သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမှာ ခရီးသည်တင်ဘတ်စ်ကား မိုင်းနင်းမိရာက ၃ ဦးသေ


မိုင်းနင်းမိတဲ့ ကျောက်ကြီးခရီးသည်တင်ကား
မိုင်းနင်းမိတဲ့ ကျောက်ကြီးခရီးသည်တင်ကား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ "ဝင်းရတနာ"ခရီးသည်ပိုဆောင်ရေးယာဉ်လိုင်းက ကားတစီးဟာ မတ်လ၂၀ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ညောင်ကုန်းတံတားအနီးမှာ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့်ကားပေါ်မှာပါလာတဲ့ ခရီးသည်(၃)ယောက်သေဆုံးပြီး ၂ယောက်က တော့ဒဏ်ရာတွေရခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပဲခူးတိုင်းကျောက်ကြီးမြို့ကနေ နတ်သံကွင်း မြို့ဘက်ကို မောင်းနှင်လာတဲ့ ဝင်းရတနာခရီးသည်တင်ကားဟာ ညောင်းကုန်းတံတားအနီးမှာ မြေပြင်မှာထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာ ယူဆရကြောင်း ဒီအတွက် လူ ၃ယောက် သေဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ ဝင်းရတနာကားဂိတ်က တာဝန်ရှိသူတဦးကအခုလိုပြောပြပါတယ်။
"ညောင်ကုန်းမှာလို့ကြားပါတယ်၊ ၃ယောက်သေတယ်ကြားပါတယ်။ မနက် ၆နာရီခွဲလောက်ကပေါ့ ကျွန်တော်တို့ယူဆတာကတော့ ကားမိုင်းယူဆတယ် အောက်ကနေ နင်းမိုင်းပုံစံပေါ့ ဒါရိုက်ဘာနဲ့ ခေါင်းခန်းက အမတယောက်ကတော့ထိခိုက်ဒဏ်ရာရပါတယ်။"
မိုင်းထောင်ထားတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းတွေရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ ကားကမိုင်းနင်းမိပြီးတဲ့နောက် ကယ်ဆယ်ရေးကားတွေလာရောက်သလို စစ်ကောင်စီဘက်က ကားတွေလည်း လာရောက်တာတွေ့ရတယ်လို့ဒေသခံတွေက ဆိုပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့မုန်းမြို့နယ်တွေလည်း စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲစတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကြားနှစ်ဖက်တိုက်ပွဲတွေရှိနေတာကြောင့် အဲဒီဒေသမှာစစ်ဘေးရှောင်တွေလည်း အများအပြားရှိနေတာပါ။ အဲဒီဒေသမှာစစ်ရေးအရ မတည်ငြိမ်မူရှိနေချိန်မှာပဲ ကျောက်ကြီးမြို့နယ်ထဲက ခရီးသည်ကားဟာ မိုင်းနင်းမိပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG