သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္အတြင္းက ဒုကၡသည္ေတြေနရပ္ျပန္ဖို႔ စစ္ေကာင္စီလိုလား


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ထဲက ျပည္တြင္းစစ္ေဘးေရွာင္ဒုကၡသည္ကေလးငယ္မ်ား (ႏိုဝင္ဘာ ၁၉၊ ၂၀၂၁)

ရခိုင္ျပည္နယ္မွာ ရွိေနေသးတဲ့ စစ္ေဘးဒုကၡသည္ေတြကို ေနရပ္ျပန္ဖို႔ စစ္ေကာင္စီဝန္ႀကီးေတြကိုယ္တိုင္ စစ္ေဘးဒုကၡသည္စခန္းေတြကို သြားေရာက္ၿပီးေတာ့ ေျပာဆိုတာေတြရွိတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ေနရပ္ျပန္မယ့္သူေတြကို ေထာက္ပံမႈေတြေပး မယ္လို႔ေျပာဆိုထားေပမယ့္ ဒုကၡသည္ေတြအေနနဲ႔ လုံၿခံေရးအာမခံခ်က္ တစုံတရာမရွိဘဲ ေနရပ္ျပန္မွာမဟုတ္ဘူးလို႔ ေျပာဆိုၾကပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကိုေတာ့ မျမသဇင္ေအာင္က ေျပာျပမွာပါ။

ဒီလအတြင္းမွာပဲ ျပည္ေထာင္စုအဆင့္စစ္ေကာင္စီဝန္ႀကီးေတြဟာ ရခိုင္ျပည္နယ္က စစ္ေဘးဒုကၡသည္စခန္းတခ်ိဳ႕ကို သြားေရာက္ၿပီးေတာ့ စစ္ေဘးဒုကၡသည္ေတြကို ေနရပ္ျပန္ဖို႔ ေျပာဆိုခဲ့တာေတြရွိတယ္လို႔ ဒုကၡသည္ေတြက ေျပာဆိုၾကပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္က မဟာျမမုနိစစ္ေဘးဒုကၡည္သည္စခန္းမွာလည္း လူကယ္ျပန္ျပည္ေထာင္စုဝန္ႀကီး ေဒၚသက္သက္ခိုင္အပါအဝင္ ရခိုင္စစ္ေကာင္စီဝန္ႀကီး ေတြေရာက္လာၿပီး ေနရပ္ျပန္ဖို႔ ေျပာဆိုေပမယ့္ ဒုကၡသည္ေတြရဲ႕ လိုအပ္ခ်က္ေတြကို ေမးျမန္းသြားတာ မရွိဘူးလို႔ စခန္းတာဝန္ခံ ဦးသန္းထြန္းက ေျပာပါတယ္။

“ ျပည္သူေတြက ဒုကၡသည္စခန္းမွာဘယ္လိုေနရတယ္ ဘယ္လို အခက္အခဲအၾကပ္ အတည္း ရွိတယ္ဆိုတာကိုလည္း ေမးမသြားဘူးဗ်ာ၊ ႐ြာကိုျပန္ခိုင္းေစတဲ့ ပုံစံမ်ိဳးပဲ ေျပာ သြားၿပီးေတာ့ ငါတို႔လည္း အခ်ိန္မအားေတာ့ဘူး သြားေတာ့မယ္ ဆိုၿပီးေတာ့ ရပ္လ်က္ေျပာၿပီးေတာ့ ရပ္ လ်က္ပဲ ထြက္ျပန္သြားတယ္၊ အစိုးရတရပ္ေရာက္လာၿပီးေတာ့ ျပည္သူ႔အသံကို လုံးဝနားမေထာင္ဘဲ ေျပာရမယ္ဆိုရင္ သူတို႔ ေျပာခ်င္တာေျပာၿပီး ထြက္သြားေတာ့ က်ေနာ္တို႔ ခံစားခ်က္ေတာ့ ျဖစ္သြားတာေပါ့။”

လက္ရွိေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ စစ္ေဘးဒုကၡသည္ ၂ေသာင္းေက်ာ္အထိရွိေနေသးတာပါ။ စစ္ေကာင္စီအေနနဲ႔ ေနရပ္ျပန္မယ့္ ဒုကၡသည္ေတြကိုစာရင္းေကာက္ယူေနေပမယ့္ ျပန္မယ့္သူ တေယာက္မွမရွိေသးဘူးလို႔ မဟာျမမုနိစစ္ေဘးဒုကၡသည္စခန္းတာဝန္ခံ ဦးသန္းထြန္းကေျပာပါတယ္။

“ အခုအခ်ိန္ထိေတာ့ စာရင္းေပးတဲ့ သူလည္း တေယာက္မွမေတြ႕ေသးဘူးဗ် ဒါေပမယ့္ သူတို႔ ကလည္း စစ္ေဘးေရွာင္လာကတည္းက လယ္ေတြ ႏြားေတြ အကုန္လုံးရွိတဲ့ ဟာေတြက လူမရွိဘူးဆိုေတာ့ ေပ်ာက္တဲ့ဟာ ေပ်ာက္ ပ်က္တဲ့ဟာ ပ်က္အဲလို သူတို႔ဘဝရပ္ တည္ဖို႔က ေတာ့ ေတာ္ေတာ္ကို အခက္အခဲရွိေနတယ္။ ၿပီးေတာ့ အနီးအနားမွာလည္း စစ္တပ္ဗ်ဴဟာ ကုန္းေတြ ရွိေတာ့ မသြားရဲၾကဘူးျဖစ္ေနၾကတာ။”

ေက်ာက္ေတာ္ၿမိဳ႕နယ္က ၿမိဳ႕မေ႐ႊေက်ာင္း စစ္ေဘးဒုကၡသည္စခန္းမွာလည္း စစ္ေဘးဒုကၡသည္ေတြကို ေနရပ္ျပန္မယ္ဆိုရင္ အိမ္ေထာင္စုတခုကို ေငြက်ပ္ ၅ သိန္း၊ ဆန္တလစာနဲ႔ တျခားပစၥည္းေတြေပးမယ္လို႔ စစ္ေကာင္စီကေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီေပးမယ့္ ေထာက္ပံ့ေၾကးေတြဟာ ေနရပ္ျပန္ဖို႔အတြက္ မလုံေလာက္သလို ေနရပ္မွာ ဘဝရပ္တည္ဖို႔ ဆိုလည္းမျဖစ္ႏိုင္ေသးဘူးလို႔ စခန္းတာဝန္ခံဦးထြန္းခင္ကေျပာပါတယ္။

“ ေအာ္ ဘယ္လိုေလာက္မွာလည္း ဆန္ေပးတာက တလစာေလာက္ပဲ ေပးတယ္၊ က်ေနာ္တို႔ ေျပာတာက အနည္းဆုံး ၆လစာေလာက္ ကူညီေထာက္ပံ့ေပးရမယ္၊ အခုက ဆန္တလစာရယ္ ပိုက္ဆံ ငါးသိန္းရယ္၊ ပိုက္ဆံ ၅သိန္းဆိုတာက ဒီဖက္က အိုးမရွိ အိမ္မရွိတဲ့သူေတြမွာ၊ ဘယ္ လိုလုပ္ ပိုက္ဆံငါးသိန္းနဲ႔ ေနဖို႔ထိုင္ဖို႔ အဆင္ေျပမွာလည္း အဆင္ေျပစရာအေၾကာင္းကို မရွိ ေတာ့ဘူး၊ မီးရႈိ႕မခံရတဲ့ အိမ္ေတြမွာ ဆိုရင္ေတာင္ အဲဒီအိမ္ေတြက လူမေနတာၾကာေတာ့ အကုန္အပ်က္စီးေနမွာပဲ၊ အဲအိမ္ေတြကို ျပင္ဖို႔ ပိုက္ဆံ ငါးသိန္းနဲ႔ ဘယ္လိုလုပ္ရမွာလဲ။ အဲတာေၾကာင့္ ျပန္ဖို႔အခက္အခဲရွိေနတာ။”

အခု ရွိေနတဲ့ ရခိုင္ဒုကၡသည္စခန္းအမ်ားစုဟာ ရခိုင္လက္နက္ကိုင္ AA နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြျဖစ္ၿပီးေနာက္ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း ေပၚလာတာပါ။ ၂၀၂၂ တေက်ာ့ျပန္တိုက္ပြဲျဖစ္ၿပီးေနာက္ ထြက္ေျပးလာတဲ့ စစ္ေျပးဒုကၡသည္တခ်ိဳ႕ကေတာ့ စစ္ေကာင္စီ တိုက္တြန္းခ်က္အတိုင္း ေနရပ္ျပန္ဖို႔ စာရင္းေပးထားပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ေစတီျပင္ စစ္ေဘးဒုကၡ သည္စခန္းက ဒုကၡသည္တဦးကေတာ့ သူတို႔ေနရပ္ျပန္ခိုင္းရင္ေတာ့ ျပန္မယ္လို႔ ေျပာပါတယ္။

“ အမ်ားအားျဖင့္ေတာ့ ျပန္မယ္လို႔ ေျပာၾကပါတယ္၊ ျပန္ဖို႔ကေတာ့ ဘယ္ေန႔ျပန္မယ္ ဆိုၿပီးေတာ့ မသိရေသးဘူး သူတို႔က ျပန္လို႔ရၿပီဆိုရင္ျပန္မယ္ သူတို႔ပါးစပ္နဲ႔ ေျပာလာတာ။ ျပန္မယ္ဆိုရင္ေတာ့ ပိုက္ဆံေတြ ေပးမယ္လို႔ေျပာပါတယ္။” လို႔ ရခိုင္စကားနဲ႔ ေျပာဆိုသြားတာပါ။

လက္ရွိရခိုင္ျပည္နယ္အတြင္းမွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕ၾကား တိုက္ပြဲေတြေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ ၉ေသာင္းနီးပါးအထိ ရွိေနပါတယ္။ တိုက္ပြဲျဖစ္ခဲ့တဲ့ ေက်း႐ြာေတြမွာ ေနအိမ္ေတြ မီးရႈိ႕ခံရတာရွိသလို၊ ႏွစ္နဲ႔ခ်ီ လူမေနတာေၾကာင့္ ေနအိမ္ေတြလည္း ပ်က္စီးကုန္ပါတယ္။ တဖက္မွာေတာ့ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာေတြနဲ႔ ေတာေတာင္စိုက္ပ်ိဳးေျမေနရာေတြမွာ ေျမျမဳပ္မိုင္းနဲ႔ စစ္က်န္လက္နက္အႏၲရာယ္ကလည္းရွိတာမို႔ ေက်း႐ြာသားေတြအေနနဲ႔ မူလေနရာျပန္သြားၿပီး စိုက္ပ်ိဳးစားေသာက္ေနထိုင္ဖို႔ ခက္ခဲေနတုန္းပါ။ ေက်း႐ြာအနီးအနားေတြမွာလည္း ႏွစ္ဖက္တပ္စြဲေနရာယူထားတာမို႔လည္း တိုက္ပြဲေတြျပန္ျဖစ္လာမွာစိုးရိမ္ၿပီး ေနရပ္ျပန္ဖို႔ ခက္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေနေရပ်ပြန်ဖို့ စစ်ကောင်စီလိုလား

ရခိုင်ပြည်နယ်မှာ ရှိနေသေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီဝန်ကြီးတွေကိုယ်တိုင် စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးတော့ ပြောဆိုတာတွေရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ နေရပ်ပြန်မယ့်သူတွေကို ထောက်ပံမှုတွေပေး မယ်လို့ပြောဆိုထားပေမယ့် ဒုက္ခသည်တွေအနေနဲ့ လုံခြံရေးအာမခံချက် တစုံတရာမရှိဘဲ နေရပ်ပြန်မှာမဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။ ဒီသတင်းပေးပို့ချက်ကိုတော့ မမြသဇင်အောင်က ပြောပြမှာပါ။

ဒီလအတွင်းမှာပဲ ပြည်ထောင်စုအဆင့်စစ်ကောင်စီဝန်ကြီးတွေဟာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတချို့ကို သွားရောက်ပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ပြောဆိုခဲ့တာတွေရှိတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ကျောက်တော်မြို့နယ်က မဟာမြမုနိစစ်ဘေးဒုက္ခည်သည်စခန်းမှာလည်း လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်အပါအဝင် ရခိုင်စစ်ကောင်စီဝန်ကြီး တွေရောက်လာပြီး နေရပ်ပြန်ဖို့ ပြောဆိုပေမယ့် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို မေးမြန်းသွားတာ မရှိဘူးလို့ စခန်းတာဝန်ခံ ဦးသန်းထွန်းက ပြောပါတယ်။

“ ပြည်သူတွေက ဒုက္ခသည်စခန်းမှာဘယ်လိုနေရတယ် ဘယ်လို အခက်အခဲအကြပ် အတည်း ရှိတယ်ဆိုတာကိုလည်း မေးမသွားဘူးဗျာ၊ ရွာကိုပြန်ခိုင်းစေတဲ့ ပုံစံမျိုးပဲ ပြော သွားပြီးတော့ ငါတို့လည်း အချိန်မအားတော့ဘူး သွားတော့မယ် ဆိုပြီးတော့ ရပ်လျက်ပြောပြီးတော့ ရပ် လျက်ပဲ ထွက်ပြန်သွားတယ်၊ အစိုးရတရပ်ရောက်လာပြီးတော့ ပြည်သူ့အသံကို လုံးဝနားမထောင်ဘဲ ပြောရမယ်ဆိုရင် သူတို့ ပြောချင်တာပြောပြီး ထွက်သွားတော့ ကျနော်တို့ ခံစားချက်တော့ ဖြစ်သွားတာပေါ့။”

လက်ရှိကျောက်တော်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၂သောင်းကျော်အထိရှိနေသေးတာပါ။ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်မယ့် ဒုက္ခသည်တွေကိုစာရင်းကောက်ယူနေပေမယ့် ပြန်မယ့်သူ တယောက်မှမရှိသေးဘူးလို့ မဟာမြမုနိစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးသန်းထွန်းကပြောပါတယ်။

“ အခုအချိန်ထိတော့ စာရင်းပေးတဲ့ သူလည်း တယောက်မှမတွေ့သေးဘူးဗျ ဒါပေမယ့် သူတို့ ကလည်း စစ်ဘေးရှောင်လာကတည်းက လယ်တွေ နွားတွေ အကုန်လုံးရှိတဲ့ ဟာတွေက လူမရှိဘူးဆိုတော့ ပျောက်တဲ့ဟာ ပျောက် ပျက်တဲ့ဟာ ပျက်အဲလို သူတို့ဘဝရပ် တည်ဖို့က တော့ တော်တော်ကို အခက်အခဲရှိနေတယ်။ ပြီးတော့ အနီးအနားမှာလည်း စစ်တပ်ဗျူဟာ ကုန်းတွေ ရှိတော့ မသွားရဲကြဘူးဖြစ်နေကြတာ။”

ကျောက်တော်မြို့နယ်က မြို့မရွှေကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်မယ်ဆိုရင် အိမ်ထောင်စုတခုကို ငွေကျပ် ၅ သိန်း၊ ဆန်တလစာနဲ့ တခြားပစ္စည်းတွေပေးမယ်လို့ စစ်ကောင်စီကပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီပေးမယ့် ထောက်ပံ့ကြေးတွေဟာ နေရပ်ပြန်ဖို့အတွက် မလုံလောက်သလို နေရပ်မှာ ဘဝရပ်တည်ဖို့ ဆိုလည်းမဖြစ်နိုင်သေးဘူးလို့ စခန်းတာဝန်ခံဦးထွန်းခင်ကပြောပါတယ်။

“ အော် ဘယ်လိုလောက်မှာလည်း ဆန်ပေးတာက တလစာလောက်ပဲ ပေးတယ်၊ ကျနော်တို့ ပြောတာက အနည်းဆုံး ၆လစာလောက် ကူညီထောက်ပံ့ပေးရမယ်၊ အခုက ဆန်တလစာရယ် ပိုက်ဆံ ငါးသိန်းရယ်၊ ပိုက်ဆံ ၅သိန်းဆိုတာက ဒီဖက်က အိုးမရှိ အိမ်မရှိတဲ့သူတွေမှာ၊ ဘယ် လိုလုပ် ပိုက်ဆံငါးသိန်းနဲ့ နေဖို့ထိုင်ဖို့ အဆင်ပြေမှာလည်း အဆင်ပြေစရာအကြောင်းကို မရှိ တော့ဘူး၊ မီးရှို့မခံရတဲ့ အိမ်တွေမှာ ဆိုရင်တောင် အဲဒီအိမ်တွေက လူမနေတာကြာတော့ အကုန်အပျက်စီးနေမှာပဲ၊ အဲအိမ်တွေကို ပြင်ဖို့ ပိုက်ဆံ ငါးသိန်းနဲ့ ဘယ်လိုလုပ်ရမှာလဲ။ အဲတာကြောင့် ပြန်ဖို့အခက်အခဲရှိနေတာ။”

အခု ရှိနေတဲ့ ရခိုင်ဒုက္ခသည်စခန်းအများစုဟာ ရခိုင်လက်နက်ကိုင် AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပြီးနောက် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပေါ်လာတာပါ။ ၂၀၂၂ တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တချို့ကတော့ စစ်ကောင်စီ တိုက်တွန်းချက်အတိုင်း နေရပ်ပြန်ဖို့ စာရင်းပေးထားပါတယ်။ ရသေ့တောင်မြို့နယ်စေတီပြင် စစ်ဘေးဒုက္ခ သည်စခန်းက ဒုက္ခသည်တဦးကတော့ သူတို့နေရပ်ပြန်ခိုင်းရင်တော့ ပြန်မယ်လို့ ပြောပါတယ်။

“ အများအားဖြင့်တော့ ပြန်မယ်လို့ ပြောကြပါတယ်၊ ပြန်ဖို့ကတော့ ဘယ်နေ့ပြန်မယ် ဆိုပြီးတော့ မသိရသေးဘူး သူတို့က ပြန်လို့ရပြီဆိုရင်ပြန်မယ် သူတို့ပါးစပ်နဲ့ ပြောလာတာ။ ပြန်မယ်ဆိုရင်တော့ ပိုက်ဆံတွေ ပေးမယ်လို့ပြောပါတယ်။” လို့ ရခိုင်စကားနဲ့ ပြောဆိုသွားတာပါ။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၉သောင်းနီးပါးအထိ ရှိနေပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရတာရှိသလို၊ နှစ်နဲ့ချီ လူမနေတာကြောင့် နေအိမ်တွေလည်း ပျက်စီးကုန်ပါတယ်။ တဖက်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ တောတောင်စိုက်ပျိုးမြေနေရာတွေမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကလည်းရှိတာမို့ ကျေးရွာသားတွေအနေနဲ့ မူလနေရာပြန်သွားပြီး စိုက်ပျိုးစားသောက်နေထိုင်ဖို့ ခက်ခဲနေတုန်းပါ။ ကျေးရွာအနီးအနားတွေမှာလည်း နှစ်ဖက်တပ်စွဲနေရာယူထားတာမို့လည်း တိုက်ပွဲတွေပြန်ဖြစ်လာမှာစိုးရိမ်ပြီး နေရပ်ပြန်ဖို့ ခက်နေကြပါတယ်။

XS
SM
MD
LG