[[Zawgyi/Unicode]]
ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ေဒသတြင္းႏိုင္ငံေတြမွာ ေရာက္ေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ အေမရိကန္ျပည္ေထာင္စုက ေဒၚလာ ၂၆ သန္း ထပ္မံ ကူညီ ပံ့ပိုးေပးသြားမယ္လို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က မေန႔ မတ္လ ၇ ရက္ေန႔မွာ ျပဳလုပ္တဲ့ ပုံမွန္ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။ မေန႔ကက်င္းပတဲ့ ၂၀၂၃ ခုႏွစ္ ႐ိုဟင္ဂ်ာအေရး ႏိုင္ငံတကာအလႈရွင္းမ်ားရဲ႕ စည္းေဝးပြဲမွာ အေမရိကန္ျပည္ေထာင္စုက အဲဒီ ေငြေၾကးပမာဏကို ကတိကဝတ္ျပဳခဲ့တာလို႔ Ned Price က ေျပာၾကားလိုက္တာပါ။
ဒီေငြေတြကို ျမန္မာႏိုင္ငံက ထြက္ေျပးလာၾကၿပီး ဘဂၤလားေဒ့ရွ္အပါအဝင္ ေဒသတြင္းႏိုင္ငံေတြမွာ ေရာက္ေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ သူတို႔ကို လက္ခံထားတဲ့ႏိုင္ငံေတြအတြက္ အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လအတြင္း ျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox’s Bazar ကို ႐ိုဟင္ဂ်ာဒုကၡသည္ ၇ သိန္းခြဲနီးပါး ထြက္ေျပးတိမ္းေရွာင္လာခဲ့တဲ့အခ်ိန္ကစလို႔ ရခိုင္ျပည္နယ္နဲ႔ ႐ိုဟင္ဂ်ာပဋိပကၡအတြက္ အေမရိကန္က ကေန႔အခ်ိန္ထိ ေဒၚလာ ၂.၁ ဘီလီယံ ကူညီ ေထာက္ပံ့ေပးခဲ့ၿပီးျဖစ္တယ္လို႔လည္း Ned Price က ေျပာပါတယ္။
အခုထပ္ေပးမယ့္ အကူအညီေတြေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ ေရာက္ေနၾကတဲ့ တသန္းနီးပါးရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အပါအဝင္ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ႏွစ္ဘက္စလုံးမွာရွိေနၿပီး အခက္အခဲႀကဳံေတြ႕ေနရတဲ့သူေတြအတြက္ အေမရိကန္ရဲ႕မိတ္ဖက္ အဖြဲ႕အစည္းေတြအေနနဲ႔ အေရးေပၚလိုအပ္တဲ့ စာနာမႈဆိုင္ရာ အကူအညီေတြကို ဆက္လက္ ပံ့ေပးေနႏိုင္မွာျဖစ္တယ္လို႔လည္း Ned Price က ေျပာပါတယ္။ ဒါ့အျပင္ ဒီအကူအညီေတြဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံထားတဲ့ အိမ္ရွင္ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၅ သိန္းခြဲနီးပါးအတြက္အလည္း အေထာက္အကူ ျပဳေစမယ္လို႔ သူက ေျပာပါတယ္။
႐ိုဟင္ဂ်ာပဋိပကၡ ၆ ႏွစ္နီးပါး ၾကာလာတဲ့အခ်ိန္မွာ ဒုကၡသည္ေတြကို လက္ခံေပးထားတဲ့ အိမ္ရွင္ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အေမရိကန္ျပည္ေထာင္စုက ေက်းဇူးတင္ေၾကာင္းနဲ႔ ဒီပဋိပကၡ ေရရွည္ေျပလည္ႏိုင္မယ့္ နည္းလမ္းထြက္ေပၚလာေရးအတြက္ အိမ္ရွင္ ဘဂၤလားေဒ့ရွ္အပါအဝင္၊ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ၊ လုပ္ေဖာ္ကိုင္ဘက္ႏိုင္ငံ၊ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္သြားဖို႔ သံဓိဌာန္ျပဳေၾကာင္းလည္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေျပာၾကားခဲ့ပါတယ္။
[[Unicode]]
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီ ပံ့ပိုးပေးသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့ မတ်လ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ မနေ့ကကျင်းပတဲ့ ၂၀၂၃ ခုနှစ် ရိုဟင်ဂျာအရေး နိုင်ငံတကာအလှုရှင်းများရဲ့ စည်းဝေးပွဲမှာ အမေရိကန်ပြည်ထောင်စုက အဲဒီ ငွေကြေးပမာဏကို ကတိကဝတ်ပြုခဲ့တာလို့ Ned Price က ပြောကြားလိုက်တာပါ။
ဒီငွေတွေကို မြန်မာနိုင်ငံက ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့နိုင်ငံတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ကို ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းခွဲနီးပါး ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့အချိန်ကစလို့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာပဋိပက္ခအတွက် အမေရိကန်က ကနေ့အချိန်ထိ ဒေါ်လာ ၂.၁ ဘီလီယံ ကူညီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့လည်း Ned Price က ပြောပါတယ်။
အခုထပ်ပေးမယ့် အကူအညီတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဘက်စလုံးမှာရှိနေပြီး အခက်အခဲကြုံတွေ့နေရတဲ့သူတွေအတွက် အမေရိကန်ရဲ့မိတ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ်လိုအပ်တဲ့ စာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်လက် ပံ့ပေးနေနိုင်မှာဖြစ်တယ်လို့လည်း Ned Price က ပြောပါတယ်။ ဒါ့အပြင် ဒီအကူအညီတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ သိန်းခွဲနီးပါးအတွက်အလည်း အထောက်အကူ ပြုစေမယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာပဋိပက္ခ ၆ နှစ်နီးပါး ကြာလာတဲ့အချိန်မှာ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက ကျေးဇူးတင်ကြောင်းနဲ့ ဒီပဋိပက္ခ ရေရှည်ပြေလည်နိုင်မယ့် နည်းလမ်းထွက်ပေါ်လာရေးအတွက် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်အပါအဝင်၊ ရိုဟင်ဂျာဒုက္ခသည်တွေ၊ လုပ်ဖော်ကိုင်ဘက်နိုင်ငံ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သံဓိဌာန်ပြုကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောကြားခဲ့ပါတယ်။