ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ စိုင္႐ို႕အျမန္လမ္းမမွာ ျမန္မာႏိုင္ငံကလာတဲ့ အေထာက္အထားမဲ့ ႐ိုဟင္ဂ်ာေတြပါလာတဲ့ ကားတစီး တိမ္းေမွာက္တာေၾကာင့္ ၂ ေယာက္ေသဆုံးခဲ့ပါတယ္။ ၈ ေယာက္ကေတာ့ အတြင္းလူနာအျဖစ္ စိုင္႐ို႕ေဆး႐ုံႀကီးမွာ ကုသမႈ ခံေနရပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက အျပည့္အစုံ ဆက္ေျပာျပပါမယ္။
ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ စိုင္႐ို႕အျမန္လမ္းမွာ မတ္လ ၂ ရက္ ၾကာသပေတးေန႔က အေထာက္အထားမဲ့ ႐ိုဟင္ဂ်ာေတြ ပါလာတဲ့ကားတစီး တိမ္းေမွာက္ခဲ့တာပါ ၊ ကားတိမ္းေမွာက္မႈမွာ ၂ ဦး ေသဆုံးသြားၿပီး ၈ ဦးကေတာ့ အတြင္းလူနာေတြအျဖစ္ စိုင္႐ို႕ေဆး႐ုံႀကီးမွာ ကုသမူခံယူေနရတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူ ဦးမိုးႀကိဳးက အခုလိုေျပာပါတယ္။
"မတ္လ ၂ရက္မနက္အေစာပိုင္း မနက္ ၄ နာရီေလာက္မွာ ထိုင္းနဲ႔မြန္ျပည္နယ္နယ္စပ္ ကန္ခ်နဘူရီျပည္နယ္စိုင္႐ို႕ၿမိဳ႕နယ္ စိုင္႐ို႕အျမန္လမ္းမွာ အရွိန္နဲ႔ေမာင္လာတဲ့ကားတစီးဟာ လမ္းေဘးကိုတိမ္းေမွာက္သြားတယ္လို႔ ၃၂၃ အျမန္လမ္းရဲတပ္ဖြဲ႕ကသတင္းထုတ္ျပန္ပါတယ္ ယဥ္တိမ္းေမွာက္မူ႔ ျဖစ္စဥ္မွာေတာ့ အမ်ိဳးသမီးတဦးက ပြဲခ်င္းၿပီးေသဆုံးသြားပါတယ္။ အမ်ိဳးသားတဦးကေတာ့ ေဆး႐ုံေရာက္မွ ေသဆုံးသြားပါတယ္၊ က်န္တဲ့ ၈ ဦးကေတာ့ စိုင္႐ို႕ေဆး႐ုံမွာ အတြင္းလူနာအျဖစ္ တင္ထားရပါတယ္"
အလားတူ မတ္လ ၂ရက္ေန႔မွာပဲ ခ်ဳံေဖာ္ျပည္နယ္ထဲမွာ မသကၤာဖြယ္ရာကားတစ္စီးကိုစစ္ေဆးရာမွာ အေထာက္အထားမဲ့ျမန္မာ ၁၅ ဦးကို ဖမ္းမိခဲ့တယ္လို႔ ဆိုပါတယ္။
"ထိုင္းႏိုင္ငံေတာင္ပိုင္းခ်ဳံေဖာ္ျပည္နယ္ထဲမွာပစ္ကပ္ကားတစီးကို မသကၤာလို႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြက စစ္ေဆးရာမွာေတာ့တရားမဝင္ျမန္မာ ၁၅ ဦး အမ်ိဳးသား ၁၂ ဦး အမ်ိဳးသမီး ၃ ဦးကိုဖမ္းမိပါတယ္၊ အဲဒီမွာလည္းထိုင္းယာဥ္ေမာင္းကထြက္ေျပးေနဆဲျဖစ္ပါတယ္"
အျဖစ္အပ်က္ ၂ ခုလုံးမွာေတာ့ သူတို႔ကိုသယ္ေဆာင္လာတဲ့ ထိုင္းယာဥ္ေမာင္းကားသမား ထြက္ေျပးသြားတာေၾကာင့္ လူကုန္ကူးမႈ က်ဴးလြန္ခဲ့သူေတြကို စုံစမ္းေဖာ္ထုတ္ေနဆဲျဖစ္တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။ စိုင္႐ို႕ မွာကားေမွာက္မႈမွာေတာ့ ကားတစီးလုံးက ႐ိုဟင္ဂ်ာေတြျဖစ္တယ္လို႔ ေဒသခံ လူမူကယ္ဆယ္ေရးအဖြဲ႕ေတြက ေျပာၾကပါတယ္။ ၿပီးခဲ့တဲ့ရက္ကလဲ ႐ိုဟင္ဂ်ာအမ်ားစုပါဝင္တဲ့ ျမန္မာႏိုင္ငံသား ၁၂၀ ေလာက္ကို ပရာကြၽတ္ခီရီကန္ျပည္နယ္ထဲမွာ ဖမ္းမိခဲ့ပါတယ္။
{Unicode}
ကန်ချနဘူရီ ကားမှောက်မှု ရိုဟင်ဂျာ ၂ ဦးသေဆုံး
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ရို့အမြန်လမ်းမမှာ မြန်မာနိုင်ငံကလာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာတွေပါလာတဲ့ ကားတစီး တိမ်းမှောက်တာကြောင့် ၂ ယောက်သေဆုံးခဲ့ပါတယ်။ ၈ ယောက်ကတော့ အတွင်းလူနာအဖြစ် စိုင်ရို့ဆေးရုံကြီးမှာ ကုသမှု ခံနေရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပါမယ်။
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ရို့အမြန်လမ်းမှာ မတ်လ ၂ ရက် ကြာသပတေးနေ့က အထောက်အထားမဲ့ ရိုဟင်ဂျာတွေ ပါလာတဲ့ကားတစီး တိမ်းမှောက်ခဲ့တာပါ ၊ ကားတိမ်းမှောက်မှုမှာ ၂ ဦး သေဆုံးသွားပြီး ၈ ဦးကတော့ အတွင်းလူနာတွေအဖြစ် စိုင်ရို့ဆေးရုံကြီးမှာ ကုသမူခံယူနေရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
အသံ (၁)
"မတ်လ ၂ရက်မနက်အစောပိုင်း မနက် ၄ နာရီလောက်မှာ ထိုင်းနဲ့မွန်ပြည်နယ်နယ်စပ် ကန်ချနဘူရီပြည်နယ်စိုင်ရို့မြို့နယ် စိုင်ရို့အမြန်လမ်းမှာ အရှိန်နဲ့မောင်လာတဲ့ကားတစီးဟာ လမ်းဘေးကိုတိမ်းမှောက်သွားတယ်လို့ ၃၂၃ အမြန်လမ်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ် ယဉ်တိမ်းမှောက်မူ့ ဖြစ်စဉ်မှာတော့ အမျိုးသမီးတဦးက ပွဲချင်းပြီးသေဆုံးသွားပါတယ်။ အမျိုးသားတဦးကတော့ ဆေးရုံရောက်မှ သေဆုံးသွားပါတယ်၊ ကျန်တဲ့ ၈ ဦးကတော့ စိုင်ရို့ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရပါတယ်"
အလားတူ မတ်လ ၂ရက်နေ့မှာပဲ ချုံဖော်ပြည်နယ်ထဲမှာ မသင်္ကာဖွယ်ရာကားတစ်စီးကိုစစ်ဆေးရာမှာ အထောက်အထားမဲ့မြန်မာ ၁၅ ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
"ထိုင်းနိုင်ငံတောင်ပိုင်းချုံဖော်ပြည်နယ်ထဲမှာပစ်ကပ်ကားတစီးကို မသင်္ကာလို့ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာတော့တရားမဝင်မြန်မာ ၁၅ ဦး အမျိုးသား ၁၂ ဦး အမျိုးသမီး ၃ ဦးကိုဖမ်းမိပါတယ်၊ အဲဒီမှာလည်းထိုင်းယာဉ်မောင်းကထွက်ပြေးနေဆဲဖြစ်ပါတယ်"
အဖြစ်အပျက် ၂ ခုလုံးမှာတော့ သူတို့ကိုသယ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းကားသမား ထွက်ပြေးသွားတာကြောင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ စိုင်ရို့ မှာကားမှောက်မှုမှာတော့ ကားတစီးလုံးက ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဒေသခံ လူမူကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ရက်ကလဲ ရိုဟင်ဂျာအများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၂၀ လောက်ကို ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။