ဘဂၤလားေဒရွ႕္ႏိုင္ငံမွာရွိေနတဲ့ ႐ိုဟင္ဒုကၡသည္ေတြႏွစ္ႏိုင္ငံသေဘာတူညီခ်က္အတိုင္း ျပန္လည္လက္ခံဖို႔ အဆင့္သင့္ ရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုပါတယ္။ ဒါေပမယ့္ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကေတာ့ စစ္ေကာင္စီကို အယုံအၾကည္ မရွိတာေၾကာင့္ ျပန္မလာျဖစ္ေသးဘူးလို႔ ေျပာၾကပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က တင္ျပေပးပါမယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္က ARSA အၾကမ္းဖက္အဖြဲ႕နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္တပ္က နယ္ေျမရွင္းလင္းေရးေတြလုပ္ခဲ့တာေၾကာင့္ ႐ိုဟင္ဂ်ာ မြတ္ဆလင္ ၇ သိန္းထက္မနည္း ဘဂၤလားေဒရ္ွ႔ ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကပါတယ္။ အဲဒီေနာက္ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြ ျပန္လည္လက္ခံေရးအတြက္ NLD အစိုးရလက္ထက္မွာ ဘဂၤလားေဒရွ႕္အစိုးရနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ပါတယ္။ လက္ရွိ စစ္ေကာင္စီအေနနဲ႔လည္း ယခင္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အတိုင္း ဒုကၡသည္ေတြျပန္လက္ခံဖို႔ အဆင္သင့္လုပ္ထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအ ကိုေျပာပါတယ္။
“ က်ေနာ္တို႔ရဲ႕ ျပန္လည္လက္ခံေရး အစီအစဥ္နဲ႔ပတ္သတ္ၿပီးေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ဘယ္တုန္းကမွ တဖက္သတ္ ရပ္တန႔္ခဲ့တာမရွိခဲ့ဘူး၊ ဟိုဖက္က ျပန္မပို႔တာပဲ ရွိတယ္၊ ဒါကိုရွင္းရွင္းလင္းလင္းေျပာခ်င္တယ္ ဒီဟာႀကီးကို အၿမဲတမ္း ၂ႏိုင္ငံသေဘာတူ ညီခ်က္ အတိုင္း လုပ္မယ္ဆိုရင္ က်ေနာ္တို႔အေနနဲ႔ အၿမဲတမ္းတံခါးဖြင့္ ထားတယ္လို႔ေျပာ ခ်င္ပါ တယ္။”
ဒီလို စစ္ေကာင္စီက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ျပန္လည္ေခၚယူမယ္ဆိုၿပီး ေျပာဆိုထားေပမယ့္လည္း လက္ေတြ႕အေျခအေနအထိ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးက ျဖစ္မလာေသးပါဘူး။ တေလာကေတာ့ စစ္ေကာင္စီဖက္ လူကယ္ျပန္ဝန္ႀကီးနဲ႔ ျပည္ေထာင္စုဝန္ႀကီးတခ်ိဳ႕ ရခိုင္ေဒသကို လာေရာက္ခဲ့ပါေသးတယ္။ ႐ိုဟင္ဂ်ာေတြဖက္ကေတာ့ အေျခခံအခြင့္အေရးေတြ အာမခံခ်က္ရမွ ျပန္မယ္လို႔ ဘဂၤလားေဒ့္ရွဒုကၡသည္စခန္းအတြင္းက ႐ိုဟင္ဂ်ာတဦးက ေျပာပါတယ္။
“ စစ္ေကာင္စီဖက္က က်ေနာ္တို႔႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္ေခၚခ်င္တယ္ဆိုရင္ အဲဒီႏိုင္ငံအ တြင္းမွာ ရွိတဲ့ ႐ိုဟင္ဂ်ာ IDPစခန္းက လူေတြကို တိုင္းရင္းသားအေျခခံရပိုင္ ခြင့္ေတြ ထုတ္ေပးၿပီးေတာ့ မူလေနရာကို ျပန္ေခၚယူသြားရမယ္၊ ေနာက္တခုက အဲဒီေမာင္ ေတာ ဘူးသီးေတာင္ ရေသ့ေတာင္ ေနာက္ တျခားၿမိဳ႕ေတြမွာ က်န္ခဲ့တဲ့ ႐ိုဟင္ဂ်ာေတြကို တိုင္းရင္းသားအေျခခံ ရပိုင္ခြင့္ေတြကို ထုတ္ေပးၿပီးေတာ့ လုပ္ျပတယ္ဆိုရင္ က်ေနာ္တို႔ တကယ့္ျပန္လာမွာျဖစ္ပါတယ္၊က်ေနာ္တို႔ရဲ႕ လုံၿခဳံေရးတာဝန္ကို ႏိုင္ငံတကာနဲ႔ UNက တာဝန္ယူရမယ္၊ မဟုတ္ရင္ ၂၀၁၇တုန္းကလည္း က်ေနာ္တို႔ ေနအိမ္ေတြကို မီးရႈိ႕ခဲ့တယ္၊ က်ေနာ္တို႔႐ိုဟင္ဂ်ာ ေထာင္ေပါင္းမ်ားစြာအသတ္ခံရတယ္၊ က်ေနာ္တို႔ ေနာက္ထပ္အဲလိုမ်ိဳး မျဖစ္ေစခ်င္ဘူး၊”
ဘဂၤလားေဒရွ႕္ဘက္မွာ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ျပန္ပို႔ဖို႔ ဘဂၤလားေဒရွ႕္ အစိုးရက ၂၀၂၀ ခုႏွစ္မွာ စီစဥ္ခဲ့ေပမယ့္ ႐ိုဟင္ဂ်ာေတြကိုယ္တိုင္က ျမန္မာႏိုင္ငံမွာ သူတို႔ အတြက္ လုံၿခဳံေရးအာမခံခ်က္ မရွိဘူးဆိုၿပီး ျပန္မလာခ်င္ၾကပါဘူး။ ဘဂၤလားေဒရွ႕္အစိုး ရကလည္း ႐ိုဟင္ဂ်ာေတြ ျပန္လာႏိုင္ေအာင္ ျမန္မာႏိုင္ငံဘက္က အေသအခ်ာ မလုပ္ဘူး ဆိုၿပီး အျပစ္တင္ခဲ့ပါတယ္။
လက္ရွိမွာေတာ့ ဘဂၤလားေဒရွ႕္ ဒုကၡသည္စခန္းေတြမွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ေတြအေနနဲ႔ စားဝတ္ေနေရးအခက္ႀကဳံရသလို ေနရပ္ျပန္ဖို႔လည္း ခက္ခဲေနဆဲျဖစ္တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္လူငယ္တဦးကေျပာပါတယ္။
“ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွာ ေနရတာက်ေနာ္တို႔အဆင္မေျပဘူး၊ ဒီမွာ က်ေနာ္တို႔ ၅ႏွစ္ေက်ာ္ေက်ာ္ေလာက္ေနၿပီးသြားၿပီ၊ ဘဂၤလားေဒရွ႕္ႏိုင္ငံဖက္ကလည္း က်ေနာ္တို႔ကို ေနာက္ထပ္ မေနေစခ်င္ဘူး၊ သူတို႔ႏိုင္ငံမွာ အဲလိုမ်ိဳးျဖစ္လာၿပီ၊ အရင္က က်ေနာ္တို႔ ရိကၡာတို႔ဘာတို႔ ပုံမွန္ရတယ္၊ ဒီလက စၿပီး ရိကၡာတယ္ ျဖတ္မယ္လို႔ေျပာသံၾကားတယ္။”
႐ိုဟင္ဂ်ာဒုကၡသည္စခန္းအတြင္း ေနထိုင္စားေသာက္ေရးခက္ခဲလာသလို၊ လူေတြထူထပ္ၾကပ္တည္းလာတာေၾကာင့္ ဒုကၡသည္တခ်ိဳ႕ဟာ ေလွေတြနဲ႔ အင္ဒိုနီးရွား မေလးရွားႏိုင္ငံဖက္ကို စြန႔္စားထြက္ခြာေနၾကပါတယ္။ တခ်ိဳ႕ ပင္လယ္ထဲမွာပဲ ေလွပ်က္ၿပီး ေသဆုံးတာေတြရွိခဲ့ပါတယ္။
{Unicode}
"ရိုဟင်ဂျာပြန်လည်နေရာချထားရေး တံခါးဖွင့်ထား" စစ်ကောင်စီပြောခွင့်ရသူ
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ဘင်္ဂလားဒေရှ့်နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဒုက္ခသည်တွေနှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပြန်လည်လက်ခံဖို့ အဆင့်သင့် ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ စစ်ကောင်စီကို အယုံအကြည် မရှိတာကြောင့် ပြန်မလာဖြစ်သေးဘူးလို့ ပြောကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းထက်မနည်း ဘင်္ဂလားဒေရ်ှ့ နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် NLD အစိုးရလက်ထက်မှာ ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီအနေနဲ့လည်း ယခင် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဒုက္ခသည်တွေပြန်လက်ခံဖို့ အဆင်သင့်လုပ်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေ ကိုပြောပါတယ်။
“ ကျနော်တို့ရဲ့ ပြန်လည်လက်ခံရေး အစီအစဉ်နဲ့ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်တုန်းကမှ တဖက်သတ် ရပ်တန့်ခဲ့တာမရှိခဲ့ဘူး၊ ဟိုဖက်က ပြန်မပို့တာပဲ ရှိတယ်၊ ဒါကိုရှင်းရှင်းလင်းလင်းပြောချင်တယ် ဒီဟာကြီးကို အမြဲတမ်း ၂နိုင်ငံသဘောတူ ညီချက် အတိုင်း လုပ်မယ်ဆိုရင် ကျနော်တို့အနေနဲ့ အမြဲတမ်းတံခါးဖွင့် ထားတယ်လို့ပြော ချင်ပါ တယ်။”
ဒီလို စစ်ကောင်စီက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူမယ်ဆိုပြီး ပြောဆိုထားပေမယ့်လည်း လက်တွေ့အခြေအနေအထိ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးက ဖြစ်မလာသေးပါဘူး။ တလောကတော့ စစ်ကောင်စီဖက် လူကယ်ပြန်ဝန်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ ရခိုင်ဒေသကို လာရောက်ခဲ့ပါသေးတယ်။ ရိုဟင်ဂျာတွေဖက်ကတော့ အခြေခံအခွင့်အရေးတွေ အာမခံချက်ရမှ ပြန်မယ်လို့ ဘင်္ဂလားဒေ့်ရှဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာတဦးက ပြောပါတယ်။
“ စစ်ကောင်စီဖက်က ကျနော်တို့ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ချင်တယ်ဆိုရင် အဲဒီနိုင်ငံအ တွင်းမှာ ရှိတဲ့ ရိုဟင်ဂျာ IDPစခန်းက လူတွေကို တိုင်းရင်းသားအခြေခံရပိုင် ခွင့်တွေ ထုတ်ပေးပြီးတော့ မူလနေရာကို ပြန်ခေါ်ယူသွားရမယ်၊ နောက်တခုက အဲဒီမောင် တော ဘူးသီးတောင် ရသေ့တောင် နောက် တခြားမြို့တွေမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအခြေခံ ရပိုင်ခွင့်တွေကို ထုတ်ပေးပြီးတော့ လုပ်ပြတယ်ဆိုရင် ကျနော်တို့ တကယ့်ပြန်လာမှာဖြစ်ပါတယ်၊ကျနော်တို့ရဲ့ လုံခြုံရေးတာဝန်ကို နိုင်ငံတကာနဲ့ UNက တာဝန်ယူရမယ်၊ မဟုတ်ရင် ၂၀၁၇တုန်းကလည်း ကျနော်တို့ နေအိမ်တွေကို မီးရှို့ခဲ့တယ်၊ ကျနော်တို့ရိုဟင်ဂျာ ထောင်ပေါင်းများစွာအသတ်ခံရတယ်၊ ကျနော်တို့ နောက်ထပ်အဲလိုမျိုး မဖြစ်စေချင်ဘူး၊”
ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဘင်္ဂလားဒေရှ့် အစိုးရက ၂၀၂၀ ခုနှစ်မှာ စီစဉ်ခဲ့ပေမယ့် ရိုဟင်ဂျာတွေကိုယ်တိုင်က မြန်မာနိုင်ငံမှာ သူတို့ အတွက် လုံခြုံရေးအာမခံချက် မရှိဘူးဆိုပြီး ပြန်မလာချင်ကြပါဘူး။ ဘင်္ဂလားဒေရှ့်အစိုး ရကလည်း ရိုဟင်ဂျာတွေ ပြန်လာနိုင်အောင် မြန်မာနိုင်ငံဘက်က အသေအချာ မလုပ်ဘူး ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေအနေနဲ့ စားဝတ်နေရေးအခက်ကြုံရသလို နေရပ်ပြန်ဖို့လည်း ခက်ခဲနေဆဲဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်လူငယ်တဦးကပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ နေရတာကျနော်တို့အဆင်မပြေဘူး၊ ဒီမှာ ကျနော်တို့ ၅နှစ်ကျော်ကျော်လောက်နေပြီးသွားပြီ၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကလည်း ကျနော်တို့ကို နောက်ထပ် မနေစေချင်ဘူး၊ သူတို့နိုင်ငံမှာ အဲလိုမျိုးဖြစ်လာပြီ၊ အရင်က ကျနော်တို့ ရိက္ခာတို့ဘာတို့ ပုံမှန်ရတယ်၊ ဒီလက စပြီး ရိက္ခာတယ် ဖြတ်မယ်လို့ပြောသံကြားတယ်။”
ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း နေထိုင်စားသောက်ရေးခက်ခဲလာသလို၊ လူတွေထူထပ်ကြပ်တည်းလာတာကြောင့် ဒုက္ခသည်တချို့ဟာ လှေတွေနဲ့ အင်ဒိုနီးရှား မလေးရှားနိုင်ငံဖက်ကို စွန့်စားထွက်ခွာနေကြပါတယ်။ တချို့ ပင်လယ်ထဲမှာပဲ လှေပျက်ပြီး သေဆုံးတာတွေရှိခဲ့ပါတယ်။