သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း တောဝက်ဘောလုံးအသင်းခေါင်းဆောင် ဗြိတိန်မှာရုတ်တရက်သေဆုံး


မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံး အသင်းဝင်များ
မဲဆိုင် Tham Luang cave လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံး အသင်းဝင်များ

[[Zawgyi/Unicode]]

[[Unicode]]

ထိုင်း တောဝက်ဘောလုံးအသင်းခေါင်းဆောင် ဗြိတိန်မှာရုတ်တရက်သေဆုံး

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမှာရေကြီးလို့ လှိုဏ်ဂူထဲ နှစ်ပတ်ကြာပိတ်မိနေလို့ကယ်တင်ခဲ့ရတဲ့ လူငယ်ဘောလုံအသင်းသား ၁၂ ယောက်ထဲက အသင်းခေါင်းဆောင်ဟာ ဗြိတိန်က ဘောလုံးအကယ်ဒမီတခုမှာ သင်တန်းတက်နေရင်း ကွယ်လွန်သွားပြီလို့ သူ့ရဲ့ဆရာဟောင်းတဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ဒွန်” လို့ လူသိများတဲ့ တောဝက်ဘောလုံးအသင်းခေါင်းဆောင် “ဒူအန်ပချ်ပရိုသပ်” ဟာ ကွယ်လွန်ချိန်မှာ အသက် ၁၇ နှစ်ပဲရှိပါသေးတယ်။ သူ ဘာကြောင့်သေဆုံးရတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Members of the Wild Boars soccer team who were rescued from a flooded cave, pose for the media after a marathon and biking event in Mae Sai, Chiang Rai province, Thailand, June 23, 2019.
Members of the Wild Boars soccer team who were rescued from a flooded cave, pose for the media after a marathon and biking event in Mae Sai, Chiang Rai province, Thailand, June 23, 2019.

သူတို့ကို စာသင်ပေးခဲ့ဖူးတဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးက ဒီသတင်းကို သူ့ရဲ့လူမှုကွန်ရရက်မှာ မျှဝေခဲ့တာပါ။

ဘုန်းတော်ကြီး ဆုပက်သွန် မက်သီဂိုက “ဒွန်” ဟာ ဗြိတိန်မှာ မတော်တဆမှုတခုကြုံတွေ့ခဲ့ရတယ်ဆိုတာကို ဒွန်ရဲ့ အဖွားဆီကတဆင့်သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒွန်ကို ပညာတော်သင်ဆုရအောင် ကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံဘောလုံးလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်၊ နည်းပြဟောင်းလည်းဖြစ်သူ ကီယာတီဆတ် ဆီနာမောင်းကတော့ “ကျနော် သူ့ရဲ့အိပ်မက်တွေကို အကောင်အထည် ဖေါ်စေချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ကောင်းကောင်းအနားယူပါတော့ ဒွန်” လို့ သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လတုန်းက အသက် ၁၁ နှစ် နဲ့ ၁၆ နှစ်နှစ်ကြား ဘောလုံးသမား ကလေးငယ်တွေနဲ့ အသက် ၂၅ နှစ်အရွယ် လက်ထောက်နည်းပြတို့ဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်က သမ်လွမ်း (Tham Luang) လိုဏ်ဂူထဲကို စူးစမ်းလေ့လာရေး ခရီးထွက်ခဲ့ကြရာမှာ ရေလွှမ်းမိုးမှုကြောင့် ပိတ်မိသွားခဲ့ပါတယ်။ သူတို့ကို ကိုးရက်အကြာမှ လိုဏ်ဂူအဝင်ဝကနေ နှစ်မိုင်ခွဲအကွာမှာ ပြန်တွေ့ရှိရပြီး နောက်ထပ် ၆ ရက်အကြာမှာ ခက်ခက်ခဲခဲနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကယ်ဆယ်ရေးမှာ အငြိမ်းစားထိုင်းရေငုပ်သမားတဦး သေဆုံးခဲ့ရပါတယ်။

ဘောလုံးသမား လူငယ်လေးတွေဟာ လွတ်မြောက်လာပြီးနောက်မှာ အင်္ဂလန်က နာမည်ကြီး မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းရဲ့ကစားပွဲတပွဲ တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပြီး သူတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို စာအုပ်တွေ၊ မှတ်တမ်းရုပ်ရှင်တွေအဖြစ် ဖော်ပြကြသလို မကြာသေးမီကလည်း Netflix ရုပ်သံစီးရီးက "Thai Cave Rescue" ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပါတယ်။
#တောဝက်အသင်း #ထိုင်းလူငယ်ဘောလုံးအသင်း #WileBoars #ThamLuangCave #တောဝက်အသင်းခေါင်းဆောင်ဒွန်
============

[[Unicode]]









XS
SM
MD
LG