သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ေရြးေကာက္ပဲြ အစီအစဥ္အေပၚ အကဲခတ္တခ်ဳိ႕အျမင္ 


Myanmar Elections

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ပထမဆုံးအႀကိမ္ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ စစ္ေကာင္စီက စီစဥ္ေနေပမဲ့ အကဲခတ္တခ်ဳိ႕ကေတာ့ သံသယရွိေနၾကပါတယ္။ အကဲခတ္ေတြရဲ႕ အျမင္ေတြကုိေတာ့ ကုိဝင္းမင္း စုစည္းတင္ျပထားပါတယ္။

စစ္ေကာင္စီရဲ႕ ေရြးေကာက္ပဲြ အစီအစဥ္အေပၚ အကဲခတ္တခ်ဳိ႕အျမင္

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ပထမဆုံးအႀကိမ္ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ စစ္ေကာင္စီက စီစဥ္ေနေပမဲ့ အကဲခတ္တခ်ဳိ႕ကေတာ့ သံသယရွိေနၾကပါတယ္။ ေရြးေကာက္ပဲြ မသမာမႈ အေၾကာင္းျပခ်က္နဲ႔ အာဏာသိမ္းထားတဲ့ စစ္တပ္က ေရြးေကာက္ပဲြ က်င္းပမယ့္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ စစ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က စိန္ရတု ၇၅ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔မွာ ထပ္ေျပာသြားခဲ့တဲ့အေပၚ အကဲခတ္ေတြရဲ႕ အျမင္ေတြကုိေတာ့ ကုိဝင္းမင္း စုစည္းတင္ျပထားပါတယ္။

ကိုဝင္းမင္း ။. ။ ဗိုလ္္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အေနနဲ႔ ေရြးေကာက္ပြဲ နဲ႔ ပတ္သက္ၿပီး အဓိကေျပာခဲ့တာကို သီေပါၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ေဟာင္း ဦးရဲထြန္း က အခုလိုေျပာပါတယ္။

သီေပါျမိဳ.နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္း ။. ။ အဓိက လာမဲ့ ေရြးေကာက္ပြဲကို PR စနစ္နဲ႔လုပ္မယ္။ ဒါလူမ်ဳိးစု လူနည္းစုေတြအပါအဝင္ သူတို႔ရဲ႕ ကိုယ္စားျပဳမႈကို လႊတ္ေတာ္ထဲကို ေရာက္ႏိုင္မယ္ဆိုတဲ့ အေၾကာင္းေပါ့။ ဒီဟာအတြက္ကို ေရြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္ေတြ ေဆြးေႏြးေနၾကတယ္လို႔ ေျပာသြားတယ္။ အဲဒီ ေရြးေကာက္ပြဲ ဥပေဒ အခုထက္ထိ မထြက္ေသးဘူးေပါ့။ ဒါေၾကာင့္ သူမိန္းခြန္းထဲမွာလည္း အဲဒီ ဥပေဒ ထြက္လာၿပီလို႔ေတာ့ ေျပာမသြားဘူး။ တကယ္ကေတာ့ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲ ရႈံးၿပီးကတည္းက သူတို႔စၿပီးေတာ့ စဥ္းစားလာၿပီးေတာ့ ၂ဝ၁၅ ေရြးေကာက္ပြဲ ေရြးေကာက္ပြဲရႈံးသြားၿပီးေတာ့ ငါတို႔က ျပည္သူလူထု႔ေထာက္ခံမဲ တျပည္လုံးအေနနဲ႔ ၃ဝ ရာခိုင္ႏႈန္းေလာက္ရရဲ႕ သားနဲ႔ လႊတ္ေတာ္ေနရာမွာၾကေတာ့ ၃ဝ ရာခိုင္ႏႈန္းမရပါလား ဆိုတဲ့ စဥ္းစားခ်က္မ်ဳိး အစခ်ီတာပါ။ PR စနစ္မွာၾကေတာ့ ေပးလိုက္တဲ့ မဲေတြက မႏိုင္ရင္လည္း အလကားျဖစ္မသြားပဲနဲ႔ အခ်ဳိးက် ကိုယ္စားလွယ္ရႏိုင္တဲ့အတြက္ေၾကာင့္ ဒီ PR စနစ္ကို လုပ္တာေပါ့။

ကိုဝင္းမင္း ။ ။ ဒီေရြးေကာက္ပြဲ နဲ႔ ပတ္သက္ၿပီး ANP ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးသာထြန္းလွ က အခုလိုေျပာပါတယ္။

ANP ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးသာထြန္းလွ ။. ။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေျပာတဲ့အထဲမွာက ၂ဝ၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာယူလုိက္ကတည္းက သူတို႔ Road Map ထဲမွာပါတဲ့ ေရြးေကာက္ပြဲလုပ္ေပးမယ္ဆိုတဲ့ ကတိအတိုင္း အေကာင္အထည္ေဖာ္မဲ့ သေဘာကို ျမင္တယ္။

ကိုဝင္းမင္း ။. ။ တႏိုင္ငံလုံး အၾကားအလပ္မရွိိေရြးေကာက္ပြဲ လုပ္ဖို႔ ႀကိဳးပမ္းေနပါတယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေျပာခဲ့တဲ့အေပၚမွာလည္း ဦးရဲထြန္း က အခုလိုေျပာပါတယ္။

သီေပါျမိဳ.နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္း ။. ။ သူက ၂ဝ၁ဝ ၊ ၂ဝ၁၅ နဲ႔ ၂ဝ၂ဝ တုံးက က်င္းပႏိုင္ခဲ့တဲ့ ၿမိဳ႕နယ္ အေရအတြက္ေတြကိုပါ ႏိႈင္းယွဥ္ၿပီး ေျပာသြားတယ္။ ဒီမိုကေရစီ ေဖာ္ေဆာင္မယ္ဆိုတဲ့ ႏိုင္ငံေရးပါတီေတြ လက္ထက္ၾကမွ ေရြးေကာက္ပြဲ က်င့္ပႏိုင္တဲ့ေနရာ က်ဥ္းသြား နည္းသြားတယ္ေျပာတယ္။ သူလုပ္မဲ့ ေရြးေကာက္ပြဲကေတာ့ ၂ဝ၁ဝ တုံးကလည္း အျပည့္က်င္းပမယ္ေျပာတယ္။ တခ်ဳိ႕ေနရာေတြမွာေတာ့ မဲရုံအျပည့္ထားႏိုင္မွာ မဟုတ္ေတာ့ဘူး။ မဲဆႏၵနယ္က အရင္ကလို တၿမိဳ႕နယ္ တခုမဟုတ္ပဲ ။ ၄ ၊ ၅ ၿမိဳ႕နယ္ တခုျဖစ္လာမွာဆိုေတာ့ အဲဒီအတြက္ မဲဆႏၵနယ္ အျပည့္လုပ္ႏိုင္တယ္ဆိုတဲ့ သေဘာျဖစ္တယ္။ မဲေပးသူကေတာ့ ပိုၿပီးနည္းသြားမွာေပါ့။

ကိုဝင္းမင္း ။ ။ ANP ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးသာထြန္းလွ အျမင္ကေရာ။

ANP ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးသာထြန္းလွ ။. ။ ေရြးေကာက္ပြဲလုပ္မယ္ဆိုရင္ မဲဆႏၵရွင္ ျပည္သူေတြ လုံၿခဳံ လြတ္လပ္ၿပီး မဲေပးခြင့္ရဖို႔လိုတယ္။ အေရးႀကီးတယ္။ ဒီေန႔မွာ အဲဒီလိုမ်ဳိးမရွိေသးဘူးျမင္တယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာရွိတဲ့ လုံၿခဳံေရးအဖြဲ႔ေတြကလည္း အဲဒီလိုမ်ဳိး လုပ္ေပးႏိုင္တာမ်ဳိး မရွိေသးဘူးလို႔ျမင္တယ္။ ႏိုင္ငံေရးပါတီေတြက လြတ္လပ္စြာ လုပ္ခြင့္မရွိေသးဘူး။ ျပည္သူေတြကလည္း ႏိုင္ငံေရးပါတီေတြအေပၚမွာ စိတ္ဝင္စားမႈရွိလားဆိုတာ ေမးခြန္းထုတ္စရာရွိပါတယ္။

ကိုဝင္းမင္း ။ ။ မဲစာရင္း မွန္ကန္ေရးအေပၚမွာလည္း စစ္ေကာင္စီ က အထူးအေလးထား လုပ္ေနပါတယ္ ဆိုတဲ့အေပၚမွာလည္း ဦးရဲထြန္း က .

သီေပါျမိဳ.နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးရဲထြန္း ။. ။ ၿပီးခဲ့တဲ့ ၂ဝ၂ဝ ေရြးေကာက္ပြဲတုံးကလည္း မဲစာရင္းေဖာင္းပြတယ္ဆိုတာကို ေရြးေကာက္ပြဲ ေကာ္မရွင္ က ေျဖရွင္းမေပးလို႔ အာဏာသိမ္းလိုက္တာေပါ့ေနာ္။ ဒါကို သူတို႔လက္ထက္မွာ ဒါမ်ဳိးမျဖစ္ေအာင္ သူတို႔ ႀကိဳးစားေနတယ္ဆိုတဲ့ သေဘာေတြ႔ရပါတယ္။ သုိ႔ေသာ္ မူလစနစ္ကိုက တိတိက်က်မရွိဘူး။ ဥပမာ အိမ္တအိမ္ ေသဆုံးသူရွိရင္ သတင္းပို႔ရမယ္ဆိုတာမ်ဳိး တင္းၾကပ္တဲ့ စနစ္မရွိေတာ့ သတင္းမပို႔ၾကဘူး ။ မဲစာရင္း ေဖာင္းပြတဲ့သေဘာရွိႏိုင္ပါေသးတယ္။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ အခုလို မဲစာရင္း မွန္ကန္တိက်ဖို႔က တကယ္တန္း အခ်ိန္တိုနဲ႔ မလြယ္လွပဲ ဒီေရြးေကာက္ပြဲ လုပ္ဖို႔ ရည္မွန္းထားတဲ့ ၾသဂုတ္လမွ မဟုတ္ပဲ ႏွစ္ကုန္ပိုင္း အရင္လုပ္ေနၾက ႏိုဝင္ဘာလ ကိုေတာင္ ေရႊ႕သြားႏိုင္တယ္လို႔ သုံးသပ္သူတခ်ဳိ႕က ဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် အကဲခတ်တချို့အမြင်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပေမဲ့ အကဲခတ်တချို့ကတော့ သံသယရှိနေကြပါတယ်။ ရွေးကောက်ပွဲ မသမာမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိန်ရတု ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ထပ်ပြောသွားခဲ့တဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ကိုဝင်းမင်း စုစည်းတင်ပြထားပါတယ်။

ကိုဝင်းမင်း ။. ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အဓိကပြောခဲ့တာကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးရဲထွန်း က အခုလိုပြောပါတယ်။

သီပေါမြို.နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း ။. ။ အဓိက လာမဲ့ ရွေးကောက်ပွဲကို PR စနစ်နဲ့လုပ်မယ်။ ဒါလူမျိုးစု လူနည်းစုတွေအပါအဝင် သူတို့ရဲ့ ကိုယ်စားပြုမှုကို လွှတ်တော်ထဲကို ရောက်နိုင်မယ်ဆိုတဲ့ အကြောင်းပေါ့။ ဒီဟာအတွက်ကို ရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတယ်လို့ ပြောသွားတယ်။ အဲဒီ ရွေးကောက်ပွဲ ဥပဒေ အခုထက်ထိ မထွက်သေးဘူးပေါ့။ ဒါကြောင့် သူမိန်းခွန်းထဲမှာလည်း အဲဒီ ဥပဒေ ထွက်လာပြီလို့တော့ ပြောမသွားဘူး။ တကယ်ကတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ရှုံးပြီးကတည်းက သူတို့စပြီးတော့ စဉ်းစားလာပြီးတော့ ၂ဝ၁၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲရှုံးသွားပြီးတော့ ငါတို့က ပြည်သူလူထု့ထောက်ခံမဲ တပြည်လုံးအနေနဲ့ ၃ဝ ရာခိုင်နှုန်းလောက်ရရဲ့ သားနဲ့ လွှတ်တော်နေရာမှာကြတော့ ၃ဝ ရာခိုင်နှုန်းမရပါလား ဆိုတဲ့ စဉ်းစားချက်မျိုး အစချီတာပါ။ PR စနစ်မှာကြတော့ ပေးလိုက်တဲ့ မဲတွေက မနိုင်ရင်လည်း အလကားဖြစ်မသွားပဲနဲ့ အချိုးကျ ကိုယ်စားလှယ်ရနိုင်တဲ့အတွက်ကြောင့် ဒီ PR စနစ်ကို လုပ်တာပေါ့။

ကိုဝင်းမင်း ။ ။ ဒီရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ က အခုလိုပြောပါတယ်။

ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ ။. ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့အထဲမှာက ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာယူလိုက်ကတည်းက သူတို့ Road Map ထဲမှာပါတဲ့ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိအတိုင်း အကောင်အထည်ဖော်မဲ့ သဘောကို မြင်တယ်။

ကိုဝင်းမင်း ။. ။ တနိုင်ငံလုံး အကြားအလပ်မရှိရွေးကောက်ပွဲ လုပ်ဖို့ ကြိုးပမ်းနေပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့အပေါ်မှာလည်း ဦးရဲထွန်း က အခုလိုပြောပါတယ်။

သီပေါမြို.နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း ။. ။ သူက ၂ဝ၁ဝ ၊ ၂ဝ၁၅ နဲ့ ၂ဝ၂ဝ တုံးက ကျင်းပနိုင်ခဲ့တဲ့ မြို့နယ် အရေအတွက်တွေကိုပါ နှိုင်းယှဉ်ပြီး ပြောသွားတယ်။ ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ လက်ထက်ကြမှ ရွေးကောက်ပွဲ ကျင့်ပနိုင်တဲ့နေရာ ကျဉ်းသွား နည်းသွားတယ်ပြောတယ်။ သူလုပ်မဲ့ ရွေးကောက်ပွဲကတော့ ၂ဝ၁ဝ တုံးကလည်း အပြည့်ကျင်းပမယ်ပြောတယ်။ တချို့နေရာတွေမှာတော့ မဲရုံအပြည့်ထားနိုင်မှာ မဟုတ်တော့ဘူး။ မဲဆန္ဒနယ်က အရင်ကလို တမြို့နယ် တခုမဟုတ်ပဲ ။ ၄ ၊ ၅ မြို့နယ် တခုဖြစ်လာမှာဆိုတော့ အဲဒီအတွက် မဲဆန္ဒနယ် အပြည့်လုပ်နိုင်တယ်ဆိုတဲ့ သဘောဖြစ်တယ်။ မဲပေးသူကတော့ ပိုပြီးနည်းသွားမှာပေါ့။

ကိုဝင်းမင်း ။ ။ ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ အမြင်ကရော။

ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ ။. ။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မဲဆန္ဒရှင် ပြည်သူတွေ လုံခြုံ လွတ်လပ်ပြီး မဲပေးခွင့်ရဖို့လိုတယ်။ အရေးကြီးတယ်။ ဒီနေ့မှာ အဲဒီလိုမျိုးမရှိသေးဘူးမြင်တယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေကလည်း အဲဒီလိုမျိုး လုပ်ပေးနိုင်တာမျိုး မရှိသေးဘူးလို့မြင်တယ်။ နိုင်ငံရေးပါတီတွေက လွတ်လပ်စွာ လုပ်ခွင့်မရှိသေးဘူး။ ပြည်သူတွေကလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ စိတ်ဝင်စားမှုရှိလားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

ကိုဝင်းမင်း ။ ။ မဲစာရင်း မှန်ကန်ရေးအပေါ်မှာလည်း စစ်ကောင်စီ က အထူးအလေးထား လုပ်နေပါတယ် ဆိုတဲ့အပေါ်မှာလည်း ဦးရဲထွန်း က .

သီပေါမြို.နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း ။. ။ ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲတုံးကလည်း မဲစာရင်းဖောင်းပွတယ်ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင် က ဖြေရှင်းမပေးလို့ အာဏာသိမ်းလိုက်တာပေါ့နော်။ ဒါကို သူတို့လက်ထက်မှာ ဒါမျိုးမဖြစ်အောင် သူတို့ ကြိုးစားနေတယ်ဆိုတဲ့ သဘောတွေ့ရပါတယ်။ သို့သော် မူလစနစ်ကိုက တိတိကျကျမရှိဘူး။ ဥပမာ အိမ်တအိမ် သေဆုံးသူရှိရင် သတင်းပို့ရမယ်ဆိုတာမျိုး တင်းကြပ်တဲ့ စနစ်မရှိတော့ သတင်းမပို့ကြဘူး ။ မဲစာရင်း ဖောင်းပွတဲ့သဘောရှိနိုင်ပါသေးတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ အခုလို မဲစာရင်း မှန်ကန်တိကျဖို့က တကယ်တန်း အချိန်တိုနဲ့ မလွယ်လှပဲ ဒီရွေးကောက်ပွဲ လုပ်ဖို့ ရည်မှန်းထားတဲ့ သြဂုတ်လမှ မဟုတ်ပဲ နှစ်ကုန်ပိုင်း အရင်လုပ်နေကြ နိုဝင်ဘာလ ကိုတောင် ရွှေ့သွားနိုင်တယ်လို့ သုံးသပ်သူတချို့က ဆိုနေပါတယ်။

XS
SM
MD
LG