သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် တရုတ် ပြင်ဆင်မှုပြီးစီး


တရုတ်နိုင်ငံ Tianjin ဆိပ်ကမ်းက ကွန်တိန်နာတွေ သယ်ယူနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၉)
တရုတ်နိုင်ငံ Tianjin ဆိပ်ကမ်းက ကွန်တိန်နာတွေ သယ်ယူနေတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၉)

(Zawgyi / Unicode)

တရုတ်နိုင်ငံဟာ RCEP လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီမှုအတွက် ပြင်ဆင်မှုတွေ ပြီးစီးသွားပြီးလို့ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ဒေသတွင်း အလုံးစုံ စီးပွားရေးမိတ်ဘက်လို့ အမည်ရတဲ့ RCEP မှာ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ပြီး ဒီသဘောတူညီချက်ဟာ လာမယ့်နှစ်ဦးပိုင်းကစပြီး သြစတြေးလျ၊ ဂျပန်၊ တရုတ်နဲ့ အာဆီယံ ၁၀ နိုင်ငံအပေါ် အကျိုးသက်ရောက်သွားမှာလည်း ဖြစ်ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်က လက်ခံပြီး သဘောတူညီမှုဆိုင်ရာ ကိစ္စတွေ ပြီးဆုံးတာနဲ့ ရက်ပေါင်း ၆၀ အတွင်း အကျိုးသက်ရောက်လိမ့်မယ်လို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတခုမှာ ကြေညာပါတယ်။

တရုတ်နိုင်ငံကတော့ RCEP ကို မြန်နိုင်သမျှမြန်မြန် လက်မှတ်ရေးထိုးကြဖို့နဲ့ အကောင်အထည်ဖော်ဖို့ မျှော်မှန်းထားပါတယ်။

နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်တဲ့ RCEP လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်မှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အသားတင်ထုတ်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်းတို့ ပါဝင်တဲ့ အကြီးဆုံး ကုန်သွယ်ရေးအုပ်စုတခုကို ထူထောင်နေတာလည်း ဖြစ်ပါတယ်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့အတွက် နိုင်ငံ့ခေါင်းဆောင်တွေဟာ ၂၀၁၂ နိုဝင်ဘာကတည်းက စတင်ပြီး အကြိမ် ၃၀ ထက်မနည်း ညှိနှိုင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG