုပ်နိုင်သလို သူတို့ကြိုးစားနေသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလည်း မရဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ထည့်သွင်း ပြောဆိုပါတယ်။ လက်နက်ကြီးတွေသုံးတာ အပါအဝင် အသက်ဆုံးရှုံး ဒဏ်ရာရစေလောက်တဲ့အထိ အင်အားသုံး နှိမ်နင်းနေတဲ့ ကြားကပဲ နိုင်ငံတဝန်းမှာ လူထုက ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြကြောင်း၊ အလုပ်မဆင်းရေး အာဏာဖီဆန်မှု လှုပ်ရှားမှုကြောင့် စစ်တပ်က အများစု ထိန်းချုပ်ထားတဲ့ အစိုးရယန္တရားက မလည်ပတ်နိုင် ဖြစ်နေကြောင်းလည်း မဟာမင်းကြီး Bachelet က ထပ်လောင်း ပြောပါတယ်။ စစ်တပ်ဘက်အနေနဲ့ အကြမ်းဖက်တာတွေ ရပ်ဖို့ အမေရိကန်ပြည်ထောင်စုကလည်း တောင်းဆိုပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံရုံးက တာဝန်ရှိသူတဦးဖြစ်တဲ့ Meryn Schneiderhan က...

“စစ်အုပ်စုဘက်က မြန်မာလူထုအပေါ် ရက်ရက်စက်စက် ဆက်ပြီး အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်ပြီး တာဝန်ရှိသူတွေကို အရေးယူရပါမယ်။ COVID-19 ကပ်ဘေးရောဂါ အပါအဝင် လက်ရှိ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာလူထုသိရှိဖို့ လိုအပ်နေတဲ့ အခုလိုကာလမျိုးမှာ မြန်မာစစ်အုပ်စုဘက်က သတင်းသမားတွေနဲ့ သတင်းရယူမှုကို တားမြစ်ကန့်သတ်ရေးကို ပစ်မှတ်ထား လုပ်နေတာကလည်း တကယ့်ပြဿနာကြီး ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ အကြမ်းဖက်နေတာတွေ ရပ်တန့်ပြီး သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားဥပဒေမဲ့ ဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့၊ မီဒီယာနဲ့ အင်တာနက် တားမြစ်ကန့်သတ်နေတာတွေ ရုပ်သိမ်းဖို့လည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ဆုတ်ယုတ်ကျဆင်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနဲ့ သတင်းအချက်အလက် ပိုပြီး ရရှိစေရေးအတွက် ဘယ်လို အရေးယူ ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာ့အကျပ်အတည်း ပြေလည်ရေး နိုင်ငံအဆင့် ဆွေးနွေးကြရမယ်လို့ အစည်းအဝေးမှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။

“စစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နောက် CDM အာဏာဖီဆန်ရေး လှုပ်ရှားမှု၊ အလုပ်သမားအဖွဲ့၊ ဆန္ဒပြကော်မတီတို့လိုမျိုး ဆန့်ကျင် လှုပ်ရှားမှုတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တနိုင်ငံလုံးအဆင့် ဆွေးနွေးပွဲ လုပ်ရပါမယ်။ အပြည့်အဝ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ချန်ထားလို့ မရနိုင်ပါဘူး။ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ကနေ ဆက်လက် ကင်းလွတ်ခွင့်ပြုမှုဟာ အနာဂတ် ဒီမိုကရေစီ၊ အမျိုးသား ပြန်လည်ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး ဒါမှမဟုတ်လည်း တည်ငြိမ်အေးချမ်းရေးကို ဦးတည် ဆောင်ရွက်မှုတွေမှာ အဟန့်အတားသာ ဖြစ်စေပါတယ်။ အနာဂတ်မှာ ထွက်ပေါ်လာမယ့် မြန်မာ့ဒီမိုကရေစီ အစိုးရ အနေနဲ့ စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက် ထားရှိနိုင်တဲ့ အခွင့်အာဏာမျိုး ရှိရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး အပါအဝင် ဆွေးနွေးတဲ့နိုင်ငံ အတော်များများက ပြောဆိုခဲ့ကြပါတယ်။ မဟာမင်းကြီး Bachelet က အခုလို ဆက်ပြောပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာဆိုရင် ဒီအခြေအနေကနေ ရှေ့ဆက်နိုင်ဖို့အတွက် အရေးကြီးတဲ့ စမှတ် ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အခုထက် လူ့အခွင့်အရေး အခြေအနေ ထပ်ပြီး ဆိုးရွားမလာခင်မှာ ဒီလုပ်ငန်းစဉ်ကို မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ လုပ်ရပါမယ်။ ဒီကိစ္စကို လုံခြုံရေးကောင်စီဘက်ကလည်း အားပေးထောက်ခံသင့်ပါတယ်။ မြန်မာနိုင်ငံတွင်းကို လက်နက်တွေ မရောက်ရေး တားဆီးပိတ်ပင်ဖို့ အထွေထွေညီလာခံရဲ့ တောင်းဆိုချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး ချက်ချင်း ကျင့်သုံးဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။”

မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးရေး၊ စမ်းသပ်ရေးတို့မှာလည်း အခက်အခဲဖြစ်နေတဲ့ အချက်ကိုလည်း မဟာမင်းကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်းက လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာတဲ့ အခြေအနေ၊ ဒီအဖွဲ့တွေကိုလည်း စစ်တပ်က အင်အားအလွန်အကျွံသုံး တုံ့ပြန်နေတာတွေကို ထောက်ပြပြီး ဒီအကြမ်းဖက်မှုတွေက အရပ်သားတွေအတွက် ကြောက်မက်ဖွယ် အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကိစ္စကို စိုးရိမ်ကြောင်းလည်း မဟာမင်းကြီးက ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့အားလုံး အနေနဲ့ လူ့အခွင့်အရေးကို လေးစားကာကွယ်ဖို့၊ အရပ်သားတွေ၊ နောက် ဆေးရုံ ဆေးခန်းတွေ၊ ကျောင်းတွေလို အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို မထိခိုက်စေရေးအတွက်လည်း လိုက်နာ ဆောင်ရွက်ကြရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG