ထိုင္း-ျမန္မာနယ္စပ္ စံခရဘူရီၿမိဳ႕နဲ႔ကပ္လ်က္ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲရိွ ဘုရားသုံးဆူရဲစခန္းကို ျပည္သူကာကြယ္ေရးတပ္နဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြဘက္က ဝင္ေရာက္ပစ္ခတ္မူေတြျဖစ္အၿပီး ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ခဲ့တာေၾကာင့္ နယ္စပ္က ဘုရားသုံးဆူ စံခရဘူရီလမ္းကို ထိုင္းဘက္က အသြားအလာေတြပိတ္လိုက္ပါတယ္ ။ဒါအျပင္ နယ္စပ္လုံျခဳံေရးကို တင္းၾကပ္စြာခ်ထားပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္၊
ထိုင္း-ျမန္မာနယ္စပ္ စံခရဘူရီၿမိဳ႕နဲ႔ကပ္လ်က္ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ထဲရိွ ဘုရားသုံးဆူရဲစခန္းကို ျပည္သူကာကြယ္ေရးတပ္နဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြဘက္က ဝင္ေရာက္ပစ္ခတ္မူေတြျဖစ္အၿပီး မေန႔တုန္းကေတာ့ ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။ ဒီအတြက္ ထိုင္းဘက္က နယ္စပ္က ဘုရားသုံးဆူ စံခရဘူရီ သြားတဲ့လမ္းကို ပိတ္ထားၿပီး လူေတြအသြားအလာေတြ ခြင့္မျပဳဘူးလို႔လည္း ဘုရားသုံးဆူေဒသက ေဒသခံတဦးက ေျပာျပပါတယ္။
"လက္နက္ႀကီးက ထိုင္းဘက္ကိုက်တယ္ လူေတြဘာေတြေတာ့ မေသဘူး။ ထိုင္းဘက္နဲ႔ ကပ္ေနတယ္ဆိုေတာ့ ထိုင္းဘက္က နယ္စပ္လုံျခဳံေရးကို ခ်က္ခ်င္းခ်တယ္။ ေလယာဥ္ေတြ ဘာေတြ ဟတ္စကီးေတြ ဘာေတြ လာတယ္။ ဒီေန႔ေတာ့ ခ်က္ခ်င္းပဲ လုံျခံဳေရးတင္းၾကပ္ၿပီး ပိတ္တယ္ ထိုင္းဘက္က လမ္းေၾကာင္းကို ပိတ္တယ္။ ဘုရားသုံးဆူနဲ႔ စခံဘူရီလမ္းေၾကာင္းကို ပိတ္လိုက္တယ္။ တိုက္ပြဲကေတာ့ ထိုင္းစစ္တပ္နဲ႔ ကပ္ေနတယ္။ တိုက္ပြဲက ထိုင္းစစ္တပ္နဲ႔ ကပ္ေနေတာ့ ကိုက္ ၁၀၀ ေလာက္ပဲ႐ွိတယ္။ ဒါေပမယ့္ ဒုကၡသည္ေတြေတာ့ ေပးဝင္တယ္။ ဒီနယ္ေျမနဲ႔ ကပ္လ်က္ဆိုေတာ့ ေျပးတယ္။"
စစ္ေကာင္စီဘက္က ထိုင္းနယ္ျခားေစာင့္တပ္ကိုေက်ာ္ၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေတြ ႐ွိခဲ့တယ္လို႔လည္း ဆိုပါတယ္။ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ ျမန္မာဘက္က ေဒသခံေတြဟာ ထိုင္းဘက္ကို ထြက္ေျပးၾကတယ္လို႔ ဆိုပါတယ္။ မေန႔တုန္းက တိုက္ပြဲေတြအတြင္း ႏွစ္ဘက္ ေသဆုံးထိခိုက္မူေတြ ႐ွိေနတယ္လို႔လည္းဆိုပါတယ္။
"စစ္တပ္နဲ႔ နဂါးနီစစ္ေၾကာင္းနဲ႔ ျဖစ္ၾကတာ ျဖစ္တာေတာ့ ရဲစခန္း မီးေလာင္တယ္။ ရဲနဲ႔ စစ္တပ္က ၁၁ ေယာက္က်တယ္။ နဂါးနီစစ္ေၾကာင္း PDF က တေယာက္က်တယ္။"
ထိခိုက္ေသဆုံးမူနဲ႔ ပတ္သက္လို သတင္းေတြကိုေတာ့ VOA က သီးျခားအတည္မျပဳႏိုင္သလို ႏွစ္ဘက္လုံးကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။
ဘုရားသုံးဆူေဒသမွာေတာ့ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြက အခ်ိန္မေ႐ြး ဝင္ေရာက္စီးနင္းၿပီး ပစ္ခတ္တာေတြ လုပ္ႏိုင္တာေတြေတာ့ ေတြ႔ရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။
"အခ်ိန္မေ႐ြး ဝင္လုပ္လို႔ရတယ္။ လက္နက္ကိုင္အဖြဲ႔ေတြကေတာ့ ဘုရားသုံးဆူကိုေပါ့။ တပ္ကလည္းအျပင္ကို မထြက္ရဲဘူး။ အေၾကာင္းမ႐ွိရင္ေပါ့။"
မေန႔တုန္းကေတာ့ မနက္ ၅ နာရီကစၿပီး တိုက္ပြဲေတြျဖစ္ၿပီး၊ ဘုရားသုံးဆူရဲစခန္း မီးေလာင္သြားသလို ဇန္နဝါရီလ၂၃ ရက္ေန႔တုန္းကလည္း စစ္ေကာင္စီရဲ႕ဌာနဆိုင္ရာေတြမွာ အလုပ္မလုပ္ဖို႔အတြက္ ဝန္ထမ္းေတြကို နယ္ေျမခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြက သတိေပးခဲ့ၿပီး၊ လဝက၊ စရဖ၊ ႐ုံးနဲ႔ ဆက္သြယ္ေရး စည္ပင္ေျမစာရင္းဌာနဆိုင္ရာ ႐ုံးေတြကိုလည္း ေဒသခံပူးေပါင္းတပ္ဖြဲ႔ေတြဘက္က မီး႐ိႈ႕တာေတြ လုပ္ခဲ့ပါတယ္႐ွင္။
==== Unicode ====
ထိုင်း-မြန်မာနယ်စပ် စံခရဘူရီမြို့နဲ့ကပ်လျက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲရှိ ဘုရားသုံးဆူရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်ပစ်ခတ်မူတွေဖြစ်အပြီး နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် နယ်စပ်က ဘုရားသုံးဆူ စံခရဘူရီလမ်းကို ထိုင်းဘက်က အသွားအလာတွေပိတ်လိုက်ပါတယ် ။ဒါအပြင် နယ်စပ်လုံခြုံရေးကို တင်းကြပ်စွာချထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်၊
ထိုင်း-မြန်မာနယ်စပ် စံခရဘူရီမြို့နဲ့ကပ်လျက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲရှိ ဘုရားသုံးဆူရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်ပစ်ခတ်မူတွေဖြစ်အပြီး မနေ့တုန်းကတော့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီအတွက် ထိုင်းဘက်က နယ်စပ်က ဘုရားသုံးဆူ စံခရဘူရီ သွားတဲ့လမ်းကို ပိတ်ထားပြီး လူတွေအသွားအလာတွေ ခွင့်မပြုဘူးလို့လည်း ဘုရားသုံးဆူဒေသက ဒေသခံတဦးက ပြောပြပါတယ်။
"လက်နက်ကြီးက ထိုင်းဘက်ကိုကျတယ် လူတွေဘာတွေတော့ မသေဘူး။ ထိုင်းဘက်နဲ့ ကပ်နေတယ်ဆိုတော့ ထိုင်းဘက်က နယ်စပ်လုံခြုံရေးကို ချက်ချင်းချတယ်။ လေယာဉ်တွေ ဘာတွေ ဟတ်စကီးတွေ ဘာတွေ လာတယ်။ ဒီနေ့တော့ ချက်ချင်းပဲ လုံခြုံရေးတင်းကြပ်ပြီး ပိတ်တယ် ထိုင်းဘက်က လမ်းကြောင်းကို ပိတ်တယ်။ ဘုရားသုံးဆူနဲ့ စခံဘူရီလမ်းကြောင်းကို ပိတ်လိုက်တယ်။ တိုက်ပွဲကတော့ ထိုင်းစစ်တပ်နဲ့ ကပ်နေတယ်။ တိုက်ပွဲက ထိုင်းစစ်တပ်နဲ့ ကပ်နေတော့ ကိုက် ၁၀၀ လောက်ပဲရှိတယ်။ ဒါပေမယ့် ဒုက္ခသည်တွေတော့ ပေးဝင်တယ်။ ဒီနယ်မြေနဲ့ ကပ်လျက်ဆိုတော့ ပြေးတယ်။"
စစ်ကောင်စီဘက်က ထိုင်းနယ်ခြားစောင့်တပ်ကိုကျော်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် မြန်မာဘက်က ဒေသခံတွေဟာ ထိုင်းဘက်ကို ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။ မနေ့တုန်းက တိုက်ပွဲတွေအတွင်း နှစ်ဘက် သေဆုံးထိခိုက်မူတွေ ရှိနေတယ်လို့လည်းဆိုပါတယ်။
"စစ်တပ်နဲ့ နဂါးနီစစ်ကြောင်းနဲ့ ဖြစ်ကြတာ ဖြစ်တာတော့ ရဲစခန်း မီးလောင်တယ်။ ရဲနဲ့ စစ်တပ်က ၁၁ ယောက်ကျတယ်။ နဂါးနီစစ်ကြောင်း PDF က တယောက်ကျတယ်။"
ထိခိုက်သေဆုံးမူနဲ့ ပတ်သက်လို သတင်းတွေကိုတော့ VOA က သီးခြားအတည်မပြုနိုင်သလို နှစ်ဘက်လုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဘုရားသုံးဆူဒေသမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အချိန်မရွေး ဝင်ရောက်စီးနင်းပြီး ပစ်ခတ်တာတွေ လုပ်နိုင်တာတွေတော့ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"အချိန်မရွေး ဝင်လုပ်လို့ရတယ်။ လက်နက်ကိုင်အဖွဲ့တွေကတော့ ဘုရားသုံးဆူကိုပေါ့။ တပ်ကလည်းအပြင်ကို မထွက်ရဲဘူး။ အကြောင်းမရှိရင်ပေါ့။"
မနေ့တုန်းကတော့ မနက် ၅ နာရီကစပြီး တိုက်ပွဲတွေဖြစ်ပြီး၊ ဘုရားသုံးဆူရဲစခန်း မီးလောင်သွားသလို ဇန်နဝါရီလ၂၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေမှာ အလုပ်မလုပ်ဖို့အတွက် ဝန်ထမ်းတွေကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးခဲ့ပြီး၊ လဝက၊ စရဖ၊ ရုံးနဲ့ ဆက်သွယ်ရေး စည်ပင်မြေစာရင်းဌာနဆိုင်ရာ ရုံးတွေကိုလည်း ဒေသခံပူးပေါင်းတပ်ဖွဲ့တွေဘက်က မီးရှို့တာတွေ လုပ်ခဲ့ပါတယ်ရှင်။