သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်


၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေရပုံ
၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေရပုံ

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက်ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကပြောပါတယ်။ Teknaf မြို့ကို အဖွဲ့ဝင် ၁၇ ယောက်ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်လာတာလို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာ ကော်မရှင်နာရုံး တာဝန်ရှိသူတွေက သတင်းဌာနတွေကို ဒီကနေ့ပဲ ပြောခဲ့ကြတာပါ။

ဒုက္ခသည် ၇၁၁ ယောက်ကို မြန်မာဘက်က စီစစ်အတည်ပြုပြီးတဲ့အကြောင်းနဲ့ ကျန်တဲ့ ၄၂၉ ယောက်ကတော့ နောက်ထပ်မွေးတဲ့ ကလေးငယ်တွေ ပါဝင်တာကြောင့် ထပ်မံစီစစ်ဆဲ ဖြစ်တယ်လို့လည်း ဒုက္ခသည်ရေးရာ ကော်မရှင်နာမင်းကြီး Mohammed Mizanur Rahman ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒုက္ခသည်နေရပ်ပြန်လည်လက်ခံနေရေး နှစ်နဲ့ချီ ကြန့်ကြာခဲ့ပြီး အကောင်အထည်မဖော်နိုင်တဲ့နောက်မှာ နှစ်နိုင်ငံအကြား ပြန်လည်လက်ခံဖို့ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ တရုတ်နိုင်ငံက သံအမတ်ကြီး Yao Wen ကတော့ ဒုက္ခသည် ပထမအသုတ်ကို သိပ်မကြာခင် မြန်မာနိုင်ငံကို ပြန်ပို့နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေကို စိစစ်လက်ခံသွားမယ်လို့ အရင်ကတည်းက ပြောဆိုထားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကတော့ မြန်မာနိုင်ငံ ပြန်ရမယ့် အစီအစဉ်အပေါ် စိုးရိမ်တဲ့ သဘောထားတွေ မကြာသေးခင်ကပဲ ဗွီအိုအေကို ပြောဆိုထားကြတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG