သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ လူသားခ်င္းစာနာကူညီမႈလုပ္ငန္းမ်ား စတင္ခြင့္ျပဳ


ရခိုင္ျပည္နယ္က စစ္ေဘးေရွာင္စခန္းတစ္ခု

စစ္ေကာင္စီက အပစ္ရပ္ထားတဲ့အခ်ိန္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး လုပ္ငန္းေတြကို ခြင့္ျပဳထားတယ္ဆိုေပမယ့္၊ သက္ဆိုင္ရာေဒသအာဏာပိုင္ေတြဆီက ခြင္ျပခ်က္ေတာင္းရတာ အပါအဝင္ နယ္ေျမတိုင္းကို လြတ္လြတ္လပ္လပ္ေတာ့ သြားလာခြင့္မရွိေသးဘူးလို႔ ရခိုင္ေဒသတြင္း ကူညီကယ္ေရးလုပ္ကိုင္သူ တစ္ဦးကေျပာပါတယ္။

စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား အပစ္ရပ္ထားတဲ့ ရခိုင္ျပည္နယ္မွာ လူသားခ်င္း စာနာမႈ ဆိုင္ရာ အကူအညီေပးေရးအဖြဲ႕ေတြကို သြားေရာက္ကူညီခြင့္ေပးေနၿပီျဖစ္တယ္လို႔ ကူညီေပး ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ဒီလဆန္းပိုင္းေလာက္ကစၿပီးေတာ့ ဒုကၡသည္စခန္းတြင္း စားနပ္ရိကၡာ ေထာက္ပံ့တဲ့အဖြဲ႕ေတြရွိလာတာေၾကာင့္ စားဝတ္ေနေရး အဆင္ေျပလာေနတယ္လို႔လဲ စစ္ေျပးဒုကၡ သည္ေတြကေျပာဆိုၾကပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း ကိုစည္သူေျပာျပမွာပါ။

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေကာင္စီနဲ႔ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား တေက်ာ့ျပန္တိုက္ပြဲေတြ ျပန္ျဖစ္လာၿပီးေနာက္ပိုင္း ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ ၈ ခုအတြင္း ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြနဲ႔ စားနပ္ရိကၡာသည္ယူခြင့္ေတြကို စစ္ေကာင္စီက ၿပီးခဲ့တဲ့ ၂၀၂၂ခုႏွစ္ စက္တင္ဘာက စတင္ပိတ္ပင္ခဲ့တာပါ။ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၁၆ရက္ေန႔ကေတာ့ AA နဲ႔ စစ္ေကာင္စီအၾကား လူသားခ်င္းစာနာေထာက္ထားမႈအရ ႏႈတ္အားျဖင့္ ယာယီအပစ္အခတ္ရပ္စဲလိုက္ပါတယ္။ အဲဒီေနာက္ အခုေတာ့ လူသားခ်င္းစာနာမႈအကူအညီေပးေရးအဖြဲ႕ေတြ သြားေရာက္ကူညီဖို႔ စစ္ေကာင္စီက ခြင့္ျပဳလိုက္တယ္လို႔ ေဒသခံအရပ္ဖက္အဖြဲ႕အစည္းတခုမွာ လုပ္ကိုင္ေနသူတဦးက VOA ကို ေျပာပါတယ္။

“ က်ေနာ္တို႔ Local NGO ေတြက်ေတာ့ TA ဆိုၿပီးေတာ့ အစိုးရဆီမွာတင္ရတယ္၊ အဲဒီ TA ေတြ အရင္ကေတာ့ အကန႔္အသတ္ေတြရွိတယ္၊ အခုေနာက္ပိုင္းေတာ့ ခြင့္ျပဳတာေတြရွိတယ္၊ က်ေနာ္တို႔ အဖြဲ႕အစည္းေတြ ကိုယ္တိုင္လဲ စစ္ေကာင္စီဆီက ခြင့္ျပဳခ်က္ေတြ ရတာေတြ ရွိတယ္၊ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာ လေလာက္မွာရတာ တခ်ိဳ႕ က်ေနာ္တို႔မွာ ရွိတဲ့ သံတြဲ ဖက္မွာရွိတဲ့ Project ေတြဆိုရင္ တလေက်ာ္ေလာက္ပိတ္ခံရတာေတြရွိတယ္၊ ဒီဇင္ ဘာလ ေနာက္ပိုင္းမွ က်ေနာ္တို႔ ျပန္လုပ္ခြင့္ရတာ။”

ေျမာက္ဦးၿမိဳ႕နယ္က လူဦးေရ ၃၀၀၀နီးပါးေနထိုင္တဲ့ ပီပင္ရင္းစစ္ေဘးဒုကၡစခန္းမွာလဲ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕WFPအပါဝင္ တျခားကူညီကယ္ဆယ္ေရးအဖြဲ႕ေတြ ဒီလဆန္းပိုင္း ေလာက္ကစၿပီးေတာ့ လာေရာက္ကူညီတာေတြရွိတယ္လို႔လဲ စခန္းတာဝန္ခံ ဦသိန္းေ႐ႊျမတ္ ကေျပာပါတယ္။

“ နီပြန္ေဖာင္ေဒးရွင္းက ေဒါက္တာဆာဆာေပးတဲ့ ဆန္အိတ္ေတြေတာ့ တစ္အိမ္ေထာင္ကို ၁ အိတ္ႏႈန္းနဲ႔ ၁ လပိုင္း ၃ ရက္ေန႔က တစ္ႀကိမ္ေရာက္တယ္။ ၄ ရက္ေန႔မွာလည္းကမာၻ႔ စားနပ္ ရိကၡာအဖြဲ႕ WFPက လူတဦးကို ေငြသား ၄ ေသာင္းနဲ႔ ၂ ေထာင္ ေပးခဲ့တယ္၊ ၁ လပိုင္း ၉ ရက္ ၁၀ ရက္ေလာက္မွာလဲ PFPလို႔ေခၚတဲ့ အဖြဲ႕တဖြဲ႕လာၿပီးေတာ့ အိမ္ေထာင္စု တစုကို ေငြသား ၁၂၀၀၀၀စီလာေရာက္ကူညီသြားတယ္။”

စစ္ေကာင္စီက အပစ္ရပ္ထားတဲ့အခ်ိန္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး လုပ္ငန္းေတြကို ခြင့္ျပဳထားတယ္ဆိုေပမယ့္၊ သက္ဆိုင္ရာေဒသအာဏာပိုင္ေတြဆီက ခြင္ျပခ်က္ေတာင္းရတာ အပါအဝင္ နယ္ေျမတိုင္းကို လြတ္လြတ္လပ္လပ္ေတာ့ သြားလာခြင့္မရွိေသးဘူးလို႔ ရခိုင္ေဒသတြင္း ကူညီကယ္ေရးလုပ္ကိုင္သူ တစ္ဦးကေျပာပါတယ္။

“ လူသားဆိုင္ရာ စာနာေထာက္ထားေရးလုပ္ငန္းေတြကို လုပ္တဲ့အခါမွာ က်ေနာ္တို႔ အကန႔္ အသတ္မရွိပဲနဲ႔ လြတ္လြတ္လပ္လပ္လုပ္ခ်င္တာေပါ့ေလ။ က်ေနာ္တို႔က အခ်ိန္နဲ႔ တေျပးညီ ကူညီကယ္ဆယ္ေရးေတြ မလုပ္ႏိုင္ဘူးဆိုရင္ ေျမျပင္မွာ တကယ့္ဒုကၡေရာက္ေနတဲ့ လူေတြက အခက္အခဲေတြ အမ်ားႀကီးရွိတယ္ က်ေနာ္တို႔ အဲတာေတြကို က်ေနာ္တို႔ အေနနဲ႔ လြတ္လြတ္ လပ္လပ္ လုပ္ခြင့္ရခ်င္တယ္ေပါ့။”

ရခိုင္ AA တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းမွာ ၿပီးခဲ့တဲ့ ဩဂုတ္လကစၿပီး စစ္ေျပးဒုကၡသည္ ၁၆,၀၀၀ ေက်ာ္ ရွိၿပီး လက္ရွိမွေတာ့ ပဋိပကၡေတြေၾကာင့္ ျပည္တြင္းေ႐ြ႕ေျပာင္းေနထိုင္ၾကသူ ၉၀၀၀၀ နီးပါးရွိေနေသးတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ႐ုံး UNOCHA ရဲ႕ဒီလထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

လက္ရွိမွာလည္း စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္AA အဖြဲ႕ၾကား အပစ္ရပ္ထားတယ္ ဆိုေပမယ့္ စစ္ေကာင္စီကဖက္က လူအင္အားလက္နက္အင္အားနဲ႔ စားနပ္ရိကၡာေတြ ျဖည့္တင္း ေနသလို စစ္ေဆးတင္းၾကပ္မႈေတြ ရွိေနတာေၾကာင့္ တိုက္ပြဲေတြ ျပန္ျဖစ္လာမွာကို ေဒသခံေတြနဲ႔ စစ္ေျပးဒုကၡသည္ေတြ စိုးရိမ္ေနၾကပါတယ္။

{Unicode}

ရခိုင်မှာ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ စတင်ခွင့်ပြု
ဇန်နဝါရီ ၁၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို သွားရောက်ကူညီခွင့်ပေးနေပြီဖြစ်တယ်လို့ ကူညီပေး ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီလဆန်းပိုင်းလောက်ကစပြီးတော့ ဒုက္ခသည်စခန်းတွင်း စားနပ်ရိက္ခာ ထောက်ပံ့တဲ့အဖွဲ့တွေရှိလာတာကြောင့် စားဝတ်နေရေး အဆင်ပြေလာနေတယ်လို့လဲ စစ်ပြေးဒုက္ခ သည်တွေကပြောဆိုကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း ကိုစည်သူပြောပြမှာပါ။

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးနောက်ပိုင်း ရခိုင်မြောက်ပိုင်း မြို့နယ် ၈ ခုအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာသည်ယူခွင့်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာက စတင်ပိတ်ပင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့ကတော့ AA နဲ့ စစ်ကောင်စီအကြား လူသားချင်းစာနာထောက်ထားမှုအရ နှုတ်အားဖြင့် ယာယီအပစ်အခတ်ရပ်စဲလိုက်ပါတယ်။ အဲဒီနောက် အခုတော့ လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေ သွားရောက်ကူညီဖို့ စစ်ကောင်စီက ခွင့်ပြုလိုက်တယ်လို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေသူတဦးက VOA ကို ပြောပါတယ်။

“ ကျနော်တို့ Local NGO တွေကျတော့ TA ဆိုပြီးတော့ အစိုးရဆီမှာတင်ရတယ်၊ အဲဒီ TA တွေ အရင်ကတော့ အကန့်အသတ်တွေရှိတယ်၊ အခုနောက်ပိုင်းတော့ ခွင့်ပြုတာတွေရှိတယ်၊ ကျနော်တို့ အဖွဲ့အစည်းတွေ ကိုယ်တိုင်လဲ စစ်ကောင်စီဆီက ခွင့်ပြုချက်တွေ ရတာတွေ ရှိတယ်၊ ကျနော်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လလောက်မှာရတာ တချို့ ကျနော်တို့မှာ ရှိတဲ့ သံတွဲ ဖက်မှာရှိတဲ့ Project တွေဆိုရင် တလကျော်လောက်ပိတ်ခံရတာတွေရှိတယ်၊ ဒီဇင် ဘာလ နောက်ပိုင်းမှ ကျနော်တို့ ပြန်လုပ်ခွင့်ရတာ။”

မြောက်ဦးမြို့နယ်က လူဦးရေ ၃၀၀၀နီးပါးနေထိုင်တဲ့ ပီပင်ရင်းစစ်ဘေးဒုက္ခစခန်းမှာလဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFPအပါဝင် တခြားကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဒီလဆန်းပိုင်း လောက်ကစပြီးတော့ လာရောက်ကူညီတာတွေရှိတယ်လို့လဲ စခန်းတာဝန်ခံ ဦသိန်းရွှေမြတ် ကပြောပါတယ်။

“ နီပွန်ဖောင်ဒေးရှင်းက ဒေါက်တာဆာဆာပေးတဲ့ ဆန်အိတ်တွေတော့ တစ်အိမ်ထောင်ကို ၁ အိတ်နှုန်းနဲ့ ၁ လပိုင်း ၃ ရက်နေ့က တစ်ကြိမ်ရောက်တယ်။ ၄ ရက်နေ့မှာလည်းကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့ WFPက လူတဦးကို ငွေသား ၄ သောင်းနဲ့ ၂ ထောင် ပေးခဲ့တယ်၊ ၁ လပိုင်း ၉ ရက် ၁၀ ရက်လောက်မှာလဲ PFPလို့ခေါ်တဲ့ အဖွဲ့တဖွဲ့လာပြီးတော့ အိမ်ထောင်စု တစုကို ငွေသား ၁၂၀၀၀၀စီလာရောက်ကူညီသွားတယ်။”

စစ်ကောင်စီက အပစ်ရပ်ထားတဲ့အချိန် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ခွင့်ပြုထားတယ်ဆိုပေမယ့်၊ သက်ဆိုင်ရာဒေသအာဏာပိုင်တွေဆီက ခွင်ပြချက်တောင်းရတာ အပါအဝင် နယ်မြေတိုင်းကို လွတ်လွတ်လပ်လပ်တော့ သွားလာခွင့်မရှိသေးဘူးလို့ ရခိုင်ဒေသတွင်း ကူညီကယ်ရေးလုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

“ လူသားဆိုင်ရာ စာနာထောက်ထားရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ ကျနော်တို့ အကန့် အသတ်မရှိပဲနဲ့ လွတ်လွတ်လပ်လပ်လုပ်ချင်တာပေါ့လေ။ ကျနော်တို့က အချိန်နဲ့ တပြေးညီ ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်ဘူးဆိုရင် မြေပြင်မှာ တကယ့်ဒုက္ခရောက်နေတဲ့ လူတွေက အခက်အခဲတွေ အများကြီးရှိတယ် ကျနော်တို့ အဲတာတွေကို ကျနော်တို့ အနေနဲ့ လွတ်လွတ် လပ်လပ် လုပ်ခွင့်ရချင်တယ်ပေါ့။”

ရခိုင် AA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး စစ်ပြေးဒုက္ခသည် ၁၆,၀၀၀ ကျော် ရှိပြီး လက်ရှိမှတော့ ပဋိပက္ခတွေကြောင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်ကြသူ ၉၀၀၀၀ နီးပါးရှိနေသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရဲ့ဒီလထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား အပစ်ရပ်ထားတယ် ဆိုပေမယ့် စစ်ကောင်စီကဖက်က လူအင်အားလက်နက်အင်အားနဲ့ စားနပ်ရိက္ခာတွေ ဖြည့်တင်း နေသလို စစ်ဆေးတင်းကြပ်မှုတွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေနဲ့ စစ်ပြေးဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG