သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ရိကၡာေလ်ာ့ခ်ခံရမယ့္အေရး စိုးရိမ္


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

လာမယ့္ မတ္လ ၁ ရက္ေန႔ကစလို႔ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေပးေနတဲ့ အကူအညီေတြကို ေလွ်ာ့ခ်မယ့္အေၾကာင္း ကမာၻ႔စားနပ္ရိကၡာအဖြဲ႕WFP က ဒီလထဲ ေၾကညာလိုက္တဲ့အေပၚ လုံေလာက္တဲ့ စားနပ္ရိကၡာေတြမရေတာ့တဲ့ အေျခအေနျဖစ္လာမွာကို ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အေတာ္ေလးကို စိုးရိမ္စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ဒုကၡသည္တဦးအတြက္ အရင္က တလလုံးစာ ၁၂ ေဒၚလာဖိုး စားနပ္ရိကၡာ ရေနၾကရာကေန ၁၀ ေဒၚလာစာပဲ ေပးေတာ့မယ့္အေျခအေနအေပၚ ရင္ဆိုင္လာရႏိုင္တဲ့အခက္အခဲေတြနဲ႔ပတ္သက္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြထဲက သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာေထာက္ပံ့မႈေတြ WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႕က ေလွ်ာ့ခ်မယ့္ အစီအစဥ္သစ္ေၾကာင့္ သက္ႀကီး႐ြယ္အိုေတြ က်န္းမာေရးမေကာင္းသူေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ကေလးသူငယ္ေတြအပါအဝင္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အစာအာဟာရ မလုံေလာက္မႈနဲ႔ ပိုမို ဆိုး႐ြားတဲ့ က်န္းမာေရးအက်ိဳးဆက္ေတြ ႀကဳံလာရႏိုင္တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက စိုးရိမ္မကင္းေျပာဆိုေနၾကပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ေထာက္ပံ့ကူညီေပးႏိုင္မႈ ႏိုင္ငံတကာရဲ႕ရန္ပုံေငြ ရွားပါးလာတဲ့အတြက္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေပးေနတဲ့ အကူအညီေတြကို ေရွ႕လမတ္လ ၁ ရက္ေန႔က စၿပီး ၁၇ % ေလွ်ာ့ခ်မယ့္အေၾကာင္း WFP က ဒီလ ၁၇ ရက္ေန႔က ေၾကညာထားတာပါ။

လက္ရွိမွာ ဒုကၡသည္တဦးအတြက္ လစဥ္ရိကၡာ အေထာက္အပံ့ ၁၂ ေဒၚလာ ရေနရာကေန မတ္လကစၿပီး တလ ၁၀ ေဒၚလာသာ ရရွိေတာ့မွာ ျဖစ္ပါတယ္။ တလကို ၂ ေဒၚလာပဲ ေလွ်ာ့ခ်လိုက္တာဆိုေပမဲ့ အရင္ကတည္းက စားနပ္ရိကၡာ အကူအညီ လုံလုံေလာက္ေလာက္မရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ဒါက ႀကီးမားတဲ့ အက်ပ္အတည္း ျဖစ္သလို၊ လူသားခ်င္းစာနာမႈ အကူအညီေတြ ျဖန႔္ေဝေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႕ေတြအတြက္လည္း ႐ိုက္ခတ္မႈ ျပင္းထန္တဲ့အေၾကာင္း WFP ရဲ႕ ဘဂၤလားေဒ့ရွ္ဆိုင္ရာ ဌာေနကိုယ္စားလွယ္ Domenico Scalpelli က ေျပာပါတယ္။

လတ္တေလာမွာေတာ့ ဒုကၡသည္စခန္းအသီးသီးမွာ ဒီလေဖေဖာ္ဝါရီလ 2023 ကစၿပီး အိမ္ေထာင္စုအလိုက္ မိသားစုဦးေရ အိမ္ေထာင္ဦးစီး က်ား/မ ကေလး ဦးေရေပၚမူတည္ၿပီး ဆန္ ဆီ ဆား ၾကက္ဥ ပဲ င႐ုတ္ ၾကက္သြန္ စားနပ္ရိကၡာ အခ်ိဳးက်ေပးေနတဲ့ စာရင္းေတြ လိုက္လံျပဳစုေနၾကပါတယ္။ လက္ရွိ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းသီးသီးက ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ရင္ဆိုင္ေနၾကရတဲ့ ေန႔စဥ္လူမႈဘဝ စားေသာက္ေနထိုင္ေနၾကရတဲ့အခက္အခဲေတြမွာ ႀကဳံလာရႏိုင္တဲ့ စိန္ေခၚမႈေတြနဲ႔ပတ္သက္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ကိုေအာင္ၿမိဳင္က ဗြီအိုေအျမန္မာပိုင္းကို အခုလိုရွင္းျပပါတယ္။

ကိုေအာင္ၿမိဳင္။ ။ က်ေနာ္တို႔ရခဲ့တဲ့ ၁၂ ေဒၚလာမွာေတာင္ ဘဂၤလားေဒ့ရွ္ တာကာေငြနဲ႔ လဲမယ္ဆိုရင္ တစ္ေထာင့္ႏွစ္ရာေက်ာ္ေက်ာ္ေလာက္ပဲ က်ေနာ္တို႔ရတယ္။ အဲ့လိုေျပစာနဲ႔ဝယ္ရတဲ့အေျခအေနမွာ ကန႔္သတ္ခ်က္နဲ႔ဝယ္ၾကရတယ္ ဥပမာ ဆန္ဆိုရင္ လူတေယာက္ ဘယ္ေလာက္ေပါ့ ဆီဆိုရင္ တစ္လီတာေပါ့ေနာ္ အဲ့လိုကန႔္သတ္ခ်က္ေတြနဲ႔ဝယ္ၾကရတယ္။ က်ေနာ္တို႔ လိုခ်င္တဲ့အတိုင္းလည္း ဝယ္လို႔မရဘူး။ လုံေလာက္မႈလည္းမရွိဘူး။ အဲ့လိုၾကားထဲကမွ အခုလို ေလွ်ာ့ခ်လိုက္တယ္ဆိုေတာ့ လာမယ့္မတ္လကေနစၿပီး ၁၀ ေဒၚလာပဲ ေပးမယ္ဆိုေတာ့ ဘဂၤလားေဒ့ရွ္ တာကာေငြနဲ႔ဆို တစ္ေထာင့္နဲ႔ ႏွစ္ဆယ္ေလာက္ပဲ ရေတာ့မယ္။ ဒါဆိုရင္ က်ေနာ္တို႔အတြက္ အမ်ားႀကီး ထိခိုက္ႏိုင္ပါတယ္။ နဂိုကတည္းကိုက မလုံမေလာက္ျဖစ္ေနရတဲ့အထဲ နဂိုကမွ ဒုကၡသည္ေတြမွာ အလုပ္အကိုင္အခြင့္အလမ္းလည္းမရွိဘူး။ တရားဝင္နည္းလမ္းနဲ႔ အလုပ္လည္း လုပ္လို႔မရဘူး။ ဆိုေတာ့ကာ ဒီလူေတြမွာ လမ္းမျမင္ ကမ္းမျမင္နဲ႔ အခုလို WFP က အခုလိုေလွ်ာ့ခ်လိုက္တာ အမ်ားႀကီး ဒုကၡေရာက္ႏိုင္ပါတယ္။

သိန္းခ်ီတဲ့႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ျပင္ပအသြားလာကန႔္သတ္ပိတ္ပင္ထားတဲ့ ဒုကၡသည္စခန္းတြင္းမွာလည္း လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္မရွိသလို ေန႔စဥ္ဝင္ေငြရရွိႏိုင္ေရး တရားဝင္ အလုပ္လုပ္ကိုင္ခြင့္လည္း မရွိၾကတာမို႔ အခုလို စားနပ္ရိကၡာေလွ်ာ့ခ်လိုက္တဲ့အတြက္ ေန႔စဥ္စားေသာက္ေနထိုင္ေရး အခက္အခဲမ်ိဳးစုံနဲ႔ ႀကဳံလာရႏိုင္တယ္လို႔လည္း ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္က ေျပာပါတယ္။

ဦးေက်ာ္ျမင့္ “ေကာ့ဇ္ဘဇားဒုကၡသည္စခန္းေတြထဲ လာခိုလႈံေနၾကရတဲ့ ဒုကၡသည္ေတြဟာ ၂၀၁၇ခုႏွစ္ကတည္းက ေရာက္ခါစကတည္းက ဒုကၡသည္မ်ားဆိုင္ရာ အခြင့္အလမ္းေတြမရွိခဲ့ပါဘူး။ အလုပ္လုပ္ခြင့္တို႔ လြတ္လပ္စြာ သြားလာခြင့္တို႔ မရခဲ့သလို စားနပ္ရိကၡာ လုံေလာက္မႈလည္း မရွိခဲ့ပါ။ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ စားနပ္ရိကၡာကို မျဖည့္စည္းႏိုင္တာသာမကပါဘူး က်ေနာ္တို႔ရဲ႕ အက်ပ္အတည္းကိုလည္း ယေန႔အခ်ိန္အထိ ေျဖရွင္းႏိုင္ခဲ့ျခင္းမရွိေသးပါဘူး။ အခုလို စားနပ္ရိကၡာ ေလွ်ာ့ခ်လိုက္တာနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔က အင္မတန္ကိုစိုးရိမ္ပူပန္မိပါတယ္ခင္ဗ်ာ။ ဒါေၾကာင့္ ႏိုင္ငံတကာနဲ႔ ကုလသမဂၢအေနနဲ႔ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား၏ အေျခခံလိုအပ္ခ်က္ျဖစ္တဲ့ စားနပ္ရိကၡာမ်ားကိုမျဖည့္စည္းႏိုင္႐ုံသာမက အက်ပ္အတည္းကို မေျဖရွင္းႏိုင္ခဲ့တဲ့အတြက္ ဒီလိုမ်ိဳး စားနပ္ရိကၡာကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ က်ေနာ္တို႔အတြက္ အလြန္စိုးရိမ္ရတဲ့ အေျခအေနကိုေရာက္ရွိသြားႏိုင္တယ္ဆိုတာ က်ေနာ္တို႔ အလြန္ကို စိုးရိမ္ေနၾကပါတယ္ခင္ဗ်။ ဒါေၾကာင့္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းကပါ က်ေနာ္တို႔ႀကဳံေနရတဲ့အခက္အခဲ အက်ပ္အတည္းကို ေျဖရွင္းေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အထူးသျဖင့္ အလႉရွင္ႏိုင္ငံမ်ားကို က်ေနာ္တို႔ ႐ိုဟင္ဂ်ာမ်ားအေပၚ လူသားခ်င္းစာနာေထာက္ထားမႈအေနျဖင့္ က်ေနာ္တို႔ရဲ႕ လိုအပ္ခ်က္ကို ျဖည့္စည္းေပးၾကပါဦးလို႔ က်ေနာ္တို႔အေနနဲ႔ ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်ာ”

လက္ရွိမွာကိုပဲ ဒုကၡသည္စခန္းေတြထဲမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာ မိသားစုေတြရဲ႕ ၄၅ % ဟာ လုံေလာက္တဲ့ အစာအာဟာရ ပမာဏ မရရွိၾကဘူး ဆိုတာကိုလည္း WFP က ေထာက္ျပ ထားပါတယ္။ တရားဝင္ အလုပ္လုပ္ကိုင္ၿပီး ဝင္ေငြရွာရမလြယ္တဲ့ဒုကၡသည္ဘဝမွာ အခုလို စားနပ္ရိကၡာ မလုံေလာက္မႈေတြကေန လူေမွာင္ခိုကူးတာကအစ မူးယစ္ေဆးဝါးေရာင္းဝယ္မႈအဆုံး ရာဇဝတ္မႈေတြ က်ဴးလြန္မႈ ဆိုးက်ိဳးေတြ မ်ားလာမွာကိုလည္း စိုးရိမ္မိတယ္လို႔ ကိုေအာင္ၿမိဳင္ကေျပာပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာအလႉရွင္ေတြအေနနဲ႔ အေလးအနက္ထားစဥ္းစားေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံပါတယ္။

ကိုေအာင္ၿမိဳင္။ ။ အခုလို WFP စားနပ္ရိကၡာ ေလွ်ာ့ခ်လိုက္တဲ့အတြက္ ဘာေတြႀကဳံရႏိုင္လဲဆိုရင္ အဓိကေပါ့ေနာ္ ဒီလူေတြမွာ စားနပ္ရိကၡာ လုံေလာက္မႈရွိမွာ မဟုတ္ေတာ့ဘူး။ နဂိုကတည္းကကို မလုံေလာက္လို႔ က်ေနာ္တို႔ေတြက အႀကိမ္ႀကိမ္ေတာင္းဆိုေနၾကတာရွိတယ္။ က်ေနာ္တို႔ကို တိုးေပးဖို႔အတြက္ အဲ့ဒီ့ၾကားထဲကမွ ေလွ်ာ့ခ်လိုက္တယ္ဆိုေတာ့ အမ်ားႀကီးထိခိုက္ႏိုင္တယ္ ဥပမာအားျဖင့္ ဒီမွာက မူးယစ္ေဆးဝါး ဂိုဏ္းေတြရွိတယ္ လူေမွာင္ခိုဂိုဏ္းေတြရွိတယ္ ၿပီးေတာ့ ဒီမွာ လက္နက္ကိုင္အဖြဲ႕အစည္းေတြရွိတယ္။ အဲ့လိုဒုကၡသည္ေတြ ဒုကၡေရာက္လာရင္ အျမတ္ထုတ္လိုတဲ့လူပုဂၢိဳလ္အဖြဲ႕အစည္းေတြရွိတယ္ ဒီလိုဒုကၡေရာက္လာေတာ့ ဒီဒုကၡသည္ေတြကို စည္း႐ုံးဖို႔ လြယ္သြားမယ္။ အမ်ားႀကီးဆိုးက်ိဳး ဘက္ကိုေရာက္သြားႏိုင္တယ္။ ဒီလူေတြဟာ မေလးရွားတို႔ အင္ဒိုနီးရွားတို႔ဘက္ကို ပိုၿပီးေတာ့ ေရာက္သြားႏိုင္တယ္ နဂိုကတည္းကမွ အဆင္မေျပလို႔ လမ္းမျမင္ကမ္းမျမင္ ႏိုင္ငံရပ္ျခားကို အသက္နဲ႔ရင္းၿပီး ထြက္ေျပးေနၾကတာ အခုဆိုပိုၿပီးေတာ့ ျဖစ္လာႏိုင္ပါတယ္။ ဒီဒုကၡသည္ေတြအတြက္ အမ်ားႀကီးထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတကာအေနနဲ႔ ဒီကိစၥကို အေသးအမႊားလို႔ မထင္ပဲ ဒီကိစၥကို အေရးတႀကီးစဥ္းစားေပးဖို႔လိုပါတယ္။ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာဖိုးတိုးေပးႏိုင္ဖို႔အတြက္လည္း ရတဲ့နည္းလမ္းသုံးၿပီးလုပ္ေပးေစလိုပါတယ္။

စားနပ္ရိကၡာေလွ်ာ့ခ်ခံရေတာ့မယ့္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ လတ္တေလာ ဒုကၡသည္ေတြရဲ႕ ေန႔စဥ္ဘဝလုံၿခဳံေရးအေျခအေနကတည္း အေတာ္ေလးကို ဆိုးဝါးေနၿပီး ေန႔စဥ္လို လူသတ္မႈ ရာဇဝတ္မႈေတြထူေျပာလာေနတဲ့အေနအထားေၾကာင့္ ဒုကၡသည္ေတြကို လုံၿခဳံေရးအကာအကြယ္ေပးဖို႔ကိုလည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ေတာင္းဆိုပါတယ္လို႔ ဦးေက်ာ္ျမင့္ကေျပာပါတယ္။

ဦးေက်ာ္ျမင့္“ဒုကၡသည္စခန္းတြင္း အေျခအေနကလည္း အခုက အေတာ္ေလးကို ဆိုးဝါးေနတာကို ေတြ႕ရပါတယ္။ မေန႔ေရာ ဒီေန႔ေရာ ေန႔စဥ္လိုလို သတ္ျဖတ္မႈေတြျဖစ္ေနတာကို ေတြ႕ရတယ္။ ဒီလိုမ်ိဳးျဖစ္ေနတဲ့အတြက္ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြမွာ အလြန္ကို စိုးရိမ္ေသာက ထိတ္လန႔္မႈေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ဒီလုံၿခဳံေရးကိစၥအေပၚကုလသမဂၢနဲ႔ ဘဂ္လားေဒ့ရွ္အစိုးရအေနနဲ႔ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ားအတြက္ လုံၿခဳံေရးအစီအမံကို တိုးခ်ဲ႕ ေဆာင္႐ြက္ေပးပါလို႔ ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်ာ။ အထူးသျဖင့္ ႐ိုဟင္ဂ်ာအေရးလႈပ္ရွားေဆာင္႐ြက္သူမ်ားနဲ႔ စခန္းတာဝန္ခံ တာဝန္ထမ္း​ေဆာင္ေနတဲ့ပုဂၢိဳလ္မ်ားအတြက္ အကြယ္ေပးၾကပါ လုံၿခဳံစိတ္ခ်ရတဲ့ေနရာေတြကို ဖန္တီးေပးဖို႔ တင္ျပလိုပါတယ္ အခုဆို ဒုကၡသည္စခန္းအေျခအေနက ေတာ္ေတာ္ေလးကိုဆိုးဝါးလာေနၾကရတာပါ။ ေန႔စဥ္လိုလို တိုက္ခိုက္မႈေတြျဖစ္ေနလို႔ စခန္းတြင္းက လူေတြက
စိုးရိမ္ေသာကေတြနဲ႔ ေနေနၾကရတာမို႔ ဘဂၤလားေဒ့ရွ္အစိုးရ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္း အေနနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္မ်ားကို အျမန္ဆုံးအကာအကြယ္ေပးပါလို႔ က်ေနာ္တို႔အေနနဲ႔ ေတာင္းဆိုလိုပါတယ္ခင္ဗ်ာ။ အထူးသျဖင့္ ႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူေတြရဲ႕လုံၿခဳံေရးကို အကာအကြယ္ေပးေပးပါလို႔ ထပ္မံေတာင္းဆိုလိုပါတယ္။”

လတ္တေလာမွာေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ခက္ခဲမႈေတြျဖစ္လာႏိုင္တဲ့ ရိကၡာေလွ်ာ့ခ်လာတဲအခ်ိန္ စားနပ္ရိကၡာ အခက္အခဲေတြေျပလည္ႏိုင္ေရး ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အသီးသီးမွာ စခန္းတာဝန္ခံေတြ ႐ိုဟင္ဂ်ာေခါင္းေဆာင္ေတြနဲ႔ လူမႈကူညီေရးအဖြဲ႕ေတြဘက္က ေရရွည္အစီအစဥ္ေတြကို စဥ္းစားေဆာင္႐ြက္ေနၾကသလို ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ရန္ပုံေငြအကူအညီေတြ ပိုမိုထည့္ဝင္ ကူညီေပးၾကဖို႔ ႐ိုဟင္ဂ်ာအေရးေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းအသီးသီး ကလည္း ေၾကညာခ်က္ေတြ ထုတ္ျပန္ေတာင္းဆိုထားပါတယ္။ ၿပီးခဲ့တဲ့၂၀၁၇ ခုႏွစ္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္မႈေတြေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲ ထြက္ေျပးတိမ္းေရွာင္ခိုလႈံေနၾကရတာ ေျခာက္ႏွစ္ထဲကို ဝင္ေရာက္ေနၿပီျဖစ္ၿပီး အခုအခ်ိန္အထိလည္း ႐ိုဟင္ဂ်ာတို႔ အိမ္ျပန္ေရး အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြကလည္း မေသခ်ာ မေရမရာျဖစ္ေနဆဲ အေနအထားျဖစ္ေနပါတယ္။

[Unicode]

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ရိက္ခာလျော့ချခံရမယ့်အရေး စိုးရိမ်

လာမယ့် မတ်လ ၁ ရက်နေ့ကစလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို လျှော့ချမယ့်အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က ဒီလထဲ ကြေညာလိုက်တဲ့အပေါ် လုံလောက်တဲ့ စားနပ်ရိက္ခာတွေမရတော့တဲ့ အခြေအနေဖြစ်လာမှာကို ရိုဟင်ဂျာဒုက္ခသည်တွေ အတော်လေးကို စိုးရိမ်စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒုက္ခသည်တဦးအတွက် အရင်က တလလုံးစာ ၁၂ ဒေါ်လာဖိုး စားနပ်ရိက္ခာ ရနေကြရာကနေ ၁၀ ဒေါ်လာစာပဲ ပေးတော့မယ့်အခြေအနေအပေါ် ရင်ဆိုင်လာရနိုင်တဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လျှော့ချမယ့် အစီအစဉ်သစ်ကြောင့် သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အစာအာဟာရ မလုံလောက်မှုနဲ့ ပိုမို ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေ ကြုံလာရနိုင်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက စိုးရိမ်မကင်းပြောဆိုနေကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီပေးနိုင်မှု နိုင်ငံတကာရဲ့ရန်ပုံငွေ ရှားပါးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို ရှေ့လမတ်လ ၁ ရက်နေ့က စပြီး ၁၇ % လျှော့ချမယ့်အကြောင်း WFP က ဒီလ ၁၇ ရက်နေ့က ကြေညာထားတာပါ။

လက်ရှိမှာ ဒုက္ခသည်တဦးအတွက် လစဉ်ရိက္ခာ အထောက်အပံ့ ၁၂ ဒေါ်လာ ရနေရာကနေ မတ်လကစပြီး တလ ၁၀ ဒေါ်လာသာ ရရှိတော့မှာ ဖြစ်ပါတယ်။ တလကို ၂ ဒေါ်လာပဲ လျှော့ချလိုက်တာဆိုပေမဲ့ အရင်ကတည်းက စားနပ်ရိက္ခာ အကူအညီ လုံလုံလောက်လောက်မရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒါက ကြီးမားတဲ့ အကျပ်အတည်း ဖြစ်သလို၊ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေအတွက်လည်း ရိုက်ခတ်မှု ပြင်းထန်တဲ့အကြောင်း WFP ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Domenico Scalpelli က ပြောပါတယ်။

လတ်တလောမှာတော့ ဒုက္ခသည်စခန်းအသီးသီးမှာ ဒီလဖေဖော်ဝါရီလ 2023 ကစပြီး အိမ်ထောင်စုအလိုက် မိသားစုဦးရေ အိမ်ထောင်ဦးစီး ကျား/မ ကလေး ဦးရေပေါ်မူတည်ပြီး ဆန် ဆီ ဆား ကြက်ဥ ပဲ ငရုတ် ကြက်သွန် စားနပ်ရိက္ခာ အချိုးကျပေးနေတဲ့ စာရင်းတွေ လိုက်လံပြုစုနေကြပါတယ်။ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသီးသီးက ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေကြရတဲ့ နေ့စဉ်လူမှုဘဝ စားသောက်နေထိုင်နေကြရတဲ့အခက်အခဲတွေမှာ ကြုံလာရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

ကိုအောင်မြိုင်။ ။ ကျနော်တို့ရခဲ့တဲ့ ၁၂ ဒေါ်လာမှာတောင် ဘင်္ဂလားဒေ့ရှ် တာကာငွေနဲ့ လဲမယ်ဆိုရင် တစ်ထောင့်နှစ်ရာကျော်ကျော်လောက်ပဲ ကျနော်တို့ရတယ်။ အဲ့လိုပြေစာနဲ့ဝယ်ရတဲ့အခြေအနေမှာ ကန့်သတ်ချက်နဲ့ဝယ်ကြရတယ် ဥပမာ ဆန်ဆိုရင် လူတယောက် ဘယ်လောက်ပေါ့ ဆီဆိုရင် တစ်လီတာပေါ့နော် အဲ့လိုကန့်သတ်ချက်တွေနဲ့ဝယ်ကြရတယ်။ ကျနော်တို့ လိုချင်တဲ့အတိုင်းလည်း ဝယ်လို့မရဘူး။ လုံလောက်မှုလည်းမရှိဘူး။ အဲ့လိုကြားထဲကမှ အခုလို လျှော့ချလိုက်တယ်ဆိုတော့ လာမယ့်မတ်လကနေစပြီး ၁၀ ဒေါ်လာပဲ ပေးမယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ် တာကာငွေနဲ့ဆို တစ်ထောင့်နဲ့ နှစ်ဆယ်လောက်ပဲ ရတော့မယ်။ ဒါဆိုရင် ကျနော်တို့အတွက် အများကြီး ထိခိုက်နိုင်ပါတယ်။ နဂိုကတည်းကိုက မလုံမလောက်ဖြစ်နေရတဲ့အထဲ နဂိုကမှ ဒုက္ခသည်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိဘူး။ တရားဝင်နည်းလမ်းနဲ့ အလုပ်လည်း လုပ်လို့မရဘူး။ ဆိုတော့ကာ ဒီလူတွေမှာ လမ်းမမြင် ကမ်းမမြင်နဲ့ အခုလို WFP က အခုလိုလျှော့ချလိုက်တာ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။

သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြင်ပအသွားလာကန့်သတ်ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွင်းမှာလည်း လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်မရှိသလို နေ့စဉ်ဝင်ငွေရရှိနိုင်ရေး တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရှိကြတာမို့ အခုလို စားနပ်ရိက္ခာလျှော့ချလိုက်တဲ့အတွက် နေ့စဉ်စားသောက်နေထိုင်ရေး အခက်အခဲမျိုးစုံနဲ့ ကြုံလာရနိုင်တယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပါတယ်။

ဦးကျော်မြင့် “ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွေထဲ လာခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေဟာ ၂၀၁၇ခုနှစ်ကတည်းက ရောက်ခါစကတည်းက ဒုက္ခသည်များဆိုင်ရာ အခွင့်အလမ်းတွေမရှိခဲ့ပါဘူး။ အလုပ်လုပ်ခွင့်တို့ လွတ်လပ်စွာ သွားလာခွင့်တို့ မရခဲ့သလို စားနပ်ရိက္ခာ လုံလောက်မှုလည်း မရှိခဲ့ပါ။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာကို မဖြည့်စည်းနိုင်တာသာမကပါဘူး ကျနော်တို့ရဲ့ အကျပ်အတည်းကိုလည်း ယနေ့အချိန်အထိ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသေးပါဘူး။ အခုလို စားနပ်ရိက္ခာ လျှော့ချလိုက်တာနဲ့ပတ်သက်ပြီး ကျနော်တို့က အင်မတန်ကိုစိုးရိမ်ပူပန်မိပါတယ်ခင်ဗျာ။ ဒါကြောင့် နိုင်ငံတကာနဲ့ ကုလသမဂ္ဂအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာများကိုမဖြည့်စည်းနိုင်ရုံသာမက အကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဒီလိုမျိုး စားနပ်ရိက္ခာကို ဖြတ်တောက်လိုက်မယ်ဆိုရင် ကျနော်တို့အတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကိုရောက်ရှိသွားနိုင်တယ်ဆိုတာ ကျနော်တို့ အလွန်ကို စိုးရိမ်နေကြပါတယ်ခင်ဗျ။ ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျနော်တို့ကြုံနေရတဲ့အခက်အခဲ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် အလှူရှင်နိုင်ငံများကို ကျနော်တို့ ရိုဟင်ဂျာများအပေါ် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ကျနော်တို့ရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးကြပါဦးလို့ ကျနော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်ခင်ဗျာ”

လက်ရှိမှာကိုပဲ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မိသားစုတွေရဲ့ ၄၅ % ဟာ လုံလောက်တဲ့ အစာအာဟာရ ပမာဏ မရရှိကြဘူး ဆိုတာကိုလည်း WFP က ထောက်ပြ ထားပါတယ်။ တရားဝင် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာရမလွယ်တဲ့ဒုက္ခသည်ဘဝမှာ အခုလို စားနပ်ရိက္ခာ မလုံလောက်မှုတွေကနေ လူမှောင်ခိုကူးတာကအစ မူးယစ်ဆေးဝါးရောင်းဝယ်မှုအဆုံး ရာဇဝတ်မှုတွေ ကျူးလွန်မှု ဆိုးကျိုးတွေ များလာမှာကိုလည်း စိုးရိမ်မိတယ်လို့ ကိုအောင်မြိုင်ကပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအလှူရှင်တွေအနေနဲ့ အလေးအနက်ထားစဉ်းစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကိုအောင်မြိုင်။ ။ အခုလို WFP စားနပ်ရိက္ခာ လျှော့ချလိုက်တဲ့အတွက် ဘာတွေကြုံရနိုင်လဲဆိုရင် အဓိကပေါ့နော် ဒီလူတွေမှာ စားနပ်ရိက္ခာ လုံလောက်မှုရှိမှာ မဟုတ်တော့ဘူး။ နဂိုကတည်းကကို မလုံလောက်လို့ ကျနော်တို့တွေက အကြိမ်ကြိမ်တောင်းဆိုနေကြတာရှိတယ်။ ကျနော်တို့ကို တိုးပေးဖို့အတွက် အဲ့ဒီ့ကြားထဲကမှ လျှော့ချလိုက်တယ်ဆိုတော့ အများကြီးထိခိုက်နိုင်တယ် ဥပမာအားဖြင့် ဒီမှာက မူးယစ်ဆေးဝါး ဂိုဏ်းတွေရှိတယ် လူမှောင်ခိုဂိုဏ်းတွေရှိတယ် ပြီးတော့ ဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ အဲ့လိုဒုက္ခသည်တွေ ဒုက္ခရောက်လာရင် အမြတ်ထုတ်လိုတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရှိတယ် ဒီလိုဒုက္ခရောက်လာတော့ ဒီဒုက္ခသည်တွေကို စည်းရုံးဖို့ လွယ်သွားမယ်။ အများကြီးဆိုးကျိုး ဘက်ကိုရောက်သွားနိုင်တယ်။ ဒီလူတွေဟာ မလေးရှားတို့ အင်ဒိုနီးရှားတို့ဘက်ကို ပိုပြီးတော့ ရောက်သွားနိုင်တယ် နဂိုကတည်းကမှ အဆင်မပြေလို့ လမ်းမမြင်ကမ်းမမြင် နိုင်ငံရပ်ခြားကို အသက်နဲ့ရင်းပြီး ထွက်ပြေးနေကြတာ အခုဆိုပိုပြီးတော့ ဖြစ်လာနိုင်ပါတယ်။ ဒီဒုက္ခသည်တွေအတွက် အများကြီးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဒီကိစ္စကို အသေးအမွှားလို့ မထင်ပဲ ဒီကိစ္စကို အရေးတကြီးစဉ်းစားပေးဖို့လိုပါတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဖိုးတိုးပေးနိုင်ဖို့အတွက်လည်း ရတဲ့နည်းလမ်းသုံးပြီးလုပ်ပေးစေလိုပါတယ်။

စားနပ်ရိက္ခာလျှော့ချခံရတော့မယ့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လတ်တလော ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝလုံခြုံရေးအခြေအနေကတည်း အတော်လေးကို ဆိုးဝါးနေပြီး နေ့စဉ်လို လူသတ်မှု ရာဇဝတ်မှုတွေထူပြောလာနေတဲ့အနေအထားကြောင့် ဒုက္ခသည်တွေကို လုံခြုံရေးအကာအကွယ်ပေးဖို့ကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေဘက်က တောင်းဆိုပါတယ်လို့ ဦးကျော်မြင့်ကပြောပါတယ်။

ဦးကျော်မြင့်“ဒုက္ခသည်စခန်းတွင်း အခြေအနေကလည်း အခုက အတော်လေးကို ဆိုးဝါးနေတာကို တွေ့ရပါတယ်။ မနေ့ရော ဒီနေ့ရော နေ့စဉ်လိုလို သတ်ဖြတ်မှုတွေဖြစ်နေတာကို တွေ့ရတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အတွက် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေမှာ အလွန်ကို စိုးရိမ်သောက ထိတ်လန့်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလုံခြုံရေးကိစ္စအပေါ်ကုလသမဂ္ဂနဲ့ ဘဂ်လားဒေ့ရှ်အစိုးရအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်များအတွက် လုံခြုံရေးအစီအမံကို တိုးချဲ့ ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ အထူးသဖြင့် ရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်သူများနဲ့ စခန်းတာဝန်ခံ တာဝန်ထမ်း​ေဆာင်နေတဲ့ပုဂ္ဂိုလ်များအတွက် အကွယ်ပေးကြပါ လုံခြုံစိတ်ချရတဲ့နေရာတွေကို ဖန်တီးပေးဖို့ တင်ပြလိုပါတယ် အခုဆို ဒုက္ခသည်စခန်းအခြေအနေက တော်တော်လေးကိုဆိုးဝါးလာနေကြရတာပါ။ နေ့စဉ်လိုလို တိုက်ခိုက်မှုတွေဖြစ်နေလို့ စခန်းတွင်းက လူတွေက
စိုးရိမ်သောကတွေနဲ့ နေနေကြရတာမို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်များကို အမြန်ဆုံးအကာအကွယ်ပေးပါလို့ ကျနော်တို့အနေနဲ့ တောင်းဆိုလိုပါတယ်ခင်ဗျာ။ အထူးသဖြင့် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးပေးပါလို့ ထပ်မံတောင်းဆိုလိုပါတယ်။”

လတ်တလောမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခက်ခဲမှုတွေဖြစ်လာနိုင်တဲ့ ရိက္ခာလျှော့ချလာတဲအချိန် စားနပ်ရိက္ခာ အခက်အခဲတွေပြေလည်နိုင်ရေး ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးမှာ စခန်းတာဝန်ခံတွေ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေဘက်က ရေရှည်အစီအစဉ်တွေကို စဉ်းစားဆောင်ရွက်နေကြသလို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေအကူအညီတွေ ပိုမိုထည့်ဝင် ကူညီပေးကြဖို့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီး ကလည်း ကြေညာချက်တွေ ထုတ်ပြန်တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြရတာ ခြောက်နှစ်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး အခုအချိန်အထိလည်း ရိုဟင်ဂျာတို့ အိမ်ပြန်ရေး အနာဂတ် မျှော်လင့်ချက်တွေကလည်း မသေချာ မရေမရာဖြစ်နေဆဲ အနေအထားဖြစ်နေပါတယ်။

XS
SM
MD
LG