သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူးယစ္ကုန္ၾကမ္း ၂၅ တန္ေက်ာ္ ထိုင္း-ျမန္မာနယ္စပ္မွာ သိမ္းဆည္းရမိ


မဲေဆာက္-ျမဝတီ အမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွာ ဖမ္းဆီးသိမ္းခံရတဲ့ မူးယစ္ေဆးကုန္ၾကမ္းမ်ား (Photo: ထိုင္း မူးယစ္ႏွိမ္နင္းေရးဗ်ဴ႐ို)

ထိုင္း-ျမန္မာနယ္စပ္မွာ ျမန္မာႏိုင္ငံဘက္ ပို႔ေဆာင္မယ့္ ကုန္စည္ေတြထဲမွာ မူးယစ္ေဆးဝါး ထုတ္လုပ္ရာမွာ ကုန္ၾကမ္းအျဖစ္အသုံးျပဳတဲ့ ဆိုဒီယမ္ဆိုင္ယာႏိုက္ ၂၅ တန္ေက်ာ္ ေတြ႔ခဲ့တဲ့အေၾကာင္း ထိုင္းအစိုးရတာဝန္႐ွိသူေတြက ေျပာပါတယ္။

ဒီလ ၁၂ ရက္ေန႔က ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္-ျမဝတီ အမွတ္(၂) ခ်စ္ၾကည္ေရး တံတားကေန အေကာက္ခြန္ဌာနကိုျဖတ္ၿပီး ျမန္မာဘက္ ပို႔ေဆာင္မယ့္ ကုန္စည္ေတြကို မသကၤာလို႔ ထိုင္းမူးယစ္ႏွိမ္နင္းေရးအဖြဲ႔ေတြနဲ႔ နယ္ေျမခံစစ္တပ္ေတြ၊ ရဲေတြက အေသးစိတ္စစ္ေဆးရာမွာ အခုလို ႐ွာေဖြေတြ႔ရိွခဲ့တာ ျဖစ္တဲ့အေၾကာင္း ေသာၾကာေန႔က က်င္းပတဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ထိုင္း မူးယစ္ႏွိမ္နင္းေရးဗ်ဴ႐ို အတြင္းေရးမွဴး Piyasiri Wattanavrangkun က ေျပာပါတယ္။

ဖမ္းမိတဲ့ မူးယစ္ကုန္ၾကမ္းေတြနဲ႔ ပတ္သက္လို႔ ေသခ်ာစစ္ေဆးဖို႔အတြက္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးဌာနကို လႊဲေျပာင္းေပးသြားမွာျဖစ္ၿပီး တရား႐ုံးရဲ႕ အဆုံးအျဖတ္ ရ႐ွိၿပီးမွသာ ဖ်က္ဆီးသြားမွာျဖစ္တယ္လို႔ ထိုင္းဘာသာနဲ႔ ေျပာဆိုသြားပါတယ္။ အခုဖမ္းဆီးလိုက္တဲ့ မူးယစ္ကုန္ၾကမ္းေတြဟာ ရာဘ (ေခၚ) စိတ္ႂကြေဆး ထုတ္မယ္ဆိုရင္ အျပားေပါင္း သန္း ၅၉၀ ေလာက္ ထုတ္လုပ္ႏိုင္တယ္လို႔လည္း ထိုင္း မူးယစ္ေဆးဝါး ႏွိမ္နင္းေရးဗ်ဴ႐ိုက ထုတ္ျပန္ပါတယ္။

ထိုင္းသတင္းေတြမွာေတာ့ ျမန္မာဘက္ကိုပို႔မယ့္ ဒီမူးယစ္ကုန္ၾကမ္းေတြကို တ႐ုတ္ကုမၸဏီတခုက ပို႔တာ ျဖစ္တယ္လို႔ ေဖာ္ျပၾကပါတယ္။ ေလာေလာဆယ္ သိမ္းဆည္းရမိတဲ့ မူးယစ္ကုန္ေတြကို စစ္ေဆးေနဆဲျဖစ္ၿပီး ဒီကုန္ေတြကို သယ္ေဆာင္လာတဲ့ ကားေမာင္းသမားကိုလည္း ဖမ္းဆီးစစ္ေဆးေနပါတယ္။

=== Unicode===

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက် ပို့ဆောင်မယ့် ကုန်စည်တွေထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၂၅ တန်ကျော် တွေ့ခဲ့တဲ့အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလ ၁၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားကနေ အကောက်ခွန်ဌာနကိုဖြတ်ပြီး မြန်မာဘက် ပို့ဆောင်မယ့် ကုန်စည်တွေကို မသင်္ကာလို့ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တွေနဲ့ နယ်မြေခံစစ်တပ်တွေ၊ ရဲတွေက အသေးစိတ်စစ်ဆေးရာမှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တဲ့အကြောင်း သောကြာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း မူးယစ်နှိမ်နင်းရေးဗျူရို အတွင်းရေးမှူး Piyasiri Wattanavrangkun က ပြောပါတယ်။

ဖမ်းမိတဲ့ မူးယစ်ကုန်ကြမ်းတွေနဲ့ ပတ်သက်လို့ သေချာစစ်ဆေးဖို့အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး တရားရုံးရဲ့ အဆုံးအဖြတ် ရရှိပြီးမှသာ ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ မူးယစ်ကုန်ကြမ်းတွေဟာ ရာဘ (ခေါ်) စိတ်ကြွဆေး ထုတ်မယ်ဆိုရင် အပြားပေါင်း သန်း ၅၉၀ လောက် ထုတ်လုပ်နိုင်တယ်လို့လည်း ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုက ထုတ်ပြန်ပါတယ်။

ထိုင်းသတင်းတွေမှာတော့ မြန်မာဘက်ကိုပို့မယ့် ဒီမူးယစ်ကုန်ကြမ်းတွေကို တရုတ်ကုမ္ပဏီတခုက ပို့တာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ လောလောဆယ် သိမ်းဆည်းရမိတဲ့ မူးယစ်ကုန်တွေကို စစ်ဆေးနေဆဲဖြစ်ပြီး ဒီကုန်တွေကို သယ်ဆောင်လာတဲ့ ကားမောင်းသမားကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။

XS
SM
MD
LG