သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆွေးနွေးဖို့ ကန်အစိုးရအကြံပေး Derek Chollet အင်ဒိုနဲ့ထိုင်းကို သွားမည်


 အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်းတွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်းတွေ့ရစဉ်

{{Zawgyi/Unicode}}

မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေ အဓိကကျတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သွားရောက်ဖို့ရှိနေပါတယ်။

မြန်မာ့အရေးကိစ္စမှာတော့ ဆိုးဆိုးဝါးဝါးဖြစ်လာနေတဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေရဲ့လိုလားချက်ဆန္ဒတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။ အာဆီယံအသင်းအလှည့်ကျဥက္ကဋ္ဌဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာမြောက်လက်တွဲဖက် ဆက်ဆံရေးကိစ္စတွေအပြင် အာဆီယံအသင်းကြီးရဲ့ အရေးပါမှုအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ပိုင်းဖြတ်ချက်ကို အလေးပေး ပြောဆိုဖို့ရှိမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အလားတူ ထိုင်းနိုင်ငံခရီးစဉ်မှာလည်း အမေရိကန်-ထိုင်း မဟာမိတ်ဆက်ဆံရေးကိစ္စတွေအပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအပါအဝင် ဒေသတွင်းကိစ္စတွေကို ဆွေးနွေးဖို့ရှိနေပါတယ်။ ခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံတွေက အကြီးတန်းအစိုးရအရာရှိတွေအပြင် နှစ်နိုင်ငံလူထုချင်း ဆက်ဆံရေးအတွက် အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ လူငယ်ခေါင်းဆောင်တွေကိုလည်း ထိစပ်သွားဖို့ရှိမယ်လို့လည်း နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာပါရှိပါတယ်။

အတိုင်ပင်ခံ Chollet ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့လည်း အမေရိကန်အစိုးရကိုယ်စား အဓိက ဆက်ဆံဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။ အခု မတ်လဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့သလို ဝါရှင်တန်ဒီစီမှာရှိတဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးရုံးခန်းကို သွားရောက်ပြီး NUG ဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

=============

{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG