႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာ အကူအညီေတြကို WFP ကမၻာ့စားနပ္ရိကၡာအဖြဲ႔က ေလွ်ာ့ခ်မယ့္ အစီအစဥ္ေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္ သန္းနဲ႔ခ်ီ ပိုမို ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ၾကဳံလာရႏိုင္တယ္လို႔ ႐ိုဟင္ဂ်ာ လူ႔အခြင့္အေရးလႈပ္႐ွားသူေတြက သတိေပးေျပာဆိုၾကပါတယ္။
ရန္ပုံေငြ ႐ွားပါးလာတဲ့အတြက္ ဘဂၤလားေဒ့႐ွ္ ဒုကၡသည္စခန္းေတြမွာ႐ွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေပးေနတဲ့ အကူအညီေတြကို ေ႐ွ႕လ ၁ ရက္ေန႔က စၿပီး ၁၇ % ေလွ်ာ့ခ်မယ့္အေၾကာင္း WFP က ဒီလ ၁၇ ရက္ေန႔က ေၾကညာထားတာပါ။ လက္႐ွိမွာ ဒုကၡသည္တဦးဟာ လစဥ္ရိကၡာ အေထာက္အပံ့ ၁၂ ေဒၚလာ ရေနရာကေန မတ္လကစၿပီး တလ ၁၀ ေဒၚလာသာ ရ႐ွိေတာ့မွာ ျဖစ္ပါတယ္။
တလကို ၂ ေဒၚလာပဲ ေလွ်ာ့ခ်လိုက္တာဆိုေပမဲ့ အရင္ကတည္းက စားနပ္ရိကၡာ အကူအညီ လုံလုံေလာက္ေလာက္မရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ဒါက ႀကီးမားတဲ့ အက်ပ္အတည္း ျဖစ္သလို၊ လူသားခ်င္းစာနာမႈ အကူအညီေတြ ျဖန္႔ေဝေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႔ေတြအတြက္လည္း ႐ိုက္ခတ္မႈ ျပင္းထန္တဲ့အေၾကာင္း WFP ရဲ႕ ဘဂၤလားေဒ့႐ွ္ဆိုင္ရာ ဌာေနကိုယ္စားလွယ္ Domenico Scalpelli က ေျပာပါတယ္။
လက္႐ွိမွာကိုပဲ ဒုကၡသည္စခန္းေတြထဲမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာ မိသားစုေတြရဲ႕ ၄၅ % ဟာ လုံေလာက္တဲ့ အစာအာဟာရ ပမာဏ မရ႐ွိၾကဘူး ဆိုတာကိုလည္း WFP က ေထာက္ျပ ထားပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ရန္ပုံေငြအကူအညီေတြ ပိုမိုထည့္ဝင္ ကူညီေပးၾကဖို႔ ၿဗိတိန္အေျခစိုက္ Burmese Rohingya Organisation UK က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုပါတယ္။ ႏိုင္ငံတကာ အကူအညီေတြ အလိုအပ္ဆုံး အခ်ိန္ျဖစ္ေနတာမို႔ ဒီအေျခအေနကို လစ္လ်ဴမ႐ႈၾကဖို႔ အဖြဲ႔ဥကၠ႒ ဦးထြန္းခင္က ေၾကညာခ်က္ထဲမွာ တိုက္တြန္းထားပါတယ္။
ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းေရး စစ္ဆင္မႈေတြေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရ္ွႏိုင္ငံထဲ ထြက္ေျပးခဲ့ၾကရၿပီး၊ အေစာပိုင္းကတည္းက ထြက္ေျပးခဲ့သူေတြအပါအဝင္ အခုဆိုရင္ ႐ိုဟင္ဂ်ာ တသန္းနီးပါး ဒုကၡသည္စခန္းေတြမွာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေနထိုင္ေနၾကရတာ ျဖစ္ပါတယ္။
==== Unicode ====
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လျှော့ချမယ့် အစီအစဉ်ကြောင့် ရိုဟင်ဂျာဒုက္ခသည် သန်းနဲ့ချီ ပိုမို ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်တယ်လို့ ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သတိပေးပြောဆိုကြပါတယ်။
ရန်ပုံငွေ ရှားပါးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို ရှေ့လ ၁ ရက်နေ့က စပြီး ၁၇ % လျှော့ချမယ့်အကြောင်း WFP က ဒီလ ၁၇ ရက်နေ့က ကြေညာထားတာပါ။ လက်ရှိမှာ ဒုက္ခသည်တဦးဟာ လစဉ်ရိက္ခာ အထောက်အပံ့ ၁၂ ဒေါ်လာ ရနေရာကနေ မတ်လကစပြီး တလ ၁၀ ဒေါ်လာသာ ရရှိတော့မှာ ဖြစ်ပါတယ်။
တလကို ၂ ဒေါ်လာပဲ လျှော့ချလိုက်တာဆိုပေမဲ့ အရင်ကတည်းက စားနပ်ရိက္ခာ အကူအညီ လုံလုံလောက်လောက်မရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒါက ကြီးမားတဲ့ အကျပ်အတည်း ဖြစ်သလို၊ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေအတွက်လည်း ရိုက်ခတ်မှု ပြင်းထန်တဲ့အကြောင်း WFP ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Domenico Scalpelli က ပြောပါတယ်။
လက်ရှိမှာကိုပဲ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မိသားစုတွေရဲ့ ၄၅ % ဟာ လုံလောက်တဲ့ အစာအာဟာရ ပမာဏ မရရှိကြဘူး ဆိုတာကိုလည်း WFP က ထောက်ပြ ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေအကူအညီတွေ ပိုမိုထည့်ဝင် ကူညီပေးကြဖို့ ဗြိတိန်အခြေစိုက် Burmese Rohingya Organisation UK က ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။ နိုင်ငံတကာ အကူအညီတွေ အလိုအပ်ဆုံး အချိန်ဖြစ်နေတာမို့ ဒီအခြေအနေကို လစ်လျူမရှုကြဖို့ အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရပြီး၊ အစောပိုင်းကတည်းက ထွက်ပြေးခဲ့သူတွေအပါအဝင် အခုဆိုရင် ရိုဟင်ဂျာ တသန်းနီးပါး ဒုက္ခသည်စခန်းတွေမှာ ချို့ချို့တဲ့တဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။