သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ လုပ္မယ့္ေရြးေကာက္ပဲြ အသစ္ကို NLD အသိအမွတ္ျပဳမည္ မဟုတ္


စစ္ေကာင္စီ ဖြဲ႔စည္းထားတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ားေတြ႔ဆုံ (မွတ္တမ္းဓါတ္ပုံ )

စစ္ေကာင္စီ အတုအေယာင္ေ႐ြးေကာက္ပြဲ NLD လက္ခံ အသိမွတ္ျပဳမွာ မဟုတ္တဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ NLD ရဲ႕ ေၾကညာခ်က္အေၾကာင္း သတင္းေပးပို႔ခ်က္ကို နန္းေလာင္ က ေျပာျပပါလိမ့္မယ္။

စစ္ေကာင္စီ လုပ္မယ့္ေရြးေကာက္ပဲြ အသစ္ကို NLD အသိအမွတ္ျပဳမည္ မဟုတ္

{{Zawgyi/Unicode}}

ျမန္မာစစ္ေကာင္စီဘက္က အတုအေယာင္ေ႐ြးေကာက္ပြဲ တရပ္ က်င္းၿပီး ႏိုင္ငံေရး တရားဝင္မႈ ရရွိဖို႔နဲ႔ ႏိုင္ငံတကာ အသိအမွတ္ျပမႈရဖို႔ ႀကိဳးပမ္းေနေပမဲ့ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အေနနဲ႔ ေ႐ြးေကာက္ပြဲ အသစ္ကို လက္ခံ အသိမွတ္ျပဳမွာ မဟုတ္တဲ့အေၾကာင္း ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပခဲ့တဲ့ ၂ ႏွစ္ျပည့္ အထိမ္းအမွတ္ NLD ရဲ႕ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ျမန္မာစစ္တပ္ဟာ အာဏာကို အဓမၼ လုယူၿပီး ေ႐ြးေကာက္ပြဲ အႏိုင္ရ ပါတီကို ပစ္မွတ္ထား တိုက္ခိုက္ ေခ်မႈန္းေနသလို ဒီမိုကေရစီ က်င့္စဥ္တရပ္လုံးကို စနစ္တက် ဖ်က္ဆီးေနတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖၚျပပါတယ္။ စစ္ေကာင္စီ ဘက္ကေတာ့ ဒီေ႐ြးေကာက္ပြဲမွာ မဲ မသမာမႈ ၁၁ သန္းေက်ာ္ရွိတယ္လို႔ စြပ္စြဲထားၿပီး အဖြဲ႕ဝင္အမ်ားအျပားကို ဖမ္းဆီးေနပါတယ္။ NLD ရဲ႕ ေၾကညာခ်က္အေၾကာင္း သတင္းေပးပို႔ခ်က္ကို နန္းေလာင္ က ေျပာျပပါလိမ့္မယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြ အားလုံး လြတ္ေျမာက္ေရးကို ဉီးစားေပး လုပ္ေဆာင္သင့္တဲ့ လုပ္ငန္းစဥ္အျဖစ္ ခ်မွတ္ေဆာင္႐ြက္ေပးဖို႔ အာဆီယံနဲ႔ ႏိုင္ငံတကာ ေခါင္းေဆာင္ေတြကို ၂၀၂၀ ေ႐ြးေကာက္ပြဲ ၂ ႏွစ္ျပည့္တဲ့ ဒီေန႔မွာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တိုက္တြန္းလိုက္ပါတယ္။ အာဆီယံအထူးကိုယ္စားလွယ္ အပါအဝင္ ျမန္မာ့အေရး ကိုယ္စားလွယ္အားလုံး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လြတ္လပ္စြာ ေတြ႕ဆုံ ေဆြးေႏြး အေျဖရွာမွသာ လက္ေတြ႕က်မယ့္ ျပသနာေျပလည္ေရးလမ္းစ ရႏိုင္မယ္လို႔လည္း ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ျမန္မာႏိုင္ငံ လက္ရွိရင္ဆိုင္ေနရတဲ့ အၾကပ္အတည္းေတြနဲ ပတ္သက္လို႔ လတ္တေလာက္ ျပသာ ေျပလည္ေရးကိုသာ ေရွးရႈၿပီး ဉီးစားေပးေဆာင္႐ြက္တာဟာ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးကို ထိခိုက္၊ ပ်က္သုန္းေစႏိုင္တဲ့အေၾကာင္းနဲ႔ အနာဂတ္ ျမန္မာႏိုင္ငံကို အနိဌာ႐ုံေတြဆီ တြန္းပို႔လိုက္ရာ ေရာက္ေစႏိုင္ေၾကာင္း NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ေၾကညာခ်က္မွာ ေျပာဆိုပါတယ္။
ပါတီဝင္ေတြ အပါအဝင္ ႏိုင္ငံေရးလႈပ္ရွားမႈေတြကို စစ္တပ္က ဖိႏွိပ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနေပမဲ့ မူလ NLD ပါတီရဲ႕ သေဘာထား အတိုင္းပဲ ေရွ႕ဆက္သြားမယ္လို႔ NLD က အႏိုင္ရ ကိုယ္စားလွယ္တဦးျဖစ္တဲ့ ဦးဘိုဘိုဦးက ဗြီအိုေအကို ေျပာပါတယ္။

" စစ္အာဏာရွင္ ခ်ဳပ္ၿငိမ္းေရးဟာ နံပတ္၁ဦးစားေပးမွာ ရွိပါတယ္။ စစ္အာဏာရွင္ ခ်ဳပ္ၿငိမ္းေရးနဲ႔အတူ ျပည္ေထာင္စုသစ္တခု ေပၚထြန္းေရး စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုသစ္တခု ေပၚထြန္းေရးဆိုတာကို က်ေနာ္တို႔ ဦးထိပ္ပန္ထားပါတယ္။ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္းမွာ ပါခဲ့တဲ့အတိုင္းပါပဲ အဲဒီအတိုင္းကို က်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ ခ်ီတက္သြားမွာ ျဖစ္ပါတယ္ခင္ဗ်။"

NLD ရဲ႕ ဒီေန႔ထုတ္ျပန္ခ်က္မွာေတာ့ NLD ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲရဲ႕ မဲဆႏၵနယ္ ၉၂၀ မွာ ၈၂.၄ ရာခိုင္ႏႈန္း ေထာက္ခံမႈရခဲ့တယ္လို႔ ေျပာပါတယ္။ စစ္တပ္ကေတာ့ NLD အႏိုင္ရတဲ့ မဲရလဒ္ေတြမွာ မွားယြင္းမႈေတြရွိတယ္၊ မဲမသာမႈေတြ ရွိေနတယ္ဆိုၿပီး ေ႐ြးေကာက္ပြဲရလဒ္ကို ပယ္ခ်ထားပါတယ္။

ေ႐ြးေကာက္ပြဲ မဲရလဒ္ကို မွားယြင္းတယ္လို႔ စစ္ေကာင္စီဘက္က ေျပာလာၿပီးတဲ့ေနာက္မွာ အာဏာဖီဆန္ေရး လႈပ္ရွားသူေတြကို ၿဖိဳခြဲ၊ ဖမ္းဆီး၊ ေထာင္ခ်ခဲ့သလို တခ်ိဳ႕ကို ႏွိပ္စက္ၿပီး သတ္ျဖတ္တာေတြ လုပ္ေဆာင္ခဲ့တယ္လို႔ NLD ဘက္ကေျပာပါတယ္။ NLD ပါတီ႐ုံးခ်ဳပ္အပါအဝင္ ႐ုံးခြဲေတြ အႀကိမ္ေပါင္း ၁၂၀ ေလာက္ က်ဴးေက်ာ္ ဝင္ေရာက္ ခံရၿပီး ပါတီဝင္ေတြနဲ႔ ပါတီဝင္ ၁၇၀ ေက်ာ္ရဲ႕ ေနအိမ္ေတြလည္း ခ်ိပ္ပိတ္ သိမ္းဆည္းခံရတယ္လို႔ NLD က ထုတ္ျပန္ခဲ့တာပါ။

ဒါေၾကာင့္ စစ္ေကာင္စီက လုပ္ဖို႔ႀကိဳးစားေနတဲ့ ေ႐ြးေကာက္ပြဲကိုလည္ NLD ဘက္က လက္ခံအသိအမွတ္ ျပဳမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

အာဆီယံနဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြ အေနနဲ႔လည္း ဦးစားေပးၿပီး ေဆာင္႐ြက္သင့္တဲ့ ကိစၥရပ္ေတြထဲမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ရဲ႕ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လြတ္လပ္စြာ ေတြ႕ဆုံေဆြးေႏြး အေျဖရွာႏိုင္ေရးဖို႔ လိုတဲ့အေၾကာင္းလည္း NLDရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ ဒါမွပဲ လက္ေတြ႕က်တဲ့ ျပႆနာ ေျပလည္ေရး လမ္းစကို ရရွိႏိုင္လိမ့္မယ္လို႔ NLD က ၂၀၂၀ ေ႐ြးေကာက္ပြဲ ၂ႏွစ္ျပည့္တဲ့ ဒီေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈ ၁၁ သန္းေက်ာ္ရွိတယ္လို႔ စြပ္စြဲထားၿပီး ေ႐ြးေကာက္ပြဲရလဒ္ကို စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲေကာ္မရွင္က ပယ္ဖ်က္ခဲ့ပါတယ္။ NLD ေခါင္းေဆာင္ေတြအပါအဝင္ အဖြဲ႕ဝင္အမ်ားအျပားကို လဘ္စားမႈ၊ ေ႐ြးေကာက္ပြဲအေပၚ မေလ်ာ္ ဩဇာသက္ေရာက္ေစမႈေတြနဲ႔ တရားစြဲ အေရးယူခဲ့ပါတယ္။

ႏိုင္ငံတကာကေကာ ျပည္တြင္း ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ေတြကေတာ့ ဒီေ႐ြးေကာက္ပြဲဟာ လိုအပ္ခ်က္တခ်ိဳ႕ရွိေပမဲ့ လြတ္လပ္၊ မွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္တယ္လို႔ ေ႐ြးေကာက္ပြဲအၿပီးမွာ အစီရင္ခံစာေတြ ထုတ္ျပန္ခဲ့ၾကပါတယ္။

အေမရိကန္ႏိုင္ငံျခားေရး Antony Blinken ကလည္း စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ မျဖစ္ႏိုင္တဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ အၾကပ္အတည္းကို ပိုမို ရွည္ၾကာ ေစၿပီး တိုင္းျပည္ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းသာယာေရးကို ေႏွာင့္ေႏွးၾကန႔္ၾကာေစမယ့္အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

စစ်ကောင်စီ လုပ်မယ့်ရွေးကောက်ပွဲ အသစ်ကို NLD အသိအမှတ်ပြုမည် မဟုတ်

{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီဘက်က အတုအယောင်ရွေးကောက်ပွဲ တရပ် ကျင်းပြီး နိုင်ငံရေး တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံတကာ အသိအမှတ်ပြမှုရဖို့ ကြိုးပမ်းနေပေမဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ အသစ်ကို လက်ခံ အသိမှတ်ပြုမှာ မဟုတ်တဲ့အကြောင်း ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ် NLD ရဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ အာဏာကို အဓမ္မ လုယူပြီး ရွေးကောက်ပွဲ အနိုင်ရ ပါတီကို ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းနေသလို ဒီမိုကရေစီ ကျင့်စဉ်တရပ်လုံးကို စနစ်တကျ ဖျက်ဆီးနေတယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ဒီရွေးကောက်ပွဲမှာ မဲ မသမာမှု ၁၁ သန်းကျော်ရှိတယ်လို့ စွပ်စွဲထားပြီး အဖွဲ့ဝင်အများအပြားကို ဖမ်းဆီးနေပါတယ်။ NLD ရဲ့ ကြေညာချက်အကြောင်း သတင်းပေးပို့ချက်ကို နန်းလောင် က ပြောပြပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကို ဉီးစားပေး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်ပေးဖို့ အာဆီယံနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်တဲ့ ဒီနေ့မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေး ကိုယ်စားလှယ်အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာမှသာ လက်တွေ့ကျမယ့် ပြသနာပြေလည်ရေးလမ်းစ ရနိုင်မယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေနဲ ပတ်သက်လို့ လတ်တလောက် ပြသာ ပြေလည်ရေးကိုသာ ရှေးရှုပြီး ဉီးစားပေးဆောင်ရွက်တာဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို ထိခိုက်၊ ပျက်သုန်းစေနိုင်တဲ့အကြောင်းနဲ့ အနာဂတ် မြန်မာနိုင်ငံကို အနိဌာရုံတွေဆီ တွန်းပို့လိုက်ရာ ရောက်စေနိုင်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ပြောဆိုပါတယ်။
ပါတီဝင်တွေ အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေကို စစ်တပ်က ဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ မူလ NLD ပါတီရဲ့ သဘောထား အတိုင်းပဲ ရှေ့ဆက်သွားမယ်လို့ NLD က အနိုင်ရ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဘိုဘိုဦးက ဗွီအိုအေကို ပြောပါတယ်။

" စစ်အာဏာရှင် ချုပ်ငြိမ်းရေးဟာ နံပတ်၁ဦးစားပေးမှာ ရှိပါတယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းရေးနဲ့အတူ ပြည်ထောင်စုသစ်တခု ပေါ်ထွန်းရေး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်တခု ပေါ်ထွန်းရေးဆိုတာကို ကျနော်တို့ ဦးထိပ်ပန်ထားပါတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါခဲ့တဲ့အတိုင်းပါပဲ အဲဒီအတိုင်းကို ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ။"

NLD ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ NLD ဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် ၉၂၀ မှာ ၈၂.၄ ရာခိုင်နှုန်း ထောက်ခံမှုရခဲ့တယ်လို့ ပြောပါတယ်။ စစ်တပ်ကတော့ NLD အနိုင်ရတဲ့ မဲရလဒ်တွေမှာ မှားယွင်းမှုတွေရှိတယ်၊ မဲမသာမှုတွေ ရှိနေတယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချထားပါတယ်။

ရွေးကောက်ပွဲ မဲရလဒ်ကို မှားယွင်းတယ်လို့ စစ်ကောင်စီဘက်က ပြောလာပြီးတဲ့နောက်မှာ အာဏာဖီဆန်ရေး လှုပ်ရှားသူတွေကို ဖြိုခွဲ၊ ဖမ်းဆီး၊ ထောင်ချခဲ့သလို တချို့ကို နှိပ်စက်ပြီး သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ NLD ဘက်ကပြောပါတယ်။ NLD ပါတီရုံးချုပ်အပါအဝင် ရုံးခွဲတွေ အကြိမ်ပေါင်း ၁၂၀ လောက် ကျူးကျော် ဝင်ရောက် ခံရပြီး ပါတီဝင်တွေနဲ့ ပါတီဝင် ၁၇၀ ကျော်ရဲ့ နေအိမ်တွေလည်း ချိပ်ပိတ် သိမ်းဆည်းခံရတယ်လို့ NLD က ထုတ်ပြန်ခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီက လုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲကိုလည် NLD ဘက်က လက်ခံအသိအမှတ် ပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။

အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့လည်း ဦးစားပေးပြီး ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးဖို့ လိုတဲ့အကြောင်းလည်း NLDရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါမှပဲ လက်တွေ့ကျတဲ့ ပြဿနာ ပြေလည်ရေး လမ်းစကို ရရှိနိုင်လိမ့်မယ်လို့ NLD က ၂၀၂၀ ရွေးကောက်ပွဲ ၂နှစ်ပြည့်တဲ့ ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ၁၁ သန်းကျော်ရှိတယ်လို့ စွပ်စွဲထားပြီး ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ပါတယ်။ NLD ခေါင်းဆောင်တွေအပါအဝင် အဖွဲ့ဝင်အများအပြားကို လဘ်စားမှု၊ ရွေးကောက်ပွဲအပေါ် မလျော် ဩဇာသက်ရောက်စေမှုတွေနဲ့ တရားစွဲ အရေးယူခဲ့ပါတယ်။

နိုင်ငံတကာကကော ပြည်တွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲဟာ လိုအပ်ချက်တချို့ရှိပေမဲ့ လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲအပြီးမှာ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေး Antony Blinken ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ပိုမို ရှည်ကြာ စေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG