=== [[ ZAWGYI ]] ===
ဘာဆန္ခ်ာ ႐ိုဟင္ဂ်ာဒုကၡသည္ စခန္းကို ကုလနဲ႔ သံအမတ္ေတြ သြားေရာက္
ဂ်ပန္၊ တ႐ုတ္၊ ျပင္သစ္နဲ႔ အင္ဒိုနီးရွား ႏိုင္ငံတို႔က ဘဂၤလားေဒရွ႕္ဆိုင္ရာ သံအမတ္ေတြနဲ႔ ကုလသမဂၢ တာဝန္ရွိသူေတြ ႐ိုဟင္ဂ်ာ ဒုကၡသည္ တခ်ိဳ႕ ေျပာင္းေ႐ႊ႕အေျခခ်ရာ Bhasanchar ဘာဆန္ခ်ာကြၽန္းကို သြားေရာက္ၿပီး ဒုကၡသည္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဘဂၤလားေဒရွ႕္ ႏိုင္ငံက ေျမႏုကြၽန္း Bhasanchar မွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ကြၽန္းေပၚ ေနထိုင္ရမႈ အေျခအေန အပါအဝင္ တျခားကိစၥေတြကို စုံးစမ္းခဲ့ၾကတာပါ။
ဂ်ပန္သံအမတ္ Iwama Kiminori ၊ တ႐ုတ္သံအမတ္ Yao Wen , ျပင္သစ္သံအမတ္ Marie Masdupui, အင္ဒိုနီးရွားသံအမတ္ Heru Hartanto Subolo တို႔နဲ႔ အတူ ကုလသမဂၢရဲ႕ ဘဂၤလားေဒရွ႕္ဆိုင္ရာ ဌာေနကိုယ္စားလွယ္ Gwen Lweis, ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရဲ႕ ကိုယ္စားလွယ္ Johannes van der Klaue, ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ႀကီးၾကပ္ေရးမႉး Simone Parchment တို႔ သြားေရာက္ခဲ့ၾကတာျဖစ္ေၾကာင္း ဗြီအိုေအ ဘဂၤလားဌာနက ေျပာပါတယ္။
ရန္ပုံေငြ မလုံေလာက္မႈေၾကာင့္ ဘဂၤလားေဒရွ႕္မွာ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ရိကၡာေထာက္ပံ့မႈကို ေလွ်ာ့ခ် ျဖတ္ေတာက္ရမယ့္ အေျခအေနျဖစ္ေနေၾကာင္း ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP က သတိေပးထားခ်ိန္မွာဘဲ ဘဂၤလားေဒရွ႕္ဆိုင္ရာ သံအမတ္ႀကီး တခ်ိဳ႕နဲ႔ ကုလသမဂၢ တာဝန္ရွိသူေတြ ႐ိုဟင္ဂ်ာဒုကၡသည္ တခ်ိဳ႕ ေျပာင္းေ႐ႊ႕ထားရာ Bhasanchar ကြၽန္းကို သြားေရာက္တာလည္း ျဖစ္ပါတယ္။
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ေပးေနတဲ့ စားနပ္ရိကၡာအကူအညီကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ ႀကီးမားတဲ့ ကပ္ေဘးႀကဳံလာရႏိုင္တယ္လို႔ ကုလသမဂၢက သတိေပးလိုက္ၿပီး WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ - ႐ိုဟင္ဂ်ာဒုကၡသည္ဆိုင္ရာ တုံ႔ျပန္ေဆာင္႐ြက္ေရးအတြက္ အလႉေငြေထာက္ပံ့ေပးဖို႔ အေရးေပၚ ပန္ၾကားထားပါတယ္။
=== {{ UNICODE }} ===
ဘာဆန်ချာ ရိုဟင်ဂျာဒုက္ခသည် စခန်းကို ကုလနဲ့ သံအမတ်တွေ သွားရောက်
ဂျပန်၊ တရုတ်၊ ပြင်သစ်နဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်တွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ရိုဟင်ဂျာ ဒုက္ခသည် တချို့ ပြောင်းရွှေ့အခြေချရာ Bhasanchar ဘာဆန်ချာကျွန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံက မြေနုကျွန်း Bhasanchar မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကျွန်းပေါ် နေထိုင်ရမှု အခြေအနေ အပါအဝင် တခြားကိစ္စတွေကို စုံးစမ်းခဲ့ကြတာပါ။
ဂျပန်သံအမတ် Iwama Kiminori ၊ တရုတ်သံအမတ် Yao Wen , ပြင်သစ်သံအမတ် Marie Masdupui, အင်ဒိုနီးရှားသံအမတ် Heru Hartanto Subolo တို့နဲ့ အတူ ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေရှ့်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Gwen Lweis, ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ကိုယ်စားလှယ် Johannes van der Klaue, ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကြီးကြပ်ရေးမှူး Simone Parchment တို့ သွားရောက်ခဲ့ကြတာဖြစ်ကြောင်း ဗွီအိုအေ ဘင်္ဂလားဌာနက ပြောပါတယ်။
ရန်ပုံငွေ မလုံလောက်မှုကြောင့် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့မှုကို လျှော့ချ ဖြတ်တောက်ရမယ့် အခြေအနေဖြစ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က သတိပေးထားချိန်မှာဘဲ ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်ကြီး တချို့နဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ရိုဟင်ဂျာဒုက္ခသည် တချို့ ပြောင်းရွှေ့ထားရာ Bhasanchar ကျွန်းကို သွားရောက်တာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပေးနေတဲ့ စားနပ်ရိက္ခာအကူအညီကို ဖြတ်တောက်လိုက်မယ်ဆိုရင် ကြီးမားတဲ့ ကပ်ဘေးကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပြီး WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ - ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအတွက် အလှူငွေထောက်ပံ့ပေးဖို့ အရေးပေါ် ပန်ကြားထားပါတယ်။