သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာနယ္စပ္အနီး ႐ုိဟင္ဂ်ာအဖဲြ႔ ၂ ခုၾကား တုိက္ခုိက္မႈျဖစ္ပြား


ARSA တပ္ဖြဲ႔ (Photo: ARSA Facebook)

ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ၿပိဳင္ဖက္ ႐ုိဟင္ဂ်ာ လက္နက္ကုိင္အုပ္စု ၂ ခု တုိက္ခုိက္ခဲ့တဲ့အတြက္ အနည္းဆုံးတဦးေသဆုံးကာ၊ တခ်ိဳ႕ဒဏ္ရာရခဲ့ၿပီး၊ ရာနဲ႔ခ်ီတဲ့ ဒုကၡသည္ေနအိမ္ေတြမီးေလာင္ပ်က္စီးခဲ့တယ္လုိ႔ ဘဂၤလားေဒ့ရွ္ရဲ ေတြနဲ႔ ကုိယ္တုိင္ေတြ႔ခဲ့သူေတြက ေျပာဆုိပါတယ္။  

ျမန္မာနယ္စပ္အနီး ႐ုိဟင္ဂ်ာအဖဲြ႔ ၂ ခုၾကား တုိက္ခုိက္မႈျဖစ္ပြား

{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ၿပိဳင္ဖက္ ႐ုိဟင္ဂ်ာ လက္နက္ကုိင္အုပ္စု ၂ ခု တုိက္ခုိက္ခဲ့တဲ့အတြက္ အနည္းဆုံးတဦးေသဆုံးကာ၊ တခ်ိဳ႕ဒဏ္ရာရခဲ့ၿပီး၊ ရာနဲ႔ခ်ီတဲ့ ဒုကၡသည္ေနအိမ္ေတြမီးေလာင္ပ်က္စီးခဲ့တယ္လုိ႔ ဘဂၤလားေဒ့ရွ္ရဲ ေတြနဲ႔ ကုိယ္တုိင္ေတြ႔ခဲ့သူေတြက ေျပာဆုိပါတယ္။

မူးယစ္ေဆး၀ါးေမွာင္ခုိမႈေတြနဲ႔ ႐ုိဟင္ဂ်ာေခါင္းေဆာင္တဦးကုိ သတ္ျဖတ္ခဲ့တယ္လုိ႔ စြပ္စဲြခံထားရတဲ့ ARSA အဖဲြ႔ဲ႔ရွိရာ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္အနီးမွာ RSO အဖဲြ႔က ဗုဒၶဟူးေန႔အေစာပုိင္းမွာ တုိက္ခုိက္ခဲ့တာလုိ႔လည္း ႐ုိဟင္ဂ်ာ အသုိင္းအ၀ုိင္းကုိ ကုိးကားၿပီး AFP သတင္းက ေဖာ္ျပခဲ့တာပါ။

တုိက္ခုိက္မႈေၾကာင့္ အနည္းဆုံးတဦးေသဆုံးခဲ့တယ္လုိ႔ နယ္စည္းမျခားဆရာ၀န္မ်ားအဖဲြ႔ MSF ကအမည္မေဖၚလုိသူတဦးကုိ ကုိးကားေဖာ္ျပပါတယ္။ ေသနတ္ထိမွန္ဒါဏ္ရာရသူ ၃ ဦးရွိၿပီး ကေလးငယ္တဦးလည္းပါ၀င္တယ္လုိ႔ ဆုိပါတယ္။

ဒုကၡသည္စခန္းကေခါင္းေဆာင္တဦးျဖစ္တဲ့ Dil Mohammad ကေတာ့ တုိက္ခုိက္မႈေၾကာင့္ ယာယီတဲေတြ အေတာ္မ်ားမ်ား မီးေလာင္ပ်က္စီးသြားေၾကာင္းနဲ႔ ဘဂၤလားေဒ့ရွ္လုံၿခဳံေရးတပ္ဖဲြ႔ေတြက RSO အဖဲြ႔ဘက္ကကူညီခဲ့တယ္လုိ႔ေျပာဆုိပါတယ္။ တုိက္ခုိက္မႈမွာပါ၀င္ခဲ့တဲ့ ARSA ေခါင္း ေဆာင္တဦးကလည္း တုိက္ခုိက္မႈမွာ RSO အဖဲြ႔ဖက္က ဘဂၤလားေဒ့ရွ္လုံၿခဳံေရး တပ္ဖဲြ႔ ေတြပါ၀င္ခဲ့တယ္လုိ႔ AFP သတင္းဌာနကုိေျပာဆုိခဲ့ပါတယ္။

ဒုကၡသည္ေတြေဘးလြတ္ရာကုိထြက္ေျပးၾကၿပီး တခ်ိဳ႔လည္းျမန္မာႏုိင္ငံဘက္ကုိ၀င္ေျပးၾကတဲ့အတြက္၊ ျမန္မာဘက္လည္း လုံၿခဳ့ေရးတပ္ဖဲြ႔ေတြက ေသနတ္ေတြပစ္ေဖာက္တားဆီးခဲ့တယ္လုိ႔ Dil Mohammad ကေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာနယ်စပ်အနီး ရိုဟင်ဂျာအဖွဲ့ ၂ ခုကြား တိုက်ခိုက်မှုဖြစ်ပွား

{{Zawgyi/Unicode}}
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပြိုင်ဖက် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စု ၂ ခု တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံးတဦးသေဆုံးကာ၊ တချို့ဒဏ်ရာရခဲ့ပြီး၊ ရာနဲ့ချီတဲ့ ဒုက္ခသည်နေအိမ်တွေမီးလောင်ပျက်စီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ တွေနဲ့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ARSA အဖွဲ့ဲ့ရှိရာ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးမှာ RSO အဖွဲ့က ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့လည်း ရိုဟင်ဂျာ အသိုင်းအဝိုင်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် အနည်းဆုံးတဦးသေဆုံးခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကအမည်မဖေါ်လိုသူတဦးကို ကိုးကားဖော်ပြပါတယ်။ သေနတ်ထိမှန်ဒါဏ်ရာရသူ ၃ ဦးရှိပြီး ကလေးငယ်တဦးလည်းပါဝင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းကခေါင်းဆောင်တဦးဖြစ်တဲ့ Dil Mohammad ကတော့ တိုက်ခိုက်မှုကြောင့် ယာယီတဲတွေ အတော်များများ မီးလောင်ပျက်စီးသွားကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့တွေက RSO အဖွဲ့ဘက်ကကူညီခဲ့တယ်လို့ပြောဆိုပါတယ်။ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ARSA ခေါင်း ဆောင်တဦးကလည်း တိုက်ခိုက်မှုမှာ RSO အဖွဲ့ဖက်က ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ တွေပါဝင်ခဲ့တယ်လို့ AFP သတင်းဌာနကိုပြောဆိုခဲ့ပါတယ်။

ဒုက္ခသည်တွေဘေးလွတ်ရာကိုထွက်ပြေးကြပြီး တချို့လည်းမြန်မာနိုင်ငံဘက်ကိုဝင်ပြေးကြတဲ့အတွက်၊ မြန်မာဘက်လည်း လုံခြု့ရေးတပ်ဖွဲ့တွေက သေနတ်တွေပစ်ဖောက်တားဆီးခဲ့တယ်လို့ Dil Mohammad ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG