သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာေတြအတြက္ ရန္ပုံေငြ မလုံေလာက္မႈ ကုလသတိေပး


MYANMAR-ROHINGYA/BANGLADESH

=== [[ ZAWGYI ]] ===

ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာေတြအတြက္ ရန္ပုံေငြ မလုံေလာက္မႈ ကုလသတိေပး

ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ေပးေနတဲ့ စားနပ္ရိကၡာအကူအညီကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ ႀကီးမားတဲ့ ကပ္ေဘးႀကဳံလာရႏိုင္တယ္လို႔ ကုလသမဂၢက သတိေပးလိုက္ၿပီး WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ - ႐ိုဟင္ဂ်ာဒုကၡသည္ဆိုင္ရာ တုန႔္ျပန္ေဆာင္႐ြက္ေရးအတြက္ အလႉေငြေထာက္ပံ့ေပးဖို႔ အေရးေပၚ ပန္ၾကားလိုက္ပါတယ္။

WFP က ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေပးေနတဲ့ စားနပ္ရိကၡာ ခြဲတမ္းကို မတ္လထဲမွာ ၁၇ % ေလွ်ာ့ခ်ဖို႔ လုပ္ေနေၾကာင္းနဲ႔ တကယ္လို႔ ဧၿပီလမွာမွ ေနာက္ထပ္ခ်ေပးဖို႔ လ်ာထားတဲ့ ရန္ပုံေငြမရဘူးဆိုရင္ ဒီထက္ ထပ္ၿပီးေလွ်ာ့ခ် ျဖတ္ေတာက္ရေတာ့မွာျဖစ္ေၾကာင္း သတိေပးထားတာပါ။ ဒီလို ရိကၡာ ခြဲတမ္းေတြ ျဖတ္ေတာက္မႈ မလုပ္ရေအာင္ ရန္ပုံေငြ ေဒၚလာ ၁၂၅ သန္း ခ်ထားေပးဖို႔ ပန္ၾကားထားတာ ျဖစ္ပါတယ္။

အခုလို ရိကၡာျဖတ္ေတာက္ ေလွ်ာ့ခ်ဖို႔ စီစဥ္ရတာဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ အေျခခံလိုအပ္ခ်က္ကို ေျဖရွင္းႏိုင္ဖို႔ လ်ာထားတဲ့ ရန္ပုံေငြကို ႏိုင္ငံတကာအသိုင္းဝိုင္းက ျဖည့္တင္း မေပးႏိုင္တာေၾကာင့္ျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ လူ႔အခြင့္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Thomas Andrews နဲ႔ စားနပ္ရိကၡာ ရပိုင္ခြင့္ဆိုင္ရာ အထူးကိုယ္စားလွယ္ Michael Fakhiri တို႔က ေျပာပါတယ္။ ဒါ့အျပင္ အခုက်ေရာက္ေတာ့မယ့္ မြတ္စလင္ေတြရဲ႕ ရာမာဒန္ဥပုသ္လ မတိုင္ခင္ သီတင္းပတ္ေတြမွာ ဒီလို ရိကၡာခြဲတမ္း ေလွ်ာ့ခ်ရေတာ့မွာ ျဖစ္တဲ့အတြက္ ဒါဟာ လက္ခံႏိုင္စရာ မရွိဘူးလို႔လည္း ကုလသမဂၢ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ဘဂၤလာေဒ့ရွ္မွာ ခိုလုံေနတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြဟာ ဆိုးဝါးတဲ့ အဟာရခ်ိဳ႕တဲ့မႈဒဏ္ခံေနရသလို အဲဒီမွာ ရွိတဲ့ ဒုကၡသည္ကေလးငယ္ေတြ ရဲ႕ ၃ ပုံ ၁ ပုံေက်ာ္ကလည္း ကိုယ္ခႏၶာေသးေကြးၿပီး မဖြံ႕ၿဖိဳးၾကတဲ့ အတြက္ တကယ္လို႔သာ သူတို႔လို ခ်ိဳ႕တဲ့အားနည္း ေနသူေတြအတြက္ ရိကၡာျဖတ္ေတာက္ ေလွ်ာ့ခ်မယ္ ဆိုရင္ အေျခေနပိုဆိုးႏိုင္တယ္လို႔ သတိေပးေနတာပါ။

အခုလို ရိကၡာျဖတ္ေတာက္မႈဟာ ဒုကၡသည္ေတြကို စိုးရိမ္မႈလြန္ကဲလာေစႏိုင္တဲ့ အတြက္ အၾကမ္းဖက္မႈေတြနဲ႔ စခန္းတြင္း မတည္ၿငိမ္မႈေတြ တိုးလာေစႏိုင္ေၾကာင္းလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== [UNICODE] ===

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေ မလုံလောက်မှု ကုလသတိပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပေးနေတဲ့ စားနပ်ရိက္ခာအကူအညီကို ဖြတ်တောက်လိုက်မယ်ဆိုရင် ကြီးမားတဲ့ ကပ်ဘေးကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပြီး WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ - ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ရေးအတွက် အလှူငွေထောက်ပံ့ပေးဖို့ အရေးပေါ် ပန်ကြားလိုက်ပါတယ်။

WFP က ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ စားနပ်ရိက္ခာ ခွဲတမ်းကို မတ်လထဲမှာ ၁၇ % လျှော့ချဖို့ လုပ်နေကြောင်းနဲ့ တကယ်လို့ ဧပြီလမှာမှ နောက်ထပ်ချပေးဖို့ လျာထားတဲ့ ရန်ပုံငွေမရဘူးဆိုရင် ဒီထက် ထပ်ပြီးလျှော့ချ ဖြတ်တောက်ရတော့မှာဖြစ်ကြောင်း သတိပေးထားတာပါ။ ဒီလို ရိက္ခာ ခွဲတမ်းတွေ ဖြတ်တောက်မှု မလုပ်ရအောင် ရန်ပုံငွေ ဒေါ်လာ ၁၂၅ သန်း ချထားပေးဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။

အခုလို ရိက္ခာဖြတ်တောက် လျှော့ချဖို့ စီစဉ်ရတာဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ လျာထားတဲ့ ရန်ပုံငွေကို နိုင်ငံတကာအသိုင်းဝိုင်းက ဖြည့်တင်း မပေးနိုင်တာကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews နဲ့ စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Michael Fakhiri တို့က ပြောပါတယ်။ ဒါ့အပြင် အခုကျရောက်တော့မယ့် မွတ်စလင်တွေရဲ့ ရာမာဒန်ဥပုသ်လ မတိုင်ခင် သီတင်းပတ်တွေမှာ ဒီလို ရိက္ခာခွဲတမ်း လျှော့ချရတော့မှာ ဖြစ်တဲ့အတွက် ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ်မှာ ခိုလုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဆိုးဝါးတဲ့ အဟာရချို့တဲ့မှုဒဏ်ခံနေရသလို အဲဒီမှာ ရှိတဲ့ ဒုက္ခသည်ကလေးငယ်တွေ ရဲ့ ၃ ပုံ ၁ ပုံကျော်ကလည်း ကိုယ်ခန္ဓာသေးကွေးပြီး မဖွံ့ဖြိုးကြတဲ့ အတွက် တကယ်လို့သာ သူတို့လို ချို့တဲ့အားနည်း နေသူတွေအတွက် ရိက္ခာဖြတ်တောက် လျှော့ချမယ် ဆိုရင် အခြေနေပိုဆိုးနိုင်တယ်လို့ သတိပေးနေတာပါ။

အခုလို ရိက္ခာဖြတ်တောက်မှုဟာ ဒုက္ခသည်တွေကို စိုးရိမ်မှုလွန်ကဲလာစေနိုင်တဲ့ အတွက် အကြမ်းဖက်မှုတွေနဲ့ စခန်းတွင်း မတည်ငြိမ်မှုတွေ တိုးလာစေနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

XS
SM
MD
LG