သံုးရလြယ္ကူေစသည့္ Link မ်ား

႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ WFP အကူအညီျဖတ္ေတာက္မည္


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

ရံပုံေငြရရွိမႈရွားပါးလာတဲ့အတြက္ ဘဂၤလားေဒ့ရ္ွကိုေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ကုလသမဂၢ အေထာက္အပံ့ေတြျဖတ္ေတာက္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဒုကၡသည္တဦးခ်င္းကို ရိကၡာအေထာက္အပံ့အျဖစ္ တဦးကို တလစာ ေဒၚလာ ၁၂ ေဒၚလာေထာက္ပံ့ရာကေန၊ လာမယ့္လကစလို႔ ၁၀ ေဒၚလာအထိ ေလွ်ာ့ခ်မယ္လို႔ WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႕က ေျပာလိုက္တာပါ။

ဘဂၤလားေဒ့ရ္ွနဲ႔ကမာၻအဝွမ္း ေနထိုင္စားေသာက္မႈစရိတ္ႀကီးျမင့္လာတဲ့အတြက္ လိုအပ္ခ်က္ေတြပိုႀကီးလာခ်ိန္မွာ၊ ႏိုင္ငံတကာအေနနဲ႔ ႐ိုဟင္ဂ်ာကေလးငယ္ေတြနဲ႔ သူတို႔မိသားစုေတြကို ပစ္မထားဖို႔ အလႈရွင္ႏိုင္ငံေတြအဖြဲ႕အစည္းေတြကို တိုက္တြန္းတယ္လို႔ Save the Children အဖြဲ႕ ဘဂၤလားေဒ့ရ္ွႏိုင္ငံ ဌာေနကိုယ္စားလွယ္ Onno Van Manen ကလည္း ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ ကုလထူးကိုယ္စားလွယ္ Thomas Andrew နဲ႔ စားနပ္ရိကၡာအခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ Michael Fakhri တို႔ကလည္း ပူးတြဲေၾကညာခ်က္တရပ္ထုတ္ျပန္ၿပီး အခုလို အေထာက္အပံ့ေလွ်ာ့ခ်လိုက္ျခင္းေၾကာင့္ အကူအညီေတြကိုမွီခိုေနရၿပီး လိုအပ္ခ်က္ႀကီးေနတဲ့ လူမႈအသိုက္အဝန္းအတြက္ ေရရွည္ထိခိုက္မႈေတြရွိလာႏိုင္တယ္လို႔ သတိေပးပါတယ္။ အခုလို အေထာက္အပံ့ျဖတ္ေတာက္မႈေတြ ေရွာင္ႏိုင္ဖို႔အတြက္ ေဒၚလာ ၁၂၅ သန္း ခ်က္ျခင္းလိုအပ္တယ္လို႔လည္း WFP က ရံပုံေငြအလႈခံထားပါတယ္။

ျမန္မာႏိုင္ငံတြင္း ၂၀၁၇ ခုႏွစ္ စစ္ဆင္ေရးေတြေၾကာင့္ ႐ိုဟင္ဂ်ာ ၇သိန္းေက်ာ္ဟာ ဘဂၤလားေဒ့ရ္ွႏိုင္ငံထဲ ထြက္ေျပးခဲ့ၾကရၿပီး၊ အရင္ရွိေနသူေတြအပါအဝင္ ႐ိုဟင္ဂ်ာတသန္းနီးပါးဟာ ဒုကၡသည္စခန္းေတြမွာ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေနထိုင္ေနရပါတယ္။ အခုလို အေထာက္အပံ့ေတြ ေလွ်ာ့လိုက္မယ္ဆိုရင္ေတာ့ ႐ိုဟင္ဂ်ာေတြအဖို႔ အလုပ္အကိုင္ေတြရဖို႔ အပူတျပင္း လိုအပ္လာၾကလိမ့္မယ္လို႔ Coz's Bazer အေျခစိုက္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္ကယ္ဆယ္ေနရာခ်ထားေရးေကာ္မရွင္နာမင္းႀကီး Mahammed Mizanur Rahman က ႐ိုက္တာသတင္းကို ေျပာပါတယ္။

တကယ္ေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို စခန္းအတြင္း စည္း႐ိုးေတြပိတ္ကာထားၿပီး၊ ျပင္ပထြက္ အလုပ္လုပ္ခြင့္ကိုပါ တားျမစ္ထားတာပါ။ ဒါေၾကာင့္လည္း ဒုကၡသည္ေတြဟာ မေလးရွား၊ အင္ဒိုနီးရွားတို႔လို ႏိုင္ငံေတြကို ေလွနဲ႔ စြန႔္စားၿပီး ထြက္ေျပးၾကေလ့ရွိပါတယ္။ မေန႔ ၾကာသာပေတးေန႔ကပဲ လူ ၇၀နီးပါးပါတဲ့ ေလွတစင္း အင္ဒိုနီးရွားႏိုင္ငံ အာေခ်းေဒသကို ဆိုက္ေရာက္တယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာကုလမဟာမင္းႀကီး႐ုံးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် WFP အကူအညီဖြတ်တောက်မည်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ရံပုံငွေရရှိမှုရှားပါးလာတဲ့အတွက် ဘင်္ဂလားဒေ့ရ်ှကိုရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အထောက်အပံ့တွေဖြတ်တောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒုက္ခသည်တဦးချင်းကို ရိက္ခာအထောက်အပံ့အဖြစ် တဦးကို တလစာ ဒေါ်လာ ၁၂ ဒေါ်လာထောက်ပံ့ရာကနေ၊ လာမယ့်လကစလို့ ၁၀ ဒေါ်လာအထိ လျှော့ချမယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောလိုက်တာပါ။

ဘင်္ဂလားဒေ့ရ်ှနဲ့ကမ္ဘာအဝှမ်း နေထိုင်စားသောက်မှုစရိတ်ကြီးမြင့်လာတဲ့အတွက် လိုအပ်ချက်တွေပိုကြီးလာချိန်မှာ၊ နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာကလေးငယ်တွေနဲ့ သူတို့မိသားစုတွေကို ပစ်မထားဖို့ အလှုရှင်နိုင်ငံတွေအဖွဲ့အစည်းတွေကို တိုက်တွန်းတယ်လို့ Save the Children အဖွဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဌာနေကိုယ်စားလှယ် Onno Van Manen ကလည်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလထူးကိုယ်စားလှယ် Thomas Andrew နဲ့ စားနပ်ရိက္ခာအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Michael Fakhri တို့ကလည်း ပူးတွဲကြေညာချက်တရပ်ထုတ်ပြန်ပြီး အခုလို အထောက်အပံ့လျှော့ချလိုက်ခြင်းကြောင့် အကူအညီတွေကိုမှီခိုနေရပြီး လိုအပ်ချက်ကြီးနေတဲ့ လူမှုအသိုက်အဝန်းအတွက် ရေရှည်ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သတိပေးပါတယ်။ အခုလို အထောက်အပံ့ဖြတ်တောက်မှုတွေ ရှောင်နိုင်ဖို့အတွက် ဒေါ်လာ ၁၂၅ သန်း ချက်ခြင်းလိုအပ်တယ်လို့လည်း WFP က ရံပုံငွေအလှုခံထားပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးခဲ့ကြရပြီး၊ အရင်ရှိနေသူတွေအပါအဝင် ရိုဟင်ဂျာတသန်းနီးပါးဟာ ဒုက္ခသည်စခန်းတွေမှာ ချို့ချို့တဲ့တဲ့ နေထိုင်နေရပါတယ်။ အခုလို အထောက်အပံ့တွေ လျှော့လိုက်မယ်ဆိုရင်တော့ ရိုဟင်ဂျာတွေအဖို့ အလုပ်အကိုင်တွေရဖို့ အပူတပြင်း လိုအပ်လာကြလိမ့်မယ်လို့ Coz's Bazer အခြေစိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ကယ်ဆယ်နေရာချထားရေးကော်မရှင်နာမင်းကြီး Mahammed Mizanur Rahman က ရိုက်တာသတင်းကို ပြောပါတယ်။

တကယ်တော့ ရိုဟင်ဂျာဒုက္ခသည်တွေကို စခန်းအတွင်း စည်းရိုးတွေပိတ်ကာထားပြီး၊ ပြင်ပထွက် အလုပ်လုပ်ခွင့်ကိုပါ တားမြစ်ထားတာပါ။ ဒါကြောင့်လည်း ဒုက္ခသည်တွေဟာ မလေးရှား၊ အင်ဒိုနီးရှားတို့လို နိုင်ငံတွေကို လှေနဲ့ စွန့်စားပြီး ထွက်ပြေးကြလေ့ရှိပါတယ်။ မနေ့ ကြာသာပတေးနေ့ကပဲ လူ ၇၀နီးပါးပါတဲ့ လှေတစင်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ဆိုက်ရောက်တယ်လို့ ဒုက္ခသည်များဆိုင်ရာကုလမဟာမင်းကြီးရုံးက ပြောပါတယ်။

XS
SM
MD
LG