သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ မြေမြှုပ်မိုင်း ရှင်းလင်းရေး ကန် ကူညီမည်


FILE - Members of a demining team look for unexploded ordnance in the Trieu Phong district of Quang Tri province, Vietnam, Jan. 6, 2020.
FILE - Members of a demining team look for unexploded ordnance in the Trieu Phong district of Quang Tri province, Vietnam, Jan. 6, 2020.

=== [[ zawgyi ]] ===

အရှေ့တောင်အာရှ မြေမြှုပ်မိုင်း ရှင်းလင်းရေး ကန် ကူညီမည်

ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ စစ်အကြွင်းအကျန် မြေမြှုပ်မိုင်းတွေနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဖယ်ရှားပေးဖို့ အမေရိကန်အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"ကမ္ဘာမြေပေါ် ဘေးကင်းစွာ လျှောက်လှမ်းရေး" အမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာအရ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ အားလုံးမှာ ပေါက်ကွဲစေတတ်တဲ့ စစ်အကြွင်းအကျန်တွေကို ဘေးကင်းကင်းနဲ့ ဖယ်ရှားနိုင်ရေးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုကတော့ ရာသီဥတု ပြောင်းလဲလာတာရဲ့ သက်ရောက်မှုဖြစ်တဲ့ အပူချိန်မြင့်တက်တာ၊ ရေကြီး၊ မြေပြို၊ မိုးခေါင်တာတွေလို့ ဆိုပါတယ်။ ဒီလို သဘောဝဘေးတွေက မိုင်ရှင်းရေး လုပ်ငန်းတွေကို နှောင့်နှေးစေတာအပြင် အရင်က ဖုံးကွယ်နေတဲ့ မပေါက်ကွဲသေးတဲ့ အကြွင်းအကျန် အသစ်တွေ မြေပြင်ပေါ် ထွက်လာတွေကို ကြုံရတာပါ။

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေ သိသိသာသာ များပြားနေပြီး ၁၉၇၉ ခုနှစ်က အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ စစ်ဖြစ်ခဲ့တဲ့ မြောက်ပိုင်း နယ်စပ်တစ်လျှောက်မှာလည်း မြေမြှုပ်မိုင်းတွေ ရှိနေဆဲပဲလို့ အစီရင်ခံစာက ဆိုပါတဘ်။

ဗီယက်နမ်စစ်ပွဲအပြီး အမေရိကန်နဲ့ မဟာမိတ်တွေ ကျန်ရစ်ခဲ့တဲ့ ဗုံးနဲ့ မြေမြှုပ်မိုင်းဗုံးတွေကြောင့် ၁၉၇၅ ခုနှစ် နောက်ပိုင်း လူ ၄၀,၀၀၀ ကျော် သေဆုံးကာ ၆၀,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချီ မနှစ် ဧပြီလက ပြောပါတယ်။

လာအိုနိုင်ငံက ပေါက်ကွဲစေတတ်တဲ့ စစ်ပွဲ အကြွင်းအကျန် အများစုကတော့ ဗီယက်နမ်စစ်ပွဲအတွင်း လာအို ကွန်မြူနစ်ဆန့်ကျင်ရေး စစ်ဆင်ရေးတွေမှာ အမေရိကန်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် အမေရိကန် ကွန်ဂရက်လွှတ်တော် သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သမားရိုးကျ လက်နက်များ ဖျက်ဆီးရေးအစီအစဉ်တွေ အတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုအတွင်း အမေရိကန်က ဒေါ်လာ ၇၅၃ သန်းနီးပါး ထောက်ပံ့ပေးခဲ့ပြီး ဒီ ၃ နိုင်ငံက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွင်း ရန်ပုံငွေ အများဆုံးပမာဏကို ရရှိတာပါ။ ဒီနိုင်ငံတွေဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ဒေါ်လာ ၇၅ သန်းနီးပါး ရရှိခဲ့တာမှာ လာအိုက ဒေါ်လာ ၄၅ သန်းကျော်ရရှိခဲ့ပြီး ဗီယက်နမ်က ဒေါ်လာ ၂၀ ဒသမ ၂ သန်းကျော်ရရှိခဲ့ကာ ကမ္ဘောဒီးယားက ဒေါ်လာ ၉ ဒသမ ၅ သန်းကျော် ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၁၉၉၃ ခုနှစ်ကနေ စပြီး အမေရိကန်ရဲ့ လက်နက်ဖျက်ဆီးရေး ထောက်ပံ့ပေးမှု အများဆုံးရရှိတဲ့ နိုင်ငံ ၅ နိုင်ငံမှာ အီရတ်က အမေရိကန်ဒေါ်လာ ၆၇၅ သန်းကျော်နဲ့ အများဆုံး ရရှိပြီး အာဖဂန်နစ္စတန်က ဒေါ်လာ ၅၇၄ သန်းနီးပါး ရကာ လာအိုက ဒေါ်လာ ၃၅၅ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၂၀၆ သန်းကျော်၊ ကမ္ဘောဒီးယားက ၁၉၂ သန်းနီးပါး ရရှိခဲ့ပါတယ်။

အမေရိကန်ဟာ သမားရိုးကျ လက်နက်တွေ ဖျက်ဆီးရေး အတွက် ကမ္ဘာ ပေါ် မှာ အကြီးဆုံး ငွေကြေးပံ့ပိုး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက ဒီအတွက် ဒေါ်လာ ၄.၆ ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။

အရှေ့တောင်အာရှ မြေမြှုပ်မိုင်း ရှင်းလင်းရေး ကန် ကူညီမည်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

=== {{ unicode }} ===










XS
SM
MD
LG