သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြြဲေၾကာင့္ ျပႆနာ ေျပလည္မလား ပိုဆိုးမလား


ျမန္မာႏိုင္ငံမွာ တည္ၿငိမ္မႈကင္းမဲ့ၿပီး ႏိုင္ငံတကာ ဖိအားေတြ ကန္႔ကြက္မႈေတြ ႐ွိေနခ်ိန္မွာ စစ္ေကာင္စီက ေ႐ြးေကာက္ပြဲ က်င္းပမယ္ဆိုရင္ ဒီျပႆနာေတြ ေျပလည္သြားႏိုင္ပါသလား။ ဒါမွမဟုတ္ ပိုဆိုး႐ြားသြားႏိုင္ပါသလား။ ေ႐ြးေကာက္ပြဲမတိုင္ခင္ ႏွစ္ဘက္ေျပလည္မႈတရပ္ ရ႐ွိထားရင္ ပိုေကာင္းမယ္လို႔ ျမန္မာအေရးကြၽမ္းက်င္သူ ISP (Myanmar) ၫႊန္ၾကားေရးမႉး ဦးေအာင္သူၿငိမ္းက ဆိုပါတယ္။ အေသးစိတ္ကို ဦးေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏိုင္ငံရဲ ႔ ေရွ ႔လပဲဆုိပါေတာ့ - ျမန္မာႏုိင္ငံစစ္ေကာင္စီက လာမယ့္ႏွစ္မွာ ေရြးေကာက္ပြဲလုပ္ဖို႔ ေျပာထားပါတယ္။ အေစာပိုင္းက သူက ႏုိင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးတယ္ဆိုေတာ့ ေရြးေကာက္ပြဲလုပ္ဖုိ႔အတြက္ အဆင္ေျပေအာင္ဆုိၿပီးေတာ့ လိုက္ေလ်ာတဲ့သေဘာ၊ လမ္းခင္းတဲ့သေဘာ လုပ္တယ္လို႔ တခ်ဳိ ႔ကသံုးသပ္ၾကပါတယ္။ တခ်ိန္တည္းမွာပဲ သမဂၢ၊ တက္ၾကြလႈပ္ရွားတဲ့ ေက်ာင္းသားတခ်ဳိ ႔ကို ေသဒဏ္ခ်မွတ္ထားတယ္ဆိုေတာ့၊ အဲဒါေတြကို ၾကည့္မယ္ဆိုရင္ ေရြးေကာက္ပြဲက တကယ္က်င္းပႏုိင္မယ့္ အေျခအေနေကာ ရိွပါ့မလား။ တခ်ိန္တည္းမွာ တိုင္းရင္းသားအဖြဲ႔တခ်ဳိ ႔နဲ႔လည္း ၿငိမ္းခ်မ္းေရးလုပ္တယ္။ AA နဲ႔လည္း အပစ္အခတ္ရပ္စဲတာေတြလုပ္တယ္။ ဒါေတြလည္း အကုန္လံုး လႊမ္းၿခံဳၿပီးေတာ့ၾကည့္ရင္ ေရြးေကာက္ပြဲအတြက္ အဆင္ေျပေအာင္ ေခ်ာေမႊ႔ေအာင္လုပ္တယ္လို႔ တခ်ဳိ ႔ကသံုးသပ္ၾကပါတယ္။ ေရြးေကာက္ပြဲအလားအလာ တကယ္ေခ်ာေခ်ာေမႊ႔ေမႊ႔ ျဖစ္မယ္လို႔ ထင္ပါသလား။ တကယ္ေခ်ာေမႊ႔မျဖစ္ေတာင္မွ လုပ္ျဖစ္မယ္ creditability တက္လာမယ့္ ေရြးေကာက္ပြဲလို ျဖစ္ႏိုင္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ပထမဦးဆံုးေျပာရမယ္ဆိုရင္ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔က အက်ပ္အတည္းအမ်ားႀကီး ရိွပါတယ္။ က်ေနာ္ကေတာ့ အခုလက္ရိွ စစ္ေကာင္စီရဲ ႔ သတင္းစာေတြကို ပံုမွန္သတိိထားၿပီးေတာ့ ဖတ္ေနတဲ့အခါၾကေတာ့ အားသြန္ခြန္စိုက္ ေရြးေကာက္ပြဲျဖစ္ဖုိ႔အတြက္ မဲစာရင္းျပဳစုတာတုိ႔၊ ျပင္ဆင္တာတုိ႔၊ ေနာက္တခါၾကေတာ့ အခုလက္ရိွ လာမယ့္ေရြးေကာက္ပြဲမွာ PR - အခ်ဳိးက်ကိုယ္စားျပဳစနစ္ လုပ္မယ္ဆိုေတာ့ ဒါနဲ႔ပတ္သက္လို႔ ေဆာင္းပါးေတြ ေရးေနတာေတြ ေတြ႔ပါတယ္။ ဒါက တဘက္ကအားထုတ္မႈေပါ့။ တဘက္မွာလည္း အက်ပ္အတည္းေတြရိွတာကို ေတြ႔ရပါတယ္။ အထူးသျဖင့္ေတာ့ လံုၿခံဳေရးျပႆနာက လာမယ့္ေရြးေကာက္ပြဲမွာ ၿခိမ္းေျခာက္မယ့္ျပႆနာ ရိွမယ္။ ေနာက္တခုကေတာ့ လူထုေတြဘက္ကေန ဒီေရြးေကာက္ပြဲကို ဘယ္လုိလက္ခံမွာလဲ။ ဘယ္လုိေထာက္ခံမွာလဲဆိုတဲ့ ျပႆနာလည္း ရိွတယ္လုိ႔ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ လူထုေတြအျပင္ ႏုိုင္ငံတကာကေကာ ဒီေရြးေကာက္ပြဲကို creditability ရိွတဲ့ ေရြးေကာက္ပြဲလို႔ ျမင္ႏိုင္ပါ့မလား။ အခုအခါမွာ အာဆီယံကေတာင္ ပိုုၿပီးတင္းလာတယ္။ ကိုဂ်င္မီတိုိ႔ကို ကြပ္မ်က္ခဲ့ၿပီးေနာက္၊ တခါ အခုလည္းပဲ ေက်ာင္းသားေတြကို ေသဒဏ္ေပးတယ္၊ ဘာညာလုပ္လာတယ္ဆိုေတာ့ အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံတကာမွာ သူတုိ႔ ပံုရိပ္ဆိုးေနတာ၊ ပိုၿပီးေတာ့ ဆိုးသြားမယ္ဆိုေတာ့ အဲဒီမွာလည္း သူတို႔အတြက္ အခက္အခဲေတြ႔မယ္ ထင္ပါတယ္။

ေျဖ ။ ။ ဟုတ္ပါတယ္။ ႏိုင္ငံတကာဘက္ကေတာ့ အခုအခ်ိန္ကတည္းက ဒီေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေဝဖန္ေျပာဆုိတာေတြကို ေတြ႔ေနရပါတယ္။ တဘက္မွာလည္း ဘယ္လုိျဖစ္သလဲဆိုေတာ့ က်ေနာ္တို႔ သိပ္မၾကာေသးခင္က Facebook က စီမံအုပ္ခ်ဳပ္ေရးလုပ္တဲ့အဖြဲ႔နဲ႔ က်ေနာ္တုိ႔ အလႊတ္သေဘာ ေတြ႔ရပါတယ္။ ေတြ႔တဲ့အခါၾကေတာ့ သူတုိ႔က က်ေနာ္တို႔ကို အႀကံေတာင္းတယ္။ လာမယ့္ေရြးေကာက္ပြဲကို ဘယ္လုိသေဘာထားမလဲ။ ဆိုလုိတာက သူတုိ႔ကိုယ္တုိင္က Facebook ကိုယ္တုိင္က လာမယ့္ေရြးေကာက္ပြဲက ေရြးေကာက္ပြဲတခုလို လက္ခံရမလား။ ဒါမွမဟုတ္ ႏုိင္ငံတကာေဝဖန္တဲ့အတိုင္း လက္မခံဘဲထားရမလားဆိုတဲ့ ျပႆနာေတြ ႀကံဳရပါတယ္။ ဆိုလုိတဲ့သေဘာကေတာ့ ေရြးေကာက္ပြဲလို လက္ခံမယ္ဆိုရင္ က်ေနာ္တို႔ ႏိုင္ငံေရးပါတီေတြကို (သို႔မဟုတ္) ေရြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္ေတြကို Blue Mark သူ႔ရဲ ႔ ယံုၾကည္ရတဲံ အဆင့္အတန္းတခု ေပးတာမ်ဳိး၊ ဒါေတြ လုပ္ရမလား၊ မလုပ္ရဘူးလား။ ဒီေရြးေကာက္ပြဲကေန ပါတီေတြက ဝင္သံုးၿပီးေတာ့ ေၾကာ္ျငာတာေတြကို လက္ခံရမလား။ လက္မခံရဘူးလား စသည္ျဖင့္ ေတာ္ေတာ္ရွဳပ္ရွဳပ္ေထြေထြလည္း ရိွတဲ့အေနအထား ေတြ႔ရပါတယ္။ ေနာက္တခါ တေလာကပဲ သတင္းေထာက္ေတြ၊ journalists ေတြ လုပ္တဲ့ အစည္းအေဝးတခု က်ေနာ္ သြားတက္ပါတယ္။ သူတုိ႔ေဆြးေႏြးၾကတာက ဒီလာမယ့္ေရြးေကာက္ပြဲကို ေရြးေကာက္ပြဲတခုအေနနဲ႔ Just reporting သတင္းေတြကို ရိွရိွတဲ့အတိုင္း တင္ျပမွာလား။ ဒါမွမဟုတ္ Agenda ေရြးေကာက္ပြဲကို တခုခုျဖစ္ေစခ်င္တဲ့ ေစတနာမ်ဳိးနဲ႔ လုပ္ရမွာလားဆိုတဲ့ ကိစၥေတြလည္း အေတာ္ေဆြးေႏြးျငင္းခံုၾကတာေတြကို ေတြ႔ရပါတယ္။

ေမး ။ ။ တကယ္လို႔ စစ္ေကာင္စီက ဒီေရြးေကာက္ပြဲနဲ႔ ထြက္ေပါက္ရွာမယ္။ သူတုိ႔ Legitimacy ရေအာင္ ႀကိဳးပမ္းမယ္လို႔ တြက္ေနၾကတာ၊ အခုလို အခက္အခဲေတြ ျပည္တြင္းကလူေတြရဲ ႔ လက္ခံမႈ၊ ႏုိင္ငံတကာရဲ ႔ သေဘာထားေတြကအစ ျဖစ္ေနတဲ့အခ်ိန္မွာ သူတုိ႔က ေရြးေကာက္ပြဲကို ဇြတ္လုပ္မွာလား။ ႏိုင္ငံတကာမွာ ရုရွား၊ တရုတ္တိုိ႔က ငါတုိ႔ဘက္မွာ ရိွေနတယ္။ ထုိင္းကေတာ့ ငါတုိ႔ကို အဓိကအသိအမွတ္ျပဳမွာပဲ။ အိႏိၵယကလည္း ငါတုိ႔ကို လက္ခံမွာပဲဆုိတဲ့ အယူအဆလည္း သူတုိ႔မွာ ရိွေကာင္းရိွေနမယ္ ထင္ပါတယ္။ အဲဒီလိုနဲ႔ သူတုိ႔ ဇြတ္လုပ္သြားမလားလို႔ က်ေနာ္ စဥ္းစားမိပါတယ္။

ေျဖ ။ ။ စစ္ေကာင္စီအတြက္က ျပႆနာက သူတုိ႔က ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ အာဏာကို ထိန္းထားတာလို႔ သူတုိ႔က ေျပာၾကတယ္။ ေျပာၾကတဲ့အခါၾကေတာ့ အဲဒီမွာ ျပႆနာက ၂၀၀ ဖြဲ႔စည္းပံုအေျခခံဥပေဒရဲ ႔ အကန္႔အသတ္ပါ လာမယ့္ ၂၀၂၃ ေဖေဖၚဝါရီမွာဆိုရင္ သူတို႔အာဏာသိမ္းထားတဲ့ သက္တမ္းက (၂) ႏွစ္ ျပည့္သြားပါၿပီ။ ဆိုေတာ့ ဒီလိုအေျခအေနမ်ဳိးမွာ ေရြးေကာက္ပြဲကို ဆက္လုပ္ဖုိ႔ အခ်ိန္္ဇယားနဲ႔တကြ ေျခာက္လသက္တမ္း ထပ္တုိးမွာလား။ ဒါမွမဟုတ္ ဒီေရြးေကာက္ပြဲကို အသံုးမျပဳေတာ့ဘူး၊ လံုးဝ စစ္အာဏာရွင္စနစ္ ေျပာင္းမွာလား။ ဒါက သူတုိ႔အတြက္လည္း အက်ပ္အတည္း ရိွပါတယ္။ တဘက္မွာလဲ အခုနေျပာသလုိပါပဲ ႏုိင္ငံတကာ ေဝဖန္မႈေတလးေတြ အႀကီးအက်ယ္ ႀကံဳေနရတဲ့ ျပႆနာ ရိွပါတယ္။ ေနာက္တခုကေတာ့ ေရြးေကာက္ပြဲလုပ္ပါမွ ဗံုးခြဲတာေတြ၊ လူသတ္တာေတြ ဒါမ်ဳိးေတြ အၾကမ္းဖက္မႈေတြ - ဒီလို မတည္ၿငိမ္မႈမ်ဳိးေတြ ပိုၿပီးေတာ့ ႀကံဳရမလားဆိုတဲ့ ျပႆနာလည္း ရိွပါတယ္။

ေမး ။ ။ တကယ္လုိ႔ အဲဒီလိုသာ မလုပ္ျဖစ္ဘူးဆိုရင္ တျခားဘာေရြးစရာ သူတို႔ဘက္က ရိွသလဲ။ သူတုိ႔က ေတြ႔ဆံုေဆြးေႏြးေရးကိုလည္း လံုးဝလက္မခံဘူး။ NUG တို႔ဘာတုိ႔က အၾကမ္းဖက္သမားေတြသာ ျဖစ္တယ္လို႔ ေျပာေနေတာ့၊ ဒီဘက္ကေတာ့ လမ္းပိတ္ေနၿပီလို႔ထင္တယ္။ ဒီဘက္ကို စစ္ေကာင္စီဘက္ကို အရင္ရွင္းၾကပါ။ သူတုိ႔ တျခားနည္းလမ္း ဘာမ်ားရိွႏိုင္အံုးမလဲ။ ေစာေစာက ကိုေအာင္သူၿငိမ္း ေျပာသလို စစ္အာဏာရွင္စနစ္ကို ဖြဲ႔စည္းပံုဖ်က္ၿပီးေတာ့ သြားမလား။ သို႔တည္းမဟုတ္ သက္တမ္းတခု ထပ္တိုးခ်ဲ ႔ၿပီးေတာ့ လုပ္ဖို႔ စီစဥ္မလားဆိုတာ ဘယ္လိုသေဘာရပါသလဲ။ အဲဒါေတြအျပင္ သူတုိ႔ ေရွ ႔တိုးဖို႔အတြက္ တျခားဘယ္လမ္းရိွေသးသလဲ။

ေျဖ ။ ။ အဲဒီလိုေတာ့ ေျပာရခက္တယ္။ ေျပာရခက္တယ္ဆိုတာက အခုအခ်ိိန္အထိလည္း ေရြးေကာက္ပြဲကို လုပ္မယ္လုိ႔ေတာ့ ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့လဲ လုပ္မယ္မလုပ္ဘူးဆိုတာေတာ့ က်ေနာ္ထင္တယ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ရဲ ႔ ေခါင္းထဲမွာပဲ ရိွမယ္လို႔ ထင္တယ္။ အခုအခ်ိန္အထိ မီးစိမ္းျပတဲ့ မိန္႔ခြန္းမ်ဳိး က်ေနာ္ မေတြ႔ေသးဘူး။

ေမး ။ ။ ဒီမိုကေရစီအင္အားစုဘက္က ခုခံေတာ္လွန္ေနတဲ့ အဖြဲ႔ေတြကိုလည္း က်ေနာ္တုိ႔ ၾကည့္ၾကရေအာင္ပါ။ ေစ့စပ္ေဆြးေႏြးေရး မရိွဘူးဆိုေတာ့ ဘယ္နည္းနဲ႔ ထြက္ေပါက္ရမလဲ။ စစ္ေရးနည္းအားျဖင့္ အႏုိင္ရရိွေရး၊ စစ္ေကာင္စီကို ဖယ္ရွားေရး သို႔တည္းမဟုတ္ စစ္တပ္ကို အာဏာက ဖယ္ရွားေရးလား။ ေစ့စပ္ေဆြးေႏြးေရး လမ္းေၾကာင္းကေတာ့ သူတုိ႔လည္း ပိတ္ေနတယ္ထင္ပါတယ္။ ဘယ္လုိျမင္ပါသလဲ။

ေျဖ ။ ။ ဟုတ္ပါတယ္။ ဒီဘက္က အတုိက္အခံေတြကို ၾကည့္တဲ့အခါၾကေတာ့လဲ အထူးသျဖင့္ NUG - သူတို႔က ၂၀၂၀ ေရြးေကာက္ပြဲရဲ ႔ mandate လူထုေထာက္ခံမႈကို ရထားတယ္လုိ႔ တစိုက္မတ္မတ္ ေျပာေနေတာ့ ေနာက္ထပ္ေရြးေကာက္ပြဲတခု မလိုခ်င္ဘူးလို႔ ထင္ပါတယ္။ ဆိုေတာ့ တခ်ဳိ ႔အင္အားစုေတြကလည္း morally က်င့္ဝတ္ပိုင္းဆိုင္ရာအရ ေနာက္ထပ္ေရြးေကာက္ပြဲလုပ္တာ လံုးဝလက္ခံဖို႔ မသင့္ဘူးဆုိၿပီးေတာ့ ေရြးေကာက္ပြဲကို ဆန္႔က်င္ဖုိ႔၊ ေျပာေနဆိုေနတာေတြလည္း ၾကားေနရပါတယ္။ အဲဒီအေနအထားမွာေတာ့ က်ေနာ္ထင္တယ္ ေရြးေကာက္ပြဲကို ဆက္ၿပီးေတာ့ တြန္းလို႔ရိွရင္ေတာ့ တင္းမာမႈေတြ၊ ေနာက္တခုက ပိုၿပီးေတာ့ အၾကမ္းဖက္မႈေတြ ဒီၾကားထဲမွာ ပိုၿပီးေတာ့ ေတြ႔ရမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ႏုိင္ငံတကာက သူတုိ႔ကို အလံုအေလာက္ ကူညီပံ့ပိုးမႈ ရိွပါသလား။ အဲဒါေကာ အားရစရာ ေကာင္းရဲ ႔လား။

ေျဖ ။ ။ အခုလတ္တေလာမွာေတာ့ အေမရိကန္က NDAA ေခၚတဲ့ ကာကြယ္ေရးဥပေဒတရပ္ ထြက္လာတယ္။ ထြက္လာေတာ့လဲ တခ်ဳိ ႔ ဒီမိုကေရစီလႈပ္ရွားမႈေတြကို ပံ့ပိုးမယ္ဆိုတဲ့ သေဘာတရားေတြကို ေတြ႔ပါတယ္။ ဒါေပမဲ့ က်ေနာ္ကေတာ့ သိပ္မေမွ်ာ္လင့္ပါဘူး။ ေနာက္တခု အတိုက္အခံေတြဘက္က ေရြးေကာက္ပြဲကို မေထာက္ခံဘူး၊ ဆန္႔က်င္တယ္။ အဲဒီေတာ့ ႏုိင္ငံတကာဘက္ကေရာ တခ်ဳိ ႔အိမ္နီးခ်င္းႏုိင္ငံေတြက ေမးခြန္းထုတ္တာက အဲဒါဆုိရင္ က်ေနာ္တုိ႔ရဲ ႔ Alternative အျခားေရြးခ်ယ္စရာတခု ဘာျပႏုိင္မလဲ။ ဆုိေတာ့ အဲဒါကလဲ က်ေနာ္တုိ႔ဘက္မွာ သိပ္ရွင္းရွင္းလင္းလင္း မေတြ႔ရေသးပါဘူး။

ေမး ။ ။ အာဆီယံမွာလည္း အခု ဥကၠ႒ ေျပာင္းေတာ့ အင္ဒိုနီးရွားကေတာ့ ေလသံခပ္ျပင္းျပင္းနဲ႔ စေျပာတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ သူက ဘယ္ေလာက္လုပ္ႏိုင္မယ္ ထင္ပါသလဲ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာ့အေရး ေရွ ႔တိုးေအာင္ ဘယ္နည္းနဲ႔မ်ား အေျဖရွာလာစရာ ရိွပါသလဲ။

ေျဖ ။ ။ ၿပီးခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေဝးမွာေတာ့ ေျပာတာကေတာ့ ပိုၿပီးေတာ့ လက္ေတြ႔က်တဲ့ ေနာက္တခါ measurable တိုင္းတာလို႔ ရႏုိင္တဲ့ လုပ္ငန္းစဥ္ေတြကို အေကာင္အထည္ ေဖာ္သြားမယ္လုိ႔ ေျပာပါတယ္။ ဒါေပမဲ့လဲ အဲဒါနဲ႔ ပတ္သက္လို႔ အေသးစိတ္ အခ်က္အလက္ေတြေတာ့ မေတြ႔ရေသးပါဘူး။ ေနာက္တခုကေတာ့ အျပင္မွာေဆြးေႏြးရသေလာက္ ဆိုရင္လဲ၊ ျမန္မာ့အေရးက ႏုိင္ငံတကာမွာ အထူးသျဖင့္
အာဆီယံအတြက္ ေျပာမယ္ဆိုရင္ a lost cause လို ျဖစ္ေနတယ္။ ဘယ္ေလာက္ပဲ အားစိုက္အားစိုက္ ေရွ ႔သိပ္မတိုးတဲ့ ကိစၥမ်ဳိးလို႔ ျမင္ရတယ္။ ေနာက္တခါၾကေတာ့ အင္ဒိုနီးရွားအတြက္က အေရွ ႔တီေမာလ္က အဖြဲ႔ဝင္သစ္ ျဖစ္လာေတာ့ အဲဒီကိစၥကို ပိုလုပ္ရင္ေတာ့ အမွတ္ပိုရစရာ ရိွတယ္။ ျမန္မာကိစၥကေတာ့ အမွတ္ရနည္းစရာ ရိွတယ္လို႔ ဒါကိုလက္ေတြ႔သံုးသပ္ၾကတဲ့ လူေတြလည္း ရိွပါတယ္။

ေမး ။ ။ တခ်ဳိ ႔ကလည္း အာဆီယံက ျမန္မာႏိုင္ငံကို ေစတနာထားၿပီးေတာ့ ဒီျပႆနာ ေျပလည္ေရးဆိုတာထက္ မင္းတို႔အဖြဲ႔ထဲက လူေတြကို မင္းတို႔မေျပာႏုိင္ဘူးဆိုၿပီေတာ့ သိကၡာက်ေနတာကို သိကၡာဆယ္ယူေလာက္ပဲ လုပ္ဖို႔ႀကိဳးစားေနတယ္လို႔ သံုးသပ္ၾကပါတယ္။ အဲဒါေကာ မွန္ပါသလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ တခုကလဲ အခုန ေရြးေကာက္ပြဲကိစၥနဲ႔ ျပန္ခ်ိတ္ရရင္ေတာ့ အာဆီယံအေနနဲ႔ ဒီေရြးေကာက္ပြဲကို တတ္ႏုိင္သေလာက္ ဖိအားေပးမယ္၊ တြန္းမယ္ဆိုတာေတာ့ ရိွပါတယ္။ တဘက္ကလဲ ေရြးေကာက္ပြဲ ၿပီးသြားတဲ့အခါမွာ ေပၚလာတဲ့ အစိုးရကို အေျခအေနသစ္တခုေတာ့ ေျပာင္းသြားၿပီ၊ လက္ခံလိုက္ၾကပါဆိုတဲ့ ပံုစံမ်ဳိးလည္း ရိွႏိုင္ပါတယ္။ အဲဒါကလည္း စိုးရိမ္စရာေကာင္းတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ လာမယ့္ ငါးႏွစ္က အဲဒီလိုနဲ႔ ခ်ဳပ္မိသြားတဲ့ အေနအထားမ်ဳိး ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ နိဂံုးခ်ဳပ္ရရင္ေတာ့ ျမန္မာျပည္သူေတြ ခံစားေနရတဲ့ ဒုကၡသံသရာကေတာ့ အေတာ္ၾကာရွည္ ေရွ ႔ဆက္ေနအံုးမယ္ဆိုတဲ့ သေဘာလား။

ေျဖ ။ ။ ေရြးေကာက္ပြဲကေတာ့ က်ေနာ္ထင္တယ္ တခုတည္းေသာ ထြက္လမ္းဆိုတာမ်ဳိးေတာ့ မျဖစ္ႏုိင္ပါဘူး။ ေနာက္တခုကလည္း က်ေနာ္တို႔ ေရြးေကာက္ပြဲေတြက လိုအပ္ပါတယ္။ ဒီမိုကေရစိအတြက္။ ဒါေပမဲ့ ေရြးေကာက္ပြဲ မတိုင္မီမွာ Political Pack ႏိုင္ငံေရးအရ ဒီအင္အားစုေတြၾကားထဲမွာ ေက်လည္သေဘာတူညီမႈတခုခု ၿပီေတာ့မွ ေရွ ႔ဆက္သြားမယ္ဆိုရင္ေတာ့ ပိုေကာင္းမယ္ထင္ပါတယ္။

=== Unicode ====

မြန်မာနိုင်ငံမှာ တည်ငြိမ်မှုကင်းမဲ့ပြီး နိုင်ငံတကာ ဖိအားတွေ ကန့်ကွက်မှုတွေ ရှိနေချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဒီပြဿနာတွေ ပြေလည်သွားနိုင်ပါသလား။ ဒါမှမဟုတ် ပိုဆိုးရွားသွားနိုင်ပါသလား။ ရွေးကောက်ပွဲမတိုင်ခင် နှစ်ဘက်ပြေလည်မှုတရပ် ရရှိထားရင် ပိုကောင်းမယ်လို့ မြန်မာအရေးကျွမ်းကျင်သူ ISP (Myanmar) ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက ဆိုပါတယ်။ အသေးစိတ်ကို ဦးအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ ရှေ့လပဲဆိုပါတော့ - မြန်မာနိုင်ငံစစ်ကောင်စီက လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြောထားပါတယ်။ အစောပိုင်းက သူက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတော့ ရွေးကောက်ပွဲလုပ်ဖို့အတွက် အဆင်ပြေအောင်ဆိုပြီးတော့ လိုက်လျောတဲ့သဘော၊ လမ်းခင်းတဲ့သဘော လုပ်တယ်လို့ တချို့ကသုံးသပ်ကြပါတယ်။ တချိန်တည်းမှာပဲ သမဂ္ဂ၊ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတချို့ကို သေဒဏ်ချမှတ်ထားတယ်ဆိုတော့၊ အဲဒါတွေကို ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲက တကယ်ကျင်းပနိုင်မယ့် အခြေအနေကော ရှိပါ့မလား။ တချိန်တည်းမှာ တိုင်းရင်းသားအဖွဲ့တချို့နဲ့လည်း ငြိမ်းချမ်းရေးလုပ်တယ်။ AA နဲ့လည်း အပစ်အခတ်ရပ်စဲတာတွေလုပ်တယ်။ ဒါတွေလည်း အကုန်လုံး လွှမ်းခြုံပြီးတော့ကြည့်ရင် ရွေးကောက်ပွဲအတွက် အဆင်ပြေအောင် ချောမွှေ့အောင်လုပ်တယ်လို့ တချို့ကသုံးသပ်ကြပါတယ်။ ရွေးကောက်ပွဲအလားအလာ တကယ်ချောချောမွှေ့မွှေ့ ဖြစ်မယ်လို့ ထင်ပါသလား။ တကယ်ချောမွှေ့မဖြစ်တောင်မှ လုပ်ဖြစ်မယ် creditability တက်လာမယ့် ရွေးကောက်ပွဲလို ဖြစ်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပထမဦးဆုံးပြောရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့က အကျပ်အတည်းအများကြီး ရှိပါတယ်။ ကျနော်ကတော့ အခုလက်ရှိ စစ်ကောင်စီရဲ့ သတင်းစာတွေကို ပုံမှန်သတိထားပြီးတော့ ဖတ်နေတဲ့အခါကြတော့ အားသွန်ခွန်စိုက် ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲစာရင်းပြုစုတာတို့၊ ပြင်ဆင်တာတို့၊ နောက်တခါကြတော့ အခုလက်ရှိ လာမယ့်ရွေးကောက်ပွဲမှာ PR - အချိုးကျကိုယ်စားပြုစနစ် လုပ်မယ်ဆိုတော့ ဒါနဲ့ပတ်သက်လို့ ဆောင်းပါးတွေ ရေးနေတာတွေ တွေ့ပါတယ်။ ဒါက တဘက်ကအားထုတ်မှုပေါ့။ တဘက်မှာလည်း အကျပ်အတည်းတွေရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ လုံခြုံရေးပြဿနာက လာမယ့်ရွေးကောက်ပွဲမှာ ခြိမ်းခြောက်မယ့်ပြဿနာ ရှိမယ်။ နောက်တခုကတော့ လူထုတွေဘက်ကနေ ဒီရွေးကောက်ပွဲကို ဘယ်လိုလက်ခံမှာလဲ။ ဘယ်လိုထောက်ခံမှာလဲဆိုတဲ့ ပြဿနာလည်း ရှိတယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ လူထုတွေအပြင် နိုုင်ငံတကာကကော ဒီရွေးကောက်ပွဲကို creditability ရှိတဲ့ ရွေးကောက်ပွဲလို့ မြင်နိုင်ပါ့မလား။ အခုအခါမှာ အာဆီယံကတောင် ပိုပြီးတင်းလာတယ်။ ကိုဂျင်မီတိို့ကို ကွပ်မျက်ခဲ့ပြီးနောက်၊ တခါ အခုလည်းပဲ ကျောင်းသားတွေကို သေဒဏ်ပေးတယ်၊ ဘာညာလုပ်လာတယ်ဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ သူတို့ ပုံရိပ်ဆိုးနေတာ၊ ပိုပြီးတော့ ဆိုးသွားမယ်ဆိုတော့ အဲဒီမှာလည်း သူတို့အတွက် အခက်အခဲတွေ့မယ် ထင်ပါတယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ နိုင်ငံတကာဘက်ကတော့ အခုအချိန်ကတည်းက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတာတွေကို တွေ့နေရပါတယ်။ တဘက်မှာလည်း ဘယ်လိုဖြစ်သလဲဆိုတော့ ကျနော်တို့ သိပ်မကြာသေးခင်က Facebook က စီမံအုပ်ချုပ်ရေးလုပ်တဲ့အဖွဲ့နဲ့ ကျနော်တို့ အလွှတ်သဘော တွေ့ရပါတယ်။ တွေ့တဲ့အခါကြတော့ သူတို့က ကျနော်တို့ကို အကြံတောင်းတယ်။ လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုသဘောထားမလဲ။ ဆိုလိုတာက သူတို့ကိုယ်တိုင်က Facebook ကိုယ်တိုင်က လာမယ့်ရွေးကောက်ပွဲက ရွေးကောက်ပွဲတခုလို လက်ခံရမလား။ ဒါမှမဟုတ် နိုင်ငံတကာဝေဖန်တဲ့အတိုင်း လက်မခံဘဲထားရမလားဆိုတဲ့ ပြဿနာတွေ ကြုံရပါတယ်။ ဆိုလိုတဲ့သဘောကတော့ ရွေးကောက်ပွဲလို လက်ခံမယ်ဆိုရင် ကျနော်တို့ နိုင်ငံရေးပါတီတွေကို (သို့မဟုတ်) ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေကို Blue Mark သူ့ရဲ့ ယုံကြည်ရတဲံ အဆင့်အတန်းတခု ပေးတာမျိုး၊ ဒါတွေ လုပ်ရမလား၊ မလုပ်ရဘူးလား။ ဒီရွေးကောက်ပွဲကနေ ပါတီတွေက ဝင်သုံးပြီးတော့ ကြော်ငြာတာတွေကို လက်ခံရမလား။ လက်မခံရဘူးလား စသည်ဖြင့် တော်တော်ရှုပ်ရှုပ်ထွေထွေလည်း ရှိတဲ့အနေအထား တွေ့ရပါတယ်။ နောက်တခါ တလောကပဲ သတင်းထောက်တွေ၊ journalists တွေ လုပ်တဲ့ အစည်းအဝေးတခု ကျနော် သွားတက်ပါတယ်။ သူတို့ဆွေးနွေးကြတာက ဒီလာမယ့်ရွေးကောက်ပွဲကို ရွေးကောက်ပွဲတခုအနေနဲ့ Just reporting သတင်းတွေကို ရှိရှိတဲ့အတိုင်း တင်ပြမှာလား။ ဒါမှမဟုတ် Agenda ရွေးကောက်ပွဲကို တခုခုဖြစ်စေချင်တဲ့ စေတနာမျိုးနဲ့ လုပ်ရမှာလားဆိုတဲ့ ကိစ္စတွေလည်း အတော်ဆွေးနွေးငြင်းခုံကြတာတွေကို တွေ့ရပါတယ်။

မေး ။ ။ တကယ်လို့ စစ်ကောင်စီက ဒီရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာမယ်။ သူတို့ Legitimacy ရအောင် ကြိုးပမ်းမယ်လို့ တွက်နေကြတာ၊ အခုလို အခက်အခဲတွေ ပြည်တွင်းကလူတွေရဲ့ လက်ခံမှု၊ နိုင်ငံတကာရဲ့ သဘောထားတွေကအစ ဖြစ်နေတဲ့အချိန်မှာ သူတို့က ရွေးကောက်ပွဲကို ဇွတ်လုပ်မှာလား။ နိုင်ငံတကာမှာ ရုရှား၊ တရုတ်တိို့က ငါတို့ဘက်မှာ ရှိနေတယ်။ ထိုင်းကတော့ ငါတို့ကို အဓိကအသိအမှတ်ပြုမှာပဲ။ အိန္ဒိယကလည်း ငါတို့ကို လက်ခံမှာပဲဆိုတဲ့ အယူအဆလည်း သူတို့မှာ ရှိကောင်းရှိနေမယ် ထင်ပါတယ်။ အဲဒီလိုနဲ့ သူတို့ ဇွတ်လုပ်သွားမလားလို့ ကျနော် စဉ်းစားမိပါတယ်။

ဖြေ ။ ။ စစ်ကောင်စီအတွက်က ပြဿနာက သူတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ထိန်းထားတာလို့ သူတို့က ပြောကြတယ်။ ပြောကြတဲ့အခါကြတော့ အဲဒီမှာ ပြဿနာက ၂၀၀ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်ပါ လာမယ့် ၂၀၂၃ ဖေဖေါ်ဝါရီမှာဆိုရင် သူတို့အာဏာသိမ်းထားတဲ့ သက်တမ်းက (၂) နှစ် ပြည့်သွားပါပြီ။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ အချိန်ဇယားနဲ့တကွ ခြောက်လသက်တမ်း ထပ်တိုးမှာလား။ ဒါမှမဟုတ် ဒီရွေးကောက်ပွဲကို အသုံးမပြုတော့ဘူး၊ လုံးဝ စစ်အာဏာရှင်စနစ် ပြောင်းမှာလား။ ဒါက သူတို့အတွက်လည်း အကျပ်အတည်း ရှိပါတယ်။ တဘက်မှာလဲ အခုနပြောသလိုပါပဲ နိုင်ငံတကာ ဝေဖန်မှုတေလးတွေ အကြီးအကျယ် ကြုံနေရတဲ့ ပြဿနာ ရှိပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲလုပ်ပါမှ ဗုံးခွဲတာတွေ၊ လူသတ်တာတွေ ဒါမျိုးတွေ အကြမ်းဖက်မှုတွေ - ဒီလို မတည်ငြိမ်မှုမျိုးတွေ ပိုပြီးတော့ ကြုံရမလားဆိုတဲ့ ပြဿနာလည်း ရှိပါတယ်။

မေး ။ ။ တကယ်လို့ အဲဒီလိုသာ မလုပ်ဖြစ်ဘူးဆိုရင် တခြားဘာရွေးစရာ သူတို့ဘက်က ရှိသလဲ။ သူတို့က တွေ့ဆုံဆွေးနွေးရေးကိုလည်း လုံးဝလက်မခံဘူး။ NUG တို့ဘာတို့က အကြမ်းဖက်သမားတွေသာ ဖြစ်တယ်လို့ ပြောနေတော့၊ ဒီဘက်ကတော့ လမ်းပိတ်နေပြီလို့ထင်တယ်။ ဒီဘက်ကို စစ်ကောင်စီဘက်ကို အရင်ရှင်းကြပါ။ သူတို့ တခြားနည်းလမ်း ဘာများရှိနိုင်အုံးမလဲ။ စောစောက ကိုအောင်သူငြိမ်း ပြောသလို စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံဖျက်ပြီးတော့ သွားမလား။ သို့တည်းမဟုတ် သက်တမ်းတခု ထပ်တိုးချဲ့ပြီးတော့ လုပ်ဖို့ စီစဉ်မလားဆိုတာ ဘယ်လိုသဘောရပါသလဲ။ အဲဒါတွေအပြင် သူတို့ ရှေ့တိုးဖို့အတွက် တခြားဘယ်လမ်းရှိသေးသလဲ။

ဖြေ ။ ။ အဲဒီလိုတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာက အခုအချိန်အထိလည်း ရွေးကောက်ပွဲကို လုပ်မယ်လို့တော့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့လဲ လုပ်မယ်မလုပ်ဘူးဆိုတာတော့ ကျနော်ထင်တယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခေါင်းထဲမှာပဲ ရှိမယ်လို့ ထင်တယ်။ အခုအချိန်အထိ မီးစိမ်းပြတဲ့ မိန့်ခွန်းမျိုး ကျနော် မတွေ့သေးဘူး။

မေး ။ ။ ဒီမိုကရေစီအင်အားစုဘက်က ခုခံတော်လှန်နေတဲ့ အဖွဲ့တွေကိုလည်း ကျနော်တို့ ကြည့်ကြရအောင်ပါ။ စေ့စပ်ဆွေးနွေးရေး မရှိဘူးဆိုတော့ ဘယ်နည်းနဲ့ ထွက်ပေါက်ရမလဲ။ စစ်ရေးနည်းအားဖြင့် အနိုင်ရရှိရေး၊ စစ်ကောင်စီကို ဖယ်ရှားရေး သို့တည်းမဟုတ် စစ်တပ်ကို အာဏာက ဖယ်ရှားရေးလား။ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကတော့ သူတို့လည်း ပိတ်နေတယ်ထင်ပါတယ်။ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီဘက်က အတိုက်အခံတွေကို ကြည့်တဲ့အခါကြတော့လဲ အထူးသဖြင့် NUG - သူတို့က ၂၀၂၀ ရွေးကောက်ပွဲရဲ့ mandate လူထုထောက်ခံမှုကို ရထားတယ်လို့ တစိုက်မတ်မတ် ပြောနေတော့ နောက်ထပ်ရွေးကောက်ပွဲတခု မလိုချင်ဘူးလို့ ထင်ပါတယ်။ ဆိုတော့ တချို့အင်အားစုတွေကလည်း morally ကျင့်ဝတ်ပိုင်းဆိုင်ရာအရ နောက်ထပ်ရွေးကောက်ပွဲလုပ်တာ လုံးဝလက်ခံဖို့ မသင့်ဘူးဆိုပြီးတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ ပြောနေဆိုနေတာတွေလည်း ကြားနေရပါတယ်။ အဲဒီအနေအထားမှာတော့ ကျနော်ထင်တယ် ရွေးကောက်ပွဲကို ဆက်ပြီးတော့ တွန်းလို့ရှိရင်တော့ တင်းမာမှုတွေ၊ နောက်တခုက ပိုပြီးတော့ အကြမ်းဖက်မှုတွေ ဒီကြားထဲမှာ ပိုပြီးတော့ တွေ့ရမယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ နိုင်ငံတကာက သူတို့ကို အလုံအလောက် ကူညီပံ့ပိုးမှု ရှိပါသလား။ အဲဒါကော အားရစရာ ကောင်းရဲ့လား။

ဖြေ ။ ။ အခုလတ်တလောမှာတော့ အမေရိကန်က NDAA ခေါ်တဲ့ ကာကွယ်ရေးဥပဒေတရပ် ထွက်လာတယ်။ ထွက်လာတော့လဲ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပံ့ပိုးမယ်ဆိုတဲ့ သဘောတရားတွေကို တွေ့ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ သိပ်မမျှော်လင့်ပါဘူး။ နောက်တခု အတိုက်အခံတွေဘက်က ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ဆန့်ကျင်တယ်။ အဲဒီတော့ နိုင်ငံတကာဘက်ကရော တချို့အိမ်နီးချင်းနိုင်ငံတွေက မေးခွန်းထုတ်တာက အဲဒါဆိုရင် ကျနော်တို့ရဲ့ Alternative အခြားရွေးချယ်စရာတခု ဘာပြနိုင်မလဲ။ ဆိုတော့ အဲဒါကလဲ ကျနော်တို့ဘက်မှာ သိပ်ရှင်းရှင်းလင်းလင်း မတွေ့ရသေးပါဘူး။

မေး ။ ။ အာဆီယံမှာလည်း အခု ဥက္ကဋ္ဌ ပြောင်းတော့ အင်ဒိုနီးရှားကတော့ လေသံခပ်ပြင်းပြင်းနဲ့ စပြောတာကို တွေ့ရပါတယ်။ ဆိုတော့ သူက ဘယ်လောက်လုပ်နိုင်မယ် ထင်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေး ရှေ့တိုးအောင် ဘယ်နည်းနဲ့များ အဖြေရှာလာစရာ ရှိပါသလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ ပြောတာကတော့ ပိုပြီးတော့ လက်တွေ့ကျတဲ့ နောက်တခါ measurable တိုင်းတာလို့ ရနိုင်တဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့လဲ အဲဒါနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေတော့ မတွေ့ရသေးပါဘူး။ နောက်တခုကတော့ အပြင်မှာဆွေးနွေးရသလောက် ဆိုရင်လဲ၊ မြန်မာ့အရေးက နိုင်ငံတကာမှာ အထူးသဖြင့်
အာဆီယံအတွက် ပြောမယ်ဆိုရင် a lost cause လို ဖြစ်နေတယ်။ ဘယ်လောက်ပဲ အားစိုက်အားစိုက် ရှေ့သိပ်မတိုးတဲ့ ကိစ္စမျိုးလို့ မြင်ရတယ်။ နောက်တခါကြတော့ အင်ဒိုနီးရှားအတွက်က အရှေ့တီမောလ်က အဖွဲ့ဝင်သစ် ဖြစ်လာတော့ အဲဒီကိစ္စကို ပိုလုပ်ရင်တော့ အမှတ်ပိုရစရာ ရှိတယ်။ မြန်မာကိစ္စကတော့ အမှတ်ရနည်းစရာ ရှိတယ်လို့ ဒါကိုလက်တွေ့သုံးသပ်ကြတဲ့ လူတွေလည်း ရှိပါတယ်။

မေး ။ ။ တချို့ကလည်း အာဆီယံက မြန်မာနိုင်ငံကို စေတနာထားပြီးတော့ ဒီပြဿနာ ပြေလည်ရေးဆိုတာထက် မင်းတို့အဖွဲ့ထဲက လူတွေကို မင်းတို့မပြောနိုင်ဘူးဆိုပြီတော့ သိက္ခာကျနေတာကို သိက္ခာဆယ်ယူလောက်ပဲ လုပ်ဖို့ကြိုးစားနေတယ်လို့ သုံးသပ်ကြပါတယ်။ အဲဒါကော မှန်ပါသလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ တခုကလဲ အခုန ရွေးကောက်ပွဲကိစ္စနဲ့ ပြန်ချိတ်ရရင်တော့ အာဆီယံအနေနဲ့ ဒီရွေးကောက်ပွဲကို တတ်နိုင်သလောက် ဖိအားပေးမယ်၊ တွန်းမယ်ဆိုတာတော့ ရှိပါတယ်။ တဘက်ကလဲ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ ပေါ်လာတဲ့ အစိုးရကို အခြေအနေသစ်တခုတော့ ပြောင်းသွားပြီ၊ လက်ခံလိုက်ကြပါဆိုတဲ့ ပုံစံမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒါကလည်း စိုးရိမ်စရာကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့် ငါးနှစ်က အဲဒီလိုနဲ့ ချုပ်မိသွားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ နိဂုံးချုပ်ရရင်တော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခသံသရာကတော့ အတော်ကြာရှည် ရှေ့ဆက်နေအုံးမယ်ဆိုတဲ့ သဘောလား။

ဖြေ ။ ။ ရွေးကောက်ပွဲကတော့ ကျနော်ထင်တယ် တခုတည်းသော ထွက်လမ်းဆိုတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ နောက်တခုကလည်း ကျနော်တို့ ရွေးကောက်ပွဲတွေက လိုအပ်ပါတယ်။ ဒီမိုကရေစိအတွက်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ Political Pack နိုင်ငံရေးအရ ဒီအင်အားစုတွေကြားထဲမှာ ကျေလည်သဘောတူညီမှုတခုခု ပြီတော့မှ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။

XS
SM
MD
LG