သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့႐ွ္ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းမွာ မီးအႀကီးအက်ယ္ေလာင္ကြၽမ္း


Bangladesh Rohingya Camp

ဘဂၤလားေဒ့႐ွ္ေတာင္ပိုင္း ႐ိုဟင္ဂ်ာဒုကၡသည္စခန္းတခုမွာ တနဂၤေႏြေန႔က မီးေလာင္မႈအ႐ွိန္ ႀကီးမားတာေၾကာင့္ ဒုကၡသည္ေတြ ေထာင္နဲ႔ခ်ီ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ေၾကာင္း ဘဂၤလားေဒ့႐ွ္ မီးသတ္အရာ႐ွိေတြနဲ႔ ကုလသမဂၢတာဝန္႐ွိသူေတြက ေျပာပါတယ္။

Cox's Bazar ခ႐ိုင္ Ukhiya မွာရိွတဲ့ Balukhali (ဘာလုခါလီ) စခန္းမွာ တနဂၤေႏြေန႔ မြန္းလြဲပိုင္းက မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း Ukhiya မီးသတ္အရာရိွ Emdadul Haque ကို ကိုးကားၿပီး AP သတင္းက ေျပာပါတယ္။

လူေသေက် ထိခိုက္မႈ ႐ွိမ႐ွိဆိုတာကေတာ့ လတ္တေလာ မသိရေသးပါဘူး။

ဘဂၤလားေဒ့႐ွ္ UNHCR ရဲ႕ တြစ္တာမွာေတာ့ မီးေလာင္ခဲ့တဲ့ စခန္းနံပါတ္ ၁၁ မွာ ေစတနာ့ဝန္ထမ္းေတြက မီးေလာင္မႈအေျခအေနကို ခ်က္ျခင္းတုံ႔ျပန္ေဆာင္႐ြက္ေပးခဲ့ၾကၿပီး ကုလသသမဂၢေအဂ်င္စီအပါအဝင္ အျခားမိတ္ဖက္အဖြဲ႔အစည္းေတြကလည္း မီးေဘးဒုကၡသည္ေတြကို ဝိုင္းဝန္းအကူအညီေပးခဲ့ေၾကာင္း ေဖၚျပထားပါတယ္။ ေနာက္ထပ္ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖၚျပထားျခင္း မ႐ွိေသးပါဘူး။

႐ိုဟင္ဂ်ာဒုကၡသည္စခန္း မီးေလာင္မႈႀကီးမားေၾကာင္း အဲဒီမွာေရာက္႐ွိေနတဲ့ ေအပီသတင္းအဖြဲ႔ကလည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံကေန ဘဂၤလားေဒ့႐ွ္ႏိုင္ငံကို ထြက္ေျပးခိုလႈံခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၁ သန္းေက်ာ္႐ွိေနၿပီး အဲဒီထဲမွာ ၂၀၁၇ခုႏွစ္ ၾသဂုတ္လက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းစစ္ဆင္ေရးေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးလာသူဦးေရ ၇၄၀,၀၀၀ ေလာက္ ပါဝင္ပါတယ္။

လက္႐ွိ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ႐ိုဟင္ဂ်ာေတြေနရပ္ျပန္ႏိုင္ေရး ႀကိဳးပမ္းေနေၾကာင္း ေျပာထားေပမယ့္ ရခိုင္ျပည္နယ္မွာ လုံျခဳံေရးအေျခအေန ပိုမိုဆိုး႐ြားေနတာေၾကာင့္ ေအာင္ျမင္မႈမရေသးပါဘူး။

==== Unicode ====

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ တနင်္ဂနွေနေ့က မီးလောင်မှုအရှိန် ကြီးမားတာကြောင့် ဒုက္ခသည်တွေ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီးသတ်အရာရှိတွေနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။

Cox's Bazar ခရိုင် Ukhiya မှာရှိတဲ့ Balukhali (ဘာလုခါလီ) စခန်းမှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း Ukhiya မီးသတ်အရာရှိ Emdadul Haque ကို ကိုးကားပြီး AP သတင်းက ပြောပါတယ်။

လူသေကျေ ထိခိုက်မှု ရှိမရှိဆိုတာကတော့ လတ်တလော မသိရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ် UNHCR ရဲ့ တွစ်တာမှာတော့ မီးလောင်ခဲ့တဲ့ စခန်းနံပါတ် ၁၁ မှာ စေတနာ့ဝန်ထမ်းတွေက မီးလောင်မှုအခြေအနေကို ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးခဲ့ကြပြီး ကုလသသမဂ္ဂအေဂျင်စီအပါအဝင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေကလည်း မီးဘေးဒုက္ခသည်တွေကို ဝိုင်းဝန်းအကူအညီပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ဖေါ်ပြထားခြင်း မရှိသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုကြီးမားကြောင်း အဲဒီမှာရောက်ရှိနေတဲ့ အေပီသတင်းအဖွဲ့ကလည်း ပြောပါတယ်။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေပြီး အဲဒီထဲမှာ ၂၀၁၇ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူဦးရေ ၇၄၀,၀၀၀ လောက် ပါဝင်ပါတယ်။

လက်ရှိ မြန်မာစစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကြိုးပမ်းနေကြောင်း ပြောထားပေမယ့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားနေတာကြောင့် အောင်မြင်မှုမရသေးပါဘူး။

XS
SM
MD
LG