သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတ္မွတ္လုပ္ငန္းနယ္ပယ္ေက်ာ္လုပ္သူ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို အေရးယူမည္ (ထိုင္း လ၀က)


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ျမန္မာအလုပ္သမားတခ်ိဳ႕ (ေမ ၂၂၊ ၂၀၂၁)

ထိုင္းႏိုင္ငံတြင္းမွာ အေထာက္အထားလက္မွတ္ေတြအတြက္ မွတ္ပံုတင္တဲ့ကာလၿပီးဆံုးသြားခ်ိန္မွာ ေရႊေျပာင္းအအလုပ္သမားေတြ အမ်ားစု အလုပ္ကိုင္ေနရာေနရာေတြကို ထုိ္င္းလ၀က၊ ရဲ၊ အလုပ္သမားေရး၀န္ႀကီးဌာနက တာ၀န္ရွိသူေတြ သြားေရာက္စစ္ေဆးခဲ့ပါတယ္။ အဲဒီေနရာေတြမွာ ထုိင္းႏိုင္ငံသားေတြသာ လုပ္ရမယ့္အလုပ္ေတြကို ေရႊေျပာင္းအလုပ္သမားေတြက လုပ္ကိုင္ေနတာေတြကို ဆက္လက္ေတြ ့ရတဲ့အတြက္ သူတို ့ေတြကို ျပင္းျပင္းထန္ထန္ အေရးယူေဆာင္ရြက္တာေတြလုပ္မယ္လို ့ထုိင္းအလုပ္သမား၀န္ႀကီးဌာနက ေျပာပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏို္င္ငံတြင္းမွာ ႏိုင္ငံျခားသာအလုပ္သမားေတြကို လုပ္ကို္င္ခြင့္မျပဳတဲ့အလုပ္ေတြ ထုိင္းအလုပ္သမား၀န္ႀကီးဌာနက အရင္ကတည္းကသတ္မွတ္ထားသလို ေနာက္ထပ္ထပ္တိုးသတ္မွတ္တာ ေျဖေလွ်ာ့သတ္မွတ္ေပးတာေတြကို လုပ္ခဲ့တာပါ ။ ဒီရက္ပိုင္းအတြင္း အလုပ္သမား၀န္ႀကီးဌာနက တာ၀န္ရွိသူေတြဟာ ျမန္မာအပါအ၀င္ေရႊ႔ေျပာင္းအလုပ္သမားေတြအမ်ားစု ရွိတဲ့ေနရာေတြကို စစ္ေဆးမႈလုပ္ခဲ့ပါတယ္။ ဒီထဲမွာ ျမန္မာအလုပ္သမားေတြဟာ ထုိင္းႏိုင္ငံသားေတြသာလုပ္ရမယ့္အလုပ္ေတြကို လုပ္ကိုင္ေနတာေတြ ေတြ႔ရတဲ့အတြက္ အလုပ္သမား၀န္ႀကီးဌာနက ျပင္းျပင္းထန္ထန္သတိေပးခဲ့ၿပီးအေရးယူေဆာင္ရြက္တာေတြ လုပ္ေတာ့မွာျဖစ္ေႀကာင္းေရႊ႔ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ ့ဥကၠ႒ ဦးေအာင္ေက်ာ္ကအခုလိုေျပာပါတယ္။

"ထိုင္းအစိုးရက အလုပ္သမားအမ်ားစုရွိတဲ့ေနရာေတြမွာလိုက္လံစစ္ေဆးၾကတယ္။ ၀င္ေရာက္စစ္ေဆးတဲ့အခါမွာ၀န္ႀကီးဌာနအစံုပါတယ္ ။လ၀က ရဲေတြ အလုပ္သမား၀န္ႀကီးဌာနအျပင္ အလုပ္သမား၀န္ႀကီးဌာနလက္ေအာက္က ဆာဝါဒီကန္တို ့က်ဟမ္ငမ္ရံုးတို႔က လူေတြပါပါတယ္။ ဌာနေပါင္းစုံကလိုက္စစ္တာ၊ အဲဒီမွာအလုပ္သမားေတြက တရား၀င္အေထာက္အထားေတြေကာရွိရဲ႕လား ၿပီးေတာ့ ရွိရင္ေကာ အလုပ္အကိုင္ေတြကေကာမွန္ကန္ရဲ႕လားဆုိျပီး နယ္ေျမေတြကိုလိုက္စစ္ေဆးတဲ့အခါမွာ အခုက ခပ္စိတ္စိတ္ေလးေတြေတြ ့ရတဲ့အတြက္ မျဖစ္ေတာ့ဘူးဆိုၿပီး သတ္မွတ္ထားတဲ့ ထုိင္းေတြလုပ္ရမယ့္အလုပ္ကုိႏိုင္ငံျခားသားေတြက လုပ္ေနၿပီးဆိုၿပီး အဲဒါကိုထပ္ၿပီးသတိေပးတာ ဟန္႕တားတဲ့သေဘာေပါ့။ ဒါမ်ိဳးေနာက္ထပ္ေတြ ့လာမယ္ဆိုရင္ ျပင္းထန္စြာအေရးယူမယ္ဆိုၿပီး သူကေျပာလာၿပီ။"

ဒီထဲမွာေတာ့လတ္တေလာျမန္မာေတြအမ်ားဆံုးလုပ္ကိုင္ေနတဲ့အလုပ္ေတြျဖစ္တဲ့ ဆံပင္ၫွပ္ဆိုင္ဖြင့္တာ တြန္းလွည္းေတြနဲ႔ေစ်းေရာင္းၾကတာ အဌားေမာ္ေတာ္ယဥ္ေမာင္းႏွင္းတဲ့အလုပ္ေတြ ႐ိုးရာအႏွိပ္လုပ္ငန္းေတြကို လံုး၀မလုပ္ရဘူးလို ့အလုပ္သမား၀န္ႀကီးဌာနက တားျမစ္ခဲ့ပါတယ္။ ဒိီအလုပ္ေတြ လုပ္ေနတာေတြ ့ရင္ တိုင္ၾကားအသိေပးဖို႔နဲ႕ ဆက္လက္အေရးယူ ေဆာင္ရြက္မယ္လို႔လည္းထိုင္းအလုပ္သမား၀န္ႀကီးဌာနကဆိုပါတယ္။

ဒါေပမယ့္ ႏိုင္ငံျခားသားအလုပ္သမားအေတြအေနနဲ ့အလုပ္လုပ္ဖို ့အရည္အခ်င္းရွိမယ္ဆိုရင္ေတာ့ စိုက္ပ်ိဳးေရးေမြးျမဴေရး ေဆာက္လုပ္ေရးလုပ္ငန္းေတြ အထည္ခ်ဳပ္ နဲ႕စားေသာက္ဆိုင္လုပ္ငန္းေတြလုပ္ကိုင္ႏိုင္တယ္လို႔လည္းအသိေပးထုတ္ျပန္ခဲ့ပါတယ္။

အခုဆိုရင္ ျမန္မာအမ်ားစုရွိတဲ့ေနရာေတြဟာ ျမန္မာေတြက ထိုင္းႏိုင္ငံသားေတြသာလုပ္ရတဲ့အလုပ္ေတြကို လုပ္ကိုင္ေနၾကတာေတြမ်ားလာတဲ့အတြက္ ထိုင္းအလုပ္သမား၀န္ႀကီးဌာနက ေတြ ့တဲ့ေနရာမွာတိုင္ၾကားဖို ့ကိုလည္း ျပင္းျပင္းထန္ထန္ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

သတ်မှတ်လုပ်ငန်းနယ်ပယ်ကျော်လုပ်သူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အရေးယူမည် (ထိုင်း လဝက)

ထိုင်းနိုင်ငံတွင်းမှာ အထောက်အထားလက်မှတ်တွေအတွက် မှတ်ပုံတင်တဲ့ကာလပြီးဆုံးသွားချိန်မှာ ရွှေပြောင်းအအလုပ်သမားတွေ အများစု အလုပ်ကိုင်နေရာနေရာတွေကို ထိုင်းလဝက၊ ရဲ၊ အလုပ်သမားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီနေရာတွေမှာ ထိုင်းနိုင်ငံသားတွေသာ လုပ်ရမယ့်အလုပ်တွေကို ရွှေပြောင်းအလုပ်သမားတွေက လုပ်ကိုင်နေတာတွေကို ဆက်လက်တွေ့ရတဲ့အတွက် သူတို့တွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာတွေလုပ်မယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသာအလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပြုတဲ့အလုပ်တွေ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အရင်ကတည်းကသတ်မှတ်ထားသလို နောက်ထပ်ထပ်တိုးသတ်မှတ်တာ ဖြေလျှော့သတ်မှတ်ပေးတာတွေကို လုပ်ခဲ့တာပါ ။ ဒီရက်ပိုင်းအတွင်း အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ မြန်မာအပါအဝင်ရွှေ့ပြောင်းအလုပ်သမားတွေအများစု ရှိတဲ့နေရာတွေကို စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ဒီထဲမှာ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံသားတွေသာလုပ်ရမယ့်အလုပ်တွေကို လုပ်ကိုင်နေတာတွေ တွေ့ရတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးအရေးယူဆောင်ရွက်တာတွေ လုပ်တော့မှာဖြစ်ကြောင်းရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ကအခုလိုပြောပါတယ်။

"ထိုင်းအစိုးရက အလုပ်သမားအများစုရှိတဲ့နေရာတွေမှာလိုက်လံစစ်ဆေးကြတယ်။ ဝင်ရောက်စစ်ဆေးတဲ့အခါမှာဝန်ကြီးဌာနအစုံပါတယ် ။လဝက ရဲတွေ အလုပ်သမားဝန်ကြီးဌာနအပြင် အလုပ်သမားဝန်ကြီးဌာနလက်အောက်က ဆာဝါဒီကန်တို့ကျဟမ်ငမ်ရုံးတို့က လူတွေပါပါတယ်။ ဌာနပေါင်းစုံကလိုက်စစ်တာ၊ အဲဒီမှာအလုပ်သမားတွေက တရားဝင်အထောက်အထားတွေကောရှိရဲ့လား ပြီးတော့ ရှိရင်ကော အလုပ်အကိုင်တွေကကောမှန်ကန်ရဲ့လားဆိုပြီး နယ်မြေတွေကိုလိုက်စစ်ဆေးတဲ့အခါမှာ အခုက ခပ်စိတ်စိတ်လေးတွေတွေ့ရတဲ့အတွက် မဖြစ်တော့ဘူးဆိုပြီး သတ်မှတ်ထားတဲ့ ထိုင်းတွေလုပ်ရမယ့်အလုပ်ကိုနိုင်ငံခြားသားတွေက လုပ်နေပြီးဆိုပြီး အဲဒါကိုထပ်ပြီးသတိပေးတာ ဟန့်တားတဲ့သဘောပေါ့။ ဒါမျိုးနောက်ထပ်တွေ့လာမယ်ဆိုရင် ပြင်းထန်စွာအရေးယူမယ်ဆိုပြီး သူကပြောလာပြီ။"

ဒီထဲမှာတော့လတ်တလောမြန်မာတွေအများဆုံးလုပ်ကိုင်နေတဲ့အလုပ်တွေဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်ဖွင့်တာ တွန်းလှည်းတွေနဲ့ဈေးရောင်းကြတာ အဌားမော်တော်ယဉ်မောင်းနှင်းတဲ့အလုပ်တွေ ရိုးရာအနှိပ်လုပ်ငန်းတွေကို လုံးဝမလုပ်ရဘူးလို့အလုပ်သမားဝန်ကြီးဌာနက တားမြစ်ခဲ့ပါတယ်။ ဒီအလုပ်တွေ လုပ်နေတာတွေ့ရင် တိုင်ကြားအသိပေးဖို့နဲ့ ဆက်လက်အရေးယူ ဆောင်ရွက်မယ်လို့လည်းထိုင်းအလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်။

ဒါပေမယ့် နိုင်ငံခြားသားအလုပ်သမားအတွေအနေနဲ့အလုပ်လုပ်ဖို့အရည်အချင်းရှိမယ်ဆိုရင်တော့ စိုက်ပျိုးရေးမွေးမြူရေး ဆောက်လုပ်ရေးလုပ်ငန်းတွေ အထည်ချုပ် နဲ့စားသောက်ဆိုင်လုပ်ငန်းတွေလုပ်ကိုင်နိုင်တယ်လို့လည်းအသိပေးထုတ်ပြန်ခဲ့ပါတယ်။

အခုဆိုရင် မြန်မာအများစုရှိတဲ့နေရာတွေဟာ မြန်မာတွေက ထိုင်းနိုင်ငံသားတွေသာလုပ်ရတဲ့အလုပ်တွေကို လုပ်ကိုင်နေကြတာတွေများလာတဲ့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက တွေ့တဲ့နေရာမှာတိုင်ကြားဖို့ကိုလည်း ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG