သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရအပေါ် ရုရှားသဘောထား


ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီး Vassily Nebenzia
ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီး Vassily Nebenzia


မြန်မာနိုင်ငံ ပုံမှန် ပြန်လည် ရောက်ရှိရေးကို ရုရှား အနေနဲ့ လိုလားကြောင်း၊ ဒါပေမယ့်လည်း စစ်တပ်ကတော့ နိုင်ငံရေးမှာ ဆက်ပါနေဦးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီးက ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အခြေအနေက သိပ်ပြီး ခက်ခဲနေပါတယ်။ အဖြူနဲ့ အမဲလိုမျိုး သဲသဲကွဲကွဲ ပြောလို့ မရပါဘူး။ မြန်မာနိုင်ငံ ပုံမှန် ပြန်ဖြစ်ရေးကို ရုရှားအနေနဲ့ လိုလားပါတယ်။ စစ်တပ်ဘက်ကလည်း ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောထားပါတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှားသံအမတ်ကြီး Vassily Nebenzia က နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ လုပ်တဲ့ လစဉ် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုခဲ့တာပါ။

ရုရှား အနေနဲ့ မြန်မာကို လက်နက် ရောင်းချနေသလား၊ နောက် အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းတာကို လက်ခံပါသလားလို့ သတင်းထောက် တယောက်က မေးတာမှာတော့ မြန်မာကို လက်နက် မရောင်းချရေး တားမြစ် ကန့်သတ်ချက် မရှိဘူးလို့ ပြောပေမယ့်လည်း လက်နက် ရောင်းနေတယ်လို့တော့ ဝန်ခံ ပြောဆိုတာ မရှိပါဘူး။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ စစ်တပ် အာဏာသိမ်းမှု မတိုင်ခင် ကတည်းက စစ်တပ်ဟာ မြန်မာ့ နိုင်ငံရေး အခင်းကျင်းရဲ့ တစိတ်တပိုင်း ဖြစ်နေတယ်ဆိုတာကို သိထားရမှာ ဖြစ်ကြောင်းလည်း ရုရှား သံအမတ်ကြီးက ပြောပါတယ်။ ဒါကြောင့်လည်း စစ်တပ်ကို အထုပ်ပိုက်ပြီး ထွက်သွားလို့ ပြောလို့ မရနိုင်ကြောင်း၊ အကြောင်းအရာ ပေါင်းစုံ ထည့်သွင်း စဉ်းစားရမယ်လို့လည်း သူက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုှုင်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ရုရှားနိုင်ငံကို သွားရောက်ပြီး မော်စကိုမှာ လုပ်တဲ့ လုံခြုံရေး ညီလာခံတက်ရောက်ပြီး အာဏာသိမ်းမှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု ပိုမို ခိုင်မာအားကောင်းအောင် လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထား တယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုထားပါတယ်။

----------------------

တိုက်ရိုက် လင့်ခ်





XS
SM
MD
LG