=== [[ ZAWGYI ]] ===
အင္ဒုိနီးရွားေရာက္ ႐ုိဟင္ဂ်ာေတြထဲက ေရလမ္းခရီးမွာ ေသဆုံးသူတခ်ဳိ႕ရွိ
အင္ဒိုနီးရွား ေျမာက္ဘက္စြန္းက အာေခ်းျပည္နယ္ကို ၾကာသပေတေန႔က ဆိုက္ေရာက္လာတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေလွဟာ လမ္းခရီးမွာ လူေသဆုံးမႈေတြ ရွိခဲ့တယ္လို႔ အသက္ရွင္က်န္ရစ္သူေတြက ဆိုပါတယ္။
မိဘေတြနဲ႔အတူ ေလွေပၚ ပါလာတဲ့ အသက္ ၅၀ အ႐ြယ္ ရႈိရစ္ဖ္အူဒင္ရဲ႕ ျပန္လည္ ေျပာျပခ်က္အရ အစာေရစာျပတ္လို႔ ပင္လယ္ျပင္မွာ လူ ၂ ေယာက္၊ ၃ ေယာက္ ေသဆုံးခဲ့ရတယ္လိုု႔ ဆိုပါတယ္။
ဆာေလာင္မြတ္သိပ္ၿပီး အားအင္ကုန္ခမ္းေနတဲ့ ႐ိုဟင္ဂ်ာ ၇၁ ဦးကို တင္ေဆာင္လာတဲ့ ေလွဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြကေန ထြက္ေျပးလာတယ္လို႔ ေအပီသတင္းက ေဖာ္ျပပါတယ္။ ေလွေပၚမွာ အမ်ိဳးသမီး ၂၁ ဦးနဲ႔ ကေလး အေယာက္ ၂၀ ပါရွိၿပီး၊ ဒုကၡသည္စခန္းေတြမွာ အလုပ္အကိုင္လည္း မရွိ၊ အဆင့္ျမင့္ ပညာရပ္ေတြ သင္ၾကားဖို႔ကလည္း မျဖစ္ႏိုင္ ျဖစ္လို႔ အဲဒီ အေျခအေနကေန လြတ္ေျမာက္ေအာင္ ထြက္ေျပးလာတယ္လို႔ ေလွစီးဒုကၡသည္ေတြက ေျပာပါတယ္။
ေလွနဲ႔ လိုက္ခြင့္ရဖို႔အတြက္ အျခား ေလွစီးဒုကၡသည္ေတြ နည္းတူ သူ႔ရဲ႕ မိဘေတြကလည္း ပိုက္ဆံ ေပးခဲ့ရတယ္လို႔ ရႈိရစ္ဖ္အူဒင္က ေျပာပါတယ္။ ဒါေပမဲ့ သူတို႔ေလွဟာ အိႏၵိယႏိုင္ငံကို ျဖတ္ေနတုန္း ေလွေမာင္းသူ မာလိန္မွဴးက ေလွကို စြန႔္ၿပီး ထြက္ေျပးသြားတယ္လို႔ အူဒင္က ေျပာပါတယ္။ သူတို႔ေလွ ကမ္းဆိုက္ခဲ့တဲ့ ႐ြာရဲ႕ ႐ြာသူႀကီး ေျပာဆိုခ်က္အရေတာ့ စက္တပ္ေလွရဲ႕ အေျခအေနက ေကာင္းမြန္ၿပီး အင္ဂ်င္လည္း အလုပ္ လုပ္ေနေသးတယ္လို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြက ထြက္လာၾကတဲ့ ဒုကၡသည္ အမ်ားစုဟာ မြတ္ဆလင္ အမ်ားစုေနထိုင္ရာ မေလးရွားကို ဦးတည္ ထြက္ေျပးလာၾကတာ ျဖစ္ေပမယ့္ အမ်ားစုဟာ လမ္းခုလပ္ အင္ဒိုနီးရွားမွာပဲ ေသာင္တင္ေလ့ရွိပါတယ္။ မႏွစ္ကလည္း အာေခ်းမွာ ႐ိုဟင္ဂ်ာ ၅၀၀ ေက်ာ္ ဆိုက္ေရာက္လာခဲ့ပါေသးတယ္။ ဒီႏွစ္ ဇန္နဝါရီလ အေစာပိုင္းတုန္းကလည္း အာေခ်း ဘီဆာခ႐ိုင္ရွိ ကြာလာဂီဂီယန္ကမ္းေျခကို ႐ိုဟင္ဂ်ာ ၁၈၄ ဦးပါ ေလွတစင္း ကမ္းဆိုက္ခဲ့ပါတယ္။
၂၀၁၇ ခုႏွစ္ ဩဂုတ္လက ရခိုင္ေျမာက္ပိုင္းမွာ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြေၾကာင့္ အဲဒီမွာ ေနထိုင္ေနတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ ၇၀၀,၀၀၀ ေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခိုလႈံခဲ့ရပါတယ္။
=== {{ UNICODE }} ===
အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေထဲက ရေလမ်းခရီးမှာ သေဆုံးသူတချို့ရှိ
အင်ဒိုနီးရှား မြောက်ဘက်စွန်းက အာချေးပြည်နယ်ကို ကြာသပတေနေ့က ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေဟာ လမ်းခရီးမှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ဆိုပါတယ်။
မိဘတွေနဲ့အတူ လှေပေါ် ပါလာတဲ့ အသက် ၅၀ အရွယ် ရှိုရစ်ဖ်အူဒင်ရဲ့ ပြန်လည် ပြောပြချက်အရ အစာရေစာပြတ်လို့ ပင်လယ်ပြင်မှာ လူ ၂ ယောက်၊ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဆာလောင်မွတ်သိပ်ပြီး အားအင်ကုန်ခမ်းနေတဲ့ ရိုဟင်ဂျာ ၇၁ ဦးကို တင်ဆောင်လာတဲ့ လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။ လှေပေါ်မှာ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး အယောက် ၂၀ ပါရှိပြီး၊ ဒုက္ခသည်စခန်းတွေမှာ အလုပ်အကိုင်လည်း မရှိ၊ အဆင့်မြင့် ပညာရပ်တွေ သင်ကြားဖို့ကလည်း မဖြစ်နိုင် ဖြစ်လို့ အဲဒီ အခြေအနေကနေ လွတ်မြောက်အောင် ထွက်ပြေးလာတယ်လို့ လှေစီးဒုက္ခသည်တွေက ပြောပါတယ်။
လှေနဲ့ လိုက်ခွင့်ရဖို့အတွက် အခြား လှေစီးဒုက္ခသည်တွေ နည်းတူ သူ့ရဲ့ မိဘတွေကလည်း ပိုက်ဆံ ပေးခဲ့ရတယ်လို့ ရှိုရစ်ဖ်အူဒင်က ပြောပါတယ်။ ဒါပေမဲ့ သူတို့လှေဟာ အိန္ဒိယနိုင်ငံကို ဖြတ်နေတုန်း လှေမောင်းသူ မာလိန်မှူးက လှေကို စွန့်ပြီး ထွက်ပြေးသွားတယ်လို့ အူဒင်က ပြောပါတယ်။ သူတို့လှေ ကမ်းဆိုက်ခဲ့တဲ့ ရွာရဲ့ ရွာသူကြီး ပြောဆိုချက်အရတော့ စက်တပ်လှေရဲ့ အခြေအနေက ကောင်းမွန်ပြီး အင်ဂျင်လည်း အလုပ် လုပ်နေသေးတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ထွက်လာကြတဲ့ ဒုက္ခသည် အများစုဟာ မွတ်ဆလင် အများစုနေထိုင်ရာ မလေးရှားကို ဦးတည် ထွက်ပြေးလာကြတာ ဖြစ်ပေမယ့် အများစုဟာ လမ်းခုလပ် အင်ဒိုနီးရှားမှာပဲ သောင်တင်လေ့ရှိပါတယ်။ မနှစ်ကလည်း အာချေးမှာ ရိုဟင်ဂျာ ၅၀၀ ကျော် ဆိုက်ရောက်လာခဲ့ပါသေးတယ်။ ဒီနှစ် ဇန်နဝါရီလ အစောပိုင်းတုန်းကလည်း အာချေး ဘီဆာခရိုင်ရှိ ကွာလာဂီဂီယန်ကမ်းခြေကို ရိုဟင်ဂျာ ၁၈၄ ဦးပါ လှေတစင်း ကမ်းဆိုက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် အဲဒီမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ၇၀၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။