သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲအေပၚ ရခိုင္ပါတီေတြသေဘာထား 


စစ္ေတြၿမိဳ႕က မဲ႐ုံတစ္ခုေရွ႕ျမင္ကြင္း (၂၀၂၀ ႏိုဝင္ဘာ ၈ ရက္)

စစ္ေကာင္စီ က်င္းပမယ့္ေ႐ြးေကာက္ပြဲဟာ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲတခုမျဖစ္ႏိုင္ဘူးဆိုၿပီး ႏိုင္ငံတကာအပါအဝင္ အဓိက အတိုက္အခံႏိုင္ငံေရးပါတီေတြနဲ႔ တက္ႂကြလႈပ္ရွားသူအမ်ားစုက လက္မခံၾကပါဘူး။ ဒါေပမယ့္လည္း ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီအတြက္ မရွိမျဖစ္လိုအပ္တယ္လို႔ယူဆၿပီး AFP ရခိုင္ဦးေဆာင္ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ္လို႔ ပါတီေခါင္းေဆာင္ ေဒါက္တာေအးေမာင္က ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ထဲက ရခိုင္လူမ်ိဳးကိုယ္စားျပဳပါတီေတြၾကားမွာ စစ္ေကာင္စီလုပ္မယ့္ ေ႐ြးေကာက္ပြဲကို မဝင္ဖို႔ ဆုံးျဖတ္တာရွိသလို၊ စဥ္းစားေစာင့္ၾကည့္ေနတဲ့ ပါတီလည္းရွိပါတယ္။ ထင္ရွားတဲ့ ရခိုင္ႏိုင္ငံေရးသမား ေဒါက္တာေအးေမာင္ဦးေဆာင္တဲ့ ရခိုင့္ဦးေဆာင္ပါတီ AFP ကေတာ့ အခု စစ္ေကာင္စီက က်င္းပမယ့္ ေ႐ြးေကာက္ပြဲကိုဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဆုံးျဖတ္ထားပါတယ္။ တရားဝင္ မွတ္ပုံတင္ထားတဲ့ ပါတီတရပ္အေနနဲ႔ ဝင္ၿပိဳင္သြားမွာျဖစ္တယ္လို႔ AFP ပါတီဥကၠဌ ေဒါက္တာေအးေမာင္က ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ မည္သည့္အဖြဲ႕အစည္းကမဆိုက်င္းပရင္ဝင္ၿပိဳင္မွာပါ။ အခု AFPကာလ မွာလည္းၿပိဳင္မယ့္သေဘာပါပဲ၊ ဘာလို႔ဆိုေတာ့ မွတ္ပုံတင္ထားတဲ့ သေဘာကိုက ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ဖို႔အတြက္ပါ၊ ဝင္မၿပိဳင္ရင္လည္း ႏိုင္ငံေရးပါတီ မွတ္ပုံတင္ေရး ဥပေဒအရ ဖ်က္သိမ္းတာခံရမွာေပါ့။”

ရခိုင္ျပည္နယ္မွာရွိတဲ့ ပါတီေတြထဲကတခုျဖစ္တဲ့ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီကေတာ့ စစ္ေကာင္စီက က်င္းပမယ့္ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲတခုမျဖစ္ႏိုင္သလို တရားဝင္မႈ မရွိတာေၾကာင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာမဟုတ္ဘူးလို႔ ပါတီတာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲတုန္းက ရခိုင္ျပည္နယ္မွာ အမ်ားဆုံးအႏိုင္ရခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ကေတာ့ စစ္ေကာင္စီ ဦးေဆာင္က်င္းပမယ့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္တစုံတရာမခ်ရေသးဘူးလို႔ ANP ပါတီဥကၠ႒ ဦးသာထြန္းလွက ေျပာဆိုထားပါတယ္။

ရခိုင့္ဦးေဆာင္ပါတီကေတာ့ စစ္ေကာင္စီက်င္းပမယ့္ေ႐ြးေကာက္ပြဲဟာ ျပည္ေထာင္စုအတြက္ေရာ ျပည္သူေတြနဲ႔ ဒီမိုကေရစီအတြက္ပါအေရးႀကီးသလို၊ စစ္ေကာင္စီအတြက္လည္း ေ႐ြးေကာက္ပြဲကတဆင့္ ႏိုင္ငံေရးထြက္ေပါက္တရပ္ေပးသင့္တယ္လို႔ ယူဆတဲ့အေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာပါတယ္။

“ ဘယ္လိုထြက္မွာလဲ အလုံပိတ္ၿပီး ႐ိုက္ၾကမွာလား၊ အကုန္ေသေစမွာလား ၇၅ႏွစ္မွာ ဘယ္ ေလာက္ေသခဲ့ၿပီးၿပီလဲ၊ ေသြေျမက်မႈကို ဆက္ေပးၾကမွာလား၊ မေပးပဲနဲ႔ ၿငိမ္ၿငိမ္သာသာ ဘယ္လိုထြက္လမ္းေပးမွာလဲ၊ အဲေတာ့ ထြက္လမ္းသည္ ျပည္ေထာင္စုအတြက္ေရာ ဖြဲ႕စည္းပုံ အေျခဥပေဒအတြက္ေရာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အတြက္ေရာ ျပည္သူလူထု အတြက္ေရာ လိုအပ္တယ္၊ အဲဒီလိုအပ္ခ်က္ကို က်ေနာ္တို႔က ျဖည့္စည္းဖို႔အသင့္ပါပဲ”

လူထုယူၾကည္ရတဲ့ ေ႐ြးေကာက္ပြဲတခုျဖစ္လာဖို႔ကေတာ့ သမာသမ က်တဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္တခုကို ဖြဲ႕စည္းေပးဖို႔လိုအပ္တယ္လို႔ ေဒါက္တာေအးေမာင္က ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲက အမ်ားျပည္သူ ယုံၾကည္ဖို႔အတြက္ သမာသမက်တဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္လိုတယ္၊ သမာသမက်တဲ့ ဘက္မလိုက္ပါဘူးဆိုတဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဖြဲ႕ စည္းေပးဖို႔တာဝန္ႀကီးႀကီးမားမားရွိတယ္။ ဆိုေတာ့ FPTP စနစ္ကေန PR စနစ္ကို အစား ထိုးတယ္လို႔ေျပာတယ္။ PR စနစ္ကို အမ်ားျပည္သူသိေအာင္ ရွင္းျပဖို႔လိုတယ္၊ PR စနစ္ ရဲ႕ ရည္႐ြယ္ခ်က္က အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ဦးတည္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ရခိုင္ျပည္နယ္က တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ လုံၿခဳံေရးအရ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့ပါဘူး။ အခု လတ္တေလာအားျဖင့္ AA ရခိုင္တပ္ဖြဲ႕နဲ႔ စစ္ေကာင္စီၾကား ႏႈတ္အားျဖင့္ အပစ္အခတ္ရပ္စဲေရးယူထားပါတယ္။ AA အပါအဝင္ ညီေနာင္သုံးဖြဲ႕ရဲ႕ ႏွစ္သစ္ကူးထုတ္ျပန္ခ်က္ထဲမွာေတာ့ အျခား ေတာ္လွန္ေရး အဖြဲ႕အစည္းေတြနဲ႔ စစ္အာဏာရွင္စနစ္ကို တြန္းလွန္တိုက္ဖ်က္သြားမယ္လို႔ သႏၷိဌာန္ျပဳ ေဖာ္ျပထားေပမဲ့ စစ္ေကာင္စီကလုပ္မယ့္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ တစုံတရာ ေျပာဆိုထားတာမရွိပါဘူး။

ေႏြဦးေတာ္လွန္ေရးေနာက္ပိုင္းေပၚလာတဲ့ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြနဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္အပါအဝင္ အဓိက တိုင္းရင္းသားလက္နက္ကိုင္အမ်ားစုကလည္း ဒီေ႐ြးေကာက္ပြဲဟာ တရားဝင္မႈမရွိဘူးလို႔ တုံ႔ျပန္ေနၾကပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ (Antony Blinken) ကလည္း စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ တခုမျဖစ္ႏိုင္တဲ့ အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕အၾကပ္အတည္းကို ပိုရွည္ၾကာေစၿပီး တိုင္းျပည္ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းသာယာေရးကို ေႏွာင့္ေႏွးၾကန႔္ၾကာ ေစမယ့္အေၾကာင္း ေၾကာညာခ်က္ထုတ္ျပန္ထားတာေတြလည္းရွိပါတယ္။

ျမန္မာႏိုင္ငံအႏွံမွာေတာ့ ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းျပဳစုတာမ်ိဳး လူဦးေရစာရင္းေကာက္ယူမႈေတြစတင္ေနေပမယ့္၊ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ေ႐ြးေကာက္ပြဲက်င္းပမယ့္ ရက္နဲ႔ပတ္သက္လို႔ လူထုကို တိတိက်က် ေၾကညာေျပာဆိုတာေတာ့ မရွိေသးပါဘူး။

ေ႐ြးေကာက္ပြဲအေပၚ ရခိုင္ပါတီေတြသေဘာထား
please wait

No media source currently available

0:00 0:03:47 0:00
တိုက္႐ိုက္ လင့္ခ္

{Unicode}

ရွေးကောက်ပွဲအပေါ် ရခိုင်ပါတီတွေသဘောထား

စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတခုမဖြစ်နိုင်ဘူးဆိုပြီး နိုင်ငံတကာအပါအဝင် အဓိက အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူအများစုက လက်မခံကြပါဘူး။ ဒါပေမယ့်လည်း ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တယ်လို့ယူဆပြီး AFP ရခိုင်ဦးဆောင်ပါတီအနေနဲ့ ဝင်ပြိုင်မယ်လို့ ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်ထဲက ရခိုင်လူမျိုးကိုယ်စားပြုပါတီတွေကြားမှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်တာရှိသလို၊ စဉ်းစားစောင့်ကြည့်နေတဲ့ ပါတီလည်းရှိပါတယ်။ ထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ကတော့ အခု စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီတရပ်အနေနဲ့ ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ AFP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ မည်သည့်အဖွဲ့အစည်းကမဆိုကျင်းပရင် ဝင်ပြိုင်မှာပါ။ အခု AFP ကာလ မှာလည်းပြိုင်မယ့်သဘောပါပဲ၊ ဘာလို့ဆိုတော့ မှတ်ပုံတင်ထားတဲ့ သဘောကိုက ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက်ပါ၊ ဝင်မပြိုင်ရင်လည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ရေး ဥပဒေအရ ဖျက်သိမ်းတာခံရမှာပေါ့။”

ရခိုင်ပြည်နယ်မှာရှိတဲ့ ပါတီတွေထဲကတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကတော့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခုမဖြစ်နိုင်သလို တရားဝင်မှု မရှိတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ စစ်ကောင်စီ ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစုံတရာမချရသေးဘူးလို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုထားပါတယ်။

ရခိုင့်ဦးဆောင်ပါတီကတော့ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဟာ ပြည်ထောင်စုအတွက်ရော ပြည်သူတွေနဲ့ ဒီမိုကရေစီအတွက်ပါအရေးကြီးသလို၊ စစ်ကောင်စီအတွက်လည်း ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးထွက်ပေါက်တရပ်ပေးသင့်တယ်လို့ ယူဆတဲ့အကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ ဘယ်လိုထွက်မှာလဲ အလုံပိတ်ပြီး ရိုက်ကြမှာလား၊ အကုန်သေစေမှာလား ၇၅နှစ်မှာ ဘယ် လောက်သေခဲ့ပြီးပြီလဲ၊ သွေမြေကျမှုကို ဆက်ပေးကြမှာလား၊ မပေးပဲနဲ့ ငြိမ်ငြိမ်သာသာ ဘယ်လိုထွက်လမ်းပေးမှာလဲ၊ အဲတော့ ထွက်လမ်းသည် ပြည်ထောင်စုအတွက်ရော ဖွဲ့စည်းပုံ အခြေဥပဒေအတွက်ရော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်ရော ပြည်သူလူထု အတွက်ရော လိုအပ်တယ်၊ အဲဒီလိုအပ်ချက်ကို ကျနော်တို့က ဖြည့်စည်းဖို့အသင့်ပါပဲ”

လူထုယူကြည်ရတဲ့ ရွေးကောက်ပွဲတခုဖြစ်လာဖို့ကတော့ သမာသမ ကျတဲ့ ရွေးကောက်ပွဲ ကော်မရှင်တခုကို ဖွဲ့စည်းပေးဖို့လိုအပ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ရွေးကောက်ပွဲက အများပြည်သူ ယုံကြည်ဖို့အတွက် သမာသမကျတဲ့ ရွေးကောက်ပွဲ ကော်မရှင်လိုတယ်၊ သမာသမကျတဲ့ ဘက်မလိုက်ပါဘူးဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ စည်းပေးဖို့တာဝန်ကြီးကြီးမားမားရှိတယ်။ ဆိုတော့ FPTPစနစ်ကနေ PRစနစ်ကို အစား ထိုးတယ်လို့ပြောတယ်။ PRစနစ်ကို အများပြည်သူသိအောင် ရှင်းပြဖို့လိုတယ်၊ PRစနစ် ရဲ့ ရည်ရွယ်ချက်က အမျိုးသားညီညွတ်ရေးအစိုးရကို ဦးတည်တယ်လို့ ပြောပါတယ်။"

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခု လတ်တလောအားဖြင့် AA ရခိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပါတယ်။ AA အပါအဝင် ညီနောင်သုံးဖွဲ့ရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲမှာတော့ အခြား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်သွားမယ်လို့ သန္နိဌာန်ပြု ဖော်ပြထားပေမဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုထားတာမရှိပါဘူး။

နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ KIA ကချင်လွတ်လပ်ရေးတပ်အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အများစုကလည်း ဒီရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ တုံ့ပြန်နေကြပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ တခုမဖြစ်နိုင်တဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ပိုရှည်ကြာစေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာ စေမယ့်အကြောင်း ကြောညာချက်ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံအနှံမှာတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုတာမျိုး လူဦးရည်စာရင်းကောက်ယူမှုတွေစတင်နေပေမယ့်၊ မြန်မာစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်နဲ့ပတ်သက်လို့ လူထုကို တိတိကျကျ ကြေညာပြောဆိုတာတော့ မရှိသေးပါဘူး။

XS
SM
MD
LG