သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ျပန္ေခၚဖို႔ ျမန္မာျပင္ဆင္


BANGLADESH-MYANMAR-ROHINGYA-REFUGEES

=== [[ ZAWGYI ]] ===

ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ျပန္ေခၚဖို႔ ျမန္မာျပင္ဆင္

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္ စခန္းအတြင္းက ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ ႐ိုဟင္ဂ်ာ ၇၀၀ ေက်ာ္နဲ႔ ဟိႏၵဴ ၃၀၀ ေက်ာ္ ျပန္ေခၚဖို႔ စစ္ေကာင္စီဖက္က ျပင္ေနတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ျပန္လည္ လက္ခံမယ့္သူေတြကို စီစစ္မႈ ၿပီးဆုံးေတာ့မွာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ စစ္ေတြၿမိဳ႕က ဒုကၡသည္စခန္းမွာေတာ့ ႏိုင္ငံသားစိစစ္မႈ သက္ေသခံကဒ္ျပား NVC ကဒ္ ေတြ ထုတ္ေပးေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို အေျခခံၿပီး ကိုရဲမြန္က ေျပာျပမွာပါ။


ရခိုင္ျပည္နယ္၊ လူမႈေရးဝန္ႀကီး ဦးေအာင္မ်ိဳး ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ ေမာင္ေတာကေနတဆင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Teknaf ကို ေရာက္ေနတာ ေသာၾကာေန႔ဆို ၃ ရက္ရွိၿပီ ျဖစ္ပါတယ္။ ကိုယ္စားလွယ္အဖြဲ႕ဟာ ဘဂၤလားေဒရွ္ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕ေတြနဲ႔ ေတြ႕ဆုံခဲ့သလို ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ ျပန္လည္ လက္ခံဖို႔ ျပင္ထားတဲ့ ႐ိုဟင္ဂ်ာ ၇၀၀ ေက်ာ္နဲ႔ ဟိႏၵဴ ၃၀၀ ေက်ာ္တို႔ကို အခ်က္အလက္တိုက္ဆိုင္ စစ္ေဆးမႈေတြ လုပ္ခဲ့တယ္လို႔ ဒုကၡသည္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ အတည္ျပဳထားတဲ့ စခန္းမွာပါတဲ့ လူကိုပဲ သူတို႔ စစ္တာ။ က်ေနာ္တို႔ကို ေမးတယ္။ ခင္ဗ်ား ျမန္မာႏိုင္ငံမွာရွိတုန္းက ဘယ္႐ြာမွာ ရွိေနလဲ၊ ဘယ္ အပိုင္းလဲ၊ အဲဒီမွာရွိတာမွာ အုပ္ခ်ဳပ္ေရးမႉး ဘယ္အပိုင္းလဲ၊ ဘယ္သူလဲ၊ ေမာင္ေတာၿမိဳ႕ေျမာက္ပိုင္းကဆို ႀကိမ္ေခ်ာင္းေပါ့၊ ႀကိမ္ေခ်ာင္းကေန ေမာင္ေတာကိုသြားရင္ ဘယ္ႏွစ္မိုင္ ရွိလဲ၊ စစ္ေဆးတဲ့ဂိတ္ ဘယ္ႏွစ္ခုရွိလဲ၊ အဲမွာ စစ္ေဆးတာ ဘယ္ေလာက္ၾကာသြားရလဲ၊ အဲလို ပုံစံေတြ ေမးတာပဲရွိတယ္။ ဘယ္ေန႔မွာ ဘယ္သူ႔ကို ေခၚမလဲဆိုတာ က်ေနာ္တို႔ အခုထိ မသိဘူး။ သူတို႔ ၇၀၀ ေက်ာ္ေလာက္ စစ္ေဆးၿပီးသြားၿပီ ေျပာတယ္။ အဲမွာ ေနာက္ ဟိႏၵဴဘာသာဝင္ ၃၀၀ ေက်ာ္ေလာက္လည္း ပါတယ္ေျပာတယ္။”

ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေရာက္ေနၾကတဲ့ ဒုကၡသည္ေတြထဲက ေနရပ္ျပန္ဖို႔ စာရင္းေပးထားသူ စာရင္းကို ဘဂၤလားေဒ့ရွ္အစိုးရက ျမန္မာဘက္ကို ေပးပို႔ထားသလို ျမန္မာဘက္ကလည္း လက္ခံႏိုင္တဲ့လူေတြရဲ႕ စာရင္းေတြကို ျပန္ပို႔ေပးထားတာပါ။ အခု ျမန္မာဖက္က ေနာက္ဆုံးပို႔ထားတဲ့ ျပန္လက္ခံမယ့္ စာရင္းထဲ ပါသူေတြကို ေတြ႕ဆုံစစ္ေဆးေနတာ ျဖစ္ပါတယ္။

စိစစ္မႈေတြကို လာမယ့္ တနဂၤေႏြေန႔အထိ လုပ္ေဆာင္ဖို႔ရွိသလို ျပန္လက္ခံမယ့္ရက္ အတိအက်ကိုေတာ့ ဒီ စိစစ္မႈေတြၿပီးမွသာ ထုတ္ျပန္ႏိုင္မယ္လို႔ စစ္ေကာင္စီဘက္က ေျပာဆိုထားပါတယ္။

ျပန္လည္ လက္ခံမယ့္ ဒုကၡသည္ေတြဟာ Teknaf ၿမိဳ႕အနီးတဝိုက္ ဒုကၡသည္စခန္းက လူေတြျဖစ္ၿပီး Cox’s Bazar ဝန္းက်င္စခန္းက ဒုကၡသည္ေတြေတာ့ မပါဝင္ေသးဘူးလို႔ အဲဒီဖက္က ဒုကၡသည္ေတြက ေျပာပါတယ္။ ခုေရာက္ေနတဲ့ ျမန္မာအဖြဲ႕ကလည္း ဒီတေခါက္မွာ Cox’s Bazar အနီးတဝိုက္က ဒုကၡသည္စခန္းေတြကို သြားေရာက္ဖို႔ အစီအစဥ္ မရွိေသးဘူးလို႔လည္း သိရပါတယ္။ အဲ့ဒီ ဒုကၡသည္ေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ေမာင္ေတာ အေရးအခင္း ျဖစ္စဥ္မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဖက္ကို ထြက္ေျပးသြားခဲ့ၾကသူေတြ ျဖစ္ပါတယ္။

တဆက္တည္းမွာဘဲ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြမွာ ဒီရက္ပိုင္းအတြင္း ႏိုင္ငံသားစိစစ္မႈ သက္ေသခံကတ္ (National Verification Card - NVC) ထုတ္ေပးေနပါတယ္။ ႏိုင္ငံသားစိစစ္မႈ သက္ေသခံကတ္ျပား NVC ဆိုတာ ႏိုင္ငံသားစိစစ္မႈေတြ လုပ္ႏိုင္ဖို႔ ယာယီထုတ္ေပးတဲ့ ကဒ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းက တစ္ႀကိမ္ ထုတ္ေပးခဲ့ဖူးပါတယ္။ ကဒ္ ထုတ္ေပးတာနဲ႔ပတ္သတ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္တဦးက ဗြီအိုေအကို ခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔မွာ အမ်ားႀကီးေတာ့ မဟုတ္ပါဘူး၊ ၁၀၀ မွာ ၅ ရာခိုင္ႏႈန္း ထုတ္ေနၾကတာေပါ့။ က်ေနာ္တို႔ ေမာင္ေတာဖက္ ခရီးသြားစရာ ရွိတယ္ဆိုရင္ ဒီတိုင္း သြားလို႔မရဘူး၊ ပုံစံ ၄ ဆိုတာ ထုတ္ရတယ္။ အဲလို ကိုင္မယ္ဆို NVC ကဒ္လုပ္ရတယ္။ အဲလိုမ်ိဳး လုပ္ေနၾကတာပါ။ ရန္ကုန္သြားခ်င္၊ ေဆးကုခ်င္လည္း ပုံစံ ၄ လုပ္ရတယ္။ အဲလို လုပ္တာနဲ႔ NVC ကဒ္လုပ္ရတာပါ။”

အေရအတြက္ ဘယ္ေလာက္ ထုတ္ေပးထားသလဲ ဆိုတာေတာ့ မသိရေသးပါဘူး။ ဒီကဒ္ေတြကို လြန္ခဲ့တဲ့ ၃- ၄လထဲက စတင္ ထုတ္ေပးေနတာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာေတာ့ ဒုကၡသည္စခန္းတခ်ိဳ႕ျဖစ္တဲ့ သက္ကယ္ျပင္နဲ႔ ေဘာဒူဘ စခန္းတို႔မွာ စခန္းကိုလာၿပီး ထုတ္ေပးခဲ့တယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။

စစ္ေတြၿမိဳ႕အနီးတဝိုက္မွာ ဒုကၡသည္စခန္း ၁၀ ခုေက်ာ္ရွိေနၿပီး ခန႔္မွန္းလူဦးေရဟာ တသိန္းခြဲနီးပါး ရွိပါတယ္။ ဒီလူေတြဟာ ၂၀၁၂ ခုႏွစ္ စစ္ေတြၿမိဳ႕ ပဋိပကၡျဖစ္စဥ္ေၾကာင့္ ဒုကၡသည္စခန္းမွာ ေရာက္ေနၾကသူေတြ ျဖစ္ပါတယ္။

စစ္ေကာင္စီဟာ အာဏာသိမ္းၿပီး ၂ ႏွစ္ေက်ာ္အၾကာမွာ ဘဂၤလားေဒရွ္ဖက္ေရာက္ေနတဲ့ ဒုကၡသည္ေတြကို ျပန္ေခၚဖို႔ျပင္ဆင္ေနသလို ျပည္တြင္းမွာရွိေနတဲ့ ဒုကၡသည္ေတြကိုလည္း ႏိုင္ငံသား စိစစ္ေရးလုပ္ႏိုင္ဖို႔ ႏိုင္ငံသားစိစစ္မႈ သက္ေသခံကဒ္ေတြ ထုတ္ေပးလာတာ ျဖစ္ပါတယ္။ ရခိုင္ျပည္ေျမာက္ပိုင္းမွာ ၂၀၁၇ တုန္းက ARSA အဖြဲ႕ရဲ႕ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ျဖစ္စဥ္အတြင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပး တိမ္းေရွာင္ခဲ့ရတဲ့ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ရွိတယ္လို႔ ကုလသမဂၢရဲ႕ အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ မြန်မာပြင်ဆင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းအတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ရိုဟင်ဂျာ ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၃၀၀ ကျော် ပြန်ခေါ်ဖို့ စစ်ကောင်စီဖက်က ပြင်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ပြန်လည် လက်ခံမယ့်သူတွေကို စီစစ်မှု ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စစ်တွေမြို့က ဒုက္ခသည်စခန်းမှာတော့ နိုင်ငံသားစိစစ်မှု သက်သေခံကဒ်ပြား NVC ကဒ် တွေ ထုတ်ပေးနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုရဲမွန်က ပြောပြမှာပါ။


ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မောင်တောကနေတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ကို ရောက်နေတာ သောကြာနေ့ဆို ၃ ရက်ရှိပြီ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေရှ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံဖို့ ပြင်ထားတဲ့ ရိုဟင်ဂျာ ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၃၀၀ ကျော်တို့ကို အချက်အလက်တိုက်ဆိုင် စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တဦးက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ အတည်ပြုထားတဲ့ စခန်းမှာပါတဲ့ လူကိုပဲ သူတို့ စစ်တာ။ ကျနော်တို့ကို မေးတယ်။ ခင်ဗျား မြန်မာနိုင်ငံမှာရှိတုန်းက ဘယ်ရွာမှာ ရှိနေလဲ၊ ဘယ် အပိုင်းလဲ၊ အဲဒီမှာရှိတာမှာ အုပ်ချုပ်ရေးမှူး ဘယ်အပိုင်းလဲ၊ ဘယ်သူလဲ၊ မောင်တောမြို့မြောက်ပိုင်းကဆို ကြိမ်ချောင်းပေါ့၊ ကြိမ်ချောင်းကနေ မောင်တောကိုသွားရင် ဘယ်နှစ်မိုင် ရှိလဲ၊ စစ်ဆေးတဲ့ဂိတ် ဘယ်နှစ်ခုရှိလဲ၊ အဲမှာ စစ်ဆေးတာ ဘယ်လောက်ကြာသွားရလဲ၊ အဲလို ပုံစံတွေ မေးတာပဲရှိတယ်။ ဘယ်နေ့မှာ ဘယ်သူ့ကို ခေါ်မလဲဆိုတာ ကျနော်တို့ အခုထိ မသိဘူး။ သူတို့ ၇၀၀ ကျော်လောက် စစ်ဆေးပြီးသွားပြီ ပြောတယ်။ အဲမှာ နောက် ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်လောက်လည်း ပါတယ်ပြောတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေကြတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်ဖို့ စာရင်းပေးထားသူ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို ပေးပို့ထားသလို မြန်မာဘက်ကလည်း လက်ခံနိုင်တဲ့လူတွေရဲ့ စာရင်းတွေကို ပြန်ပို့ပေးထားတာပါ။ အခု မြန်မာဖက်က နောက်ဆုံးပို့ထားတဲ့ ပြန်လက်ခံမယ့် စာရင်းထဲ ပါသူတွေကို တွေ့ဆုံစစ်ဆေးနေတာ ဖြစ်ပါတယ်။

စိစစ်မှုတွေကို လာမယ့် တနင်္ဂနွေနေ့အထိ လုပ်ဆောင်ဖို့ရှိသလို ပြန်လက်ခံမယ့်ရက် အတိအကျကိုတော့ ဒီ စိစစ်မှုတွေပြီးမှသာ ထုတ်ပြန်နိုင်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ပြန်လည် လက်ခံမယ့် ဒုက္ခသည်တွေဟာ Teknaf မြို့အနီးတဝိုက် ဒုက္ခသည်စခန်းက လူတွေဖြစ်ပြီး Cox’s Bazar ဝန်းကျင်စခန်းက ဒုက္ခသည်တွေတော့ မပါဝင်သေးဘူးလို့ အဲဒီဖက်က ဒုက္ခသည်တွေက ပြောပါတယ်။ ခုရောက်နေတဲ့ မြန်မာအဖွဲ့ကလည်း ဒီတခေါက်မှာ Cox’s Bazar အနီးတဝိုက်က ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း သိရပါတယ်။ အဲ့ဒီ ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တော အရေးအခင်း ဖြစ်စဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံသားစိစစ်မှု သက်သေခံကတ် (National Verification Card - NVC) ထုတ်ပေးနေပါတယ်။ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ဆိုတာ နိုင်ငံသားစိစစ်မှုတွေ လုပ်နိုင်ဖို့ ယာယီထုတ်ပေးတဲ့ ကဒ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက တစ်ကြိမ် ထုတ်ပေးခဲ့ဖူးပါတယ်။ ကဒ် ထုတ်ပေးတာနဲ့ပတ်သတ်လို့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“ကျနော်တို့မှာ အများကြီးတော့ မဟုတ်ပါဘူး၊ ၁၀၀ မှာ ၅ ရာခိုင်နှုန်း ထုတ်နေကြတာပေါ့။ ကျနော်တို့ မောင်တောဖက် ခရီးသွားစရာ ရှိတယ်ဆိုရင် ဒီတိုင်း သွားလို့မရဘူး၊ ပုံစံ ၄ ဆိုတာ ထုတ်ရတယ်။ အဲလို ကိုင်မယ်ဆို NVC ကဒ်လုပ်ရတယ်။ အဲလိုမျိုး လုပ်နေကြတာပါ။ ရန်ကုန်သွားချင်၊ ဆေးကုချင်လည်း ပုံစံ ၄ လုပ်ရတယ်။ အဲလို လုပ်တာနဲ့ NVC ကဒ်လုပ်ရတာပါ။”

အရေအတွက် ဘယ်လောက် ထုတ်ပေးထားသလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဒီကဒ်တွေကို လွန်ခဲ့တဲ့ ၃- ၄လထဲက စတင် ထုတ်ပေးနေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဒုက္ခသည်စခန်းတချို့ဖြစ်တဲ့ သက်ကယ်ပြင်နဲ့ ဘောဒူဘ စခန်းတို့မှာ စခန်းကိုလာပြီး ထုတ်ပေးခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်တွေမြို့အနီးတဝိုက်မှာ ဒုက္ခသည်စခန်း ၁၀ ခုကျော်ရှိနေပြီး ခန့်မှန်းလူဦးရေဟာ တသိန်းခွဲနီးပါး ရှိပါတယ်။ ဒီလူတွေဟာ ၂၀၁၂ ခုနှစ် စစ်တွေမြို့ ပဋိပက္ခဖြစ်စဉ်ကြောင့် ဒုက္ခသည်စခန်းမှာ ရောက်နေကြသူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ ဘင်္ဂလားဒေရှ်ဖက်ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ပြင်ဆင်နေသလို ပြည်တွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကိုလည်း နိုင်ငံသား စိစစ်ရေးလုပ်နိုင်ဖို့ နိုင်ငံသားစိစစ်မှု သက်သေခံကဒ်တွေ ထုတ်ပေးလာတာ ဖြစ်ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

XS
SM
MD
LG