သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အေမရိကန္ ေထာက္ပံ့ကူညီမယ့္ အစီအစဥ္ တက္ႂကြလႈပ္ရွားသူေတြႀကိဳဆို


President Joe Biden

အေမရိကန္အစိုးရရဲ႕ ၂၀၂၂ ဘ႑ာေရးဘတ္ဂ်က္အတြက္ ျမန္မာကို ကူညီမယ့္ ေဒၚလာ ၁၃၆ သန္းမွာ NUG၊ NUCC ၊ CRPH၊ CDM နဲ႔ EAO ေတြကို သီးျခား ေခါင္းစဥ္ေတြေအာက္မွာ ကူညီေထာက္ပံ့ဖို႔ရွိေၾကာင္း အတိအက် ေဖၚျပထားတာဟာ ထူးျခားၿပီး အားတက္ဖြယ္ရာျဖစ္တယ္လို႔ USACM ျမန္မာ့အေရး ေထာက္ခံအားေပးတဲ့ အေမရိကန္မဟာမိတ္အဖဲြ႕က ေျပာပါတယ္။

အေမရိကန္အထက္နဲ႔ ေအာက္လႊတ္ေတာ္ ႏွစ္ရပ္လံုး အတည္ျပဳလိုက္တဲ့ ၂၀၂၂ ဘ႑ာေရးႏွစ္အတြက္ ဘတ္ဂ်က္ကို သမၼတ ဂ်ဳိးဘိုင္ဒန္က မေန႔ အဂၤါေန႔က လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္ပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္ၿပီးေျပာျပမွာပါ။


သမၼတဘိုင္ဒန္ မေန႔က လက္မွတ္ေရးထိုးလိုက္တဲ့ အေမရိကန္အစိုးရ ဘတ္ဂ်က္ဥပေဒ “The Consolidated Appropriations Act 2022” မွာ စုစုေပါင္းေဒၚလာ ၁.၅ ထရီလီယံ သံုးစဲြဖို႔ ျပဌာန္းထားတာပါ။ အဲဒီထဲမွာ ႐ုရွားက်ဴးေက်ာ္စစ္ရင္ဆိုင္ေနရတဲ့ ယူကရိန္းနဲ႔ စစ္အာဏာသိမ္းထားတဲ့ ျမန္မာ စတဲ့ အျခား ႏိုင္ငံေတြအတြက္လည္း ပါ၀င္ပါတယ္။ ျမန္မာ့ဒီမိုကေရစီေရးနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြအတြက္ ေဒၚလာ ၁၃၆ သန္း ကို အေမရိကန္ႏိုင္ငံျခားေရးဌာနက သံုးစဲြမယ့္ ဘတ္ဂ်က္စာရင္းေအာက္မွာ ေဖၚျပထားပါတယ္။ ဒီႏွစ္ အေမရိကန္အစိုးရရဲ႕ဘတ္ဂ်က္ဥပေဒမွာ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားေနတဲ့ အဖဲြ႕အစည္းေတြကို နာမည္နဲ႔တကြ ေဖၚျပၿပီး ေထာက္ပံ့မယ့္အေၾကာင္းေရးသားထား တာဟာ ထူးျခားၿပီး ေႏြဦးေတာ္လွန္ေရးအတြက္ အားတက္စရာျဖစ္ေၾကာင္း USACM (US Advocacy Coalition for Myanmar) ျမန္မာ့အေရး ေထာက္ခံအားေပးတဲ့ အေမရိကန္မဟာမိတ္အဖဲြ႕ ေျပာခြင့္ရ Mike Haack က အခုလို ဗြီအိုေအကို ေျပာပါတယ္။

“ထူးျခားတဲ့အခ်က္ကေတာ့ ေငြပမာဏ ထက္ ပိုၿပီးအေရးႀကီးတာကေတာ့ အဲဒီဘတ္ဂ်က္ထဲမွာ NUG၊ CRPH၊ CDM၊ EAO ေတြကို ေဖၚျပထားတဲ့အတြက္ ျမန္မာအတြက္ ဘတ္ဂ်က္ေငြထဲမွာ အဲဒီအဖဲြ႕အစည္းေတြလည္း တစိတ္တပိုင္း ရရွိမွာျဖစ္ပါတယ္။ သူတို႔ကို နာမည္နဲ႔ တပ္ၿပီးေဖၚျပထားတာဟာ အေမရိကန္ဘက္က အေသအခ်ာ ေပးဖို႔ ရည္ရြယ္လုပ္ေဆာင္တယ္ဆိုတာ ထင္ရွားပါတယ္။”

ဒါေပမယ့္ အေမရိကန္က ကူညီေထာက္ပံ့မယ္ေငြကို လက္နက္ကိုင္ေတာ္လွန္ေရးအတြက္ အသံုးျပဳလို႔မရဘူးလို႔ အတိအက် ျပဌာန္းထားတယ္လို႔လည္း Mike Haack ကေျပာပါတယ္။

“အဲဒီမွာ အတိအက်ေဖၚျပထားတာက ေငြေတြကို လက္နက္ကိုင္စစ္ဆင္ေရးေတြအတြက္ အသံုးျပဳလို႔မရဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ ေန႔စဥ္ လုပ္ငန္းေဆာင္တာ အစီအစဥ္၊ လႈပ္ရွားမႈေတြအတြက္ သံုးစဲြလို႔ရတယ္ဆိုေတာ့ NUG၊ EAO ေတြအေနနဲ႔ သူတို႔ အျခားလုပ္ငန္းေတြအတြက္ ဒီဘတ္ဂ်က္ေငြ တစိတ္တပိုင္းကို ရမွာျဖစ္ပါတယ္။”

ဒါအျပင္ ထိုင္းနယ္စပ္ျဖတ္ေက်ာ္ေပးမယ့္ အကူအညီနဲ႔ အျခား လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရး လုပ္ငန္းေတြအတြက္လည္း ဒီႏွစ္ အေမရိကန္အစိုးရက ျမန္မာကိုကူညီမယ့္ ဘတ္ဂ်က္ထဲမွာ ေဖၚျပထားတာေတြဟာ အားတက္စရာေကာင္းေၾကာင္း Mike Haack ကဆိုပါတယ္။

“ဒီႏွစ္ျမန္မာအတြက္ အေမရိကန္အစိုးရရဲ႕ ဘတ္ဂ်က္သံုးစဲြမယ့္အစီအစဥ္ကို ၾကည့္ရတာ စိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။ အထူးသျဖင့္ အရင္ႏွစ္ေတြနဲ႔မတူတာက အဖဲြ႕အစည္းေတြကို နာမည္နဲ႔ အတိအက် ေဖၚျပထားတာဟာ အားရဖို႔ေကာင္းပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေမရိကန္က စဥ္းစားေနတဲ့ နည္းလမ္းေတြအတြက္ ႀကီးမားတဲ့ ေျခလွမ္းတခုလို႔ က်ေနာ္ျမင္ပါတယ္။”

အေမရိကန္အစိုးရရဲ႕ ၂၀၂၂ ဘတ္ဂ်က္ဥပေဒရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအခန္းက႑မွာေတာ့- ဒီဥပေဒထဲမွာ ေဖာ္ျပထားတဲ့ အဖြဲ႕အစည္းမ်ား၊ အားလုံးပါဝင္ေသာ၊ အားလုံးကို ကိုယ္စားျပဳေသာ ဒီမိုကေရစီစနစ္ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ျမန္မာႏိုင္ငံတြင္းရွိ တိုင္းရင္းသားလူမ်ိဳးစုမ်ားအၾကား တန္းတူညီမွ်ေရး ေဆာင္႐ြက္ေနေသာ အဖြဲ႕အစည္းမ်ား"" ရဲ႕ စီမံခန႔္ခြဲေရးႏွင့္ ႐ုံးလုပ္ငန္းဆိုင္ရာ အစီအစဥ္မ်ား၊ ၿငိမ္းခ်မ္းေရးအတြက္ အားထုတ္ႀကိဳးပမ္းမႈမ်ားကို လႊတ္ေတာ္ရဲ႕ ဘ႑ာေငြခြဲေဝသတ္မွတ္ေရးေကာ္မတီမ်ား (Appropriations Committees) နဲ႔ ႀကိဳတင္ညႇိႏႈိင္းတိုင္ပင္ၿပီး ေထာက္ပံ့ကူညီႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။

ဒါေပမယ့္လည္း ျမန္မာအတြက္ ဘတ္ဂ်က္ေငြကို ဘယ္အခ်ိန္မွာ ဘယ္လို စတင္သံုးစဲြ ခဲြေ၀မလည္းဆိုတာကေတာ့ ဘယ္သူမွ အေသအခ်ာမသိေသးေၾကာင္း Mike Haack ကေျပာပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြ၊ တိုင္းရင္းသားေဒသေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လိုအပ္ေနတဲ့ အကူညီေတြအတြက္ အေမရိကန္အစိုးရက ဒီႏွစ္အတြက္ ျမန္မာကိုေပးမယ့္ ေဒၚလာ ၁၃၆ သန္းပမာဏဟာ လံုေလာက္မႈမရွိဘူးလို႔ ျမင္ေၾကာင္း ေမရီလန္းျပည္နယ္ အေျခစိုက္ ခ်င္းလူမ်ိဳးမ်ားအဖြဲ႔ Chin Association of Maryland အမႈေဆာင္ ညႊန္ၾကားေရးမွဴး ဇိုသုန္းမႈန္ ကဗြီအိုေအကိုေျပာပါတယ္။

ျမန္မာအတြက္ ဘတ္ဂ်က္ေငြ ေဒၚလာ သန္း ၂၀၀ ေက်ာ္သံုးစဲြဖို႔နဲ႕ NUG ကို ျမန္မာႏိုင္ငံရဲ႕ တရား၀င္အစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔ ေတာင္းဆိုထားတဲ့ Burma Bill ျမန္မာႏိုင္ငံဆိုင္ရာဥပေဒမူၾကမ္းကို အထက္နဲ႔ ေအာက္လႊတ္ေတာ္မွာ ေဆြးေႏြးေနဆဲျဖစ္ၿပီး ေအာက္လႊတ္ေတာ္မွာ ေထာက္ခံတဲ့အမတ္အေရအတြက္ ၇၆ဦး အထက္လႊတ္ေတာ္မွာ ၂၄ ဦး ရရွိထားတယ္လို႔ USACM ေျပာခြင့္ရ Mike Haack ကဗြီအိုေအကိုေျပာပါတယ္။

------------------------

မြန်မာ့အရေး အမေရိကန် ထောက်ပံ့ကူညီမယ့် အစီအစဉ် တက်ကြွလှုပ်ရှားသူတွေကြိုဆို

အမေရိကန်အစိုးရရဲ့ ၂၀၂၂ ဘဏ္ဍာရေးဘတ်ဂျက်အတွက် မြန်မာကို ကူညီမယ့် ဒေါ်လာ ၁၃၆ သန်းမှာ NUG၊ NUCC ၊ CRPH၊ CDM နဲ့ EAO တွေကို သီးခြား ခေါင်းစဉ်တွေအောက်မှာ ကူညီထောက်ပံ့ဖို့ရှိကြောင်း အတိအကျ ဖေါ်ပြထားတာဟာ ထူးခြားပြီး အားတက်ဖွယ်ရာဖြစ်တယ်လို့ USACM မြန်မာ့အရေး ထောက်ခံအားပေးတဲ့ အမေရိကန်မဟာမိတ်အဖွဲ့က ပြောပါတယ်။

အမေရိကန်အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံး အတည်ပြုလိုက်တဲ့ ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကို သမ္မတ ဂျိုးဘိုင်ဒန်က မနေ့ အင်္ဂါနေ့က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။


သမ္မတဘိုင်ဒန် မနေ့က လက်မှတ်ရေးထိုးလိုက်တဲ့ အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေ “The Consolidated Appropriations Act 2022” မှာ စုစုပေါင်းဒေါ်လာ ၁.၅ ထရီလီယံ သုံးစွဲဖို့ ပြဌာန်းထားတာပါ။ အဲဒီထဲမှာ ရုရှားကျူးကျော်စစ်ရင်ဆိုင်နေရတဲ့ ယူကရိန်းနဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာ စတဲ့ အခြား နိုင်ငံတွေအတွက်လည်း ပါဝင်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ဒေါ်လာ ၁၃၆ သန်း ကို အမေရိကန်နိုင်ငံခြားရေးဌာနက သုံးစွဲမယ့် ဘတ်ဂျက်စာရင်းအောက်မှာ ဖေါ်ပြထားပါတယ်။ ဒီနှစ် အမေရိကန်အစိုးရရဲ့ဘတ်ဂျက်ဥပဒေမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို နာမည်နဲ့တကွ ဖေါ်ပြပြီး ထောက်ပံ့မယ့်အကြောင်းရေးသားထား တာဟာ ထူးခြားပြီး နွေဦးတော်လှန်ရေးအတွက် အားတက်စရာဖြစ်ကြောင်း USACM (US Advocacy Coalition for Myanmar) မြန်မာ့အရေး ထောက်ခံအားပေးတဲ့ အမေရိကန်မဟာမိတ်အဖွဲ့ ပြောခွင့်ရ Mike Haack က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ထူးခြားတဲ့အချက်ကတော့ ငွေပမာဏ ထက် ပိုပြီးအရေးကြီးတာကတော့ အဲဒီဘတ်ဂျက်ထဲမှာ NUG၊ CRPH၊ CDM၊ EAO တွေကို ဖေါ်ပြထားတဲ့အတွက် မြန်မာအတွက် ဘတ်ဂျက်ငွေထဲမှာ အဲဒီအဖွဲ့အစည်းတွေလည်း တစိတ်တပိုင်း ရရှိမှာဖြစ်ပါတယ်။ သူတို့ကို နာမည်နဲ့ တပ်ပြီးဖေါ်ပြထားတာဟာ အမေရိကန်ဘက်က အသေအချာ ပေးဖို့ ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာ ထင်ရှားပါတယ်။”

ဒါပေမယ့် အမေရိကန်က ကူညီထောက်ပံ့မယ်ငွေကို လက်နက်ကိုင်တော်လှန်ရေးအတွက် အသုံးပြုလို့မရဘူးလို့ အတိအကျ ပြဌာန်းထားတယ်လို့လည်း Mike Haack ကပြောပါတယ်။

“အဲဒီမှာ အတိအကျဖေါ်ပြထားတာက ငွေတွေကို လက်နက်ကိုင်စစ်ဆင်ရေးတွေအတွက် အသုံးပြုလို့မရဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နေ့စဉ် လုပ်ငန်းဆောင်တာ အစီအစဉ်၊ လှုပ်ရှားမှုတွေအတွက် သုံးစွဲလို့ရတယ်ဆိုတော့ NUG၊ EAO တွေအနေနဲ့ သူတို့ အခြားလုပ်ငန်းတွေအတွက် ဒီဘတ်ဂျက်ငွေ တစိတ်တပိုင်းကို ရမှာဖြစ်ပါတယ်။”

ဒါအပြင် ထိုင်းနယ်စပ်ဖြတ်ကျော်ပေးမယ့် အကူအညီနဲ့ အခြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေအတွက်လည်း ဒီနှစ် အမေရိကန်အစိုးရက မြန်မာကိုကူညီမယ့် ဘတ်ဂျက်ထဲမှာ ဖေါ်ပြထားတာတွေဟာ အားတက်စရာကောင်းကြောင်း Mike Haack ကဆိုပါတယ်။

“ဒီနှစ်မြန်မာအတွက် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်သုံးစွဲမယ့်အစီအစဉ်ကို ကြည့်ရတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အထူးသဖြင့် အရင်နှစ်တွေနဲ့မတူတာက အဖွဲ့အစည်းတွေကို နာမည်နဲ့ အတိအကျ ဖေါ်ပြထားတာဟာ အားရဖို့ကောင်းပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်က စဉ်းစားနေတဲ့ နည်းလမ်းတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတခုလို့ ကျနော်မြင်ပါတယ်။”

အမေရိကန်အစိုးရရဲ့ ၂၀၂၂ ဘတ်ဂျက်ဥပဒေရဲ့ မြန်မာနိုင်ငံဆိုင်ရာအခန်းကဏ္ဍမှာတော့- ဒီဥပဒေထဲမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများ၊ အားလုံးပါဝင်သော၊ အားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ"" ရဲ့ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို လွှတ်တော်ရဲ့ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ (Appropriations Committees) နဲ့ ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ထောက်ပံ့ကူညီနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမယ့်လည်း မြန်မာအတွက် ဘတ်ဂျက်ငွေကို ဘယ်အချိန်မှာ ဘယ်လို စတင်သုံးစွဲ ခွဲဝေမလည်းဆိုတာကတော့ ဘယ်သူမှ အသေအချာမသိသေးကြောင်း Mike Haack ကပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ တိုင်းရင်းသားဒေသတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်နေတဲ့ အကူညီတွေအတွက် အမေရိကန်အစိုးရက ဒီနှစ်အတွက် မြန်မာကိုပေးမယ့် ဒေါ်လာ ၁၃၆ သန်းပမာဏဟာ လုံလောက်မှုမရှိဘူးလို့ မြင်ကြောင်း မေရီလန်းပြည်နယ် အခြေစိုက် ချင်းလူမျိုးများအဖွဲ့ Chin Association of Maryland အမှုဆောင် ညွှန်ကြားရေးမှူး ဇိုသုန်းမှုန် ကဗွီအိုအေကိုပြောပါတယ်။

မြန်မာအတွက် ဘတ်ဂျက်ငွေ ဒေါ်လာ သန်း ၂၀၀ ကျော်သုံးစွဲဖို့နဲ့ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုထားတဲ့ Burma Bill မြန်မာနိုင်ငံဆိုင်ရာဥပဒေမူကြမ်းကို အထက်နဲ့ အောက်လွှတ်တော်မှာ ဆွေးနွေးနေဆဲဖြစ်ပြီး အောက်လွှတ်တော်မှာ ထောက်ခံတဲ့အမတ်အရေအတွက် ၇၆ဦး အထက်လွှတ်တော်မှာ ၂၄ ဦး ရရှိထားတယ်လို့ USACM ပြောခွင့်ရ Mike Haack ကဗွီအိုအေကိုပြောပါတယ်။

XS
SM
MD
LG