သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၇၀ ကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


အထောက်ထားမဲ့ မြန်မာ ၇၀ ကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး (Photo Courtesy: THIA POLICE)
အထောက်ထားမဲ့ မြန်မာ ၇၀ ကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး (Photo Courtesy: THIA POLICE)

=== [[ ZAWGYI ]] ===

အထောက်ထားမဲ့ မြန်မာ ၇၀ ကျော် ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းနိုင်ငံကို တရားမဝင် လာရောက်ကြတဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်ကို ကြာသပတေးနေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအနောက်တောင်ပိုင်း ကန်ချနဘူရီပြည်နယ်ထဲမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံခဲ့ရသလို၊ ထိုင်းတောင်ပိုင်း နကွန်စီထာမရတ်ပြည်နယ်ထဲက ရာဘာခြံ တခုမှာတော့ လူကုန်ကူးသူတွေ စွန့်ပစ်သွားတဲ့ ရိုဟင်ဂျာ ၄၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းတောင်ပိုင်း နကွန်စီထာမရတ်ပြည်နယ်ထဲက ရာဘာခြံ တခုမှာ လူကုန်ကူးသူတွေ စွန့်ပစ်ထားခဲ့တဲ့ ရိုဟင်ဂျာ ကလေးလူကြီး ၄၀ ကျော်ကို အစာရေစာ ပြတ်လတ်စွာနဲ့ နယ်မြေအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ သူတို့တွေဟာအစာရေစာ ပြတ်လတ်မှု ကြုံတွေ့နေတာကြောင့် နယ်မြေအတွင်းမှာ အကူညီရဖို့ ကြိုးစားရာကနေ ဒေသခံတွေက သတင်းပေးချက်အရ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။

" မတ်လ ၁၆ ရက်နေ့တုန်းက ထိုင်းတောင်ပိုင်း နကွန်စီထာမရတ် ပြည်နယ်ထဲက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃ ဦးနဲ့ ထိုင်းမွန်နယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲက တရားမဝင် မြန်မာ ၃၃ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းမိပါတယ် ၊ စုစုပေါင်း တရားမဝင်မြန်မာ ၇၅ ယောက် ဖမ်းမိတဲ့သဘော ။ ထိုင်းတောင်ပိုင်း နကွန်စီထားမရတ်ပြည်နယ် ချူလာဖွန်ဒေသထဲက ရာဘာခြံထဲမှာ တရားမဝင် မြန်မာတွေကို လူပွဲစားတွေက စွန့်ပစ်သွားကြတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ကေလးတချို့လည်း ပါဝင်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လာကြတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။"

ရခိုင်ပြည်ကလာတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်းနိုင်ငံမှာ တထောက်နားပြီး မလေးရှားထိ ခရီးဆက်ဖို့ လာကြသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

" သူတို့ဟာ ထိုင်းနိုင်ငံကနေဖြတ်ပြီး မလေးရှားထိ ခရီးရှည်သွားဖို့ အစီစဉ်တွေ ရှိကြပါတယ်။ "

တနေ့တည်းမှာပဲ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၃၀ ကျော်ကို အစုအဝေးနဲ့ ဖမ်းမိခဲ့ပါတယ်။

" ထိုင်းနဲ့ မွန်ပြည်နယ် နယ်စပ်မှာ အလုံပိတ် ကားတစီးပေါ်ကနေ တရားမဝင် မြန်မာ ၃၃ ယောက်ကို ဖမ်းမိပါတယ်၊ သူတို့တွေဟာ အလုံပိတ်ကားက မသင်္ကာဖွယ်ဖြစ်လို့ ဒေသခံတွေက ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကို အကြောင်းကြားတာကြောင့် တရားမဝင် မြန်မာတွေ လိုက်ပါလာပြီး ထိုင်းယာဉ်မောင်းက သူတို့ကို စွန့်ခွါပြီး ထွက်ပြေးသွားတယ်လို့သိရပါတယ်။ "

တနေ့တည်းမှာပဲ တရားမဝင် မြန်မာ အစုလိုက်အပြုံလိုက် လူ ၇၀ ကျော် ဖမ်းမိသလို ၃ ရက်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် မြန်မာတွေ ဖမ်းမိတာဟာ လူ ၁၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===











XS
SM
MD
LG