=== [[ ZAWGYI ]] ===
႐ိုဟင္ဂ်ာဒုကၡသည္ ေနရပ္ျပန္ေရး ကုလစံႏႈန္း ႏွစ္မ်ိဳး က်င့္သုံးေနလို႔ စြပ္စြဲ
႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာ ကုလသမဂၢအေနနဲ႔ စံႏႈန္း ႏွစ္ရပ္ က်င့္သုံးေနတယ္လို႔ ေပါက္ၾကားလာတဲ့ အစီရင္ခံစာတခ်ိဳ႕ကို ကိုးကားၿပီး ၿဗိတိန္အေျခစိုက္ ျမန္မာအေရးေဆာင္႐ြက္တဲ့ အဖြဲ႕တခုျဖစ္တဲ့ Myanmar Accountability Project (MAP) က မတ္လ ၁၆ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။
ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနညႇိႏႈိင္းေရးမႉး မစၥတာ ရာမနသန္ ဘလာ ခရစ္ရွ္နန္ (Ramanathan Balakrishnan )ရဲ႕ ႐ုံးတြင္းတင္ျပခ်က္မွာ “ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ UNHCR အေနနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေရွ႕ေျပး စမ္းသပ္အစီအစဥ္တခုမွာ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေဖာ္ျပထားၿပီး တဖက္မွာလည္း UNHCR ရဲ႕ ဆန္းစစ္ အကဲျဖတ္ခ်က္အရ လက္ရွိ ရခိုင္ျပည္နယ္က အေျခအေနေတြဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ေဘးကင္းၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ေနရပ္ျပန္ႏိုင္ဖို႔ ေလာေလာဆယ္မွာ မျဖစ္ႏိုင္ေသးဘူးလို႔ သုံးသပ္ထားေၾကာင္း MAP က ေျပာပါတယ္။
တၿပိဳင္တည္းမွာပဲ Benar News သတင္းဌာနကို ေျပာဆိုခ်က္မွာေတာ့ UNHCR အေနနဲ႔ ဒီ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး စမ္းသပ္ အစီအစဥ္ မွာ ပါဝင္ပတ္သက္မႈ မရွိဘူးလို႔ ဆိုထားပါတယ္။ UNHCR ရဲ႕ အကဲျဖတ္ခ်က္အရ ရခိုင္ျပည္နယ္က အေျခအေနမေတြဟာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေရရွည္တည္တံ့ခိုင္ၿမဲစြာနဲ႔ ေနရပ္ျပန္ႏိုင္ေရးကို အေထာက္အကူမျပဳႏိုင္ေသးေၾကာင္းနဲ႔ ဒီလုပ္ငန္းစဥ္ကို ႏွစ္ႏိုင္ငံအာဏာပိုင္ေတြက ညႇိႏႈိင္းေဆာင္႐ြက္ေနတာလို႔ ”UNHCR ေျပာေရးဆိုခြင့္ရွိသူ ရဂ်ီနာ ဒီလာ ေပၚတီလာ (Regina De La Portilla) က အီးေမးလ္ကတဆင့္ ေျဖၾကားေၾကာင္း ဘဂၤလားေဒ့ရွ္ နဲ႔ ေဒသတြင္းသတင္းေတြကို တင္ဆက္တဲ့ BenarNews က ဆိုပါတယ္။
တ႐ုတ္ႏိုင္ငံက ၾကားဝင္ေဆာင္႐ြက္ေပးတဲ့ အစီအစဥ္အရ ကနဦးအေနနဲ႔ ေနရပ္ျပန္လိုတဲ့ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာ ၁,၀၀၀ ေလာက္ကို ေနရပ္ျပန္ႏိုင္ေရး ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြနဲ႔ ျမန္မာ အာဏာသိမ္းစစ္ေကာင္စီ တို႔က ေဆာင္႐ြက္ေနတာပါ။
စစ္ေကာင္စီ ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာ ဘဂၤလားေဒ့ရွ္ နယ္စပ္ၿမိဳ႕ Teknaf ကို ဗုဒၶဟူးေန႔က ေရာက္ရွိလာခဲ့ၿပီး ၂၀၁၇ တုန္းက စစ္တပ္ရဲ႕ စစ္ဆင္ေရးေတြအတြင္း ထြက္ေျပးတိမ္းေရွာင္လာတဲ့ ႐ိုဟင္ဂ်ာေတြကို ရခိုင္ျပည္နယ္ကို ျပန္လည္ေခၚေဆာင္ႏိုင္ေရး ေတြ႕ဆုံေမးျမန္းဖို႔ ရွိေနပါတယ္။
Myanmar Accountability Project ရဲ႕ ေၾကညာခ်က္မွာေတာ့ ဒီကိုယ္စားလွယ္အဖြဲ႕ရဲ႕ ခရီးစဥ္နဲ႔ပတ္သက္တဲ့ ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္က စစ္အစိုးရအေပၚ ဖိအားေတြ ေလ်ာ့ပါးသြားေစခဲ့တယ္လို႔ ကုလရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနအရာရွိ မစၥတာ ခရစ္ရွ္နန္က ႐ုံးတြင္း အစီရင္ခံစာမွာ ဝန္ခံထားတယ္လို႔ ဆိုထားပါတယ္။
ကုလသမဂၢ အေထြေထြညီလာခံမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြက ပိုဆိုးလာေနလို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ အေနနဲ႔ သူတို႔ ဆႏၵအေလ်ာက္ ေဘးကင္းလုံၿခဳံၿပီး ဂုဏ္သိကၡာရွိရွိနဲ႔ ေနရပ္ျပန္ႏိုင္ဖို႔က မျဖစ္ႏိုင္ဘူးလို႔ ယူေက အစိုးရက ဒီသီတင္းပတ္ထဲမွာပဲ တင္ျပခဲ့ပါတယ္။
=== {{ UNICODE }} ===
ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး ကုလစံနှုန်း နှစ်မျိုး ကျင့်သုံးနေလို့ စွပ်စွဲ
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ကုလသမဂ္ဂအနေနဲ့ စံနှုန်း နှစ်ရပ် ကျင့်သုံးနေတယ်လို့ ပေါက်ကြားလာတဲ့ အစီရင်ခံစာတချို့ကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာအရေးဆောင်ရွက်တဲ့ အဖွဲ့တခုဖြစ်တဲ့ Myanmar Accountability Project (MAP) က မတ်လ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ ရာမနသန် ဘလာ ခရစ်ရှ်နန် (Ramanathan Balakrishnan )ရဲ့ ရုံးတွင်းတင်ပြချက်မှာ “ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ရှေ့ပြေး စမ်းသပ်အစီအစဉ်တခုမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပြီး တဖက်မှာလည်း UNHCR ရဲ့ ဆန်းစစ် အကဲဖြတ်ချက်အရ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးကင်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ နေရပ်ပြန်နိုင်ဖို့ လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ထားကြောင်း MAP က ပြောပါတယ်။
တပြိုင်တည်းမှာပဲ Benar News သတင်းဌာနကို ပြောဆိုချက်မှာတော့ UNHCR အနေနဲ့ ဒီ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ် အစီအစဉ် မှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဆိုထားပါတယ်။ UNHCR ရဲ့ အကဲဖြတ်ချက်အရ ရခိုင်ပြည်နယ်က အခြေအနေမတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ရေရှည်တည်တံ့ခိုင်မြဲစွာနဲ့ နေရပ်ပြန်နိုင်ရေးကို အထောက်အကူမပြုနိုင်သေးကြောင်းနဲ့ ဒီလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအာဏာပိုင်တွေက ညှိနှိုင်းဆောင်ရွက်နေတာလို့ ”UNHCR ပြောရေးဆိုခွင့်ရှိသူ ရဂျီနာ ဒီလာ ပေါ်တီလာ (Regina De La Portilla) က အီးမေးလ်ကတဆင့် ဖြေကြားကြောင်း ဘင်္ဂလားဒေ့ရှ် နဲ့ ဒေသတွင်းသတင်းတွေကို တင်ဆက်တဲ့ BenarNews က ဆိုပါတယ်။
တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးတဲ့ အစီအစဉ်အရ ကနဦးအနေနဲ့ နေရပ်ပြန်လိုတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ၁,၀၀၀ လောက်ကို နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီ တို့က ဆောင်ရွက်နေတာပါ။
စစ်ကောင်စီ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ Teknaf ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပြီး ၂၀၁၇ တုန်းက စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ခေါ်ဆောင်နိုင်ရေး တွေ့ဆုံမေးမြန်းဖို့ ရှိနေပါတယ်။
Myanmar Accountability Project ရဲ့ ကြေညာချက်မှာတော့ ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်က စစ်အစိုးရအပေါ် ဖိအားတွေ လျော့ပါးသွားစေခဲ့တယ်လို့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေအရာရှိ မစ္စတာ ခရစ်ရှ်နန်က ရုံးတွင်း အစီရင်ခံစာမှာ ဝန်ခံထားတယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ပိုဆိုးလာနေလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ သူတို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ယူကေ အစိုးရက ဒီသီတင်းပတ်ထဲမှာပဲ တင်ပြခဲ့ပါတယ်။