သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံသေဘာတူညီခ်က္ ၅ခ်က္ ႐ုရွားေထာက္ခံ


အင္ဒိုနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႔က အာဆီယံ႐ုံးခ်ဳပ္၊ ဧၿပီ ၂၃၊ ၂၀၂၁။

(Zawgyi/Unicode)

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) က ျမန္မာႏုိင္ငံအက်ပ္အတည္းေျဖရွင္းေရး သေဘာတူခ်မွတ္ထားတဲ့ အခ်က္ငါးခ်က္ပါ ရပ္တည္ခ်က္ကို ႐ုရွားႏုိင္ငံအေနနဲ႔ ေထာက္ခံတဲ့အေၾကာင္းနဲ႔ ဒီလို ေထာက္ခံတယ္ဆိုတာ အာဏာသိမ္းစစ္ေကာင္စီကိုလည္း ေျပာထားတယ္လုိ႔ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ေျပာပါတယ္။


"အာဆီယံရဲ႕ ရပ္တည္ခ်က္ ငါးခ်က္ကို က်ေနာ္တို႔ အခို္င္အမာ ေထာက္ခံတယ္ဆုိတာ ထပ္ေျပာပါရေစ။ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ က်ေနာ္တုိ႔ၾကား ဆက္သြယ္ေျပာဆိုတဲ့အခါမွာလည္း ဒီသေဘာထားကို ေျပာခဲ့ပါတယ္။ အာဆီယံရဲ႕ ဒီရပ္တည္ခ်က္ဟာ က်ေနာ္တုိ႔အျမင္အားျဖင့္ ဒီအၾကပ္အတည္းကို ေျဖရွင္းၿပီး အေျခအေန ပံုမွန္ျပန္ေရာက္ေအာင္လုပ္ဖုိ႔ အေျခခံတခုအျဖစ္ ယူဆသင့္ပါတယ္" လို႔ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergei Lavrov ကေျပာပါတယ္။
အင္ဒိုနီးရွားႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi နဲ႔ ဂ်ကာတာၿမိဳ႕ေတာ္မွာ ပူးတြဲလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဝန္ႀကီး Lavrov က အဲဒီလိုေျပာသြားတာပါ။


႐ုရွားႏုိင္ငံဟာ ျမန္မာအာဏာသိမ္း စစ္ေကာင္စီနဲ႔ နီးစပ္တဲ့ဆက္ဆံေရးရွိထားၿပီး စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ သိပ္မၾကာေသးခင္ကပဲ ႐ုရွားႏုိင္ငံကို သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ ဝန္ႀကီး Lavrov ရဲ႕ အခုေျပာဆိုခ်က္ ထြက္လာတာပါ။
စစ္ေကာင္စီကထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြ၊ စစ္ေကာင္စီ ထိပ္တန္းေခါင္းေဆာင္ေတြကို ကမာၻ႔ႏုိင္ငံႀကီးအမ်ားအျပားက ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားၿပီး ျမန္မာစစ္တပ္ကို လက္နက္ခဲယမ္းေရာင္းခ်တာ တကမာၻလံုးအေနနဲ႔ ပိတ္ပင္တားျမစ္ဖို႔လည္း ေတာင္းဆိုထားၾကပါတယ္။


႐ုရွားႏုိင္ငံကေတာ့ ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္း ေရာင္းခ်ေနတဲ့ အဓိကႏုိင္ငံတခုျဖစ္သလို ျမန္မာစစ္တပ္က အရာရွိေတြကို ႐ုရွားႏုိင္ငံမွာ ပညာေတာ္သင္ေတြအျဖစ္ လက္ခံ သင္ၾကားေပးေနပါတယ္။

(Unicode)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က မြန်မာနိုင်ငံအကျပ်အတည်းဖြေရှင်းရေး သဘောတူချမှတ်ထားတဲ့ အချက်ငါးချက်ပါ ရပ်တည်ချက်ကို ရုရှားနိုင်ငံအနေနဲ့ ထောက်ခံတဲ့အကြောင်းနဲ့ ဒီလို ထောက်ခံတယ်ဆိုတာ အာဏာသိမ်းစစ်ကောင်စီကိုလည်း ပြောထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပြောပါတယ်။
"အာဆီယံရဲ့ ရပ်တည်ချက် ငါးချက်ကို ကျနော်တို့ အခိုင်အမာ ထောက်ခံတယ်ဆိုတာ ထပ်ပြောပါရစေ။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ကြား ဆက်သွယ်ပြောဆိုတဲ့အခါမှာလည်း ဒီသဘောထားကို ပြောခဲ့ပါတယ်။ အာဆီယံရဲ့ ဒီရပ်တည်ချက်ဟာ ကျနော်တို့အမြင်အားဖြင့် ဒီအကြပ်အတည်းကို ဖြေရှင်းပြီး အခြေအနေ ပုံမှန်ပြန်ရောက်အောင်လုပ်ဖို့ အခြေခံတခုအဖြစ် ယူဆသင့်ပါတယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ဂျကာတာမြို့တော်မှာ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Lavrov က အဲဒီလိုပြောသွားတာပါ။
ရုရှားနိုင်ငံဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိထားပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သိပ်မကြာသေးခင်ကပဲ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် ဝန်ကြီး Lavrov ရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။
စစ်ကောင်စီကထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေကို ကမ္ဘာ့နိုင်ငံကြီးအများအပြားက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပြီး မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းရောင်းချတာ တကမ္ဘာလုံးအနေနဲ့ ပိတ်ပင်တားမြစ်ဖို့လည်း တောင်းဆိုထားကြပါတယ်။
ရုရှားနိုင်ငံကတော့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချနေတဲ့ အဓိကနိုင်ငံတခုဖြစ်သလို မြန်မာစစ်တပ်က အရာရှိတွေကို ရုရှားနိုင်ငံမှာ ပညာတော်သင်တွေအဖြစ် လက်ခံ သင်ကြားပေးနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG