သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝွမ္း ကုန္စည္ျဖန႔္ခ်ီမႈတိုးလာဖို႔ေမွ်ာ္လင့္


{Zawgyi/Unicode}

ၿပီးခဲ့တဲ့အပတ္ထဲ တရုတ္-အေမရိကန္ကုန္သြယ္ေရး အျငင္းပြားမႈ ေလ်ာ့က်လာတာမို ့ကမၻာ့ကုန္ထုတ္လုပ္ျဖန္႔ခ်ီမႈကို အကူအညီရေစလိမ့္မယ္လို႔ က်ြမ္းက်င္သူေတြကဆိုပါတယ္။ သို႔ေပမယ့္လည္း အေရွ႕ေတာင္အာရွနိုင္ငံေတြက လိုလားေနတဲ့ တရုတ္ရဲ့ရင္းနွီးျမွဳပ္နွံမႈကေတာ့ နည္းပါးေနဦးမယ္လို႔ဆိုပါတယ္။

ကုန္သြယ္ေရးအျငင္းပြားမႈေၾကာင့္ စီးပြားေရးတစ္ဆို႔ေနခဲ့ျပီး အခုေတာ့ အင္အားႀကီးနွစ္နိုင္ငံရဲ႕သြင္းကုန္အခြန္ေတြကို ေလ်ွာ့ခ်ေပးမွာျဖစ္တာေၾကာင့္ ကမၻာတလႊားက တန္ဖိုးႀကီး အီလက္ထေရာနစ္ အစိတ္အပိုင္းထုတ္လုပ္၊ တပ္ဆင္၊ ေရာင္းခ်သူေတြကိုျပန္လည္ နာလန္ထေစမွာျဖစ္တယ္လို ့ ေလ့လာသူေတြက ဆိုပါတယ္။

သို႔ေပမယ့္လည္း အေရွ႕ေတာင္အာရွနိုင္ငံေတြျဖစ္တဲ့ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ထိုင္းနဲ႔ဗီယက္နမ္တို႔ကေတာ့ တရုတ္နုိင္ငံက ကုန္စည္ေတြမလာဘဲနဲ႔ နိုင္ငံတကာအရင္းအနွီးနဲ႔ပို႔ကုန္ေတြ တင္ပို႔နုိင္မွာမဟုတ္ပါဘူး။ အေရွ႕ေတာင္အာရွနိုင္ငံေတြဟာ ဆင္းရဲျခင္းကေနရုန္းထြက္ဖို႔နဲ႔ စီးပြားေရးကိုတည္ေဆာက္ႏိုင္ဖို႔ အရင္းအႏွီးေတြ ရွာေဖြေနၾကရတာလည္းျဖစ္ပါတယ္။

ကုန္သြယ္ေရး အျငင္းပြားမႈေတြေၾကာင့္ တရုတ္နိုင္ငံအေနနဲ႔ ေဒၚလာ ၃၅၀ ဘီလ်ံကေန ၅၅၀ အထိ နစ္နာခဲ့ရတာပါ။

တရုတ္-အေမရိကန္ သြင္းကုန္အခြန္ေတြ ေလ်ွာ့ခ်ေပးလိုက္တာေၾကာင့္ အီလက္ထေရာနစ္၊ စက္ပစၥည္းနဲ႔ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ ပစၥည္းထုတ္လုပ္မႈေတြ အႀကီးအက်ယ္ ထိုးတက္လာဖို႔ရွိေနပါတယ္။ ကုန္သြယ္ေရး အျငင္းပြားမႈမတို္င္ခင္က တရုတ္နိုင္ငံထုတ္စက္ရံုေတြကေန ၃.၇ ဘီလ်ံတန္ဖိုးရွိတဲ့ ကုန္ပစၥည္းေတြကို ထုတ္လုပ္ခဲ့တယ္လို႔ ေဘာ္စတြန္ စီးပြားေရးအတိုင္ပင္ခံအုပ္စုက ေဖာ္ျပပါတယ္။

တရုတ္နိုင္ငံက ကုန္ထုတ္လုပ္ေရးရင္းႏွီးျမွဳပ္နွံသူေတြဟာ ၂၀၁၈ ကတည္းက အေရွ႕ေတာင္အာရွနိုင္ငံေတြဆီမွာ အထည္ခ်ဳပ္လုပ္ငန္းနဲ႔ ဖိနပ္ထုတ္လုပ္ေရးလုပ္ငန္းေတြကိုပဲ အထူးအေလးေပးရင္းနွီးျမွဳပ္နွံခဲ့ပါတယ္။ အေရွ႕ေတာင္အာရွနိုင္ငံေတြရဲ့ အႀကီးစားစက္မႈဖြံ႔ၿဖိဳးတဲ့နိုင္ငံေတြအေနနဲ႔လည္း မူဝါဒနဲ႔ အေျခခံအေဆာက္အအံုေတြကို အေထာက္ပံ့ေပးဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

ကုန္သြယ္ေရးအျငင္းပြားမႈကာလေတြအတြင္း တရုတ္နိုင္ငံအတြင္း လုပ္ချမင့္တက္လာတာရယ္၊ သဘာဝပတ္ဝန္းက်င္ ဥပေဒေတြတင္းၾကပ္လာတာရယ္ေၾကာင့္ တရုတ္ရင္းနွီးျမွဳပ္နွံသူေတြဟာ နိုင္ငံျပင္ပမွာ သြားေရာက္ျမွဳပ္နွံၾကတာျဖစ္ျပီး ကုန္သြယ္ေရးအျငင္းပြားမႈေနာက္ပိုင္းမွာလည္း ဆက္ျပီး ရင္းနွီးျမွုပ္နွံသြားဖြယ္ရာရွိတယ္လို႔ က်ြမ္းက်င္သူေတြက ခန္႔မွန္းပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


=========

{Unicode}

ကမ္ဘာတဝှမ်း ကုန်စည်ဖြန့်ချီမှုတိုးလာဖို့မျှော်လင့်

ပြီးခဲ့တဲ့အပတ်ထဲ တရုတ်-အမေရိကန်ကုန်သွယ်ရေး အငြင်းပွားမှု လျော့ကျလာတာမို့ကမ္ဘာ့ကုန်ထုတ်လုပ်ဖြန့်ချီမှုကို အကူအညီရစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ သို့ပေမယ့်လည်း အရှေ့တောင်အာရှနိုင်ငံတွေက လိုလားနေတဲ့ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကတော့ နည်းပါးနေဦးမယ်လို့ဆိုပါတယ်။

ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် စီးပွားရေးတစ်ဆို့နေခဲ့ပြီး အခုတော့ အင်အားကြီးနှစ်နိုင်ငံရဲ့သွင်းကုန်အခွန်တွေကို လျှော့ချပေးမှာဖြစ်တာကြောင့် ကမ္ဘာတလွှားက တန်ဖိုးကြီး အီလက်ထရောနစ် အစိတ်အပိုင်းထုတ်လုပ်၊ တပ်ဆင်၊ ရောင်းချသူတွေကိုပြန်လည် နာလန်ထစေမှာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သို့ပေမယ့်လည်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ဗီယက်နမ်တို့ကတော့ တရုတ်နိုင်ငံက ကုန်စည်တွေမလာဘဲနဲ့ နိုင်ငံတကာအရင်းအနှီးနဲ့ပို့ကုန်တွေ တင်ပို့နိုင်မှာမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေဟာ ဆင်းရဲခြင်းကနေရုန်းထွက်ဖို့နဲ့ စီးပွားရေးကိုတည်ဆောက်နိုင်ဖို့ အရင်းအနှီးတွေ ရှာဖွေနေကြရတာလည်းဖြစ်ပါတယ်။

ကုန်သွယ်ရေး အငြင်းပွားမှုတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒေါ်လာ ၃၅၀ ဘီလျံကနေ ၅၅၀ အထိ နစ်နာခဲ့ရတာပါ။

တရုတ်-အမေရိကန် သွင်းကုန်အခွန်တွေ လျှော့ချပေးလိုက်တာကြောင့် အီလက်ထရောနစ်၊ စက်ပစ္စည်းနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုတွေ အကြီးအကျယ် ထိုးတက်လာဖို့ရှိနေပါတယ်။ ကုန်သွယ်ရေး အငြင်းပွားမှုမတိုင်ခင်က တရုတ်နိုင်ငံထုတ်စက်ရုံတွေကနေ ၃.၇ ဘီလျံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တယ်လို့ ဘော်စတွန် စီးပွားရေးအတိုင်ပင်ခံအုပ်စုက ဖော်ပြပါတယ်။

တရုတ်နိုင်ငံက ကုန်ထုတ်လုပ်ရေးရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၁၈ ကတည်းက အရှေ့တောင်အာရှနိုင်ငံတွေဆီမှာ အထည်ချုပ်လုပ်ငန်းနဲ့ ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပဲ အထူးအလေးပေးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အကြီးစားစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေအနေနဲ့လည်း မူဝါဒနဲ့ အခြေခံအဆောက်အအုံတွေကို အထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးအငြင်းပွားမှုကာလတွေအတွင်း တရုတ်နိုင်ငံအတွင်း လုပ်ခမြင့်တက်လာတာရယ်၊ သဘာဝပတ်ဝန်းကျင် ဥပဒေတွေတင်းကြပ်လာတာရယ်ကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ နိုင်ငံပြင်ပမှာ သွားရောက်မြှုပ်နှံကြတာဖြစ်ပြီး ကုန်သွယ်ရေးအငြင်းပွားမှုနောက်ပိုင်းမှာလည်း ဆက်ပြီး ရင်းနှီးမြှုပ်နှံသွားဖွယ်ရာရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်ခင်ဗျာ။

#WorldTrade #ChinaUS #GlobalSupplyChains #VOABurmese

#တရုတ်အမေရိကန်ကုန်သွယ်ရေး#နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု#အရှေ့တောင်အာရှ#အကြီးစားစက်မှုဖွံ့ဖြိုးနိုင်ငံတွ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG