သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RCEP ကုန္သြယ္ေရးစာခ်ဳပ္ ဗီယက္နမ္ အက်ိဳးေမွ်ာ္လင့္


ဗီယက္နမ္ႏုိင္ငံ ဟုိခ်ီမင္းၿမိဳ႕ ဆုိင္ဂုံဆိပ္ကမ္းမွ ကုန္ေသတၱာမ်ား တင္ေဆာင္ေနတဲ့ျမင္ကြင္း။ (ေမ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ေဒသတြင္း အလုံးစုံ စီးပြားေရးမိတ္ဘက္လို႔ အမည္ရတဲ့ RCEP ကုန္သြယ္ေရး သေဘာတူညီခ်က္ဟာ အခုလာမယ့္ ဇန္နဝါရီလမွာ အသက္ဝင္မွာမို႔ ဗီယက္နမ္ အေနနဲ႔ အခ်ိန္တိုအတြင္း အက်ိဳးျဖစ္ထြန္းမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂ ရက္ေန႔ကပဲ ဩစေၾတးလ်နဲ႔ နယူးဇီလန္တို႔က ဒီသေဘာတူညီခ်က္မွာ ပါဝင္လက္မွတ္ထိုးခဲ့ၾကတာပါ။ RCEP လြတ္လပ္တဲ့ ကုန္သြယ္ေရးစာခ်ဳပ္မွာ အခုဆိုရင္ ျမန္မာအပါအဝင္ အာဆီယံ ၁၀ ႏိုင္ငံနဲ႔အတူ တ႐ုတ္၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ဩစေၾတးလ်၊ နယူးဇီလန္တို႔ လက္မွတ္ထိုးထားၾကပါၿပီ။

RCEP ဟာ ကမၻာ့အႀကီးဆုံး ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ ျဖစ္လာဖြယ္ရွိၿပီး ကမၻာ့လူဦးေရရဲ႕ ၃၀ ရာခုိင္ႏႈန္းနဲ႔ ကမၻာ့အသားတင္ထုတ္ကုန္ရဲ႕ ၃၀ ရာခုိင္ႏႈန္း အက်ဳံးဝင္ပါတယ္။ ေဒသတြင္း သြင္းကုန္အခြန္ကိုလည္း ၉၀ ရာခုိင္ႏႈန္းေက်ာ္အထိ ေလွ်ာ့ခ်ဖို႔ ေမွ်ာ္မွန္းထားတာလည္း ျဖစ္ပါတယ္။

ကုန္သြယ္ေရး သေဘာတူညီမႈ ၁၄ ခုကို သေဘာတူထားၿပီးတဲ့ ဗီယက္နမ္ႏိုင္ငံဟာ သူ႔ပို႔ကုန္ေတြကို သြင္းကုန္အခြန္နည္းတဲ့ ေဈးကြက္ေတြဆီကို ပိုမိုတင္ပို႔ဖို႔ ေမွ်ာ္လင့္ထားတာပါ။

ႏုိင္ငံတကာ ကုန္သြယ္ေရးအတိုင္ပင္ခံ အဖြဲ႔တခုျဖစ္တဲ့ McLarty Associates က အႀကီးတန္းအႀကံေပး Steven Okun က ဗြီအုိေအကို ေျပာတာကေတာ့ ေရရွည္မွာ RCEP ဟာ တ႐ုတ္၊ ဂ်ပန္နဲ႔ ကိုရီးယားႏုိင္ငံေတြကို ကုန္သြယ္ေရးအရ ပိုမိုနီးကပ္သြားေစၿပီး ေဒသတြင္း အေမရိကန္ စီးပြားေရးကို ကန႔္သတ္သလို ျဖစ္သြားႏုိင္တယ္လို႔ သုံးသပ္ပါတယ္။ ဒါေပမယ့္ ဗီယက္နမ္ အပါအဝင္ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြအတြက္ အခြင့္အေရး ပိုလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ဗီယက္နမ္အတြက္ ေဈးေပါတဲ့ သြင္းကုန္ေတြ ဝင္လာဖို႔ RCEP က လမ္းဖြင့္ေပးမွာျဖစ္ၿပီး အထူးသျဖင့္ ထုတ္လုပ္ေရးအတြက္ လိုအပ္တဲ့ ကုန္ၾကမ္းပစၥည္းေတြ ဝင္လာမွာျဖစ္ပါတယ္။ ဗီယက္နမ္ႏုိင္ငံဟာ ႏွစ္စဥ္ အာဆီယံႏုိင္ငံေတြဆီကေန ကုန္ၾကမ္းနဲ႔ ထုတ္လုပ္ေရးပစၥည္း တန္ဖိုး ေဒၚလာ ဘီလ်ံ ၃၀ ေက်ာ္ တင္သြင္းေနရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

RCEP ကုန်သွယ်ရေးစာချုပ် ဗီယက်နမ် အကျိုးမျှော်လင့်

ဒေသတွင်း အလုံးစုံ စီးပွားရေးမိတ်ဘက်လို့ အမည်ရတဲ့ RCEP ကုန်သွယ်ရေး သဘောတူညီချက်ဟာ အခုလာမယ့် ဇန်နဝါရီလမှာ အသက်ဝင်မှာမို့ ဗီယက်နမ် အနေနဲ့ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကပဲ ဩစတြေးလျနဲ့ နယူးဇီလန်တို့က ဒီသဘောတူညီချက်မှာ ပါဝင်လက်မှတ်ထိုးခဲ့ကြတာပါ။ RCEP လွတ်လပ်တဲ့ ကုန်သွယ်ရေးစာချုပ်မှာ အခုဆိုရင် မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံနဲ့အတူ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်တို့ လက်မှတ်ထိုးထားကြပါပြီ။

RCEP ဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်လာဖွယ်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အသားတင်ထုတ်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်း အကျုံးဝင်ပါတယ်။ ဒေသတွင်း သွင်းကုန်အခွန်ကိုလည်း ၉၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

ကုန်သွယ်ရေး သဘောတူညီမှု ၁၄ ခုကို သဘောတူထားပြီးတဲ့ ဗီယက်နမ်နိုင်ငံဟာ သူ့ပို့ကုန်တွေကို သွင်းကုန်အခွန်နည်းတဲ့ ဈေးကွက်တွေဆီကို ပိုမိုတင်ပို့ဖို့ မျှော်လင့်ထားတာပါ။

နိုင်ငံတကာ ကုန်သွယ်ရေးအတိုင်ပင်ခံ အဖွဲ့တခုဖြစ်တဲ့ McLarty Associates က အကြီးတန်းအကြံပေး Steven Okun က ဗွီအိုအေကို ပြောတာကတော့ ရေရှည်မှာ RCEP ဟာ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို ကုန်သွယ်ရေးအရ ပိုမိုနီးကပ်သွားစေပြီး ဒေသတွင်း အမေရိကန် စီးပွားရေးကို ကန့်သတ်သလို ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအတွက် အခွင့်အရေး ပိုလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဗီယက်နမ်အတွက် ဈေးပေါတဲ့ သွင်းကုန်တွေ ဝင်လာဖို့ RCEP က လမ်းဖွင့်ပေးမှာဖြစ်ပြီး အထူးသဖြင့် ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝင်လာမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ နှစ်စဉ် အာဆီယံနိုင်ငံတွေဆီကနေ ကုန်ကြမ်းနဲ့ ထုတ်လုပ်ရေးပစ္စည်း တန်ဖိုး ဒေါ်လာ ဘီလျံ ၃၀ ကျော် တင်သွင်းနေရတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG