သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒရွ႕္ေရာက္ဒုကၡသည္ ၁၀၀၀ ျပန္လည္လက္ခံဖို႔ စစ္ေကာင္စီျပင္ဆင္ 


ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးသြားခဲ့ၾကတဲ့ ဒုကၡသည္မ်ား (စက္တင္ဘာ၊ ၂၀၁၇)

ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးသြားခဲ့ၾကတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက မြတ္စလင္ ၁၀၀၀ နီးပါးကို ျပန္လည္လက္ခံမယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက အတည္ျပဳပါတယ္။ လွဖိုးေခါင္၊ ေတာင္ၿပိဳလက္ဝဲ၊ ႀကိမ္းေခ်ာင္း စတဲ့ လက္ခံေရးစခန္းေတြကေန ျပန္လည္လက္ခံဖို႔အတြက္ ျပင္ဆင္ထားၿပီလို႔လည္း ေျပာပါတယ္။ ျမန္မာဘက္က ဒုကၡသည္ေတြကို ျပန္လည္လက္ခံမယ္ဆိုတဲ့အေပၚ ဘဂၤလားေဒရွ႕္မွာေရာက္ေနတဲ့ ဒုကၡသည္ေတြကေရာ ဘယ္လို တုံ႔ျပန္ပါသလဲ။ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာ ဆက္ေျပာျပပါမယ္။

၂၀၁၇ ခုႏွစ္တုန္းက စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေၾကာင့္ ရခိုင္ေျမာက္ပိုင္းကေန ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့တဲ့ မြတ္ဆလင္ဒုကၡသည္ သိန္းနဲ႔ခ်ီထဲက ၁၀၀၀ နီးပါးကို လက္ခံဖို႔ စတင္လုပ္ေနၿပီလို႔ စစ္ေကာင္စီက ေျပာပါတယ္။ သတ္မွတ္ထားတဲ့ စည္းကမ္းေတြနဲ႔ ျပည့္မွီသူေတြကို ဦးစားေပးလက္ခံမွာျဖစ္တယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။

"ဘဂၤလားေဒရွ္ဘက္နဲ႔လည္းက်ေနာ္တို႔ညႇိဳႏႈိင္းေဆာင္႐ြက္ၿပီးျဖစ္ပါတယ္။ ဒါကေတာ့က်ေနာ္တို႔ရဲ႕ အရင္ ဘဂၤလားေဒ့ရွ္နဲ႔ ၂ ႀကိမ္ သေဘာတူညီထားတာရွိတယ္။ အဲဒီ ၂ ႀကိမ္ထဲကစည္းမ်ဥ္းစည္းကမ္းေတြရွိတယ္ ျပည့္စုံတဲ့လူေတြကို ဦးစားေပးလက္ခံသြားမွာျဖစ္တယ္။ ျပန္လည္လက္ခံေရးနဲ႔ပတ္သတ္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ကက်ေနာ္တို႔ ပိတ္ပင္ထားတာမရွိဘူး တားဆီးထားတာမရွိဘူး။ ရက္အတိအက်ေတာ့မရွိေသးပါဘူးဗ်ာ။ က်ေနာ္တို႔မၾကာေသးမွီမွာဘဲ က်ေနာ္တို႔စတင္ႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။"

ရခိုင္ျပည္ေျမာက္ပိုင္းမွာ ၂၀၁၇ တုန္းက လုံၿခဳံေရးကင္းစခန္းေတြအေပၚ ARSA အဖြဲ႕ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္မွာ စစ္တပ္က နယ္ေျမရွင္းလင္းခ်ိန္အတြင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္အျခမ္း ထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက ေျပာၾကားထားပါတယ္။ ေမာင္ေတာ၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ေတြမွာ ေနထိုင္ခဲ့ၾကသူေတြဟာ လက္ရွိ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကရပါတယ္။ ျပန္လာသူေတြအေနနဲ႔ ဒီဖက္မွာရွိေနတဲ့ ေဆြမ်ိဳးမိသားစုေတြကို ေျပာျပႏိုင္လို႔ရွိရင္ စစ္ေဆးမႈေတြျပဳလုပ္ၿပီး မူလ႐ြာေတြမွာ ေနရာခ်ေပးသြားဖို႔ စီစဥ္ထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက အခုလိုေျပာပါတယ္။

"အဲဘက္ေတြမွာ နယ္ေျမမေအးခ်မ္းတာမရွိပါဘူး။ လွဖိုးေခါင္တို႔မွာသူတို႔လုံၿခဳံေရးေနရာထိုင္ခင္းေတြ အတြက္လည္း စီစဥ္ထားၿပီးျဖစ္တယ္။ အဓိကဖြင့္လွစ္မယ့္စခန္းကေတာ့ ဒီလွဖိုးေခါင္စခန္းပဲျဖစ္ပါလိမ့္မယ္။ ၿပီးရင္တခ်ိဳ႕လူေတြကေတာ့ သူတို႔ေနရာေတြရွိၿပီးသားျဖစ္ပါတယ္။ ဝင္လာမယ့္သူေတြထဲမွာ သူတို႔ရဲ႕နယ္ေျမေဒသေတြရွိတယ္။ ေအးလည္းေအးခ်မ္းတယ္ဆို ျပန္လည္လက္ခံေရးစခန္းမွာျပန္စိစစ္ ၿပီးေတာ့ သူတို႔ရဲ႕နယ္ေျမေတြသူတို႔ရဲ႕ေနရာေတြကို အျမန္ဆုံးျပန္လည္အေျခခ်ႏိုင္ေရး က်ေနာ္တို႔စီစဥ္ ထားပါတယ္။ က်ေနာ္တို႔ရဲ႕ ေနရပ္စြန႔္ခြာသူမ်ားျပန္လည္လက္ခံေရးမူဝါဒအရ ဦးစားေပးစာရင္းထဲမွာ စခန္းေတြရွိမယ္ သူတို႔ရဲ႕ေနရပ္ဌာနေတြရွိမယ္။ ဒီအစီအစဥ္တိုင္းဘဲက်ေနာ္တို႔ဆက္လုပ္မယ္။"

လွဖိုးေခါင္စခန္း အျပင္ရခိုင္ျပည္နယ္ ေမာင္ေတာေျမာက္ပိုင္း ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္က ေတာင္ၿပိဳလက္ဝဲ ျပန္လည္ လက္ခံေရးစခန္း၊ ႀကိမ္ေခ်ာင္းစခန္း၊ အမွတ္ ၂ စခန္း စတဲ့ေနရာေတြမွာလဲ ျပန္လည္ လက္ခံသြားမွာလို႔‌ သူကဆက္ေျပာပါတယ္။ NLD အစိုးရလက္ထက္ထဲက ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ိဳးအျပင္ ႏိုင္ငံတကာ လက္ခံႏိုင္မယ့္ အစီအစဥ္မ်ိဳးနဲ႔ မြတ္ဆလင္ဒုကၡသည္ေတြကို ျပန္လက္ခံႏိုင္ေရး စီမံကိန္းအရ ဖြင့္လွစ္ထားတဲ့ စခန္းေတြ ျဖစ္ပါတယ္။ ဘဂၤလားေဒရွ႕္ေရာက္ေနတဲ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရးကို အၿမဲတံခါးဖြင့္ထားတယ္လို႔ေတာ့ စစ္ေကာင္စီ ဘက္ကဆိုပါတယ္။ ၿပီးခဲ့တဲ့လက စစ္ေကာင္စီရဲ႕ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာသက္သက္ခိုင္၊ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးျမင့္ႀကိဳင္နဲ႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္တို႔ ရခိုင္ျပည္နယ္ကို သြားေရာက္ခဲ့ၿပီး ဒုကၡသည္ လက္ခံေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာဘက္က မြတ္ဆလင္ဒုကၡသည္ေတြလို႔ ေျပာေနေပမဲ့ ဘဂၤလားေဒရွ႕္ဖက္မွာ ခိုလႈံေနသူေတြကေတာ့ သူတို႔ကိုသူတို႔ ႐ိုဟင္ဂ်ာလို႔သာ သုံးႏႈန္းပါတယ္။ ျမန္မာႏိုင္ငံဘက္က ခုလိုဒုကၡသည္ေတြကို ျပန္လည္လက္ခံေရး လုပ္ေနေပမဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြဘက္ကေတာ့ သူတို႔ရဲ႕ လုံၿခဳံေရးအာမခံခ်က္နဲ႔ ႏိုင္ငံသား အခြင့္အေရးေတြ အျပည့္အဝရမွာသာ ျပန္လာခ်င္ၾကတယ္လို႔ Cox’s Bazar မွာေရာက္ေနတဲ့ ဒုကၡသည္ ဦးေမာင္ေမာင္က ေျပာပါတယ္။

"ခုေလာေလာဆယ္က ဘာအေၾကာင္းမွသိထားရတာမရွိပါဘူး။ အဓိကကေတာ့က်ေနာ္တို႔ျပန္လာမယ္ ဆိုလို႔ရွိရင္ အဲမွာရွိတဲ့လူေတြ ဥပမာ ၂၀၁၂ေလာက္ကပဋိပကၡ ျဖစ္လို႔ စစ္ေတြ ဒုကၡသည္စခန္းရွိေနတဲ့ သူေတြကိုယ္ေတာင္ သူတို႔ေနရာခ်မေပးႏိုင္ေသးဘူး ဆိုရင္က်ေနာ္တို႔ကိုဘယ္လိုေနရာခ်ေပးမလဲဆိုတာ ေမးခြန္းထုတ္စရာတခုျဖစ္လာပါတယ္ေလ။ ႏိုင္ငံတကာပရက္ရွာေတြကိုေရွာင္ရွားႏိုင္ေအာင္ဟန္ျပအေနနဲ႔ လုပ္တာလို႔ပဲယူဆပါတယ္။"

မူလေနရပ္ေတြမွာ ျပန္လည္ေနရာခ်ေပးၿပီး သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ျပန္ေပးတာနဲ႔ လြတ္လပ္စြာ သြားလာခြင့္စီးပြားေရးလုပ္ကိုင္ခြင့္ေတြ ေပးလို႔ရွိရင္ေတာ့ ျပန္လာၾကမွာျဖစ္တယ္လို႔လည္း ႐ိုဟင္ဂ်ာအသိုင္းအဝိုင္းကေျပာပါတယ္။ ရခိုင္ျပည္ေျမာက္ပိုင္း ပဋိပကၡေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္အျခမ္း ထြက္ေျပးခဲ့ရတဲ့ ႐ိုဟင္ဂ်ာေတြျပန္လက္ခံေရးကို အရင္ NLD အစိုးရလက္ထက္ထဲက ႀကိဳးပမ္းခဲ့တာပါ။ အဲဒီတုန္းက ၂ ႏိုင္ငံဘက္က စိစစ္ၿပီးသား ဒုကၡသည္ ၃၄၅၀ ကို ၂၀၁၉ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ လက္ခံဖို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား သေဘာတူထားခဲ့ၾကေပမယ့္ သတ္မွတ္ထားတဲ့ေန႔မွာ ဒုကၡသည္ တစ္ဦးတစ္ ေယာက္မွ ျပန္မလာႏိုင္ခဲ့ၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဘင်္ဂလားဒေရှ့်ရောက်ဒုက္ခသည် ၁၀၀၀ ပြန်လည်လက်ခံဖို့ စစ်ကောင်စီပြင်ဆင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင် ၁၀၀၀ နီးပါးကို ပြန်လည်လက်ခံမယ်လို့ စစ်ကောင်စီပြောခွင့်ရက အတည်ပြုပါတယ်။ လှဖိုးခေါင်၊ တောင်ပြိုလက်ဝဲ၊ ကြိမ်းချောင်း စတဲ့ လက်ခံရေးစခန်းတွေကနေ ပြန်လည်လက်ခံဖို့အတွက် ပြင်ဆင်ထားပြီလို့လည်း ပြောပါတယ်။ မြန်မာဘက်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ်ဆိုတဲ့အပေါ် ဘင်္ဂလားဒေရှ့်မှာရောက်နေတဲ့ ဒုက္ခသည်တွေကရော ဘယ်လို တုံ့ပြန်ပါသလဲ။ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ဆက်ပြောပြပါမယ်။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည် သိန်းနဲ့ချီထဲက ၁၀၀၀ နီးပါးကို လက်ခံဖို့ စတင်လုပ်နေပြီလို့ စစ်ကောင်စီက ပြောပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ပြည့်မှီသူတွေကို ဦးစားပေးလက်ခံမှာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"ဘင်္ဂလားဒေရှ်ဘက်နဲ့လည်းကျနော်တို့ညှိုနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကတော့ကျနော်တို့ရဲ့ အရင် ဘင်္ဂလားဒေ့ရှ်နဲ့ ၂ ကြိမ် သဘောတူညီထားတာရှိတယ်။ အဲဒီ ၂ ကြိမ်ထဲကစည်းမျဉ်းစည်းကမ်းတွေရှိတယ် ပြည့်စုံတဲ့လူတွေကို ဦးစားပေးလက်ခံသွားမှာဖြစ်တယ်။ ပြန်လည်လက်ခံရေးနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအနေနဲ့ကကျနော်တို့ ပိတ်ပင်ထားတာမရှိဘူး တားဆီးထားတာမရှိဘူး။ ရက်အတိအကျတော့မရှိသေးပါဘူးဗျာ။ ကျနော်တို့မကြာသေးမှီမှာဘဲ ကျနော်တို့စတင်နိုင်ဖို့မျှော်လင့်နေပါတယ်။"

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက လုံခြုံရေးကင်းစခန်းတွေအပေါ် ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းချိန်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ပြန်လာသူတွေအနေနဲ့ ဒီဖက်မှာရှိနေတဲ့ ဆွေမျိုးမိသားစုတွေကို ပြောပြနိုင်လို့ရှိရင် စစ်ဆေးမှုတွေပြုလုပ်ပြီး မူလရွာတွေမှာ နေရာချပေးသွားဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက အခုလိုပြောပါတယ်။

"အဲဘက်တွေမှာ နယ်မြေမအေးချမ်းတာမရှိပါဘူး။ လှဖိုးခေါင်တို့မှာသူတို့လုံခြုံရေးနေရာထိုင်ခင်းတွေ အတွက်လည်း စီစဉ်ထားပြီးဖြစ်တယ်။ အဓိကဖွင့်လှစ်မယ့်စခန်းကတော့ ဒီလှဖိုးခေါင်စခန်းပဲဖြစ်ပါလိမ့်မယ်။ ပြီးရင်တချို့လူတွေကတော့ သူတို့နေရာတွေရှိပြီးသားဖြစ်ပါတယ်။ ဝင်လာမယ့်သူတွေထဲမှာ သူတို့ရဲ့နယ်မြေဒေသတွေရှိတယ်။ အေးလည်းအေးချမ်းတယ်ဆို ပြန်လည်လက်ခံရေးစခန်းမှာပြန်စိစစ် ပြီးတော့ သူတို့ရဲ့နယ်မြေတွေသူတို့ရဲ့နေရာတွေကို အမြန်ဆုံးပြန်လည်အခြေချနိုင်ရေး ကျနော်တို့စီစဉ် ထားပါတယ်။ ကျနော်တို့ရဲ့ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးမူဝါဒအရ ဦးစားပေးစာရင်းထဲမှာ စခန်းတွေရှိမယ် သူတို့ရဲ့နေရပ်ဌာနတွေရှိမယ်။ ဒီအစီအစဉ်တိုင်းဘဲကျနော်တို့ဆက်လုပ်မယ်။"

လှဖိုးခေါင်စခန်း အပြင်ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်က တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်း၊ ကြိမ်ချောင်းစခန်း၊ အမှတ် ၂ စခန်း စတဲ့နေရာတွေမှာလဲ ပြန်လည် လက်ခံသွားမှာလို့‌ သူကဆက်ပြောပါတယ်။ NLD အစိုးရလက်ထက်ထဲက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်မျိုးအပြင် နိုင်ငံတကာ လက်ခံနိုင်မယ့် အစီအစဉ်မျိုးနဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လက်ခံနိုင်ရေး စီမံကိန်းအရ ဖွင့်လှစ်ထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို အမြဲတံခါးဖွင့်ထားတယ်လို့တော့ စစ်ကောင်စီ ဘက်ကဆိုပါတယ်။ ပြီးခဲ့တဲ့လက စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ဒုက္ခသည် လက်ခံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာဘက်က မွတ်ဆလင်ဒုက္ခသည်တွေလို့ ပြောနေပေမဲ့ ဘင်္ဂလားဒေရှ့်ဖက်မှာ ခိုလှုံနေသူတွေကတော့ သူတို့ကိုသူတို့ ရိုဟင်ဂျာလို့သာ သုံးနှုန်းပါတယ်။ မြန်မာနိုင်ငံဘက်က ခုလိုဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး လုပ်နေပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ သူတို့ရဲ့ လုံခြုံရေးအာမခံချက်နဲ့ နိုင်ငံသား အခွင့်အရေးတွေ အပြည့်အဝရမှာသာ ပြန်လာချင်ကြတယ်လို့ Cox’s Bazar မှာရောက်နေတဲ့ ဒုက္ခသည် ဦးမောင်မောင်က ပြောပါတယ်။

"ခုလောလောဆယ်က ဘာအကြောင်းမှသိထားရတာမရှိပါဘူး။ အဓိကကတော့ကျနော်တို့ပြန်လာမယ် ဆိုလို့ရှိရင် အဲမှာရှိတဲ့လူတွေ ဥပမာ ၂၀၁၂လောက်ကပဋိပက္ခ ဖြစ်လို့ စစ်တွေ ဒုက္ခသည်စခန်းရှိနေတဲ့ သူတွေကိုယ်တောင် သူတို့နေရာချမပေးနိုင်သေးဘူး ဆိုရင်ကျနော်တို့ကိုဘယ်လိုနေရာချပေးမလဲဆိုတာ မေးခွန်းထုတ်စရာတခုဖြစ်လာပါတယ်လေ။ နိုင်ငံတကာပရက်ရှာတွေကိုရှောင်ရှားနိုင်အောင်ဟန်ပြအနေနဲ့ လုပ်တာလို့ပဲယူဆပါတယ်။"

မူလနေရပ်တွေမှာ ပြန်လည်နေရာချပေးပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးတာနဲ့ လွတ်လပ်စွာ သွားလာခွင့်စီးပွားရေးလုပ်ကိုင်ခွင့်တွေ ပေးလို့ရှိရင်တော့ ပြန်လာကြမှာဖြစ်တယ်လို့လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းကပြောပါတယ်။ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေပြန်လက်ခံရေးကို အရင် NLD အစိုးရလက်ထက်ထဲက ကြိုးပမ်းခဲ့တာပါ။ အဲဒီတုန်းက ၂ နိုင်ငံဘက်က စိစစ်ပြီးသား ဒုက္ခသည် ၃၄၅၀ ကို ၂၀၁၉ သြဂုတ်လ ၂၂ ရက်နေ့မှာ လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူထားခဲ့ကြပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ ဒုက္ခသည် တစ်ဦးတစ် ယောက်မှ ပြန်မလာနိုင်ခဲ့ကြပါဘူး။

XS
SM
MD
LG